• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဟောင်ကောင် ဒီမိုကရေစီရေး ဆန္ဒကို တရုတ် နှိပ်ကွပ်နိုင်မလား

by Adam Ni
22 August 2019
in ဆောင်းပါး
A A
တရုတ်အစိုးရ ဆန့်ကျင်ရေး ဟောင်ကောင်တွင် ဆန္ဒပြနေသူတဦး / Reuters

တရုတ်အစိုးရ ဆန့်ကျင်ရေး ဟောင်ကောင်တွင် ဆန္ဒပြနေသူတဦး / Reuters

9.1k
VIEWS
Share on FacebookShare on Twitter

ဟောင်ကောင်တွင် ကြီးမားသော ဆန္ဒပြပွဲများ စတင်ခဲ့သည့် ဇွန်လ အစောပိုင်းမှ စ၍ တရုတ်အစိုးရ၏ အပြောအဆိုနှင့် ဗျူ ဟာများတွင် သိသာထင်ရှားသော အရှိန်မြင့်တက်မှုတခု ရှိခဲ့သည်။ ပြည်သူတို့၏ ဒေါသ၏ အဓိက အရင်းအမြစ်ကို ဖြေရှင်းရမည့် အစား တရုတ်အစိုးရက ဆန္ဒပြသူများကို မကောင်းသည့်ဘက်မှ ပုံဖော်ခဲ့သည်။ ၎င်း၏ စစ်တပ်ကို အသုံးပြု၍ ဖိနှိပ်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

တရုတ်အစိုးရ၏ စူးရှသော အပြောအဆို၊ သတင်းအချက်အလက် အမှားပေးသည့် လှုပ်ရှားမှုများနှင့် ဗြောင်ကျကျ ခြိမ်းခြောက်မှုများက မတည်ငြိမ်သော အခြေအနေတခုကို မြန်မြန်ဆန်ဆန်ဖြစ်လာစေခဲ့သည့် အာခံမှုများကို မီးထိုးပေး သလို ဖြစ်ခဲ့သည်။ ပဋိပက္ခက ပျောက်ကွယ်သွားမည့် အသွင်မရှိပါ။ အခြေအနေများက ပဋိပက္ခဆီသို့ ဦးတည် လာနေခဲ့သည်။

ကြီးမားသော ဆန္ဒပြပွဲများက အငြင်းပွားဖွယ်ရာ တရားခံလွှဲပြောင်းပေးရေး ဥပဒေကြမ်းတခုကို တုန့်ပြန်သည့် အနေဖြင့် စတင်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဥပဒေကြမ်းက ဟောင်ကောင်၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို တိုက်စားသည့် နောက်ထပ် အဆင့်တခု အဖြစ် အများစုက မြင်ကြသည်။ ရဲတပ်ဖွဲ့၏ အကြမ်းဖက်မှုနှင့် တာဝန်ယူမှုမရှိသော ဟောင်ကောင် အစိုးရအပေါ် ပြည်သူတို့၏ ဒေါသကြောင့် ဆန္ဒပြပွဲများက လျှင်လျှင်မြန်မြန် အရှိန်မြင့်တက်လာခဲ့ရသည်။

သို့သော်လည်း ထိုပြဿနာ၏ အဓိက အချက်အချာတွင် ရှိနေသည်မှာ ဟောင်ကောင်အတွက် ရေရှည်အမြင်နှင့် ပတ်သက်သည့် ပဋိပက္ခတခု ဖြစ်သည်။ ၎င်း၏ ဝိညာဉ်နှင့် ပတ်သက်၍ ဖြစ်သည်။

တရုတ်အစိုးရ၏ ပန်းတိုင်မှာ ဟောင်ကောင်အပေါ် ၎င်းတို့၏ ချုပ်ကိုင်မှုကို ဖြည်းဖြည်းချင်း တင်းကျပ်သွားရန် ဖြစ်သည်။ ဟောင်ကောင်ကို တရုတ်နိုင်ငံ၏ အာဏာရှင် နိုင်ငံရေး စနစ်အတွင်းသို့ သိမ်းသွင်းရန်နှင့် ဟောင်ကောင်ပြည်သူများကို ကျန်သည့် တရုတ်နိုင်ငံအတွင်းနေရာများတွင် ပြုလုပ်သည့် နည်းလမ်းအတိုင်း အုပ်ချုပ်သွားရန် တရုတ်အစိုးရက ရည်မှန်းသည်။ ထိုအချိန်တွင် ဟောင်ကောင်သား အများစုက သူတို့၏ လွတ်လပ်မှုနှင့် ဘဝနေထိုင်မှု အပေါ်တွင် တရုတ်အစိုးရ၏ နောက်ထပ် ကျူး ကျော်မှု မှန်သမျှကို ဆန့်ကျင်တွန်းလှန်ရန် စိတ်အားထက်သန်နေကြသည်။ ရည်မှန်းချက်များက အခြေခံအရပင် ဆန့်ကျင်ကွဲလွဲနေသည်။

ပြဿနာက တရုတ်အစိုးရ ကိုယ်တိုင် ဖြစ်သည်။ တရုတ်အစိုးရက တနိုင်ငံ စနစ်၂ မျိုး မူဘောင်ကို စနစ်တကျ ဖျက်ဆီးခြင်းအားဖြင့် လက်ရှိ ပြဿနာအတွက် အခြေအနေများကို ဖန်တီးပေးခဲ့သည်။

တရုတ်အစိုးရက ဗြိတိသျှတို့ လွှဲပြောင်းမပေးမီက ပေးခဲ့သော ၎င်း၏ ကတိများကို ထိထိရောက်ရောက် ဖျက်ဆီးခဲ့သည်။ ၂၀၄၇ ခုနှစ် အထိ ဟောင်ကောင်၏ နိုင်ငံရေး စနစ်ကို မပြောင်းမလဲ ထားရှိရန် ဖြစ်သည်။ လတ်တလော နှစ်များအတွင်းတွင် နိုင်ငံရေးအရ ဝင်ရောက်စွပ်ဖက်ခြင်း၊ ရွေးကောက်ပွဲနှင့် အခြား ဥပဒေများကို ပြောင်းလဲခြင်းနှင့် ဟောင်ကောင်၏ လူမှုအဖွဲ့အစည်းများတွင် ထိုးဖောက် ဝင်ရောက်ခြင်း တို့မှ တဆင့် တနိုင်ငံ စနစ် ၂မျိုး မူဘောင်ကို ပျက်ယွင်းစေခဲ့သည်။

ဟောင်ကောင် ရဲ၏ မျက်ရည်ယို ဗုံးများနှင့် ရာဘာကျည်များ သုံးစွဲမှု အကြိမ်ရေတိုးလာနေ/Reuters

ထိုသို့ပြုလုပ်ရင်း ဒေသခံတို့၏ ဒေါသ၊ ခိုင်မာအားကောင်းသော ဟောင်ကောင် စရိုက်လက္ခဏာနှင့် ဖီဆန်အာခံသော အလေ့အထ တို့ကို လှုံ့ဆော်ပေးသလို ဖြစ်ခဲ့ရသည်။ လတ်တလောပြုလုပ်ခဲ့သည့် သဘောထား စစ်တမ်းကောက်ယူမှုတခုအရ ကိုယ့်ကိုယ်ကို တရုတ်နိုင်ငံသားဟု ဖော်ပြသည့် ဟောင်ကောင်သား ရာခိုင်နှုန်းက ဗြိတိသျှ လက်မှ လွှဲပြောင်းယူခဲ့သည့် ၁၉၉၇ ခုနှစ် နောက်ပိုင်းတွင် အနိမ့်ဆုံး အခြေအနေတွင် ရှိနေသည်။

ထိုအချက်က အာဏာရ တရုတ်ကွန်မြူနစ်ပါတီ အတွက် စိုးရိမ်စရာ ဖြစ်သည်။ ဆန္ဒပြပွဲများ ပိုမိုကာလ ရှည်ကြာလာသည် နှင့် အမျှ သူတို့၏ အာဏာအပေါ် စိန်ခေါ်မှုများ ပိုမိုတွေ့မြင်လာရသည်။ ထိုကဲ့သို့ ဖီဆန်မှုများက တရုတ်အစိုးရ၏ အမြင်တွင် သည်းခံနိုင်စရာ မဟုတ်ပါ။

တရုတ် အစိုးရ၏ ဘက်စုံ ထိုးနှက်ရေး ဗျူဟာ

ဆန္ဒပြပွဲများ၏ အစောပိုင်းရက်များတွင် တရုတ်အစိုးရက တရုတ်ပြည်မကြီး အတွင်းသို့ ဆန္ဒပြပွဲ သတင်းများကို စိစစ်ဖြတ် တောက်သည့် သိုသိုသိပ်သိပ် ချဉ်းကပ်မှုတခုကို ကျင့်သုံးခဲ့သည်။ သို့သော်လည်း ဆန္ဒပြပွဲများက ဆက်လက် ဖြစ်ပေါ်ဖွယ်ရာရှိနေပြီး ပြည်သူလူထု၏ သဘောထားကို စည်းရုံးနိုင်ရန် လိုအပ်ကြောင်း သတိပြုမိသည့် အချိန် တွင် တရုတ်အစိုးရက အဆိုပါ ချဉ်းကပ်မှုကို အလျှင် အမြန်ပြောင်းလဲခဲ့သည်။

ယခုအချိန်တွင် တရုတ်အစိုးရက မည်သို့ ရည်မှန်းထားသနည်း။ ရေတိုအရဆိုလျှင် ဆန္ဒပြပွဲများကို အပြည့်အဝ ပိတ်သိမ်း လိုက်ခြင်းအားဖြင့် မတည်ငြိမ်မှုများကို အဆုံးသတ်ရန် သူတို့က ဆန္ဒ ရှိနေသည်။ အကယ်၍ လိုအပ်ပါက အင်အားသုံးရန် ဆန္ဒကို အကြိမ်ကြိမ် အရိပ်အယောင် ပြခဲ့ပြီး ဖြစ်သည်။

ထို့အပြင် ပြီးခဲ့သည့် ၁၀ ပတ်ကြာ ဆန္ဒပြပွဲများအတွင်းတွင် ပေါ်ထွက်လာမှုများအရ တရုတ် အစိုးရက နောက်ထပ် ဆန့်ကျင်မှုများ ဆက်လက်ရှိနေသည့်တိုင် ဟောင်ကောင်အပေါ် နိုင်ငံရေးအရ ၎င်းတို့၏ ထိန်းချုပ်မှုကို တင်းကြပ်ရန် ကြိုးစားလိမ့်မည် ဖြစ်သည်။

ဟောင်ကောင်နှင့် ပတ်သက်၍ ၎င်း၏ လတ်တလောနှင့် ရေရှည် မျှော်မှန်းချက်များ ပြီးမြောက်စေရန် တရုတ်အစိုးရက ဘက်စုံမှ ထိုးနှက်နိုင်မည့် ဗျူဟာတခုကို ချမှတ်ခဲ့သည်။ အဆိုပါ ဗျူဟာ၏ ရုပ်ပုံ အပြည့်အစုံက လတ်တလော ရက်သတ္တပတ်များအတွင်း ပေါ်ထွက်လာခဲ့သည်။

(၁) အကျပ်အတည်းတွေ့နေသည့် ဟောင်ကောင် အာဏာပိုင်များကို တရုတ်အစိုးရက ခိုင်ခိုင်မာမာ ကျောထောက် နောက်ခံ ပေးနေသည်။ သူတို့က ရာဇဝတ်သားများအဖြစ်မြင်သော ဆန္ဒပြသူများအပေါ် တင်းမာခက်ထန်သော နည်းဗျူဟာများ ကျင့်သုံးရန် ဟောင်ကောင်ရဲတပ်ဖွဲ့ကို တရုတ် အာဏာပိုင်များက ထပ်တလဲလဲ တောင်းဆိုခဲ့ပြီး ဖြစ်သည်။

ထို့ပြင် ပြီးခဲ့သည့် အပတ်အတွင်းတွင် မျက်ရည်ယို ဗုံးများနှင့် ရာဘာကျည်များ သုံးစွဲမှု အကြိမ်ရေတိုးလာခြင်းနှင့် အတူ ရဲ အဖွဲ့၏ အကြမ်းဖက်မှု အရှိန်မြင့်တက်လာသည့် သတိပေးချက်တခုကို မြင်တွေ့ခဲ့ရပြီး ဖြစ်သည်။

(၂) တရုတ် လိုလားသည့် အထက်တန်းလွှာများ၊ စီးပွားရေးလုပ်ငန်းများနှင့် အခြား မျိုးချစ် အင်အားစုများကြားတွင် ထောက်ခံမှု အင်အားကောင်းလာရေး တရုတ်အစိုးရက ဟောင်ကောင်မှ ၎င်းတို့၏ သြဇာလွှမ်းမိုးမှု စစ်ဆင်ရေးများကိုလည်း အရှိန်မြှင့်တင်လာခဲ့သည်။

ပြီးခဲ့သည့် အပတ်အတွင်းတွင် နိုင်ငံတော်ကောင်စီ၏ ဟောင်ကောင်နှင့် မကာအိုရေးရာ ရုံးနှင့် ဟောင်ကောင်ရှိ တရုတ် အစိုးရ၏ ဆက်ဆံရေးရုံးတို့က တိုင်ပင်ဆွေးနွေးရေး ဖိုရမ်တခုကို အစိုးရလိုလားသူ ၅၀၀ ခန့်နှင့်အတူ ဟောင်ကောင် နယ် စပ်တဘက်ရှိ ရှန်ဇန် Shenzhen တွင် ပြုလုပ်ခဲ့သည်။

အဓိက ပေးချင်သည့် သတင်းစကားမှာ တရုတ်အစိုးရက သူတို့၏ နောက်တွင် အပြည့်အဝ ရှိနေကြောင်းနှင့် သူတို့၏ ကံ ကြမ္မာက တရုတ် အစိုးရနှင့် တွဲဆက်နေကြောင်းပင် ဖြစ်သည်။ ထိုသို့ပြုလုပ်ခြင်းက ဟောင်ကောင်တွင် လက်တွေ့ သက်ရောက်မှုတခု ချက်ချင်း ဖြစ်ပေါ်ခဲ့သည်။ ဟောင်ကောင်မှ ဘီလီယံနာများက သူတို့ နှုတ်ဆိတ် ငြိမ်သက်နေခဲ့ကြခြင်းကို ချိုးဖျက်လာကြပြီး ဆန္ဒပြပွဲများ ရုပ်သိမ်းပေးရန် တောင်းဆိုလာခဲ့ကြသည်။

အတော်လေး ကမောက်ကမ ဖြစ်စရာ နောက်ထပ်ကိစ္စတခုမှာ တရုတ်အစိုးရနှင့် ဟောင်ကောင်မှ ၎င်း၏ ကိုယ်စားလှယ် များက ဟောင်ကောင်ရာဇဝတ် ဂိုဏ်းများနှင့် နီးကပ်သော ဆက်ဆံရေးတခု ရှိနေခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂လ အတွင်း အခြေအနေ အများအပြားတွင် အဆိုပါ အဖွဲ့များက ပြည်သူလူထုကြားတွင် ကြောက်ရွံ့မှု ဖြစ်ပေါ် လာအောင် အားထုတ်သည့် အနေဖြင့် ဆန္ဒပြသူများကို တရုတ် အစိုးရကိုယ်စား စော်ကားနှောက်ယှက်ခဲ့ကြသည်။

(၃) တရုတ်အစိုးရက ပေါ်ပေါက်လာနေသည့် ဇာတ်လမ်းတွင် ဆန္ဒပြသူများကို လူကြမ်းအဖြစ် သရုပ်ဖော်ရန် ကြိုးစားသည့် အနေဖြင့် ၎င်း၏ ဝါဒဖြန့်ချိရေးနှင့် သတင်းအချက်အလက်မှားများ ပေးခြင်းကို အရှိန်မြှင့်ခဲ့သည်။ မတည်ငြိမ်မှုများကို ဖန်တီးရန်နှင့် တရုတ်နိုင်ငံကို သိက္ခာချရန်အတွက် ရာဇဝတ်သားများက နိုင်ငံခြား ဧဂျင့်ဆိုးများနှင့်အတူ လုပ်ကိုင်နေကြသည်ဟု အစိုးရ၏ ထုတ်ပြန်မှုများက ဆိုသည်။

တရုတ်ပြည်မကြီးအတွင်းတွင် ထိုကဲ့သို့ အမှန်တရားကို ဗြောင်ကျကျလှည့်စားမှုများကို ကျယ်ကျယ်ပြန့်ပြန့် ယုံကြည်ကြ သည်။ အဘယ်ကြောင့်ဆိုသော် တရုတ်အစိုးရက ပြည်သူလူထုကို အစိုးရအနေဖြင့် နောက်ပြန်ဆုတ်ရန် နှင့် စေ့စပ်ညှိနှိုင်းမှု (ထိုသို့ ပြုလုပ်မည့် အရိပ်အယောင်များ ကျနော်တို့ တွေ့ မနေရပါ) ပြုလုပ်ရန် ခက်ခဲနေကြောင်း အောင်အောင်မြင်မြင် စည်းရုံးထားခဲ့သောကြောင့် ဖြစ်သည်။

မည်သည့် ကိစ္စတွင်မဆို စိတ်နှလုံးကို သိမ်းပိုက်နိုင်ရေး တရုတ်အစိုးရ၏ အညှာအတာမဲ့သော စစ်ပွဲက ဆက်လက်၍ ရှိနေသည်။

(၄) ဆန္ဒပြသူများအတွက် အထောက်အပံ့များကို ဖြတ်တောက်ရန် တရုတ်အစိုးရက ပြစ်ဒဏ်ခတ်သော လုပ်ရပ်များကို အသုံးပြုနေသည်။ ဥပမာပြရလျှင် ဆန္ဒပြရာတွင် ပါဝင်ခဲ့သော ဝန်ထမ်းများကို ပြည်မကြီးသို့ ပျံသန်းသည့် ခရီးစဉ်များတွင် လုပ်ကိုင်ခြင်းမှ တားမြစ်ရန် ဟောင်ကောင် အခြေစိုက် Cathay Pacific လေကြောင်း လိုင်းကို တရုတ်အစိုးရက အမိန့်ပေးခဲ့သည်။

ထိုသို့ ပြုလုပ်ခြင်းက သံသယ ရှိဖွယ်ရာ မလိုသော သတင်းစကားတခုကို ပေးရန် ဖြစ်သည်။ ဆန္ဒပြသူများကို ထောက်ခံပါက သင့်ကို ကျွန်ုပ်တို့က အောက်ဆုံးထိရောက်သွားအောင် ထိုးချမည် ဟူ၍ဖြစ်သည်။ နိုင်ငံရေး ပြဿနာတွင် မှားယွင်းသော ဘက်တွင် ရှိနေသည်ဟု သူတို့က မြင်သော ဟောင်ကောင်နှင့် နိုင်ငံတကာ ကုမ္ပဏီ များကို တရုတ်အစိုးရက ဆက်လက်၍ ပစ်မှတ်ထားသွားဖွယ်ရာ ရှိပါသည်။

ဟောင်ကောင်တဘက်ကန်း ရှန်ဇန်းဝင် ချထားသော တရုတ်လုံခြုံရေးတပ်ဖွဲ့/Reuters

(၅) တရုတ် အစိုးရက အကယ်၍ လိုအပ်ပါက အင်အားသုံး၍ ဝင်ရောက်စွတ်ဖက်ရန် ခိုင်မာစွာ ဆုံးဖြတ်ထားခြင်းကို အရိပ် လက္ခဏာ ပြသခြင်းအားဖြင့် ဆန္ဒပြပွဲများ အရှိန်မြင့်တက်လာခြင်းကို တားဆီးရန် ကြိုးစားနေပါသည်။

အကယ်၍ မတည်ငြိမ်မှုက ထိန်းချုပ်နိုင်သည်ထက် ကျော်လွန်သွားခဲ့ပါက တားဆီးရန် ဆောင်ရွက်ချက်တခု အနေဖြင့် လက်နက်ကိုင် တပ်ဖွဲ့များကို အသုံးပြုမည်ဟု တရုတ်အစိုးရက အကြိမ်ကြိမ်ခြိမ်းခြောက်ခဲ့သည်။ အမှန်တကယ် တွင်လည်း ကုန်ကျစရိတ်မြင့်မားနိုင်သည့်တိုင် အခြေအနေက စစ်တပ်ဖြင့်ဝင်ရောက် စွတ်ဖက်ရန် လို အပ် ကြောင်း အချိန်တခုခု တွင် ဆုံးဖြတ်ကောင်း ဆုံးဖြတ်လာနိုင်ပါသည်။

တရုတ် အစိုးရက ဖော်ပြနေသည်မှာ ဟန့်တားသည့် သတင်းစကားတခု ပေးပို့ရန် ဖြစ်သည်။ ထိုသတင်းစကားက ဆန္ဒပြ သူများ အပေါ် ပြုလုပ်သည့် ကျယ်ပြန့်သော စိတ်ဓာတ်စစ်ဆင်ရေးတခု၏ အစိတ် အပိုင်းဖြစ်သည်။ သို့သော်လည်း ကျနော်တို့က စစ်တပ်ဖြင့် ဝင်ရောက် စွက်ဖက်ရတော့မည့် အခြေအနေတွင် ရှိမနေသေးပါ။

(၆) မတည်ငြိမ်မှုများရှိနေသည့်တိုင် တရုတ်အစိုးရက ဟောင်ကောင်ကို စီးပွားရေးအရနှင့် အခြေခံအဆောက်အဦး စီမံကိန်း များမှတဆင့် ပြည်မကြီးအတွင်းသို့ ပေါင်းထည့်ရန် သူတို့၏ အားထုတ်မှုများကို အရှိန်မြှင့်တင်လာဖွယ် ရှိပါသည်။ မြန်နှုန်းမြင့် ရထားများ၊ တံတားသစ်များနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ အားလုံးတို့က အဆိုပါ ရေရှည် အစီအမံ၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။ ဟောင်ကောင်၏ နိုင်ငံရေး အဖွဲ့အစည်းများ၊ တရားစီရင်ရေး စနစ်နှင့် မီဒီယာ အပေါ်တွင် ထိန်းချုပ်မှုများ နောက်ထပ် တင်းကျပ်လာသည်ကို ကျနော်တို့ မြင်တွေ့ရဖွယ် ရှိပါသည်။

ပြည်တည်နေသော ရေရှည် ပြဿနာတခု

တရုတ်ခေါင်းဆောင်များအတွက် ဆန္ဒပြလှုပ်ရှားမှုက အရေးကြီးသော သင်ခန်းစာတခုကို ထပ်မံအားကောင်းစေခဲ့သည်။ မလုံလောက်သည့် အစိုးရအာဏာ၊ ပြည်သူတို့၏ လွတ်လပ်ခွင့်များနှင့် တွေ့ရှိခဲ့သော အား နည်းချက်များက ထိန်းချုပ်မှု ဆုံးရှုံးခြင်း၊ အာခံဖီဆန်မှုနှင့် လူမှုရေး မတည်ငြိမ်မှုများသို့ ဦးတည်သည် ဟူ၍ ဖြစ်သည်။

ထိုသင်ခန်းစာက ဟောင်ကောင်အပေါ် ပိုမို၍ အင်အားသုံး ထိန်းချုပ်ရန် တရုတ်အစိုးရ၏ ဆုံးဖြတ်ချက်ကို ပို၍သာ အင်အား ကောင်းသွားစေပါလိမ့်မည်။ အပြန်အလှန်အနေဖြင့် ၎င်းလုပ်ရပ်က ဒေသခံများ၏ ဒေါသနှင့် ဆန့်ကျင်မှုများကို ထပ်၍ လှုံ့ဆော်ပေးပါလိမ့်မည်။

သေချာအောင်ဆိုရလျှင် ဟောင်ကောင်၏ ကာလရှည် စိန်ခေါ်မှုတခုက တရုတ်အစိုးရလက်ထဲတွင် ရှိနေသည်။ အကယ်၍ သူတို့က လက်ရှိ အကျပ်အတည်းကို ဖြေရှင်းလိုခဲ့လျှင် အမာစား ဗျူဟာများက မလုံလောက်ပါ။ တဘက်နှင့် တဘက် လက်မခံနိုင်ကြသည်နှင့် အမျှ တရုတ်အစိုးရနှင့် ဆန္ဒပြသူများ စေ့စပ်ညှိနှိုင်းကြရမည် ဖြစ်သည်။ သို့ သော်လည်း အကြမ်းဖက်မှု အရှိန်မြင့်တက်နေသော၊ ဒေါသများ မြင့်တက်နေသော၊ စိုးရိမ်ပူပန်နေရသော၊ ၂ ဘက်လုံးမှ သဘောထားများ တင်းမာနေသော လက်ရှိအခြေအနေတွင် အလားအလာက အနည်းငယ်သာ ရှိပါသည်။

သို့သော် တရုတ်အစိုးရအနေဖြင့် ၎င်း၏ လုပ်ရပ်များက အနာဂါတ် ပဋိပက္ခအတွက် မျိုးစေ့ကျဲနေခြင်းဖြစ်ကြောင်း သဘောပေါက်ရမည် ဖြစ်သည်။ ၎င်း၏ အတိတ်က ကတိများကို ချိုးဖောက်ခဲ့ခြင်းသက်သက်နှင့်ပင် ယနေ့မြင်နေရသည့် အခြေအနေသို့ ဦးတည်သွားစေခဲ့သည်။ ဟောင်ကောင်က ဝမ်းနည်းစရာ အဖြစ်ဆိုးဆီသို့ ဦးတည်သွားမလားဆိုသည်ကို စောင့်ကြည့်ရသည်က စိတ်ဝင်စားစရာရော စိတ်လှုပ်ရှားစရာပါ ဖြစ်ပါလိမ့်မည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
85
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
74
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
977

( Adam Ni သည် ဩစတြေးလျရှိ မက်ကွိုင်းယား တက္ကသိုလ် မှုခင်းနှင့် လုံခြုံရေးဆိုင်ရာ လေ့လာမှုဌာနမှ တရုတ်ပြည်ရေးရာ သုတေသီဖြစ်သည်။ The Conservation ပါ ၎င်း၏ Beijing is moving to stamp out the Hong Kong protests – but it may have already lost the city for good ကို ဘာသာပြန်သည်။)

ဆက်စပ်ဖတ်ရှုရန်

မိမိတို့၏ လွတ်လပ်မှုကို မြှင့်တင်ရန် သင်၏ လွတ်လပ်မှုကို အသုံးပြုပါ

ဟောင်ကောင် သင်ခဏ်းစာ

Your Thoughts …
Tags: ဆန္ဒပြပွဲများတနိုင်ငံ စနစ်၂ မျိုးတရုတ်ဒီမိုကရေစီဟောင်ကောင်
Adam Ni

Adam Ni

Contributor

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
အမေရိကန်သမ္မတ Donald Trump

Greenland ဝယ်ဖို့ ကန့်ကွက်ခံရတာကြောင့် အလည်ပတ်ခရီးစဉ် ဖျက်သိမ်းလိုက်တဲ့ သမ္မတ Trump

ရုံးချိန်း တက်ရောက်လာတဲ့ အလှမယ် သင်းသင်း / ယုဖြူဟန် / ဧရာဝတီ

"အမှုက အချိန်တန်ရင် ပြီးသွားမှာပါ"လို့ သရုပ်ဆောင် ဝေဠုကျော် ပြော 

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved