ကိုဗစ် ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသည့် ယခုလိုကာလအတွင်း နိုင်ငံတကာတွင်လည်း အစိုးရက မိမိတို့၏ ပြည်သူများကို ထောက်ပံ့မှုများ ပေးခြင်း၊ လူမူဖူလုံရေး အာမခံလုပ်သမားများအတွက် ထောက်ပံ့ကြေးများ ပေးခြင်းကို ဆောင်ရွက်လျက် ရှိရာ မြန်မာနိုင်ငံလည်း အပါအဝင်ဖြစ်သည်။
မြန်မာနိုင်ငံအနေနှင့် လူမှုဖူလုံရေး အာမခံ လုပ်သားများအတွက် ထောက်ပံ့ငွေကို ရာခိုင်နှုန်း အလိုက် ကိုဗစ် ရောဂါ ဖြစ် ပွားနေစဉ် ပထမလိူင်းတွင် တကြိမ် ယခု ထပ်မံ၍ မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် ဒုတိယလိူင်းအတွင်း၌လည်း စက်ရုံ၊ အလုပ်ရုံများရှိ အကျုံးဝင် လုပ်သားများ အတွက် လစာ၏ ၄၀ ရာခိုင်နှုန်းကို ထောက်ပံ့ကြေးများ ထုတ်ပေးလျက်ရှိသည်။
ထို့ကြောင့် ယခုလို ကိုဗစ်ကာလအတွင်း အာမခံလုပ်သားများ အနေနှင့် လူမှုဖူလုံရေး ထောက်ပံ့ကြေးများကို မည်သို့ တောင်းခံရမည်နည်း၊ ထောက်ပံ့ကြေးပေးသည့် အခါ လိုအပ်သော အချက်များ၊ အကျိုးခံစားခွင့် ရှိသည့် လုပ်သားများ က ဘယ်လို လူမျိုးတွေ ဖြစ်ရမလည်း၊ လူမှုဖူလုံရေးကြေး ပေးသွင်းထားခြင်း မရှိသော လုပ်သားများ အနေဖြင့်လည်း အစိုးရ က မည်သို့ ထောက်ပံ့မှုများ ပေးဆောင်နေသနည်း စသည့် အကြောင်းအရာများကို အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်ယဉ်ယဉ်အုန်းကို ဧရာဝတီသတင်း ဌာန သတင်းထောက် မျိုးပပစန်းမှ မေးမြန်းထားသည်။
မေး။ ။မြန်မာနိုင်ငံမှာ လူမှုဖူလုံရေး အမျိုးအစား ဘယ်နှစ်ခုကို ဖော်ဆောင်နေပြီး အစိုးရက အခု ကိုဗစ်ကာလအတွင်းမှာ လူမှုဖူလုံရေး ထောက်ပံ့ကြေးတွေ ပေးနေတာ တွေက ဘယ်လို အမျိုးအစားမှာပါဝင်ပြီး ဘယ်လို အကောင် အထည်ဖော် ဆောင် ရွက်နေပါသလဲ။
ဖြေ။ ။ကိုဗစ်ကာလမှာ လူမှုဖူလုံရေးအဖွဲ့က အခုလောလောဆယ်မှာ ၄၀ ရာခိုင်နှုန်း ဆိုတဲ့ ထောက်ပံ့ကြေးကို ပေးနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လူမှုဖူလုံရေးကို စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာတော့ ၁၉၅၄ ခုနှစ် လူမှုဖူလုံ ရေး အက်ဥပဒေ အရ ၁၉၅၆ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မှာ စတင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်တဲ့အတွက်ကြောင့် လူမှုဖူလုံရေးအဖွဲ့ တည်ရှိနေတာ ဆိုရင် ၆၄ နှစ်လောက် ရှိပါပြီ။
အရင်ကတော့ ၁၉၅၄ ခုနှစ် ဥပဒေအရ အာမခံ စနစ် ၂ မျိုး ကို ကျင့်သုံးပါတယ်။ အဲဒါကတော့ အရပ်ရပ် အာမခံစနစ်နဲ့ အလုပ်ခွင် အာမခံ စနစ်တို့ ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာ တော့ လူမှုဖူလုံရေး ဥပဒေ အသစ် ပြန်လည်ရေးဆွဲပြီးတော့ ၂၀၁၄ ခုနှစ် ဧပြီလ ၄ ရက်မှာ စတင် အကောင်အထည် ဖော် ခဲ့ ပါ တယ်။ အာမခံစနစ် ၆ မျိုးဖြစ်ပါတယ်။
လက်ရှိအကောင်အထည်ဖော်နေတာကတော့ ကျန်းမာရေးနဲ့ လူမှုရေးအာမခံ စနစ်နဲ့ အလုပ်ခွင် ထိခိုက်မှု အာမခံ စနစ် ဆိုပြီး ၂ မျိုးဖြစ်ပါတယ်။
အဲဒီထဲမှာမှ အခု ကိုဗစ်ကာလမှာ အလုပ်သမားတွေ ဝင်ငွေရပ်စဲသွားတဲ့ အတွက် သူတို့ကို အထောက်အပံ့ဖြစ်အောင် ဆိုပြီး လူမှုဖူလုံရေးဥပဒေ ပုဒ်မ ၁၀၀ အရ လိုအပ်လို့ရှိရင် အာမခံ စနစ်မှာ ပါတဲ့ ထည့်ဝင်ကြေးတွေရော အကျိုးခံစားခွင့် တွေရော အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ပြဌာန်းခွင့် ရှိတယ်ဆိုတာ ပါတာကြောင့် မိသားစု အာမခံ ထောက်ပံ့မှု စနစ်ဆိုတဲ့ အောက်ကနေ လူမှုဖူလုံရေး ထောက်ပံ့ငွေ ၄၀ ရာခိုင်နှုန်း ပေးဖို့ အတွက် စီစဉ်ခဲ့တာ ဖြစ်ပါတယ်။
နောက်ထပ် လူမှုဖူလုံ ရေး အဖွဲ့က ဆောင်ရွက်နေတာက လူမှုရေး အာမခံ စနစ်ဖြစ်ပါတယ်။ လူမှုရေး အာမခံစနစ်က ဘယ်လိုလဲဆိုရင် ထည့်ဝင် ထားတဲ့ သူရဲ့ အကျိုးခံစားခွင့်ကို ရရှိမှာ ဖြစ်တယ်။
ဒါကြောင့်မို့ ကိုဗစ်ကာလမှာ ထောက်ပံ့ကြေးပေးတဲ့ အခါ ထည့် ဝင် ကြေး ပေးသွင်း ထား တဲ့ အလုပ်သမားတွေကို ပေးခြင်း ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ လူမှုဖူလုံရေးထောက်ပံ့ငွေအပြင် ဘာတွေ ပေးနေလဲ ဆိုရင် အလုပ်သမားတွေ မကျန်းမာမှု အကျိုးခံစားခွင့်တွေ၊ Quarantine ဝင်ရတဲ့ အလုပ်သမားတွေ COVID-19 positive ဖြစ်တယ်ဆိုတဲ့ အလုပ် သမားတွေ အတွက် အကျိုးခံစားခွင့်ပေးပါတယ်။ လုပ်ခ လစာရဲ့ ၆၀ ရာခိုင်နှုန်း ကို အကျိုးခံစားခွင့်ရမှာပါ။ အလုပ်သမား ကိုယ်ဝန်ဆောင် မိခင်တွေကိုလည်း ကိုယ်ဝန်ဆောင် မကျန်းမာမှုကို ပေးပါတယ်။ ထောက်ပံ့ကူညီမှု ၄၀ ရာခိုင်နှုန်းကို ပေး ပါတယ်။ ဆေးဖိုး ခရီးစရိတ်တွေလည်း ထုတ်ပေးပါတယ်။
အလုပ်ရှင်တွေကိုတော့ စက်တင်ဘာလ ၁ လလုံး လုပ်ခ လစာရဲ့ ၅ ရာခိုင်နှုန်းကို အခု အောက်တိုဘာလ ၁၆ ရက်မှာမှ ပေးရတာ ဖြစ်ပါတယ်။ ၁၆ ရက် နောက်ပိုင်းဆိုရင် နောက်ကျကြေး၊ ပျက်ကွက်ကြေးပေးရပါတယ်။ ဒါကို အဲဒီ ဒဏ်ကြေး တွေကို မယူတော့ဘဲ နောက်ထပ် ၃ လအထိ စက်တင်ဘာလ အတွက်ကို အခု အောက်တိုဘာလ မှာပေးရမှာ ဖြစ်ပေမယ့် နောက်ထပ် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလကုန်အထိ ပေးလို့ ရအောင် ထည့်ဝင်ကြေး ပေးတဲ့ကာလကို နောက် ဆုတ် ထားပါတယ်။
အလုပ်ရှင်ရဲ့ နံပါတ်ဆိုရင်တော့ အလုပ်ရှင် မှတ်ပုံတင် အမှတ် (Er SSN) လို့ ခေါ်ပါတယ်။ ဒီနံပါတ်တွေက မှားပြီးတော့ ဖြစ်ဖြစ် သူရဲ့ နံပါတ်ကို တခြားသူ တယောက်က ယူထုတ်ရင်ပဲ ဖြစ်ဖြစ် ထပ်နေတာပေါ့
ဒါတွေကို ဘယ်စနစ်တွေက အကောင်အထည်ဖော်နေသလဲ ဆိုရင် ကျန်းမာရေးနဲ့ လူမှုရေးအာမခံ စနစ်၊ လုပ်ငန်းခွင် ထိခိုက်ဒဏ်ရာရမှု အာမခံစနစ် ၊ မိသားစုထောက်ပံ့မှု အာမခံစနစ် သုံးမျိုးကနေ ပြီးတော့ အကောင် အထည်ဖော် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
မေး။ ။ ထောက်ပံ့ကြေးတွေကို ထုတ်ပေးတဲ့အခါ ဘယ်လိုမျိုးပုံစံ သတ်မှတ်ချက်တွေ ထားပြီး လုပ်ဆောင်ပေးတာပါလဲ။
ဖြေ။ ။သတ်မှတ်ချက်တွေ ရှိပါတယ်။ မကျန်းမာဘူး ဆိုရင် သူရဲ့ အကျုံးဝင်ရမယ့် ကာလပေါ့။ ဘယ်လောက်ထိ ထည့် ဝင်ကြေး ပေးသွင်းရမှာ ဆိုတာ ရှိပါတယ်။ လွန်ခဲ့တဲ့ ၆ လ အတွင်းမှာ ထည့်ဝင်ကြေး ပေးသွင်းမယ်ဆိုရင် မကျန်းမာမှု အကျိုး ခံစားခွင့် ပေးပါတယ်။ ထည့်ဝင်ကြေး ပြည့်မီတယ်ဆိုရင်ပေါ့။
ကိုဗစ် ပထမလိူင်းမှာ ဆိုရင်လည်း ၂၀၂၀ ခုနှစ် ဇန်န ဝါရီလလောက်ထိ ထည့်ဝင်ကြေးပေးသွင်းရင် ၄၀ ရာခိုင်နှုန်းနဲ့ အခု ဒုတိယလိူင်း အတွက် ဆိုရင် ၂၀၂၀ ခုနှစ် ဇွန်လအထိ ထည့်ဝင်ကြေး ပေးသွင်းထားတယ် ဆိုရင် ထောက်ပံ့ကြေး ပေးပါတယ်။ တကယ်တမ်းကျတော့ မိသားစု ထောက်ပံ့မှု အာမခံ စနစ်ဆိုတာက လွန်ခဲ့တဲ့ ၃၆ လ (၃ နှစ်) လောက် ထည့်ဝင်ကြေးရှိမှ ခံစားခွင့်ရှိတာပါ။
ဒါပေမယ်လို့ ကိုဗစ်ကာလ ဖြစ်တဲ့အခါ မှာတော့ နိုင်ငံတော်ရဲ့ လိုအပ်ချက်အရ ၁ လထဲ ထည့်ဝင်ကြေးသွင်းထားတဲ့ သူဆိုရင် သူရဲ့ လုပ်ခ လစာ၊ တလစာရဲ့ ၄၀ ရာခိုင်နှုန်းကို ပြန်ပေးတာ ဖြစ်ပါတယ်။ အဲဒီလိုမျိုး သတ်မှတ်ချက်လေး တွေတော့ ရှိပါတယ်။
မေး။ ။ကိုဗစ်ပထမလိူင်းရော အခု ဒုတိယလိူင်းမှာရော လူမှုဖူလုံရေး ထောက်ပံ့ကြေးပေးလိုက်တဲ့ လုပ်သားဦးရေ ဘယ် လောက်ရှိပြီး ကျပ်ဘီလီယံ ဘယ်လောက် ထုတ်ပေးဖို့ ရှိပါသလဲ။ ထုတ်ပေးနေတဲ့ ပုံစံကို ရှင်းပြပေးပါရှင့်။
ဖြေ။ ။COVID-19 First Wave မှာတော့ မေလ ၁၃ ရက်ကနေ စထုတ်ပေးလိုက်တာပါ။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် မကုန်ခင် စက်တင်ဘာလ ၂၅ ရက်အထိပေါ့။ အလုပ်ဌာနပေါင်း ၆၄၂၄ ဌာန ရှိပါတယ်။ အလုပ်သမားပေါင်းက တော့ ၈ သိန်းကျော်ကို ကျပ် ၁၉ ဒသမ ၆၄၀ ဘီလီယံကို ထုတ်ပေးခဲ့တာပါ။
ဒါပေမယ့် အထောက်အထား မပြည့်စုံတာတို့ ဘာတို့ ရှိတဲ့အတွက်ကြောင့် ဒုတိယအကြိမ် ပြန်လျှောက်တာတွေ ရှိပါ တယ်။ ဒုတိယ အကြိမ် ပြန်လျှောက်တာတွေကိုလည်း ဒီဘက် ၂၀၂၀-၂၀၂၁ ခုနှစ်မှာ ဆက်လက် ပေးနေပါတယ်။
အခု ဖြစ်ပွားနေတဲ့ COVID-19 Second Wave တော့ အောက်တိုဘာလ ၂ ရက် ကနေ ၁၂ ရက် အထိ ပေးနေတာက တော့ အလုပ် ၇၄၈ ဌာန နဲ့ အလုပ်သမား ဦးရေ ၆ သောင်း ၃ ထောင်ကျော်ကို ငွေကျပ် ၄၇၀၀၄၆ ဒသမ ၇၆၁ သန်းကို ထုတ်ပေးထားပါတယ်။ ဒါကတော့ Second Wave အတွက်ကို ပထမအကြိမ်ပါ။ နောက်ထပ်လည်း ဆက်ပေးဖို့ စီစဉ် နေ ပါတယ်။
ပေးတဲ့အခါ စိစစ်လိုက်ရင် Social Security Board (SSB) နံပါတ် မှားနေတာလေးတွေ ရှိတယ်။ ၄၀ ရာခိုင်နှုန်း ထုတ် ပေးပြီဆိုတာက တချို့တွေက Electronic Exchange of Social Security Information (Ee SSI)နံပါတ် နဲ့ ထုတ်ပြီး သွားပြီ။ နောက်တယောက်ကလည်း ဒီနံပါတ်နဲ့ သုံးမယ် ဆိုရင် အလုပ်သမား နံပါတ်က EESSI နံပါတ်လို့ ခေါ်ပါတယ်။
အလုပ်ရှင်ရဲ့ နံပါတ်ဆိုရင်တော့ အလုပ်ရှင် မှတ်ပုံတင် အမှတ် (Er SSN) လို့ ခေါ်ပါတယ်။ ဒီနံပါတ်တွေက မှားပြီးတော့ ဖြစ်ဖြစ် သူရဲ့ နံပါတ်ကို တခြားသူ တယောက်က ယူထုတ်ရင်ပဲ ဖြစ်ဖြစ် ထပ်နေတာပေါ့နော်။ ဒါမျိုးတွေကတော့ ဒုတိယအကြိမ် ပြန်လျှောက်လို့ ရပါတယ်။
First Wave မှာဆိုရင် သတ်မှတ်ထားတာက ဧပြီလ ၄ ရက် ကနေ မေလ ၁၅ ရက်မှာ စက်ရုံ အလုပ်ရုံ တွေ ဖွင့်မယ်လို့ ရည်ရွယ် ထားပေမယ့် ကိုဗစ်ရောဂါ ကူးစက်မှု ပြင်းထန်မှာ ဆိုးတဲ့အတွက် ပိတ်လိုက်ရတယ်။ ဒီလို ပိတ်လိုက် ရတဲ့ အလုပ်ဌာနတွေ ဖြစ်ဖို့ လိုပါတယ်။ နောက်တချက် အနေနဲ့က ၁/ ၂၀၂၀ ထည့်ဝင်ကြေး ပေးသွင်းထားတဲ့ ဌာန ဖြစ်ဖို့ လိုပါတယ်။ နောက်တချက်ကတော့ အခုလိုပိတ်လိုက်ရတဲ့ အတွက်ကြောင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ တွေ၊ ကျန်းမာရေးအဖွဲ့တွေ ၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာန အဖွဲ့တွေ မိတ်ဖက်ဌာနက အဖွဲ့တွေက စစ်ဆေးပါတယ်။ အလုပ်ဌာန တခုဟာဆိုရင် ဖွင့်ဖို့ ရာ သင့်၊ မသင့် စစ်ဆေးတဲ့အခါ ဒါကတော့ ဖွင့်နိုင်တယ် ဆိုပြီး သူတို့ကို ဖွင့်ခွင့်ပေးလိုက်တဲ့ Certificate ပေးပါတယ်။
ရန်ကုန်တိုင်းဆိုရင် အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်တို့က လက်မှတ်ထိုးပြီး ပေးတဲ့ လက်မှတ်ပါရပါမယ်။ နောက်တခါ ၄၀ ရာခိုင်နှုန်း ထုတ်တဲ့ လျှောက်လွှာ ပုံစံမှာ အလုပ်သမား ဘယ်နှစ်ဦး အတွက် ဘယ်နှစ်ရက်စာ ဆိုပြီး ရက်တွက်နဲ့ ပေးပါ တယ်။ ၁၄ ရက်ပဲ ပိတ်ရင် ၁၄ ရက်ပဲ ပေးပါတယ်။ အများဆုံးကတော့ ၃၁ ရက်အထိ ပေးပါတယ်။ စက်ရုံဖွင့်တဲ့အခါ A ၊ B ၊C ရှိ တယ်။ A ဆိုရင် ချက်ချင်းဖွင့်လို့ ရတယ်။ B ဆိုရင်တော့ ဖွင့်ဖို့ သင့်တော်ပေမယ့် ပြင်ဆင်ဖို့ ရက်နည်းနည်း လိုနေ တယ်ပေါ့။ နောက်တနေ့မှာ ချက်ချင်းပြန်ဖွင့်လို့ ရတဲ့သဘောမျိုးတော့ ရှိပါတယ်။
ဒါတွေမဟုတ်ဘဲ C အမျိုးအစား ဖြစ်ပြီး တော့ စစ်တာကလည်း နောက်ဆုံးအကြိမ်မှာ ဖြစ်နေရင် သူတို့အတွက် နောက်ထပ် ၅ ရက် ထပ်ပေးပါတယ်။ အဲဒီတော့ ၂၆ ရက် အပေါင်း ၅ ရက်ဆိုတော့ ၃၁ ရက် အထိ ပထမကာလမှာ ပေးပါတယ်။ များသောအားဖြင့်က ၂၆ ရက်စာပဲ ရကြတာ များပါတယ်။
ကိုဗစ်ကာလမှာတော့ အလုပ်သမား အားလုံးကိုပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် ပေးရတဲ့ ငွေပမာဏက ယခင်လျာထားချက်တွေထက် များပြား တာပေါ့နော်။ ရုံးတက်ရတာလည်း ၅၀ တက် ၅၀ နားဆိုတော့ ရုံးပိုင်းမှာ အခက်အခဲ အနည်းငယ်ရှိပေမယ့် ကြီးကြီးမားမား တော့ မရှိပါဘူး။
ဒုတိယလိူင်းမှာတော့ ဘယ်လို သတ်မှတ်လဲ ဆိုတော့ ဒီကာလမှာ ရက်ကို မသတ်မှတ်တော့ပါဘူး။ ၆/၂၀၂၀ ဇွန်လ အ တွက် ထည့်ဝင်ကြေးက နောက်ဆုတ်ပေးတာ ဖြစ်တဲ့အတွက် စက်တင်ဘာလမှ အလုပ်ရှင်တွေက လာသွင်းတာ ဖြစ်ပါ တယ်။ ဒါကြောင့် ဒီ ၆ လပိုင်းအတွက် ထည့်ဝင်ကြေးကို ၇ လပိုင်းမှာပဲ သွင်းသွင်း၊ ၈ လပိုင်းမှာပဲ သွင်းသွင်း ၉ လပိုင်း မှာ ပဲ သွင်းသွင်းပေါ့နော်။ သွင်းထားတဲ့ သူတွေဆိုရင် အကျုံးဝင် ပါတယ်။
နောက်တခါကျတော့ အခုလို သွင်းတဲ့အပြင်ကို နောက်ထပ် အသစ်တိုးလာတဲ့ ၆ လပိုင်း၊ ၇ လပိုင်း၊ ၈ လပိုင်းတွေမှာ အသစ်ဝင်တဲ့ အလုပ်သမားတွေ ရှိပါတယ်။ ဒီအလုပ် သမားတွေ အတွက်လည်း ထည့်ဝင်ကြေး ပေးသွင်း ထားတယ် ဆိုရင် သူတို့ကလည်း အခုပေးတဲ့ ၄၀ ရာခိုင်နှုန်း ထောက်ပံ့ငွေ ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ၆ လပိုင်းအတွက် ပေးသွင်းတဲ့ သူဖြစ်ရမယ်၊ ကျမတို့ရဲ့ လျှောက်လွှာကိုလည်း မှန်မှန် လေး ဖြည့်တယ်ဆိုရင် အဲ့ဒီလူတွေကို ထုတ်ပေးနေတာ ဖြစ်ပါတယ်။ ဒီဘက်ကာလမှာတော့ ကျမတို့ ဖြေလျှော့ လိုက်တာ ဖြစ်ပါတယ်။ တလစာရဲ့ ၄၀ ရာခိုင်နှုန်းလုံးကို ထုတ်ပေးပါတယ်။
မေး။ ။အခု ကာလမှာ လူမှုဖူလုံရေးကြေး ထောက်ပံ့မှုတွေ ပေးနေတာ ပြည်သူလူထုအတွက် ဘယ်လောက်ထိ အထောက် အကူ ပေးနိုင်တယ်လို့ မျှော်မှန်းထားပါသလဲ။ ထောက်ပံ့ကြေး ထုတ်ပေးရတဲ့ အစိုးရရဲ့ ရည်ရွယ်ချက်ကိုလည်း ရှင်းပြပေး ပါ။
ဖြေ။ ။ရည်ရွယ်ချက်ကတော့ ကိုဗစ်ကာလမှာ လူမှုရေး အာမခံ အလုပ်သမား တွေ ဝင်ငွေ ဆုံးရူံးသွားတဲ့အခါ လူမှုဒုက္ခတွေ ကြုံတွေ့ရတယ်။ ဒီအတွက် အထောက်အကူဖြစ်စေဖို့ ရည်ရွယ်ပါတယ်။ နောက်တခုကလည်း နိုင်ငံတော်ကနေပြီးတော့မှ ကိုဗစ်ရောဂါ ကာကွယ်ထိန်းချုပ်တဲ့ ကုသရေးပိုင်းမှာဆိုရင် တချို့ အလုပ်ဌာနတွေ ပိတ်ရတာရှိတယ်။
တချို့လည်း စည်း ကမ်းချက်နဲ့ ကိုက်ညီရင် ဖွင့်ရတာတွေ ရှိတယ်။ ဒါမျိုးတွေကို အထောက်အကူဖြစ်အောင်လို့ပါ။ နောက်တခုက နိုင်ငံတော် အတွက် ကိုဗစ် ရောဂါ ကာကွယ်တားဆီးရေးမှာ တတပ်တအား ပါဝင်ဆောင်ရွက်တာ ဖြစ်ပါတယ်။ ပြီးတော့ ယာယီ ပိတ် လိုက် ရတဲ့ အလုပ်ဌာနတွေမှာဆိုရင် အလုပ်သမားတွေ ဝင်ငွေ လျှော့နည်းသွားတာကို ပြန်လည်ပြီးတော့ ဖြည့်ဆည်း ပေး တာ ဖြစ်ပါတယ်။ အလုပ်ရှင်တွေရဲ့ စီးပွားရေး ထိခိုက်နစ်နာ မှုတွေကိုလည်း ပဲ ကုစားနိုင်အောင်လို့ ဖြစ်ပါတယ်။
မေး။ ။အခုလိုမျိုးထောက်ပံ့ကြေးပေးတဲ့နေရာမှာ လူအများကို ပေးရတာဖြစ်တာကြောင့် အခက်အခဲတွေရော ရှိပါသလား။
ဖြေ။ ။ဒါအတွက်ကို ပြီးခဲ့တဲ့နှစ်က ဘတ်ဂျက် လျာထားတာလည်း မရှိဘူး။ ဒါပေမယ့် ကိုဗစ်ကာလ အရေးပေါ်ဖြစ်တဲ့အခါ မှာ ဆိုရင် လူမှုဖူလုံရေးအဖွဲ့ရဲ့ ရှိရင်းရံပုံငွေ ထဲကနေ ဒါကို သုံးစွဲ ခွင့်တွေ တင်ပါတယ်။ ဒီနေရာမှာလည်း ကိုဗစ် ဗဟို ကော်မတီ ရဲ့ ခွင့်ပြုချက်တွေ၊ ရသုံးရဲ့ ခွင့်ပြုချက်တွေ နဲ့ လုပ်ဆောင်ခဲ့ပြီး ဒီနေရာမှာတော့ အခက်အခဲ မရှိခဲ့ပါဘူး။
ဘယ်မှာသွားပြီး အခက်အခဲ ရှိလည်း ဆိုတော့ မကျန်းမာမှုတို့ မီးဖွားခွင့်တို့ အလုပ်ခွင်ထိခိုက် ဒဏ်ရာရမှုတွေက ကျတော့ one for all၊ all for one ပေးတဲ့ စနစ်ဖြစ်တဲ့အတွက် ဖြစ်တဲ့ အလုပ်သမားကိုပဲ ပေးရတာပါ။ အခု ကိုဗစ်ကာလမှာ ကျ တော့ အခုလိုမျိုး မကျန်းမာမူတွေ မီးဖွားမှုတွေ စတာတွေ မဖြစ်ပေမယ့်လို့ အလုပ်ပိတ်လိုက်ရတဲ့ ဝင်ငွေတွေရပ်စဲသွား တယ်။ ဒါကြောင့်မို့ စက်ရုံမှာ ရှိတဲ့ လုပ်သားတွေ အားလုံးအတွက် တွက်ပြီးတော့ ပေးရပါတယ်။ အရင် one for all ဆိုတာ တယောက်ကနေ အလုပ်သမားတွေ အားလုံးကို ထည့်ဝင်တယ်။
All for one ဆိုတာက ဖြစ်တဲ့တယောက်ကို အကုန်လုံး က ဝိုင်းပေးတဲ့သဘောဖြစ်တယ်။ ဒါပေမယ့် ကိုဗစ်ကာလမှာတော့ အလုပ်သမား အားလုံးကိုပေးရတာ ဖြစ်ပါတယ်။ ဒါကြောင့် ပေးရတဲ့ ငွေပမာဏက ယခင်လျာထားချက်တွေထက် များပြား တာပေါ့နော်။ ရုံးတက်ရတာလည်း ၅၀ တက် ၅၀ နားဆိုတော့ ရုံးပိုင်းမှာ အခက်အခဲ အနည်းငယ်ရှိပေမယ့် ကြီးကြီးမားမား တော့ မရှိပါဘူး။
ကိုဗစ်ပထမလိူင်းမှာဆိုရင် ကျပ် ၁၉ ဘီလီယံ လောက် ပေးရတယ်။ အခု ဒုတိယလှိုင်းမှာဆိုရင် ရန်ကုန်တိုင်း တခုထဲကို ၆၀ ဘီလီယံ ပေးဖို့ လျာထားပါတယ်။ ဒီလိုမျိုး တွက်ချက်တဲ့အခါမှာ လူမှုဖူလုံရေးအဖွဲ့ရဲ့ ပါတနာ ကုမ္ပဏီကနေ Program လေးကို ရေးဆွဲပေးပါတယ်။ ဒါနဲ့ တွက်ချက်ပြီး လုပ်ပြီးသတ်မှတ်ချက်တွေနဲ့ ညီ၊ မညီ ပေးပါတယ်။
တနိုင်ငံလုံးအနေနဲ့ လုပ်သား ၁၉သိန်း ၃ သောင်းကျော် ရှိပြီးတော့ ရန်ကုန်တိုင်းအတွင်းမှာ တော့ လူမှုဖူလုံ ရေးနဲ့ အကျုံး ဝင်တဲ့ လုပ်သား ၈ သိန်း ၆ သောင်းကျော် ရှိပါတယ်။
ကိုဗစ် ပထမလှိုင်း မှာ တော့ ထောက်ပံ့ကြေးတင်တဲ့အခါ စာရွက်စာတမ်းမစုံတာတွေ ၊ လျှောက်လွှာပုံစံ မပြည့်စုံတာ တွေ ကြောင့် ပြန်တောင်း၊ ပြန်ပေးရတဲ့အတွက် နှောင့်နှေးကြန့်ကြာမှုတွေ ရှိပါတယ်။ အခု ဒုတိယလိူင်းမှာတော့ ကျမတို့ရဲ့ ၄၀ ရာခိုင်နှုန်း လျှောက် လွှာကိုပဲ အတည်ယူလိုက်ပါတယ်။ ယူပြီးတော့ အလုပ်ရှင်ကိုလည်း အလုပ်သမားရဲ့နာမည်၊ ESSI နံပါတ် ဒီနှစ်ခုပဲ တင် လိုက်တဲ့အတွက် နှောင့်နှေးကြန့်ကြာတွေ မရှိတော့ပါဘူး။
မေး။ ။လူမှုဖူရေးမှာ အကျုံးမဝင်တဲ့ လုပ်သားတွေကို ကျပ် ၃ သောင်း ထောက်ပံ့ဖို့ရှိတယ်လို့ သိရပါတယ်။ ဒါကရော လက်ရှိမှာ စာရင်းကောက်ယူတဲ့အခြေအနေနဲ့ ဘယ်လောက်လျာထားတယ်ဆိုတဲ့ ပမာဏရှိတယ်ဆိုတာလေး ရှင်းပြပေးပါ။
မေး။ ။လူမှုဖူလုံရေးနဲ့ အကျုံးဝင်တဲ့ လုပ်သားတွေကိုတော့ ကျမတို့ အဖွဲ့က ထောက်ပံ့ပေးပါတယ်။ လူမှုဖူလုံရေးနဲ့ အကျုံး မဝင်တဲ့ အလုပ်ဌာနတွေရှိပါတယ်။ ဘာလို့ အကျုံးမဝင်လဲဆိုတော့ ဥပဒေ ပုဒ်မ ၁၁ (က) အရ အကျုံးဝင် လုပ်ငန်း အမျိုး အစား ၁၅ မျိုး သတ်မှတ်ထားပါတယ်။ ဒီအမျိုးအစားမှာမပါတဲ့ အလုပ်သမားတွေ ရှိပါတယ်။ နောက်တခါ သတ်မှတ်ချက် က ၃ မျိုးရှိတယ်။ ဒါကတော့ အလုပ်သမား ၅ ဦးနဲ့ အထက် ရှိတဲ့ လုပ်ငန်း ဖြစ်ရမယ်၊ ၅ ဦးနဲ့ အောက်လုပ်ငန်းတွေက လူမှု ဖူလုံရေးနဲ့ အကျုံးမဝင်ဘူး။ နောက်တချက်က စည်ပင်သာယာ နယ်နိမိတ်အတွင်း လုပ်ငန်း လုပ်ကိုင်တဲ့ လုပ်ငန်းတွေ ဖြစ် ရပါမယ်။ စည်ပင်သာယာ နယ်နိမိတ်ပြင်ပမှာ ဖွင့်ထားတဲ့ စက်ရုံ အလုပ်ရုံတွေက ကျမတို့နဲ့ အကျုံးမဝင်ပါဘူး။
ဒါကြောင့် တနိုင်ငံလုံးအနေနဲ့ လုပ်သား ၁၉သိန်း ၃ သောင်းကျော် ရှိပြီးတော့ ရန်ကုန်တိုင်းအတွင်းမှာ တော့ လူမှုဖူလုံ ရေးနဲ့ အကျုံး ဝင်တဲ့ လုပ်သား ၈ သိန်း ၆ သောင်းကျော် ရှိပါတယ်။ ဒါပေမယ့် လူမှုဖူလုံရေးနဲ့ အကျုံးမဝင်တဲ့ လုပ်သား ပေါင်း ကလည်း ၆ သိန်း ၈ သောင်းကျော်လောက် ရှိပါတယ်။
ဒီ ၆ သိန်း ၈ သောင်းကျော်ကိုတော့ ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ ကနေပြီးတော့ တယောက်ကို ကျပ် ၃ သောင်း ပေးမယ်လို့ ကြားသိရပါတယ်။ ဒါက ကျပ် ၂၀ ဘီလီယံ ကျော် ပေးမယ်လို့ တိုင်း အစိုးရက တွက်ချက်ထားတယ်လို့ သိရ ပါတယ်။ ဒီလိုမျိုးပေးတဲ့နေရာမှာလည်း စာရင်းဇယားတွေကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့နဲ့ အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနက အောက်မှာ ရှိတဲ့ ဦးစီးဌာန ကော်မတီ ရုံးတွေကနေ ပြီးတော့ ကူညီပြီးတော့ ဆောင်ရွက်နေပါတယ်။
ဒီလိုပဲ လူမှုဖူလုံရေးနဲ့ အကျုံးဝင်တဲ့ ရန်ကုန်တိုင်းအတွင်းက လုပ်သား ၈၆၀၀၀၀ ကျော်ကို ပေးတဲ့အခါ လစာရဲ့ တလစာ ၄၀ ရာခိုင်နှုန်းကို ပေးတာ ဖြစ်ပါတယ်။ လစာ ၁၅ သိန်းပဲ ရနေပါစေ ကျမတို့ သတ်မှတ်ထားတာ အမြင့်ဆုံး လစာ ၃ သိန်း ပါ၊ ဒီကျပ် ၃ သိန်းရဲ့ ၅ ရာခိုင်နှုန်းကိုပဲ ထည့်ဝင်ကြေး ကောက်ပါတယ်။
ဒါကြောင့် ကျပ် ၁၅၀၀၀ ကျသင့်ပြီး အလုပ်ရှင်က ၃ ရာခိုင်နှုန်း ဆိုတော့ ကျပ် ၉၀၀၀ ထည့်ရပြီး အလုပ်သမားက ၂ ရာခိုင် နှုန်း ဖြစ်တာကြောင့် ကျပ် ၆၀၀ ထည့်ရပါတယ်။ ဒါကြောင့် အများဆုံးထည့်တဲ့သူက တယောက်ကို ကျပ် ၁၅၀၀၀ ဖြစ်ပါ တယ်။ ဒါကြောင့် ဒီကျပ် ၃ သိန်း လစာရတဲ့ အလုပ် သမားများကို ကျမတို့က သူ့ရဲ့ ၄၀ ရာခိုင်နှုန်း ကျပ် ၁ သိန်း ၂ သောင်း ကို ပြန်ပေးတာ ဖြစ်ပါတယ်။ ဒါက အများဆုံး ပေါ့နော်။ ကောက်တာလည်း အမြင့်ဆုံးပဲ သတ်မှတ်ထားတယ်။ အနိမ့်ဆုံး တော့ သတ်မှတ်မထားဘူး။
မေး။ ။နောက်ပိုင်းမှာ လူမှုဖူလုံရေး အာမခံ လုပ်ငန်းတွေကို ဘယ်လောက်ထိ ခိုင်ခိုင်မာမာဖြစ်အောင် ဖော်ဆောင် သွား နိုင်ဖို့ ရည်ရွယ်ထားပါသလဲ။
ဖြေ။ ။လူမှုဖူလုံရေး အားကောင်းဖို့ဆိုရင် Data တွေ ခိုင်မာဖို့လိုပါတယ်။ ဒါကြောင့် ဘာလိုလဲ ဆိုရင် သတင်း အချက် အလက် ပေးတဲ့ စနစ်ကို ကျင့်သုံးမှာ ဖြစ်ပါတယ်။ ရှေ့မှာ အားကောင်းကောင်းနဲ့ သွားနိုင်ဖို့ အတွက် SSB Information System ကို တည်ဆောက်မှာ ဖြစ်ပါတယ်။
ဒါကြောင့် လွန်ခဲ့တဲ့ ၃ နှစ်လောက်ထဲက ပြည်ပက အကူညီနဲ့ ဒီ Program ရေးဆွဲ ဖို့ လုပ်ဆောင်နေပါတယ်။ ထည့်ဝင် ကြေးတွေ ပေးသွင်းရင် အွန်လိုင်းနဲ့ ဘယ်လို သွားမလဲ။ အာမခံ ထောက်ပံ့ ကြေးတွေကို ပေးတဲ့အခါမှာ အလုပ်သမား တွေရဲ့ လက်ဝယ် ရောက်အောင် ဘယ်လို သွားမလည်း၊ ဆေးကုသမှု အပိုင်း တွေ ဘယ်လိုသွားမလည်း ဆိုတာ Plan ချပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။
လက်ရှိမှာတော့ လူမှုဖူလုံ ရေး ကနေ အတိအကျ အကောင်အထည်ဖော် ဆောင်ရွက်နေတာ ၂ မျိုးရှိပါတယ်။ အခုလို အရေး ပေါ်ကာလမှာတော့ ထည့်ဝင်ကြေး ကောက်ခံမထားတဲ့ မိသားစု အာမခံ စနစ်ကို ပေးလိုက်ရပါတယ်။
ဒါကြောင့် ကျန်ရှိနေတဲ့ အာမခံ စနစ်တွေကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ရှိပါတယ်။ SSB IS ဆိုတဲ့ အင်တာနက် နဲ့ အသုံးပြုတဲ့ ဒေတာစနစ်ကို ရမှသာ လုပ်ဆောင်နိုင်မှာပါ။ ဒါကြောင့် လူမှုဖူလုံရေးကနေ ပြုပြင်ပြောင်းလဲ ရေး Reform ၄ ခုကို လုပ်ပါတယ်။
ဒါတွေကတော့ အိုင်တီကိုလည်း ILO ကိုရီးယား ပရောဂျက်နဲ့ လုပ်ပါတယ်။ ဆေးကုသ မှု ဌာန ပိုင်းဆိုင်ရာ ဒါကတော့ လူဇင်ဘတ် ပရောဂျက်နဲ့ လုပ်ပါတယ်။ ဥပဒေ၊ နည်းဥပဒေ ပြင်ရမယ့် ဟာတွေ လုပ်ပါ တယ်။ ဒါတွေကို လက်ရှိမှာ လုပ်နေပါတယ်။
မေး။ ။ တချို့ အလုပ်သမားတွေက လူမှုဖူလုံရေး ထည့်ဝင်ထားတယ် ကိုဗစ်ကြောင့် အလုပ်ထွက်လိုက်ရတဲ့အခါ အလုပ်ရှင်ကတော့ လျော်ကြေးပေး ပေမယ့် လူမှုဖူရေး ကနစ်နာကြေး မရဘူးလို့ ပြောတယ် ဒီအပေါ် အပြစ် တင် ဝေဖန်တာ တွေလည်း ရှိတော့ လူမှုဖူလုံရေး ပေးဆောင်ရတဲ့ စနစ်ရဲ့ အကြောင်း၊ အကျိုးခံစားခွင့်အကြောင်းကို ရှင်းပြပေးပါရှင့်။
ဖြေ။ ။ကျမတို့ဆီမှာတော့ ဥပမာ ဟိုတယ် တခုပေါ့ ဒီဟိုတယ် တခုကနေ ထွက်သွားတယ်။ နောက်ဟိုတယ် တခုကို ကူးဖို့ လုပ်နေတဲ့ အချိန်မှာ ကိုဗစ်ဖြစ်လိုက်တယ်။ နောက်အလုပ်ကလည်း မဝင်ရသေးတဲ့အတွက် မရဘူးလို့ လာပြီး ပြောတဲ့သူ တွေ ရှိပါတယ်။ ဒီလိုမျိုးဆိုရင် ကျမတို့က နဂို သူလုပ်ထားတဲ့ဟိုတယ်ပေ့ါနော်။
ကိုဗစ်ပထမလိူင်းဖြစ်တဲ့အတွက် ၁/၂၀၂၀ မှာ ထည့်ဝင်ကြေးသွင်းထားရင် ပေးပါတယ်။ အရင်အလုပ်ရှင်ကနေ ဒီလူက ၁/၂၀၂၀ မှာ ပေးထားတာ ရှိပါတယ်ဆိုပြီး ထောက်ခံပေးတယ်ဆိုရင် ခွင့်ပြုပေးတာ ရှိပါတယ်။ ဒါကကျတော့ ဒီဌာနက ထွက်သွားပေမယ့် နောက်ဌာနကို မဝင်ရ သေးပေမယ့် ထည့်ဝင်ကြေးပေးထားတဲ့ အလုပ်သမား မှန်တယ်ဆိုရင် ပေးပါတယ်။ သူရဲ့ EESSN နံပါတ်က အဓိက ကျပါတယ်။ သူက ဒီနံပါတ်နဲ့ လျှောက်တယ် ဆိုရင် ကျမတို့က Program ရှာပြီး ပါတယ်ဆိုရင် ထုတ်ပေးပါတယ်။
မေး။ ။ဖြည့်စွက်ပြောချင်တာများရှိပါသေးလားရှင့်။
ဖြေ။ ။လူမှုဖူလုံရေးမှာတော့ အဓိက ကုန်ထုတ်လုပ်မှုတွေ ဖြစ်တဲ့ အလုပ်သမားတွေ ရဲ့ လူမှုဘဝ လုံခြုံရေးနဲ့ ကျန်းမာရေး စောင့်ရှောက်မှု ကို ကျမတို့က ပိုမို ရရှိခံစားရရှိပြီး နိုင်ငံတော်ရဲ့ ကုန်ထုတ်လုပ်မှု အထောက်အကူ ပြုဖို့ ဖြစ်ပါတယ်။ စီးပွား ရေး ဖွံဖြိုး တိုးတက်ဖို့ ဆိုရင် အလုပ်သမား၊ အလုပ်ရှင်၊ အစိုးရ သုံးဦးသုံးဖလှယ်က အရေးပါတယ်။
ဒါကြောင့် အလုပ်သမား တွေ အလုပ်အကိုင် အခွင့်အလမ်း မဆုံးရူံးစေဖို့ နဲ့ အလုပ်ရှင်တွေကလည်းစီးပွားရေး လုပ်ငန်း တွေကို စဉ်ဆက် မပြတ် လုပ်ကိုင်နိုင်ရေး လက်ရှိ ကျန်းမာရေးဆိုင်ရာ ကန့်သတ်ချက်တွေနဲ့လည်း ထိန်းညှိဆောင်ရွက် သွားဖို့ လိုပါတယ်။
You may also like these stories:
စက်ရုံ၊ အလုပ်ရုံများ စည်ကမ်းချက်များနှင့် မညီပါက ယာယီ ပြန်ပိတ်မည်
စက်မှုကုန်ထုတ်လုပ်ငန်း ရပ်ထားရ၍ မှာယူသူများမှ နိုင်ငံပြောင်းရွှေ့အပ်နှံမှု ရှိလာ ဟုဆို