ထိုင်း-မြန်မာနယ်စပ်က ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေ နှိမ်နင်းရေးကို ထိုင်း၊ တရုတ်နဲ့ မြန်မာ သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။
မြဝတီက ရွှေကုက္ကို၊ KK park၊ ကျောက်ခက် တရုတ်စီမံကိန်းတွေက ကျားဖြန့်ငွေလိမ်ဂိုဏ်းနဲ့ အွန်လိုင်းလောင်းကစားလုပ်ငန်းတွေကို ကရင်နယ်ခြားစောင့်တပ် BGF က ဦီးဆောင်ဖမ်းဆီးနေပြီး လူကုန်ကူးခံရသူတွေကိုလည်း ထိုင်းနိုင်ငံကနေတဆင့် ပြန်လည်လွဲပြောင်းတာတွေ လုပ်ဆောင်နေပါတယ်။
ဒီကျားဖြန့်လုပ်ငန်းတွေဟာ BGF ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့ရဲ့ စိုးမိုးနယ်မြေတွေမှာလုပ်ကိုင်နေတဲ့ လုပ်ငန်းတွေဖြစ်ပြီး လက်ရှိ ကျားဖြန့်နှိမ်နင်းရေးကိုလဲ ဒီအဖွဲ့အစည်းတွေကပဲ ဦးဆောင်လုပ်ကိုင်နေတာပါ။
ကျားဖြန့်လုပ်ငန်းတွေရဲ့အခြေအနေ၊ တိုက်ဖျက်ရေးမှာ စစ်ကောင်စီပါဝင်နေမှု၊ ထိိုင်းနဲ့ တရုတ်ပါဝင် နှိမ်နင်းရေးမှာ မြဝတီက ကျားဖြန့်လုပ်ငန်းတွေပပျောက်သွားနိုင်လား စတာတွေနဲ့ပတ်သက်ပြီး ဒီရာဇဝတ်လုပ်ငန်းတွေကို စောင့်ကြည့်လေ့လာနေတဲ့ အမေရိကန်သုတေသီ ဂျေဆင်တာဝါကိုဆက်သွယ်မေးမြန်းထားပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













