• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

by ဧရာဝတီ
22 December 2024
in သတင်း
A A
OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

Suchir Balaji နဲ့ OpenAI လိုဂို တံဆိပ် / UNILAD

9.6k
VIEWS
Share on FacebookShare on Twitter

OpenAI ကုမ္ပဏီရဲ့ အတွင်းရေးတွေ ဖွင့်ချခဲ့တဲ့ ဝန်ထမ်းဟောင်း လူငယ် Suchir Balaji ဆိုသူကို ဆန်ဖရန်စ္စကိုမြို့က တိုက်ခန်းတခုမှာ သေဆုံးလျက် တွေ့ရှိရကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။

အသက် ၂၆ နှစ် အရွယ် Suchir Balaji ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့က အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စ မြို့ရှိ သူနေထိုင်ရာ တိုက်ခန်းမှာ သေဆုံးနေတာကို တွေ့ရှိရခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။

သူဟာ ChatGPT အပါအဝင် AI စနစ်တွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ OpenAI ရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုတွေကို ဖွင့်ချရင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့် မကြာသေးခင်က သတင်း ခေါင်းကြီးပိုင်း တွေမှာ မကြာခဏ ဖော်ပြခံနေရသူလည်း ဖြစ်တယ်လို့ သိရပါတယ်။

Suchir Balaji ဟာ OpenAI ပါဝင်နေတဲ့ ဥပဒေရေးရာ အငြင်းပွားမှုမှာ အဓိကနေရာက ပါဝင်နေသူ ဖြစ်တာကြောင့် သူ့သေဆုံးမှုက ထင်ကြေးပေးမှုများစွာကိုလည်း ပေါ်ထွက်လာစေခဲ့ပါတယ်။

ဆန်ဖရန်စစ္စကို ရဲဌာနနဲ့ ဆေးဘက်ဆိုင်ရာ စုံစမ်းရေးရုံးရဲ့ အဆိုအရ Balaji ကို ၂၆ ရက်နေ့ မွန်းလွဲ ၁ နာရီ ခန့်မှာ ဘူချာနမ် လမ်းမှာရှိတဲ့ ၎င်းပိုင် တိုက်ခန်းမှာ သေဆုံးလျက်တွေ့ရှိရတယ်လို့ သိရပါတယ်။

သေဆုံးရတဲ့ အကြောင်းရင်းကို မသိရှိရသေး သော်လည်း လက်ရှိ အချိန်ထိ ပြစ်မှု ကျူးလွန်ခံရတဲ့ သက်သေ မတွေ့ရှိရသေးဘူးလို့လည်း ရဲဌာနက ထုတ်ပြန်ထားပါတယ်။

Balaji ရဲ့သေဆုံးမှု သတင်းက နည်းပညာနဲ့ တရားရေး နယ်ပယ်မှာ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ထွက်ပေါ် လာစေခဲ့တယ် လို့လည်း ဆိုပါတယ်။

နည်းပညာ နယ်ပယ်က သတင်းပေးတွေ ရင်ဆိုင်ရနိုင်တဲ့ ဖိအားနဲ့ စိန်ခေါ်မှုတွေ အတွက် စိုးရိမ်မှုတွေ မြင့်တက် ခဲ့ကြပြီး အများစုက ဝမ်းနည်းမှုနဲ့ အံ့အားသင့် ထိတ်လန့်မှုတွေကို ထုတ်ဖော် ပြသခဲ့ကြပါတယ်။

OpenAI ရဲ့ ပူးတွဲ တည်ထောင်သူတဦး ဖြစ်ခဲ့သူ အီလွန်မတ်စ် ကလည်း ဒီသေဆုံးမှုနဲ့ ပတ်သက်ပြီး နားလည်ရ ခက်တဲ့ပုံစံ X မှာ ရေးခဲ့ပြီး Balaji ရဲ့ သေဆုံးမှုကြောင့် ထွက်ပေါ်လာတဲ့ ထင်ကြေးတွေကို ပိုမို ကျယ်လောင် စေခဲ့တယ်လို့ ဆိုပါတယ်။

Suchir Balaji ကို ၂၀၁၈ ခုနှစ် အတွင်းက ဟာဝိုင်ယီ (Hawaii) မှာ တွေ့ရစဉ် / AP

ထင်ရှားတဲ့ AI ကျင့်ဝတ်ဆိုင်ရာ ထောက်ခံသူတွေနဲ့ ဖန်တီးသူတွေဟာ Balaji ရဲ့ သေဆုံးမှု အခြေအနေကို ပွင့်လင်း မြင်သာစွာ စုံစမ်းပေးဖို့နဲ့ နည်းပညာ နယ်ပယ်က ကျင့်ဝတ်ပိုင်း ဆိုင်ရာ စိုးရိမ်မှုတွေ ကြုံတွေ့နေရတဲ့ သူတွေကို ပိုမို ကာကွယ်ပေးဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်။

Balaji ဟာ မကြာသေးတဲ့ လပိုင်းလောက်က ပြုလုပ်ခဲ့တဲ့ AI ကျင့်ဝတ်၊ မူပိုင်ခွင့် ဥပဒေ တို့နဲ့ ပတ်သက်တဲ့ စကားစစ်ထိုးပွဲ တခုမှာ ထင်ရှားလာတဲ့သူ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

OpenAI ကို ChatGPT အပါအဝင် AI စနစ်တွေ ဖွံဖြိုးလာဖို့ အမေရိကန်ရဲ့ မူပိုင်ခွင့် ဥပဒေတွေကို ချိုးဖောက်ခဲ့တယ်လို့ ၂၀၂၄ ဩဂုတ်လမှာ Balaji က စွပ်စွဲခဲ့ကြောင်း သိရပါတယ်။

အောက်တိုဘာလက The New York Times နဲ့ ပြုလုပ်တဲ့ အင်တာဗျူး တခုမှာလည်း Balaji က OpenAI ဟာ မူပိုင်ခွင့် ပိုင်ဆိုင်သူ ရှိနေတဲ့ အကြောင်းအရာတွေကို ခွင့်ပြုချက်မရှိဘဲ အသုံးပြုပြီး AI မော်ဒယ်တွေကို လေ့ကျင့် ပေးခဲ့တယ် ဆိုတဲ့အကြောင်းကို အဓိကထား စွပ်စွဲ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

OpenAI ဟာ တပါးသူတွေရဲ့ လုပ်အားအပေါ် မှီခိုလွန်းနေတယ် လို့လည်း သူက ပြောကြားခဲ့ပါသေးတယ်။

လက်ရှိပုံစံက အင်တာနက် ဂေဟစနစ် (Internet Ecosystem) တခုလုံးမှာ ရေရှည် မတည်တံ့နိုင်ဘူး လို့လည်း အင်တာဗျူးမှာ သူက ပြောကြားခဲ့ပါတယ်။

OpenAI ရဲ့ လေ့ကျင့်မှုပုံစံက ကိုယ်ပိုင် ဒေတာကို အသုံးပြုပြီး AI စနစ်တွေကို လေ့ကျင့်ပေးနေတဲ့ လုပ်ငန်း တွေ နဲ့ စွန့်ဦး တီထွင်သူတွေကို ထိခိုက်စေပြီး အမေရိကန်ဒေါ်လာ ၁၅၀ ဘီလီယံထိ ကုမ္ပဏီ တန်ဖိုး မြင့်တက် လာတာဟာ မမျှတဘူး လို့လည်း ဆိုပါတယ်။

Balji ရဲ့ ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ နောက်ဆုံး ပို့စ်မှာ သူ့အနေနဲ့ ထုတ်ဖော် ပြောဆိုဖို့ တွန်းအားပေးခဲ့တဲ့ အကြောင်းတွေကို ဖော်ပြခဲ့တယ်လို့ သိရပါတယ်။

OpenAI ကို တရား စွဲဆိုထားမှုတွေနဲ့ သူ့ရဲ့ မှတ်ချက်တွေ ကြားက ဆက်နွယ်မှုတွေကို ဘေးဖယ်ထားပြီး သူ့ရဲ့ အမြင်ကို မျှဝေဖို့ The New York Times ကို တက်တက်ကြွကြွနဲ့ ဆက်သွယ်ခဲ့တာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။

“လက်ရှိ မျိုးဆက်သစ် AI မတိုင်ခင် ကတည်းက ဒီစနစ်တွေနဲ့ အလုပ်လုပ်ခဲ့တဲ့ လူတယောက် အနေနဲ့ ကျနော့်မှာ စိတ်ဝင်စားစရာ အမြင်တခု ရှိတယ်လို့ ထင်တယ်”လို့ သူက ရေးသားခဲ့ကြောင်း သိရပါတယ်။

စာရေးဆရာတွေ၊ ဂျာနယ်လစ်တွေ နဲ့ ပရိုဂရမ်မာတွေက သူတို့ရဲ့ မူပိုင်ခွင့် အကြောင်းအရာတွေကို AI စနစ်တွေကို လေ့ကျင့်တဲ့ နေရာမှာ ခွင့်ပြုချက်မရှိဘဲ အသုံးပြုခဲ့တယ် ဆိုပြီး OpenAI ကို တရားစွဲဆိုထားမှုတွေမှာ Balaji ရဲ့ သိရှိ ထားမှုတွေက အရေးပါတဲ့ နေရာကနေ ပါဝင်လာလိမ့်မယ်လို့ မျှော်လင့် ထားခဲ့ကြတယ် လို့လည်း ဆိုပါတယ်။

၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ ChatGPT ကိုစတင်ခဲ့တဲ့ OpenAI ဟာ ၎င်းတို့ရဲ့ ဒေတာ ရယူသုံးစွဲမှု အမူအကျင့်တွေနဲ့ ပတ်သက်ပြီး ဆန်းစစ်မှုတွေ ပိုမိုကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။

ဝေဖန်သူတွေက ကုမ္ပဏီဟာ စာအုပ်တွေ၊ ဆောင်းပါးတွေ၊ Codebases တွေနဲ့ လိုင်စင် တိတိကျကျမရှိတဲ့ နေရာတွေ ကနေ မူပိုင်ခွင့် အကြောင်းအရာတွေကို ရယူခဲ့တယ်လို့ ပြောဆိုနေကြကြောင်း သိရပါတယ်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
22
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
21
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
36

ဒီစွပ်စွဲ ပြောဆိုမှုတွေကြောင့် ထင်ရှားတဲ့ စာရေးဆရာတွေနဲ့ ဆော့ဖ်ဝဲ ရေးဆွဲသူတွေ အပါအဝင် သက်ဆိုင်သူ များစွာက တရား စွဲဆိုမှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်တယ်လို့ ဆိုပါတယ်။

OpenAI ရဲ့လုပ်ငန်း လည်ပတ်ပုံအပေါ် အတွင်းလူအနေနဲ့ သိမြင်ခဲ့တဲ့ Balaji ရဲ့ပြောဆိုမှုတွေက အဆိုပါ စွပ်စွဲမှုတွေကို ပိုမို ပြင်းထန် လာစေခဲ့ပါတယ်။

Balaji က AI နယ်ပယ်ရဲ့ လျင်မြန်စွာ ဖွံ့ဖြိုးလာမှုက ဉာဏပစ္စည်း ဆိုင်ရာ မူပိုင်ခွင့်နဲ့ ဖန်တီးသူတွေရဲ့ အသက် မွေးဝမ်းကျောင်း မှုတွေ အတွက် ရေရှည် ဂယက်ရိုက်ခတ်မှုတွေ ဖြစ်လာစေနိုင်ကြောင်းလည်း သတိပေးခဲ့သေးတယ် လို့ သိရပါတယ်။

Ref : Times of India

Your Thoughts …
Tags: AIChatGPTOpenAISuchir BalajiXဘာသာပြန်မူပိုင်ခွင့်အီလွန်မတ်စ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

by ဧရာဝတီ
25 March 2025
11.6k

မစ္စတာ အီလွန်မတ်စ်နှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက စကားမပြောတော့သည့် မစ္စ ဝီလ်ဆင်သည် ဘီလျံနာ မတ်စ်ကို လူသိရှင်ကြား ဝေဖန်သည်မှာ ယခုတကြိမ်သည် ပထမဆုံး မဟုတ်ပေ။

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.8k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

အမေရိကန်တွင် အန္တရာယ်အကြီးဆုံးသူမှာ ထရမ့် မဟုတ်၊ အဲလက်စ် ကာ့ပ် ဖြစ်သည်

by John Mac Ghlionn
26 May 2025
7.8k

နည်းပညာကို လစ်ဘရယ် စိုးရိမ်ပူပန်မှုတွေ ဒါမှမဟုတ် ကျင့်ဝတ်ဆိုင်ရာ စဉ်းစားသုံးသပ်မှုတွေက ထိန်းချုပ်သင့်တယ်ဆိုတဲ့ အယူအဆကို သူက သရော်ပါတယ်။

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

by ဧရာဝတီ
15 March 2025
7.4k

မကြာသေးခင် ကလည်း ဖက်ဒရယ် လုပ်သား အင်အားလျှော့ချမှုမှာ မတ်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကြောင့် အမေရိကန်မှာ Tesla ကို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

စစ်ကောင်စီ၏ “ငြိမ်းချမ်းရေး”ကို ထောက်ခံခြင်းက အိန္ဒိယ အမှား

by Angshuman Choudhury
21 October 2023
6.9k

စစ်အာဏာသိမ်းပြီးနောက်တွင် NCA ကို ဆက်လက် ထောက်ခံခြင်းဖြင့် အိန္ဒိယသည် မြေပြင် ပကတိအခြေအနေများကို လေ့လာရန် ပျက်ကွက်နေသည်။

Next Post
တော်လှန်ရေးတပ်တွေ မတ္တရာကို တကြော့ပြန် ထိုးစစ်ဆင် ( ရုပ်/သံ)

တော်လှန်ရေးတပ်တွေ မတ္တရာကို တကြော့ပြန် ထိုးစစ်ဆင် ( ရုပ်/သံ)

စစ်ကိုခေါ်လို့ စစ်လာတယ်လို့ ပြောကြပါဦး

စစ်ကိုခေါ်လို့ စစ်လာတယ်လို့ ပြောကြပါဦး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved