• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အမေရိကန်အခွန်တိုးကောက်မှုကြောင့် ရွှေပြည်သာ စက်ရုံတရုံ ပိတ်သိမ်း

by ဧရာဝတီ
28 August 2025
in သတင်း
A A
အမေရိကန်အခွန်တိုးကောက်မှုကြောင့် ရွှေပြည်သာ စက်ရုံတရုံ ပိတ်သိမ်း

ပိတ်သိမ်းလိုက်သည့် ရွှေပြည်သာ စက်မှုဇုန်ရှိ Twinkle (Myanmar) အထည်ချုပ်စက်ရုံ/ Twinkle (Myanmar)

519
VIEWS
Share on FacebookShare on Twitter

သြဂုတ် ၁ရက်က စတင်သက်ရောက်သည့် အမေရိကန်၏ အခွန်တိုးမြှင့်ကောက်ခံမှုကြောင့် ရန်ကုန် ရွှေပြည်သာမြို့နယ် ဝါးတရာစက်မှုဇုန်မှ ဝန်ထမ်း ၂၀၀ ကျော်ရှိ သော တရုတ်နိုင်ငံသားပိုင် ကျောပိုးအိတ်ချုပ်သည့် Twinkle (Myanmar) အထည်ချုပ်စက်ရုံကို ဩဂုတ်လ ၂၃ ရက်က အပြီးပိတ်သိမ်းလိုက်ကြောင်း သိရသည်။

ယင်းစက်ရုံမှ အလုပ်သမားတဦးက “ ပိတ်လိုက်တာတော့ ၄ ရက်ရှိပြီ။ အမေရိကန်က အခွန် ၄၀ ရာခိုင်နှုန်းတိုးကောက်လို့ မခံနိုင်လို့ ရပ်လိုက်တယ်ပေါ့။ ပေးရမယ့်နစ်နာကြေးတွေတော့ ရပါတယ် “ ဟု ပြောသည်။

ရုတ်တရက် စက်ရုံပိတ်သိမ်းလိုက်သည့်အတွက် နစ်နာကြေးအဖြစ် စာချုပ်အရ တလစာကို လုပ်သက်အလိုက်ပေးခဲ့သော် လည်း အလုပ်လက်မဲ့ဖြစ်သွားရသဖြင့် စိတ်မသက်သာဖြစ်ရကြောင်း အလုပ်သမားများက ဆိုသည်။

အမေရိကန်သည် မြန်မာ့အထည်ချုပ်ကဏ္ဍ၏ စတုတ္ထအကြီးဆုံးဈေးကွက်တခုဖြစ်ပြီး ယခုလို အခွန်နှုန်းထား တိုးမြှင့်ခြင်း ကြောင့် နှစ်နိုင်ငံကြား အထည်ချုပ်လုပ်ငန်းများ၏ စီးပွားရေးကို သက်ရောက်မှု ရှိလာနိုင်ကာ လက်ရှိ မြန်မာ့စီးပွားရေး လုပ်ငန်းများ ရင်ဆိုင်နေရသော စိန်ခေါ်မှုများစွာကို ပို၍ ဆိုးရွားစေနိုင်သည်ဟု မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်းရှင်များ အသင်း (MGMA)က ပြီးခဲ့သည့် ဧပြီလ ၇ ရက်က သတိပေးထားပြီးဖြစ်သည်။

ယခုလို အမေရိကန်၏ အခွန်တိုးကောက်ခြင်းကြောင့် လုပ်သား ၈ သိန်းခန့် ရှိ မြန်မာ့အထည်ချုပ်၊ အိတ်၊ ဖိနပ်ချုပ် လုပ် သော လက်ခစားစနစ် (CMP) လုပ်ငန်းများအပေါ် ထိခိုက်မှုများ ရှိလာနိုင်ကြောင်း စီးပွားရေး လုပ်ငန်းရှင်များက သုံးသပ် ပြောဆိုပြီးနောက် ယခုကဲ့သို့ စက်ရုံပိတ်သိမ်းမှုများ ရှိလာခဲ့ခြင်းဖြစ်သည်။

အမေရိကန်၏ အခွန်တိုးမြှင့်မှုသည် အထည်ချုပ်လုပ်ငန်းများ၊ အထူးသဖြင့် ဖိနပ်နှင့် အိတ်ချုပ်လုပ်ငန်းတို့အပေါ် သက် ရောက်မှု ပိုဆိုးနိုင်ကြောင်း၊ အဆိုပါ လုပ်ငန်းများသည် ယခင်က CMP (လက်ခစားစနစ်)ဖြင့် ၁၀၀ ရာခိုင်နှုန်း အခွန်ကင်း လွတ် ခွင့် ရထားခြင်းကြောင့် အခွန်တိုးလာပါက အော်ဒါလျော့သွားနိုင်ကြောင်း ရန်ကုန်မြို့ရှိ CMP စက်ရုံပိုင်ရှင်တဦးက ပြောသည်။

RelatedPosts

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
29
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
156
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
1.6k

CMP လုပ်ငန်းရှင်တဦးက ” အခွန်ကတကယ်တိုးကောက်ပြီဆိုတာနဲ့ အထည်ချုပ်လုပ်ငန်းတွေလည်း ထိခိုက်နိုင်တယ်။ ၄၀ ရာခိုင်နှုန်းတင်တာက အော်ဒါတွေလည်း လျော့သွားမှာ”ဟု ပြောသည်။

ပိတ်သိမ်းလိုက်သည့် ရွှေပြည်သာ စက်မှုဇုန်ရှိ Twinkle (Myanmar) အထည်ချုပ်စက်ရုံ/ Twinkle (Myanmar)

သမ္မတ ဒေါ်နယ်လ်ထရမ့်၏ နိုင်ငံပေါင်း ၁၂ နိုင်ငံကို သွင်းကုန်အခွန်နှုန်းထားတိုးမြှင့်မည့် အကြောင်းကြားစာတွင် မြန်မာနိုင်ငံလည်း ပါဝင်ပြီး ဩဂုတ်လ ၁ ရက်မှစ၍ မြန်မာမှ တင်ပို့နေသော ကုန်ပစ္စည်းများအပေါ် အခွန်၄၀ ရာခိုင်နှုန်း တိုးမြှင့် ကောက်ခံသွားမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်ထံလိပ်မူ၍ ဇူလိုင်လ ၇ ရက်က ပေးပို့ခဲ့သည်။

ယခင်က အမေရိကန်နိုင်ငံက မြန်မာနိုင်ငံမှ အထည်ချုပ်တင်ပို့မှုကို အခွန် ၂၀ ရာခိုင်နှုန်းဝန်းကျင်ကောက်ခံရာမှ လက်ရှိ ၄၀ ရာခိုင်နှုန်း တိုးမြှင့်ခြင်းဖြစ်သဖြင့် အခွန်နှုန်း ထက်ဝက်တိုးလာခြင်း ဖြစ်သည်။

အမေရိကန်၏ အခွန်တိုးကောက်မည့်အစီအမံကြောင့် မြန်မာနိုင်ငံတွင် တရုတ်လုပ်ငန်းရှင်များလုပ်ကိုင်နေသည့် CMP အထည်ချုပ်လုပ်ငန်းများအပါအဝင် စက်ရုံလုပ်သားများထိခိုက်နိုင်ကြောင်း၊ အထူးသဖြင့် အမေရိကန်သို့ ပို့ကုန် လုပ်ငန်း တွင် တန်ဖိုးကျဆင်းမှု၊ ထုတ်လုပ်မှုပမာဏလျော့ချခြင်းနှင့် အလုပ်လက်မဲ့များလာနိုင်ကြောင်း စီးပွားရေးသုံးသပ်သူများက သတိပေးထားသည်။

မြန်မာပြည်မှ အမေရိကသို့ အများဆုံးတင်ပို့သော ကုန်စည်များတွင် အဝတ်အထည်၊ ဖိနပ်၊ ဦးထုတ်၊ လျှပ်စစ်နှင့် အီလက်ထရောနစ်ပစ္စည်းများ အပါအဝင် ငါး၊ပုဇွန် အစရှိသည့် ရေထွက်ပစ္စည်းများနှင့် ပရိဘောဂများ ပါဝင်သည်။

ထိုသို့ပိတ်သိမ်းလိုက်ခြင်းနှင့် ပတ်သက်၍ စက်ရုံဘက်မှ သတင်းတစုံတရာ ထုတ်ပြန်ခြင်းမရှိသော်လည်း ပိတ်သိမ်းကြောင်းကို ရုံးပိုင်းဆိုင်ရာဝန်ထမ်းတို့၏ ဆိုရှယ်မီဒီယာများတွင်လည်း ဖော်ပြထားပြီး ဧရာဝတီက စက်ရုံကို ဆက်သွယ်မေးမြန်းရာတွင် ပြန်လည်ဖြေကြားခြင်းမရှိပါ။

Twinkle Myanmar သည် အမေရိကန်အခြေစိုက် Callaway Golf Company၊ ခရီးဆောင်အိတ်ထုတ်လုပ်သည့် Samsonite တို့အတွက် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံ ရွှေပြည်သာစက်မှုဇုန်၌ လုပ်ငန်းစတင်ခဲ့ပြီး ၂၀၂၅ ခုနှစ်အထိ အများဆုံး ကုန်တင်ပို့မှု ပြုလုပ်ခဲ့သည့် စက်ရုံတခု ဖြစ်သည်။

အဆိုပါ စက်ရုံ၏ နောက်ဆုံးကုန်တင်ပို့မှုမှာ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၆ ရက်တွင် စင်ကာပူနိုင်ငံကို ကြားခံ၍ တဆင့် တင်ပို့ခဲ့ကြောင်း သိရသည်။

လက်ရှိ မြန်မာနိုင်ငံ၏ CMP လုပ်ငန်းများအပါအဝင် စီးပွားရေးမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတကာ အရေးယူပိတ်ဆို့မှုအခြေအနေများကြောင့် ဈေးကွက်ကို ခက်ခက်ခဲခဲ ရှာဖွေထိုးဖောက်နေရခြင်း၊ လုပ်ငန်းများအတွက် လုံလောက်သော လျှပ်စစ်မီးပုံမှန်မရရှိခြင်း၊ လောင်စာဆီ အခက်အခဲရှိခြင်း၊ စစ်ကောင်စီ၏ ပို့ကုန်မူဝါဒအရ CMP လုပ်ငန်းများ၏ ရငွေကို တဒေါ်လာလျှင် ၃၆၀၀ ကျပ်ဖြင့် ဖြတ်ယူခြင်း စသောအခက်အခဲများ ရင်ဆိုင်နေရချိန်တွင် ယခုကဲ့သို့ အခွန်နှုန်း တိုးမြှင့်ခြင်းကလည်း စိန်ခေါ်မှုဖြစ်စေကြောင်း လုပ်ငန်းရှင်များထံက သိရသည်။

You may also like these stories:

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

တရုတ် စွမ်းအင် ရင်းနှီးမြှုပ်နှံမှု ရဖို့ စစ်ကောင်စီ ကြိုးစား

သွင်းကုန်လမ်းကြောင်းအကုန်ပိတ် သယ်ယူပို့ဆောင်ရေး ရပ်ထား

Your Thoughts …
Tags: CMPတရုတ်စက်ရုံအမေရိကန်အခွန်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

အမေရိကန်စည်းကြပ်ခွန်က မြန်မာ့ လက်ခစားစနစ်လုပ်ငန်းများ ထိခိုက်နိုင်

by ဧရာဝတီ
8 July 2025
1.6k

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမေရိကန်အနေဖြင့် အမေရိကန်နှင့် မြန်မာနိုင်ငံတို့ကြား ကုန်သွယ်ရေးမှာ ကြီးမားစွာ မရှိသော်လည်း သွင်းကုန်များအပေါ်အခွန်တိုးမြှင့်ကောက်ခံခြင်းမှာ မဖြစ်သင့်ကြောင်း ပြီးခဲ့သည့် မေလ ၈ ရက်နေ့က ရုရှားနိုင်ငံသို့ သွားရောက်သော ခရီးစဉ်တွင် မော်စကိုမြို့၌ RTသတင်းဌာန၏...

ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်

ဆန္ဒပြ အလုပ်သမားများကို စစ်တပ်နှင့်ပေါင်း၍ တရုတ်စက်ရုံ ခြိမ်းခြောက်

by ဧရာဝတီ
19 November 2024
1.4k

အလုပ်သမားများက အချက် ၁၈ ချက်ကို တောင်းဆိုထားကြပြီး ထိုထဲတွင် အမျိုးသမီးအလုပ်သမား ၂ဦးကို ကိုယ်ထိ လက်ရောက်ကျူးလွန်ခဲ့သည့် တရုတ်နိုင်ငံသား စက်ရုံဒါရိုက်တာကို လုပ်ငန်းခွင်မှ ထုတ်ပယ်ပေးရန်၊ အလုပ်ထုတ်ခံရသည့် အလုပ်သမားများကို အလုပ်ပြန်ခန့်ရန်၊ လုပ်ငန်းခွင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုရရှိရန်

နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

နှစ်ကုန်၌ အထည်ချုပ်အပါအဝင် CMP လုပ်ငန်း ၇ ခုခန့် ပိတ်သိမ်း

by ဧရာဝတီ
3 January 2024
696

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပိတ်သိမ်းလာသော စက်ရုံများ၌ အလုပ်သမားအခွင့်အရေး ချိုးဖောက်သည့် စက်ရုံအများစု ပါဝင်ပြီး တချို့စက်ရုံများမှာ တနေရာတွင် ပိတ်ပြီး နောက်ထပ် တနေရာတွင် သူဌေးနာမည်အသစ်နှင့် စက်ရုံ ထပ်မံဖွင့်လှစ်ခြင်းများကိုလည်း ပြုလုပ်နေကြောင်း

အပိုကြေး ကျပ် ၁၀၀၀ တိုးသော်လည်း စက်ရုံဝန်ထမ်းများအတွက် အပြောင်းအလဲမဖြစ်

by ဧရာဝတီ
9 October 2023
619

လတ်တလောတွင် အထည်ချုပ်စက်ရုံဝန်ထမ်းအများစုသည် တရက်လုပ်ခကျပ် ၄၈၀၀နှုန်းနှင့် ပျှမ်းမျှအားဖြင့် တလလျှင် ကျပ် ၂သိန်း ၅ သောင်းဝန်းကျင်မှ ကျပ် ၃ သိန်း ၂ သောင်းဝန်းကျင်ရရှိကြပြီး လက်ရှိမြင့်မားနေသော ကုန်ဈေးနှုန်းများအရ တလစာ နေထိုင်စားသောက်စရိတ်သည် အနည်းဆုံး...

ယခင် စစ်ဗိုလ်ချုပ်များနှင့်ပေါင်းပြီး စီးပွားရှာခဲ့သော ခရိုနီအဟောင်းများအပြင် မင်းအောင်လှိုင်လက်ထက် ခရိုနီ လက်သစ်ပေါင်းများစွာလည်း ပေါ်ထွက်လာနေသည်

အသက်ငင်နေဆဲ မြန်မာ့စီးပွားရေးနှင့် တကျော့ပြန် ခရိုနီဝါဒ

by ဧရာဝတီ
6 February 2023
9.9k

စစ်အာဏာသိမ်းမှု ၂ နှစ်တာ ကာလအတွင်း မြန်မာ့စီးပွားရေးကဏ္ဍမှာ အသက်ငင်နေသည့် အခြေအနေ ဆိုက်ရောက်နေပြီး လုပ်ငန်းရှင်များ အနေဖြင့် မိမိတို့လုပ်ငန်း ဆက်လက် ရှင်သန်ရပ်တည်နိုင်ရေးအတွက် အကျပ်အတည်းများကြားက ရုန်းကန်နေကြရသည်။

၂၀၁၇၊ ဒီဇင်ဘာလအတွင်းက တွေ့ရသည့် လှိုင်သာယာမှ အထည်ချုပ်စက်ရုံံ တရုံ၏ လုပ်ငန်းခွင် / ဧရာဝတီ

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု CMP လုပ်ငန်းတချို့ မြန်မာမှ ပြန်ထွက်ရန် စီစဉ်နေ

by ဧရာဝတီ
5 May 2021
17.1k

မြန်မာ့နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု အချိန်ကြာမြင့် လာသည်နှင့်အမျှ စိုးရိမ်မှုရှိလာကာ အာဆီယံနိုင်ငံ များ ဖြစ်သည့် ဗီယက်နမ်၊ ကမော္ဘဒီးယားအပြင် မြန်မာ့အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့သို့ ပြောင်းရွှေ့ရန် ပြင်ဆင်နေ ကြကြောင်း အထည်ချုပ်လုပ်ငန်းရှင်တဦးက ဧရာဝတီသို့ ပြောသည်။

Next Post
ဘေးဒဏ်တွေကြောင့် မွေးရပ်မြေကို စွန့်ခွာနေကြရသူတွေ (ရုပ်/သံ)

ဘေးဒဏ်တွေကြောင့် မွေးရပ်မြေကို စွန့်ခွာနေကြရသူတွေ (ရုပ်/သံ)

PR စနစ်နှင့် အငြင်းပွားဖွယ် ပေါ်ပေါက်လာနိုင်သည့် ပြည်နယ်လွှတ်တော်များ

PR စနစ်နှင့် အငြင်းပွားဖွယ် ပေါ်ပေါက်လာနိုင်သည့် ပြည်နယ်လွှတ်တော်များ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved