• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပင်လယ်ဓားပြ လမ်းဓားပြ

by စံရိပ်ငြိမ်
23 February 2025
in ဆောင်းပါး
A A
ပင်လယ်ဓားပြ လမ်းဓားပြ
2.6k
VIEWS
Share on FacebookShare on Twitter

(သရော်စာ)

အခုလို ကာလကြီးမျိုးမှာ ကျနော် အကြိုက်ဆုံး နိုင်ငံခြား ရုပ်ရှင်ကား တကားကို မှတ်မှတ်ထင်ထင် ပြန်သတိရမိ နေပါတယ်။

အဲဒီသတိရပြီး ပြန်ကြည့် ဖြစ်တဲ့ ရုပ်ရှင်ကား တကား ကတော့ Pirates of the Caribbean ပါပဲ။

ကပ္ပတိန် Jack Sparrow ပေါ့။

မှတ်မိကြမယ် ထင်ပါတယ်။

မင်းသားက ဂျော်နီ ဒက်ပ် (Johnny Depp) ၊ ပြီးတော့ အော်လန်ဒို ဘလွန်း (Orlando Bloom) နဲ့ ဂျက်ဖရီ ရပ်ရှ် (Geoffrey Rush)။

မင်းသမီး Keira Knightley ရဲ့ ဆွဲဆောင် အားကောင်း၊ ညှို့အားကောင်းတဲ့ အပြောတွေ အပြုံးတွေ။

စိတ်ကူးယဉ် ဇာတ်လမ်း ဆိုပေမယ့်လည်း ကြည့်ပျော်တဲ့ ပင်လယ်ဓားပြ ဇာတ်ကား တကားပါ။

အဲဒီ ရုပ်ရှင်က ရပ်မနေဘဲ အတွေးဆီ လိုက်လာပြီး ဆက်လက် ဦးနှောက် စားနေပြန်ပါတယ်။

ပင်လယ်ဓားပြ ပြီးတော့ လမ်းဓားပြ။

လမ်းဓားပြ ကိုတော့ ဘယ်လို ခေါ်ကြမလဲ…။

အမေရိကန်မှာ သမ္မတ ထရမ့် တက်လာပြီးတော့ အီလွန်မတ်စ် (Elon Musk) က အမေရိကန် နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) ရဲ့ နိုင်ငံတကာ အကူအညီ အထောက်အပံ့တွေကို ရပ်ဆိုင်းလိုက်တယ်။

ဒါဟာ အီလွန်မတ်စ် ဦးဆောင်တဲ့ Department of Government Efficiency (DOGE) အစိုးရ စွမ်းဆောင်ရည် ဌာနက ပြင်းထန်တဲ့ ပွဲဦးထွက် ရိုက်ချက် တချက်ပါပဲ။

နိုင်ငံတကာ ထောက်ပံ့ရေး ကူညီမှုတွေဟာ လိုအပ်နေတဲ့ လူတွေဆီကို မရောက်ဘဲ Beltway Bandits တွေ လက်ထဲ ရောက်ကုန်ပါသတဲ့။

အီလွန်မတ်စ် က ဝေဖန်ခဲ့ပါတယ်။

အီလွန်မတ်စ်က ဒေါ်နယ်ထရမ့် ထိုင်ရမယ့် သမ္မတ စားပွဲမှာ ထိုင်နေပုံကို ဖော်ပြထားတဲ့ ၂၀၂၅ ဖေဖော်ဝါရီ ၂၄ ရက်ထုတ် Time magazine ကာဗာ / The New York Times

Beltway Bandits ဆိုတဲ့ စကားကို သတိပြုမိသွားတယ်။

ဒါကို လွယ်လွယ်ပဲ ဘာသာပြန်လိုက်မိပါတယ်။

“လမ်းဓားပြ”

သူ ဆိုလိုတဲ့ Beltway Bandits တွေ ဆိုတာကတော့ အလွန်ကြီးမားတဲ့ နိုင်ငံတကာ NGO တွေလို့ ဆိုလိုတာပါ။

အဲဒီ လမ်းဓားပြကြီးတွေက ကြားက ဖြတ်ခုတ်ပြီး ပြန်ချပေးလိုက်တဲ့ အကူအညီ ဆိုတာ တကယ် လိုအပ်နေတဲ့ လူတွေဆီကို ရောက်ချိန်မှာ ရေကြည်လေး တပေါက် နှစ်ပေါက် စာလောက်ပဲ ရှိပါတော့တယ်တဲ့။

လမ်းဓားပြက ကြားက ဖြတ်ခုတ်ထားပြီးပါပြီ။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးသစ် မာကိုရူဘီရို (Marco Rubio) နဲ့ The Megyn Kelly Show က Megyn Kelly နဲ့ တွေ့ဆုံ မေးမြန်းခန်းမှာလည်း ဝန်ကြီးက အကူအညီတွေဟာ လမ်းမှာ ကျပျောက်သွားသလိုလို၊ အငွေ့ပျံသွားသလိုလို ပြောထားပါတယ်။

အမေရိကန်က တဒေါ်လာ ကူညီပေမယ့် တကယ်တမ်း အကူအညီ လိုသူ လက်ထဲကို ၁၂ ဆင့်လောက်ပဲ ရောက်ပါသတဲ့။

ပြဿနာ ဖြေရှင်းပြီးရင်တော့ အမေရိကန် အကူအညီတွေ အရှိန်အဟုန်နဲ့လည်း လာပါမယ်တဲ့။ USAID ပရိုဂရမ်တွေကို လုံးဝ ပယ်ဖျက်တာလည်း မဟုတ်ပါတဲ့။

အဲဒီ မာကိုရူဘီရို က လက်ရှိမှာလည်း USAID ကို ထိန်းချုပ် ဦးဆောင်ထားသူပေါ့။

USAID အနေနဲ့ ၂၀၂၃ ခုနှစ် အတွင်း ဒေါ်လာ ၄၃ ဘီလီယံကျော် ကူညီထောက်ပံ့မှုတွေ လုပ်ခဲ့တယ်လို့ ဆိုတယ်။

USAID ဟာ ကျန်းမာရေး ကဏ္ဍ အပါအဝင် အမေရိကန်ရဲ့ လူသားချင်း စာနာမှု၊ ဖွံဖြိုး တိုးတက်မှု နဲ့ လုံခြုံရေး ဆိုင်ရာတွေမှာ အကူအညီ ပေးတာကို ကြီးကြပ်ရတဲ့ ဌာနပါ။
အီလွန်မတ်စ်ကတော့ USAID ကို Time for it to die သေဆုံးချိန် ရောက်ပြီလို့ ကြိမ်းမောင်းတယ်။

USAID ဆီက နိုင်ငံပေါင်း ၁၂၀ ကျော်က အကူအညီတွေ နှစ်စဉ် လက်ခံယူနေရတာပါ။

အဲဒီထဲမှာ မြန်မာလည်း ပါပါတယ်။

အဲဒီငွေတွေဟာ အမေရိကန် လူမျိုးတွေရဲ့ အခွန်ငွေတွေ ထဲကနေ ပြန်ပေးနေတာ ဖြစ်ပါတယ်။

အမေရိကန် ဒေါ်လာ ဘီလီယံနဲ့ ချီပြီး နှစ်စဉ် သုံးစွဲနေရတဲ့ USAID လို့ ဆိုရမှာပေါ့။

ကပ္ပတိန် Jack Sparrow နဲ့ ပင်လယ်ဓားပြများ / Pirates of the Caribbean

အီလွန်မတ်စ်ကတော့ Criminal Orgazation လို့လည်း သူ့ရဲ့ X အကောင့်မှာ စွပ်စွဲလိုက်ပါသေးတယ်။

အမေရိကန် နိုင်ငံရေး ကျွမ်းကျင်သူများကတော့ အီလွန်မတ်စ် ရိုက်ချက်ကို လက်မခံကြပါဘူး။

သူ့ရဲ့ စွပ်စွဲချက် တချို့ကလည်း အခြေအမြစ် မရှိဘူးလို့ ဆိုကြတယ်။

The New York Times သတင်း တပုဒ်မှာလည်း အီလွန်မတ်စ် နဲ့ သူ့ DOGE အဖွဲ့က ထောက်ပြတဲ့ အချက်အလက် တချို့ဟာ လွှဲမှားကြောင်း အခုရက်ပိုင်းမှာ ဖော်ပြထားပါသေးတယ်။

ဒါပေမယ့်လည်းပေါ့။

USAID ဟာ Reform ပြန်လည် ပြုပြင် ပြောင်းလဲရေး လုပ်ရမယ် ဆိုတာကိုတော့ သဘောတူကြ သတဲ့။

USAID ဟာ ဗျူရိုကရေစီ ဆန်တယ်၊ လက်တွေ့ကျတဲ့ ပေါ်လစီတွေမှာ အားနည်းတယ်၊ အကူအညီ အများစုဟာ ဝါရှင်တန်က ထိုင်စောင့်နေတဲ့၊ လက်ဝါးရိုက်ပြီးသား လမ်းဓားပြ အကြီးကြီးတွေ လက်ထဲ ရောက်သွားတယ် ဆိုတာတွေကိုတော့ သတင်းတွေမှာ ဖောဖောသီသီ ရေးနေတာ တွေ့ရပါတယ်။

“ကတွတ်ပေါက် ဗျိုင်းစောင့်” ဆိုသလိုမျိုးပေါ့။

မြန်မာမှာလည်း USAID အကူအညီကို မှီခိုပြီး အကြီးအကျယ် လည်ပတ်နေရတဲ့ အဖွဲ့အစည်းတွေ ရှိပါတယ်။

သူတို့လည်း Beltway Bandits တွေ၊ တဆင့်ခံ ကန်ထရိုက်တာတွေ ကူညီတဲ့ ရေကြည်လေး တပေါက် နှစ်ပေါက်ကို သောက်နေရတာပါ။

အခုတော့ ဒုက္ခကို သောက်သုံးနေကြရပါပြီ။

ထရမ့် နဲ့ အီလွန်မတ်စ် ရဲ့ ရုတ်တရက် အရှိုက်ထိုး ခံလိုက်ရတဲ့ USAID ဟာ ဘယ်လို ဆက်ပြီး စခန်းသွားမယ် ဆိုတာ ကိုတော့ အခုချိန်မှာ မှန်းရ ခက်သွားပါပြီ။

ရုပ်ရှင်လိုပဲ ငွေရောင် ပိတ်ကားပေါ်မှာ ဆက်ကြည့်ပါပေါ့။

ကျနော်ကတော့ အီလွန်မတ်စ်ကို မကြိုက်ပါ…။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
76
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
312
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
116

လမ်းဓားပြ များကိုလည်း မကြိုက်ပါ…။

ပင်လယ်ဓားပြ Jack Sparrow ကိုတော့ သဘောကျသား…။ ။

Your Thoughts …
Tags: DOGEJack SparrowNGOUSAIDXထရမ့်မာကိုရူဘီရိုဝါရှင်တန်အီလွန်မတ်စ်
စံရိပ်ငြိမ်

စံရိပ်ငြိမ်

Similar Picks:

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

by ဧရာဝတီ
25 March 2025
11.6k

မစ္စတာ အီလွန်မတ်စ်နှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက စကားမပြောတော့သည့် မစ္စ ဝီလ်ဆင်သည် ဘီလျံနာ မတ်စ်ကို လူသိရှင်ကြား ဝေဖန်သည်မှာ ယခုတကြိမ်သည် ပထမဆုံး မဟုတ်ပေ။

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

by ဧရာဝတီ
22 December 2024
9.6k

သူဟာ ChatGPT အပါအဝင် AI စနစ်တွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ OpenAI ရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုတွေကို ဖွင့်ချရင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့်…

မြန်မာ့လက်နက်ကိုင်ပဋိပက္ခ သရုပ်ခွဲလေ့လာရာတွင် မမြင်နိုင်သည့်အချက်များ

မြန်မာ့လက်နက်ကိုင်ပဋိပက္ခ သရုပ်ခွဲလေ့လာရာတွင် မမြင်နိုင်သည့်အချက်များ

by David Scott Mathieson
13 January 2024
8.2k

စိတ်ကူးယဉ် ‘ညီညွတ်သော’ လူမှုအသိုက်အဝန်းကို တမ်းတနေမည့်အစား သဘောထား ကွဲလွဲမှုများနှင့် လက်ရှိ ပူးပေါင်းဆောင်ရွက်ရေးအတွက် စိန်ခေါ်မှုများကို ရင်ဆိုင်ခြင်းဖြင့် ပိုမိုကောင်းမွန်သည့် ပဋိပက္ခ သရုပ်ခွဲလေ့လာမှု နည်းလမ်းတခု ရှိသင့်သည်။

ထရမ့်၏ အမိန်ကို မလိုက်နာသောကြောင့် USAID အရာရှိများကို ခွင့်ယူခိုင်း

ထရမ့်၏ အမိန်ကို မလိုက်နာသောကြောင့် USAID အရာရှိများကို ခွင့်ယူခိုင်း

by ဧရာဝတီ
28 January 2025
7.9k

USAID တွင် တသက်တာလုပ်ကိုင်ခဲ့ကြသည့် အထက်တန်းအရာရှိအများအပြားကို တနင်္လာနေ့ ညနေ ၆ နာရီကျော်တွင် ခွင့်ယူခိုင်းလိုက်သည်။

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

by ဧရာဝတီ
15 March 2025
7.4k

မကြာသေးခင် ကလည်း ဖက်ဒရယ် လုပ်သား အင်အားလျှော့ချမှုမှာ မတ်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကြောင့် အမေရိကန်မှာ Tesla ကို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ငလျင်က စစ်ကောင်စီကို ကျရှုံးစေနိုင်သည်

ငလျင်က စစ်ကောင်စီကို ကျရှုံးစေနိုင်သည်

by Phar Kim Beng
11 April 2025
7.2k

ပြည်တွင်းစစ်နှင့် မတ်လ ၂၈ ရက်နေ့ ငလျင် တထပ်တည်းကျနေခြင်းသည် စစ်ကောင်စီကို ပိုမို အကာအကွယ်မဲ့သော အနေအထား ဖြစ်စေသည်။

Next Post
ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းမှု ရွှေ့ပြောင်းတွေပိုကြပ်လာနိုင် (ရုပ်/သံ)

ထိုင်း-မြန်မာ နှစ်နိုင်ငံပူးပေါင်းမှု ရွှေ့ပြောင်းတွေပိုကြပ်လာနိုင် (ရုပ်/သံ)

မြန်မာစစ်တပ်မှာ ကျားဖြန့်တွေကိုတိုက်ဖျက်ဖို့ လုံလောက်တဲ့အစွမ်းမရှိ (ရုပ်/သံ)

မြန်မာစစ်တပ်မှာ ကျားဖြန့်တွေကိုတိုက်ဖျက်ဖို့ လုံလောက်တဲ့အစွမ်းမရှိ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved