• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စက်မှုကုန်ထုတ်လုပ်ငန်း ရပ်ထားရ၍ မှာယူသူများမှ နိုင်ငံပြောင်းရွှေ့အပ်နှံမှု ရှိလာ ဟုဆို

by မျိုးပပစန်း
7 October 2020
in သတင်း
A A
ရန်ကုန်တိုင်း လှိုင်သာယာမြိုနယ် စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံတရုံမှ အလုပ်သမများ / ထက်ဝေ / ဧရာဝတီ

ရန်ကုန်တိုင်း လှိုင်သာယာမြိုနယ် စက်မှုဇုန်ရှိ အထည်ချုပ် စက်ရုံတရုံမှ အလုပ်သမများ / ထက်ဝေ / ဧရာဝတီ

14.6k
VIEWS
Share on FacebookShare on Twitter

ရန်ကုန်တိုင်း ဒေသကြီးအတွင်း Stay at Home ညွှန်ကြားချက်မှာ ရက်သတ္တ ၂ ပတ် ထပ်တိုးသဖြင့် လက်ခစားစနစ် (CMP)ဖြင့် လုပ်ကိုင်နေရသော မြန်မာ့စက်မှု ကုန်ထုတ်လုပ်ငန်းများ၏ ကုန်အမှာစာများအား တခြားနိုင်ငံသို့ ရွှေ့ပြောင်း သွားမှုများ ရှိလာကြောင်း သိရသည်။

မြန်မာနိုင်ငံ စက်မှုကုန်ထုတ် လုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဒေါက်တာ အောင်သိန်းက “ပထမ ၂ ပတ်ပိတ်တုန်းကတော့ Buyer တွေက နားလည်ပေးတယ်။ ဒီအခြေအနေအရ သည်းခံပြီး စောင့်ပေးတယ်။ အခု နောက်၂ ပတ် တိုးလိုက်တဲ့ အပေါ် သူတို့က ဘယ်လိုမှ မဖြစ်နိုင်တော့တဲ့အတွက် သူတို့အပ်ထားတဲ့ အလုပ်တွေက အော်ဒါရှိပြီးသားက ရာသီချိန်နဲ့ ကိုက်ပြီး လုပ်ရတာကြောင့် အခြားနိုင်ငံတွေကို ရွှေ့သွား တာပေါ့။ ဒါက CMP ကဏ္ဍပါ” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “လက်ခံထားပြီးသား အမှာစာတွေတောင်မှ တချို့ Order Cancel ဖြစ်သွားတယ်။ အချိန်မီ ဆက် မထုတ်နိုင်တော့တဲ့ အတွက် အပ်ထားတဲ့ Buyer တွေက တခြားဖွင့်တဲ့ နိုင်ငံတွေကို အထူးသဖြင့် ဗီယမ်နမ်ဘက်ကို ပြောင်းပို့ခိုင်းတဲ့အတွက် အော်ဒါတွေ ဆုံးရှုံးတယ်” ဟု ရှင်းပြသည်။

စက်မှု ကုန်ထုတ်လုပ်ငန်းများအနေဖြင့် လက်ရှိတွင် ရရှိပြီးသား ကုန်ကြမ်းများကို ဈေးကွက်ရွေ့ပြောင်းမှုကြောင့် တခြား နိုင်ငံသို့ ကုန်ကြမ်းများ ပြန်လည် ရွှေ့ပြောင်းပေးရသည့်အတွက် ကုန်ကျစရိတ်များ ရှိပြီး သတ်မှတ်ချက်အတိုင်း မထုတ် လုပ်ပေးနိုင်သောကြောင့်လည်း စာချုပ်ပါ စည်းကမ်းချက်အရ ပေးလျော်ရမည့် ကိစ္စရပ်များ၊ Buyer များ၏ ယုံကြည်မှု ပျောက်ဆုံးသွားပြီး နောက်ပိုင်း အမှာစာများ ထပ်မရမည်ကို စိုးရိမ်ရသည့် အခြေအနေ ဖြစ်နေကြောင်း ဒေါက်တာ အောင် သိန်းက ပြောသည်။

မြန်မာနိုင်ငံ၏ ကိုဗစ် ဒုတိယလှိုင်းတွင် ရောဂါကူးစက်မှု အရှိန်အဟုန်နှင့်တက်လာသည့်အတွက် ကျန်းမာရေးနှင့် အားက စားဝန်ကြီးဌာနက စက်တင်ဘာလ၂၀ ရက် ညတွင် ၁ ကြိမ်၊ အောက်တိုဘာလ ၅ ရက် ညတွင် တကြိမ် ရန်ကုန်တိုင်း ဒေသကြီး တခုလုံး (ကိုကိုးကျွန်းမပါ)ကို Stay at Home အိမ်တွင်သာ နေရန် ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့သည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
2.4k
အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
76
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
60

အဆိုပါ ထုတ်ပြန်ချက်အရ ခြွင်းချက်အနေဖြင့် ခွင့်ပြုထားသည့် ငွေကြး ဝန်ဆောင်မှု၊ အစားအသောက်၊ ပြည်သူ့ ဝန်ဆောင် မှုနှင့် ကျန်းမာရေးဆိုင်ရာ လုပ်ငန်းများမှအပ ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ လုပ်ငန်းများ အားလုံး အောက်တိုဘာလ ၂၁ ရက်အထိ နေအိမ်မှသာ လုပ်ကိုင်ရမည် ဖြစ်သည်။

ထို့ပြင် CMP စက်ရုံများ အနေဖြင့်လည်း ယခု အောက်တိုဘာလ ၅ ရက် ထပ်မံ ထုတ်ပြန်ချက်အရ အောက်တိုဘာလ ၈ ရက်မှ ၂၁ ရက်အထိ၂ ပတ် ဆက်လက် ပိတ်ထားရမည် ဖြစ်ကြောင်း ကြေညာထားသည်။

CMP လုပ်ငန်းများ မဟုတ်သော အခြားသော ဖွင့်လှစ်ခွင့်မရှိသော အသေးစား၊ အလတ်စား စက်မူကုန်ထုတ် ဝန်ဆောင်မှု လုပ်ငန်း များတွင်လည်း လုပ်ငန်းများလည်ပတ်မှု မရှိ၊ ဝင်ငွေမရှိ ရပ်တန့်ထားရသဖြင့် ဆက်လက် ရပ်တည်ရန် အကျပ် အတည်း အခက်အခဲများလည်း ရှိနေကြောင်းလည်း ဒေါက်တာ အောင်သိန်းက သုံးသပ်ပြောဆိုသည်။

မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်ငန်းရှင်များ အသင်းသည် အထည်ချုပ်လုပ်ငန်းမှအပ ကျန် CMP လုပ်ငန်းများ ဖြစ်သော မိုလ်ဘိုင်းဖုန်း အပိုပစ္စည်း လုပ်ငန်း၊ အိတ်ချုပ်လုပ်ငန်း၊ ဖိနပ်ချုပ်လုပ်ငန်း၊ လျှပ်စစ်နှင့် အီလက်ထရွန်နစ်လုပ်ငန်း၊ ဖိုက်ဘာ နှင့် အသက်ကယ် သင်္ဘောလုပ်ငန်း၊ မီးဖိုချောင်သုံး ကုန်ပစ္စည်းလုပ်ငန်း၊ ဆံပင်အတု လုပ်ငန်း၊ မှန်ဘီလူးနှင့် ကင်မရာ လုပ် ငန်း၊ စက်မှုပစ္စည်း လုပ်ငန်း အစရှိသည်တို့ဖြင့် ဖွဲ့စည်းထားသည့် အသင်းဖြစ်သည်။

ထိုအသင်းသည် စက်မှုလုပ်ငန်းသုံး ကုန်ကြမ်းများ တင်သွင်းခြင်း၊ ကုန်ချောများ တင်ပို့ခြင်း၊ တင်သွင်းလာသည့် ကုန်ကြမ်း များမှာ Order Cancel ဖြစ်သွားခြင်းကြောင့် ပြန်လည် တင်ပို့ခြင်း (Re- export) လုပ်ခွင့်၊ ခွင့်ပြု ထောက်ခံချက်များကို လုပ်ဆောင်ပေးရသည်။

လက်ရှိတွင် စက်မှုကုန်ထုတ်လုပ်ငန်းများနည်းတူ ပြည်တွင်း အထည်ချုပ် လုပ်ငန်းများမှာလည်း အခက်အခဲများ ကြုံနေ ရကြောင်း သိရ သည်။

မြန်မာနိုင်ငံ အထည်ချုပ် လုပ်ငန်းရှင်များ အသင်း၏ အလုပ်အမှုဆောင် ဦးအောင်မျိုးဟိန်းက “စစခြင်းထဲက ကျနော်တို့ကို ၁ လလောက် ပိတ်မယ်လို့ ပြောထားရင် Buyer တွေနဲ့ တကြိမ်ပဲ ညှိရမယ်လေ။ အခုက ကြေညာချက်ကို တရက်နှစ်ရက် ကြိုတော့မှ လုပ်တယ် ဆိုတော့ Buyer ရဲ့ Customer တွေလည်း တော်တော်ဒုက္ခ ရောက်သွားတယ်။ ကျနော်တို့က Customer နဲ့ တိုက်ရိုက် ထိတွေ့တာ မဟုတ်ဘူး။ တဆင့်ခံ အေးဂျင့်တွေက သွားတာ။ အဲဒီတော့ တော်တော်ပြောရခက် သွားတယ်” ဟု လုပ်ငန်း၏ အခြေအနေကို ဧရာဝတီသို့ ပြောသည်။

တခြားနိုင်ငံရှိ စက်ရုံများကဖွင့်ပြီး မြန်မာနိုင်ငံရှိ စက်ရုံများ မဖွင့်လျှင် အထည်ချုပ်လုပ်ငန်းမှာ ရာသီအလိုက် ချုပ်ထည်များ ချုပ်လုပ်ရသည့် ဈေးကွက် ဖြစ်သောကြောင့် အချိန်မီ မရလျှင် တခြားဈေးကွက်သို့ လုပ်ငန်းများ ရွှေ့သွားပြီး စက်ရုံများ ပိတ်သိမ်းသည်အထိ ရှိလာနိုင်ကြောင်း လုပ်ငန်းရှင်များက ပြောသည်။

လတ်တလော၂ ပတ် ထပ်တိုး ပိတ်လိုက်သောကြောင့် ရင်ဆိုင်နေရသည့် အခက်အခဲများ၊ ရေရှည်တွင် SME လုပ်ငန်းများ အပါအဝင် လုပ်ငန်းကြီး၊ ငယ်၊ အလတ်များ ရှင်သန်နိုင်မည့် အချက်များ စသည်တို့ကို စုစည်းပြီး မြန်မာနိုင်ငံ ကုန်သည်များ နှင့် စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) က ဦးဆောင်၍ တိုင်းအစိုးရထံသို့ အောက်တိုဘာလ ၆ ရက် တွင် တင်ပြထားကြောင်း UMFCCI အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်းက ပြောသည်။

ထို့ပြင် အလုပ်သမားများအတွက် လုပ်ခလစာနှင့် ပတ်သက်၍ ဖွင့်လှစ်ခွင့် မပြုထားသော လုပ်ငန်းများမှ အလုပ်သမားများ၊ ဝန်ထမ်းများအနေဖြင့် စက်တင်ဘာ လုပ်ခလစာကို သက်ဆိုင်ရာ စက်ရုံ၊ အလုပ်ရုံများတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များအတိုင်း အောက်တိုဘာ ၈ ရက်မှစ၍ သွားရောက် ထုတ်ယူရန် ခွင့်ပြုမည် ဖြစ်ကြောင်း UMFCCI က ယနေ့ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် အထည်ချုပ် စက်ရုံပေါင်း ၆၀၆ ရုံ ရှိကာ အထည်ချုပ် လုပ်သား ၆ သိန်း နီးပါးပြီး ကျန် CMP လုပ်ငန်းပေါင်း ၂၀၀ ကျော်ရှိကာ လုပ်သား အင်အား အကြမ်းဖျင်း ၃ သိန်းနီးပါး ရှိကြောင်း သိရသည်။

ကိုဗစ်ရောဂါသည် ရေရှည် စဉ်းစားရမည့်ကိစ္စရပ် ဖြစ်နေသောကြောင့် အားလုံးဝိုင်းဝန်းစဉ်းစား၍ ပိုမိုကောင်းမွန်သောာ နည်းလမ်းများဖြင့် ပြည်တွင်း စီးပွားရေး လုပ်ငန်းများ လည်ပတ်နိုင်ရန် လုပ်ဆောင်ရမည်ဖြစ်ပြီး၊ ယခုလိုမျိုး ၂ ပတ်စီ ထပ် တိုးပိတ်နေခြင်းသည် အဖြေမဟုတ်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုသည်။

You may also like these stories:

လက်ခစား စက်ရုံအလုပ်ရုံ လုပ်သားများ လစာထုတ်မရ၍ အခက်ကြုံ

CMP စက်ရုံများ ရပ်နားရမှု ရေရှည်တွင်ဈေးကွက် ပျောက်နိုင် ဟုဆို

Your Thoughts …
Tags: CMPစက်မှုကုန်ထုတ်အထည်ချုပ်
မျိုးပပစန်း

မျိုးပပစန်း

ဧရာဝတီ

Similar Picks:

Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

by ဧရာဝတီ
10 July 2025
2.5k

တရုတ်နိုင်ငံသားမှာ စက်ရုံသူဌေး၏ တူဟု သိရပြီး လုပ်ငန်းခွင်မှ အမျိုးသမီးများ၏ ဖုန်းများကို ထိကပါးရိကပါး စာများပို့ကာ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ရှိနေကြောင်း၊ အထက်သို့ တင်ပြတိုင်ကြားထားသော်လည်း အရေးယူမှု တစုံတရာမရှိကြောင်း စက်ရုံအလုပ်သမများက ဆိုသည်။

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

by ဧရာဝတီ
8 July 2025
1.6k

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်အနေဖြင့် အမေရိကန်နှင့် မြန်မာနိုင်ငံတို့ကြား ကုန်သွယ်ရေးမှာ ကြီးမားစွာ မရှိသော်လည်း သွင်းကုန်များအပေါ်အခွန်တိုးမြှင့်ကောက်ခံခြင်းမှာ မဖြစ်သင့်ကြောင်း ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ရုရှားနိုင်ငံသို့ သွားရောက်သော ခရီးစဉ်တွင် မော်စကိုမြို့၌ RTသတင်းဌာန၏...

စက်မှုဇုန်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်၍ အလုပ်သမား လုပ်ခလစာ ကျဆင်းလာ

စက်မှုဇုန်လုပ်ငန်းများ ပုံမှန်မလည်ပတ်နိုင်၍ အလုပ်သမား လုပ်ခလစာ ကျဆင်းလာ

by ဧရာဝတီ
10 January 2024
1.1k

အလုပ်သမားများကို အချိန်ပို မခေါ် ယူနိုင်တော့သလို တချို့သော စက်ရုံအလုပ်ရုံများသည် ပြီးခဲ့သည့် နိုဝင်ဘာက စတင်သော အခြေခံလုပ်ခလစာ အပို ထောက်ပံ့ကြေး ကျပ် ၁၀၀၀ ကိုပင် မပေးတော့ကြောင်း

နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

by ဧရာဝတီ
3 January 2024
696

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်သိမ်းလာသော စက်ရုံများ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် စက်ရုံအများစု ပါဝင်ပြီး တချို့စက်ရုံများမှာ တနေရာတွင် ပိတ်ပြီး နောက်ထပ် တနေရာတွင် သူဌေးနာမည်အသစ်နှင့် စက်ရုံ ထပ်မံဖွင့်လှစ်ခြင်းများကိုလည်း ပြုလုပ်နေကြောင်း

အပိုကြေး ကျပ် ၁၀၀၀ တိုးသော်လည်း စက်ရုံဝန်ထမ်းများအတွက် အပြောင်းအလဲမဖြစ်

by ဧရာဝတီ
9 October 2023
619

လတ်တလောတွင် အထည်ချုပ်စက်ရုံဝန်ထမ်းအများစုသည် တရက်လုပ်ခကျပ် ၄၈၀၀နှုန်းနှင့် ပျှမ်းမျှအားဖြင့် တလလျှင် ကျပ် ၂သိန်း ၅ သောင်းဝန်းကျင်မှ ကျပ် ၃ သိန်း ၂ သောင်းဝန်းကျင်ရရှိကြပြီး လက်ရှိမြင့်မားနေသော ကုန်ဈေးနှုန်းများအရ တလစာ နေထိုင်စားသောက်စရိတ်သည် အနည်းဆုံး...

အမေရိကန်အခွန်တိုးကောက်မှုကြောင့် ရွှေပြည်သာ စက်ရုံတရုံ ပိတ်သိမ်း

အမေရိကန်အခွန်တိုးကောက်မှုကြောင့် ရွှေပြည်သာ စက်ရုံတရုံ ပိတ်သိမ်း

by ဧရာဝတီ
28 August 2025
519

အမေရိကန်၏ အခွန်တိုးကောက်မည့်အစီအမံကြောင့် မြန်မာနိုင်ငံတွင် တရုတ်လုပ်ငန်းရှင်များ မှီခိုလုပ်ကိုင်နေသည့် CMP အထည်ချုပ်လုပ်ငန်းများအပါအဝင် စက်ရုံလုပ်သားများထိခိုက်နိုင်ကြောင်း၊ အထူးသဖြင့် အမေရိကန်သို့ ပို့ကုန်လုပ်ငန်းတွင် တန်ဖိုးကျဆင်းမှု၊ ထုတ်လုပ်မှုပမာဏလျော့ချခြင်းနှင့် အလုပ်လက်မဲ့များလာနိုင်ကြောင်း

Next Post
ဂန္တဝင်ဂိမ်းဇာတ်ကောင် Super Mario

ဂျပန် Universal Studios ထဲမှာ မြင်တွေ့ရမယ့် Super Mario

၂၀၂၀ ရွေးကောက်ပွဲ အတွက် ကိုရီးယားတွင် ကြိုတင်မဲပေးကြသူများ / facebook

လူစုလူဝေး မဖြစ်စေချင်လို့ လုပ်ပေမယ့် ပြောင်းပြန်ဖြစ်သွားတယ်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

5 hours ago
2.4k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
2.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved