• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ထိုင်းအထက်လွှတ်တော်အမတ်နှင့် မြန်မာခရိုနီ နက်ရှိုင်းစွာ ပတ်သက်ပုံ ထိုင်းပါလီမန်တွင် ဆွေးနွေး

by ဧရာဝတီ
20 February 2023
in သတင်း
A A
ထိုင်းလွှတ်တော်အမတ် ဥပကစ်နှင့် ထွန်းမင်းလတ်

ထိုင်းလွှတ်တော်အမတ် ဥပကစ်နှင့် ထွန်းမင်းလတ်

4.7k
VIEWS
Share on FacebookShare on Twitter

လူသိရှင်ကြား အကြိမ်ကြိမ်ငြင်းဆန်ပြီးနောက် ထိုင်းအထက်လွှတ်တော်အမတ် ဥပကစ် ပါချာရီယန်ကွန်းနှင့် မြန်မာအာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်နှင့် နီးစပ်သည့် မြန်မာလုပ်ငန်းရှင် ထွန်းမင်းလတ်အကြား ဆက်စပ်မှုများကို မကြာသေးမီက ထိုင်းပါလီမန်ဆွေးနွေးမှုတွင် ဖေါ်ထုတ်ခဲ့သည်။

ထိုင်းအတိုက်အခံ နိုင်ငံရေးပါတီ Move Forward Party (MFP) မှ ပါလီမန်ကိုယ်စားလှယ် ရန်ဆီမန် ရုမ်း က ထိုကိစ္စကို ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၅ ရက်နေ့ ပါလီမန်အစည်း အဝေးအတွင် မေးမြန်းသည်။ သူ၏မေးခွန်းတွင် သူက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာသည် အကျင့်ပျက်ခြစားသည့် ခေါင်းဆောင်များနှင့် ပတ်သက်နေပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် ကိစ္စများကို စနစ်တကျ ကိုင်တွယ်မည်ဆိုသည့် ကတိကို မသိကျိုးကျွံပြုနေကြောင်း စွပ်စွဲသည်။

ဥပကစ်သည် ထိုင်းအခြေစိုက် Allure Group (P&E) Co Ltd ကို တည်ထောင်သည့် အဓိက ရှယ်ယာရှင်ဟောင်းဖြစ်ရုံသာမက ထွန်းမင်းလတ်နှင့်အတူ Myanmar Allure ကို ပူးတွဲတည်ထောင်သူလည်းဖြစ်သည်ဟု ရန်ဆီမန်က ပြောသည်။ ဥပကစ်၏ သားမက် ဒီးန် ယန်း ဂူတာလာသည် ထိုကုမ္ပဏီ ၂ ခုလုံးတွင် ရှယ်ယာရှင်ဟောင်းနှင့် ဒါရိုက်တာအဖွဲ့ဝင်ဖြစ်သည်။

ထိုင်းအတိုက်အခံ နိုင်ငံရေးပါတီ Move Forward Party (MFP) မှ ပါလီမန်ကိုယ်စားလှယ် ရန်ဆီမန် ရုမ်း ဆွေးနွေးတင်ပြစဉ်

မူးယစ်ဆေးနှင့် ပတ်သက်သည့် ငွေများကို လျှပ်စစ်ဓာတ်အားရောင်းချမှုမှတဆင့် ငွေကြေးခဝါချရန်အတွက် Allure Group (P&E) ကို အသုံးပြသောကြောင့် ထွန်းမင်းလတ်၊ ဒီးန်နှင့် P နှင့် N ဟုခေါ်သည့် အခြားသူ ၂ ဦးတို့ပါဝင်သည့် အမှုတခုကို ထိုင်းတရားရုံးတခုတွင် စစ်ဆေးနေသည်။ ၎င်းတို့ ၄ ဦးကို ယခုအခါ ထိုင်းထောင်တခုတွင် ဖမ်းဆီးထားသည်။

ရန်ဆီမန်က ထိုအမှုတွင်ပတ်သက်သူများနှင့် အထက်လွှတ်တော်အမတ်အကြား အွန်လိုင်းပြောဆိုမှုများ ပေါက်ကြားခြင်းကို ပြသခဲ့သည်။ ထိုအွန်လိုင်းပြောဆိုမှုတွင် ဥပကစ်က Allure P&E ကို မှတ်ပုံတင်ရန် P ကို စေခိုင်းခဲ့သည်။ နောက်ထပ်အွန်လိုင်းပြောဆိုမှု တခုတွင် P က ထိုကုမ္ပဏီ၏ ဘဏ္ဍာရေးရှင်းတမ်းနှင့် ဝင်ငွေမှ ဥပကစ်၏ဝေစုနှင့်ပတ်သက်သည့်အချက်အလက်များကို ဥပကစ်ထံ ပေးပို့ထားသည်။

ပေးပို့သည့် ဖုန်းမက်ဆေ့ချ်များတွင် P က အထက်လွှတ်တော်အမတ်ကို “boss” ဟု ခေါ်သည်။ ထိုအွန်လိုင်းပြောဆိုမှုများတွင် ဥပကစ်သည် ကုမ္ပဏီ၏ အမှတ်တံဆိပ်ဒီဇိုင်းမှသည် ရုံးခန်းများ ဖွင့်မည့်နေရာအထိ ကိစ္စအများအပြားတွင် ပါဝင်ပတ်သက်နေကြောင်း ပြသနေသည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
292
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
20
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
42

P က ၎င်းသည် အခြားသူများကိုယ်စား ထိုကုမ္ပဏီရှယ်ယာများကို အမည်ခံပေးရကြောင်း အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI)သို့ ပြောခဲ့ကြောင်း ရန်ဆီမန်၏ အဆိုအရ သိရသည်။

နောက်ထပ်ပေါက်ကြားမှုတခုတွင် အခြားတရားခံ N ကို ကုမ္ပဏီ ဒါရိုက်တာအဖွဲ့တွင်ခန့်ရန် ထွန်းမင်းလတ်က ဥပကစ်ကို တောင်းဆိုကြောင်း ဖေါ်ပြနေသည်။ လျှပ်စစ်ဓာတ်အား ဝယ်ယူခြင်းအတွက် ဘဏ်ငွေဖြတ်ပိုင်းတခုကို ထွန်းမင်းလတ်က ဥပကစ်ထံ ဥ အမည်တပ်ကာ ပေးပို့ခဲ့ကြောင်းလည်း သိရသည်။

ရန်ဆီမန် ရုမ်း တင်ပြချက်ပါ ဥပကစ်နှင့် ထွန်းမင်းလတ် အပြန်အလှန်ပေးပို့ချက်များ

ထို့အပြင် ဖမ်းဆီးရခြင်းမရှိသေးသူ Allure Group ၏ အခြားအဓိကရှယ်ယာရှင် အွန်လိုင်းလောင်းကစားလုပ်ငန်းဂိုဏ်းခေါင်းဆောင် ပန်နာရောင် ခန်ပီတက်၏ လက်မှတ်ကို အတုလုပ်ပေးရန် ဥပကစ်က ထွန်းမင်းလတ်ကို ခိုင်းခဲ့သည်။ ထိုပြောဆိုချက်တွင် ဥပကစ်က ပန်နာရောင်၏ နိုင်ငံကူးလက်မှတ်ကိုလည်း ပူးတွဲပေးပို့ထားသည်။

ထိုအွန်လိုင်းပြောဆိုမှုများအားလုံးသည် ဥပကစ် အထက်လွှတ်တော်အမတ် အဖြစ် ဆောင်ရွက်နေသည့် ၂၀၂၀-၂၀၂၁ ကာလအတွင်းက ပြောဆိုမှုများဖြစ်ကြောင်း ရန်ဆီမန်ပြောသည်။ ရန်ဆီမန်ပြောဆိုချက်သည် ၂၀၁၉ ခုနှစ်တွင် အထက်လွှတ်တော်အမတ်မဖြစ်မီ ဥပကစ်သည် ထိုကုမ္ပဏီမှ နုတ်ထွက်ခဲ့သည်ဆိုသည့် ကုမ္ပဏီမှတ်တမ်းကို စိန်ခေါ်မှုဖြစ်သည်။

ထိုအွန်လိုင်းပြောဆိုချက်များအပြင် ရန်ဆီမန်သည် ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၃ ရက်နေ့ ရက်စွဲပါ တရားရုံးအမိန့်တခုကိုလည်း ပြသခဲ့သည်။ ထိုတရားရုံးအမိန့်တွင် ဥပကစ်ကို ဖမ်းဆီးရန် ရာဇဝတ်တရားရုံးတခု၏ ဝရမ်းကို ပယ်ဖျက်သည့် အမိန့်ဖြစ်သည်။ ထွန်းမင်းလတ်နှင့် ထိုအမှုမှ အခြားတရားခံများကို စက်တင်ဘာလတွင် ဖမ်းဆီးခဲ့သည်။

ထိုဖမ်းဝရမ်းကို နံနက်ခင်းတွင် ထုတ်ပေးပြီး နေ့လည်ခင်းတွင် ပြန်ရုတ်သိမ်းခြင်းဖြစ်ကြောင်း သိရသည်။ အကြောင်းရင်းမှာ ဥပကစ်သည် ဆင့်ခေါ်ရမည့် “အရေးကြီး ပုဂ္ဂိုလ် VIP” ဖြစ်ပြီး ဖမ်းဆီးရမည့် သူမဟုတ်ဟု ရန်ဆီမန် ပြောသည်။

ဥပကစ်ကို ဖမ်းဝရမ်းကို အလျှင်အမြန်ပြန်ရုပ်သိမ်းခဲ့သည်ဟု ရေးသားခဲ့သည့် ထိုင်းသတင်းဌာန ပရာချက်ထိုင်းနှင့် ဂိုဏ်းဖွဲ့ရာဇဝတ်မှုနှင့် အဂတိ လိုက်စားမှုတိုက်ဖျက်ရေးစီမံကိန်း (OCCRP) ၏ ၂၀၂၂ ခုနှစ် အောက်တိုဘာလက တွေ့ရှိချက်ကို ယခုပြောကြားချက်က ထပ်မံအတည်ပြုပေးသည်။

၁၉၉၉ ခုနှစ်တွင် ထွန်းမင်းလတ်၏ ဖခင်က မြန်မာနယ်စပ်အနီး တာချီလိတ်တွင် Allure Resort ကိုတည်ဆောက်ရန် ဥပကစ်ကို ကူညီခဲ့သည်ဆိုသည့် Justice for Myanmar ၏ အစီရင်ခံစာတစောင်ကို ရန်ဆီမန် ကိုးကားသည်။ Allure Resort သည် ကာစီနိုနှင့် ဖျော်ဖြေရေး လုပ်ငန်းတခုဖြစ်သည်ဟုဆိုသည်။ ထိုလုပ်ငန်းဝင်ငွေများအနက် ၆ ရာခိုင်နှုန်းကို မြန်မာစစ်တပ်သို့ တိုက်ရိုက် ပေးရသည်။ အနှစ်သာရအားဖြင့်ဆိုရပါက ဥပကစ်၏ စီးပွားရေး လုပ်ငန်းများသည် မြန်မာစစ်တပ်အတွက် အကျိုးအမြတ်ဖြစ်စေသည်။

ဥပကစ်၏ လျှို့ဝှက် စီးပွားရေးလုပ်ငန်းများကို ဖေါ်ထုတ်ပြီးနောက် ရန်ဆီမန်က ဥပကစ်ပိုင်သည့် ဘန်ကောက်မှ Ari soi 5 မြေကွက်တကွက်အကြောင်း ဆက်လက်ဆွေးနွေးသည်။ ထိုနေရာသည် ဗိုလ်ချုပ်ကြီး ပရာယွတ် တရားဝင် ဝင်ရောက်ခဲ့သည့် ပါတီသစ်ဖြစ်သော Ruam Thai Sang Chart Party ရုံးခန်းနေရာဖြစ်နေသည်။

ဗိုလ်ချုပ်ကြီး ပရာယွတ် သို့မဟုတ် သူနှင့်ညီအကို သဖွယ်ဖြစ်သူ ဗိုလ်ချုပ်ကြီး ပရဝတ် ဝေါင်ဆူဝန် ဦးဆောင်သည့် အထက်လွှတ်တော် ရွေးချယ်ရေး ကော်မတီသည် ဥပကစ်၏ လုပ်ရပ်များကို စုံစမ်း စစ်ဆေးခဲ့ခြင်း ရှိ မရှိ ရန်ဆီမန် မေးခွန်းထုတ်ခဲ့သည်။ ၎င်းတို့သည် ဥပကစ်၏ စီးပွားရေး လုပ်ငန်းများကို သိရုံသာမက ၎င်းတို့နှစ်ဦး အာဏာတည်မြဲရေးအတွက် ကူညီစေရန် နိုင်ငံရေးတွင် နေရာပေးခဲ့သည်ဟုလည်း ရန်ဆီမန် က စွပ်စွဲသည်။

“များပြားလှတဲ့ မသမာမှုတွေ တိုက်ဆိုင်နေတာဟာ အဲဒီအထက်လွှတ်တော်အမတ်ကို တရားစွဲဆိုဖို့ အားထုတ်မှုတိုင်း ရပ်ဆိုင်းသွားတယ်ဆိုတဲ့ အချက်ကို ထင်ရှားစေပါတယ်။ အဲဒီဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ ကြိုးကိုင်မှု ရှိကြောင်း ပြသနေပါတယ်။ အထက်လွှတ်တော်အမတ် ဥ ဆီက အကျိုးအမြတ်တွေ ရှည်ကြာစွာ ခံစားရသူ၊သူ့ကို အသုံးချလိုသူဟာ ဗိုလ်ချုပ်ကြီး ပရာယွတ် ချန်အိုချာပါပဲ” ဟု သူက ထိုင်းပါလီမန်တွင် ပြောဆိုသည်။

“ထင်ရှားတာက ဗိုလ်ချုပ်ကြီး ပရာယွတ်က ဥပကစ်ကို အထက်လွှတ်တော်အမတ်အဖြစ် ခန့်အပ်ခြင်းဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။ အဲဒီလိုခန့်လို့ ဝန်ကြီးချုပ်ဖြစ်လာစေဖို့ အထောက်အကူပြုရုံသာမက ပါတီသစ်ရုံးခန်းတည်ဆောက်ဖို့လည်း အထောက်အကူဖြစ်စေပါတယ်။ ဒါ့ကြောင့် Ruam Thai Sang Chart Party ဟာ အဲဒီမြေနဲ့ အဆောက်အအုံကို ငှားရမ်းစာချုပ်ချုပ်ထားမထား ဗိုလ်ချုပ်ကြီးပရာယွတ်ကို မေးမြန်းလိုပါတယ်။ စာချု့ပ် ချုပ်ထားရင် ဘယ်ဈေးနဲ့ပါလဲ သို့မဟုတ် အခမဲ့ ရက်ရက်ရောရော ကူညီတာများလား” ဟု ရန်ဆီမန် မေးခွန်းထုတ်ခဲ့သည်။

ခရိုနီ ထွန်းမင်းလတ်ကို ထိုင်းက မူးယစ်မှောင်ခိုမှုဖြင့် တရားစွဲ

ထိုင်းသိမ်းသော ထွန်းမင်းလတ် ပိုင်ဆိုင်မှုများထဲ စစ်ခေါင်းဆောင်သားသမီးပိုင်များ ပါဟု ဆို

ထွန်းမင်းလတ်နဲ့ မင်းအောင်လှိုင်မိသားစု ဘယ်လိုရင်းနှီးသလဲ

အပြစ်မရှိကြောင်း ထိုင်းတရားရုံးတွင် ထွန်းမင်းလတ် ငြင်း

Your Thoughts …
Tags: ထိုင်းပါလီမန်ထိုင်းအထက်လွှတ်တော်အမတ်ထွန်းမင်းလတ်ပရာယွတ်မြန်မာခရိုနီဥပကစ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

လက်နက်ပွဲစား ထွန်းမင်းလတ် ပြန်လွတ်

လက်နက်ပွဲစား ထွန်းမင်းလတ် ပြန်လွတ်

by ဧရာဝတီ
30 January 2024
6.1k

ထိုင်းနိုင်ငံတွင် မူးယစ်ဆေးဝါးမှု၊ ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် ပြစ်မှုများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူ လက်နက်ပွဲစား ခရိုနီ ဒေါက်တာ ထွန်းမင်းလတ်အား ထိုင်းတရားရုံးက တရားသေလွှတ်ပေးလိုက်ကြောင်း The Nation သတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အစည်းအဝေးတခုတွင် တွေ့ရသည့် ဦးအောင်အောင်ဇော်

Air KBZ နှင့် MAI လေကြောင်းလိုင်းပိုင်ရှင် ခရိုနီ ဦးအောင်အောင်ဇော်

by ဧရာဝတီ
24 January 2023
12k

ဦးအောင်အောင်ဇော်၏ 24 Hour ကုမ္ပဏီအနေဖြင့် ဦးအောင်ကိုဝင်းထံမှ လုပ်ကိုင်ပိုင်ခွင့်ရရှိခဲ့သော ထင်သာမြင်သာအရှိဆုံး လုပ်ငန်းများမှာ Air KBZ နှင့် MAI လေကြောင်းလိုင်းများပင်ဖြစ်သည်။

ထိုင်းအထက်လွှတ်တော်အမတ်ကို မူးယစ်မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုဖြင့် တရားစွဲဆို

ထိုင်းအထက်လွှတ်တော်အမတ်ကို မူးယစ်မှောင်ခိုမှုနှင့် ငွေကြေးခဝါချမှုဖြင့် တရားစွဲဆို

by ဧရာဝတီ
17 December 2023
1.5k

၎င်းတို့အားလုံးနှင့် ပတ်သက်သောအမှုများတွင် မူးယစ်ဆေးမှောင်ခိုလုပ်ငန်းမှ ငွေများကို ထွန်းမင်းလတ်နှင့် ဥပကစ်တို့ ထိန်းချုပ်ထားသည့် လျှပ်စစ်ဓာတ်အားကုမ္ပဏီမှတဆင့် ငွေကြေးခဝါချသည် ဆိုသည့် စွပ်စွဲချက် ပါဝင်သည်။

မြန်မာအရေးနှင့် ထိုင်းဝန်ကြီးချုပ်သစ် အဆက်ပြတ်နေသည်

မြန်မာအရေးနှင့် ထိုင်းဝန်ကြီးချုပ်သစ် အဆက်ပြတ်နေသည်

by Jitsiree Thongnoi
3 October 2023
1.5k

ထိုင်းအစိုးရသစ်၏ ဦးစားပေးသည် စီးပွားရေးဖြစ်သော်လည်း မြန်မာအပါအဝင် နိုင်ငံခြားရေးမူဝါဒ ပြဿနာ အများအပြားအပေါ် ရပ်တည်ချက် ဖော်ပြရန်လည်း မလွှဲမရှောင်သာ လိုအပ်လာသည်။

၂၀၁၉ ခုနှစ်အတွင်း ကျင်းပခဲ့သည့် အစ္စရေးလက်နက်ပြပွဲတပွဲတွင် မြန်မာစစ်ဗိုလ်ချုပ်တဦးကို တွေ့ရစဉ်/Haaretz

အစ္စရေးဝန်ကြီးဌာနများနှင့် လက်နက်လုပ်ငန်း မြန်မာစစ်ကောင်စီကို စစ်ပစ္စည်းများ ရောင်းချနေ

by ဧရာဝတီ
12 June 2023
9.1k

စွပ်စွဲချက်ကို စုံစမ်းစစ်ဆေးပေးရန် လူ့အခွင့်အရေးရှေ့နေတဦး ဦးဆောင်သည့်အဖွဲ့တခုက အစ္စရေး ရှေ့နေချုပ်ကို တိုက်တွန်းလိုက်သည်။

ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ

ဒေသတွင်း တည်ငြိမ်မှုကို ရွှေကုက္ကို ခြိမ်းခြောက်လာနေ

by အောင်ဇော်
28 February 2023
19.5k

ဘန်ကောက်ရှိ သံရုံးများသည် ရွှေကုက္ကိုမှ ၎င်းတို့နိုင်ငံသားများကို ကယ်တင်ရန် အလုပ်ရှုပ်နေကြသည်။

Next Post
စစ်အာဏာသိမ်းပြီး တလခန့်အကြာ ၂၀၂၁ ခုနှစ်၊ မတ်လက သီတဂူဆရာတော်နှင့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

မြန်မာပြည်က သားသုံးသား အယူအဆ အရွေ့

ငလျင်ဒဏ်ခံ ကလေးငယ်တဦး

တူရကီနှင့် ဆီးရီးယား ငလျင်ကြီးအပြီး ဖြစ်သမျှအကြောင်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved