• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

Greenland ဝယ်ဖို့ ကန့်ကွက်ခံရတာကြောင့် အလည်ပတ်ခရီးစဉ် ဖျက်သိမ်းလိုက်တဲ့ သမ္မတ Trump

by Aurora
22 August 2019
in Trend
A A
အမေရိကန်သမ္မတ Donald Trump

အမေရိကန်သမ္မတ Donald Trump

14.9k
VIEWS
Share on FacebookShare on Twitter

အမေရိကန်သမ္မတ Donald Trump ဟာ Greenland ကို ဝယ်ယူမယ့် အစီအစဉ်ကို ဒိန်းမတ်နိုင်ငံဘက်က ကန့်ကွက်လိုက်တာကြောင့် အလည်အပတ် ခရီးစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။ ဒိန်းမတ်ဘုရင်မ Queen Margrethe II ရဲ့ ဖိတ်ကြားချက်အရ သမ္မတဟာ စက်တင်ဘာ ၂ ရက်နေ့မှာ ဒိန်းမတ်နိုင်ငံကို အလည်ပတ်သွားဖို့ စီစဉ်ထားတာပါ။

သမ္မတ Trump ဟာ ဒိန်းမတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ Greenland ကျွန်းကို ဝယ်ယူဖို့စိတ်ဝင်စားနေတဲ့အကြောင်း အရင်ပတ်က ထုတ်ဖော်ပြောကြားခဲ့အပြီးမှာ ဒိန်းမတ်ဘက်က ကန့်ကွက်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

ဒိန်းမတ်ဝန်ကြီးချုပ် Mette Frederiksen ကလည်း Trump ရဲ့ပြောစကားတွေဟာ အခြေအမြစ် မရှိကြောင်းနဲ့ အတည်မဖြစ်ဖို့ မျှော်လင့်ကြောင်း တုန့်ပြန်ပြောကြားခဲ့ပါတယ်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
136
သဇင်ပန်း

သဇင်ပန်း

10 January 2026
147
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
317

Trump က သူရဲ့ကိုယ်ပိုင် တွစ်တာ စာမျက်နှာက တဆင့် “Very Special Country” လို့ တင်စားရေးသားခဲ့ပေမယ့် ဒိန်းမတ်ဝန်ကြီးချုပ်ရဲ့ Greenland ကျွန်းကို ဝယ်ယူဖို့ကိစ္စ ဆွေးနွေးဖို့ စိတ်မဝင်စားဘူးလို့ ပြန်ပြောခဲ့ချိန်မှာ အလည်ပတ်ခရီးစဉ်ကို ဖျက်သိမ်းခဲ့တယ်လို့ အိမ်ဖြူတော်ရဲ့ ပြောရေးဆိုခွင့် ရှိသူကတဆင့် အတည်ပြု ပြောကြားလိုက်ပါတယ်။

ခရီးစဉ်ဖျက်သိမ်းလိုက်တာနဲ့ ပတ်သက်ပြီး ဒိန်းမတ်တော်ဝင် အသိုင်းအဝိုင်းဘက်ကလည်း အံ့အားသင့်တဲ့ အကြောင်း၊ ပါတီခေါင်းဆောင်တွေကလည်း “April Fool ဟာသလို့ ထင်နေတာလား”ဆိုပြီး သူတို့ရဲ့ဆန္ဒတွေကို ထုတ်ဖော် ပြောခဲ့ကြပါတယ်။

Greenland ကျွန်းကို သွားရောက်လည်ပတ်ခဲ့တဲ့ ဝန်ကြီးချုပ် Frederiksen ကလည်း “Greenland ဟာ ဒိန်းမတ် လူမျိုးတွေ ပိုင်ဆိုင်တာထက် Greenland မှာ နေထိုင်နေတဲ့ ဒေသခံတွေ ပိုင်ဆိုင်တဲ့နေရာပါ။ အခုခေတ်မှာ တိုင်းပြည်တခုကနေ တခြားတိုင်းပြည်ရဲ့မြေနေရာတွေကို ဝယ်ယူတဲ့ ဓလေ့က သမိုင်းမှာ ကျန်ရစ်ခဲ့ပါပြီ။ သမ္မတ Trump ဘက်က ပြောခဲ့တဲ့ စကားကိုလည်း ဟာသအဖြစ်ပဲ မှတ်ယူလိုက်ပါ့မယ်။ နောက်လည်း အမေရိကန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ဆက်ရှိချင်ပါတယ်”လို့ ဆိုပါတယ်။

သမ္မတ Trump တယောက် Greenland ကျွန်းကို ဝယ်ယူဖို့ စိတ်ဝင်စားလာတဲ့ အကြောင်းရင်းကလည်း ဒေသထွက် သဘာဝ သံယဇာတတွေဖြစ်တဲ့ ကျောက်မီးသွေး၊ ဇင့်၊ ကြေးနီနဲ့ သံသတ္တုရိုင်းတွေကြောင့် ဖြစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

အမေရိကန်နိုင်ငံဟာ Greenland ကျွန်းကို ဝယ်ယူဖို့အတွက် ၁၈၆၀ ပြည့်နှစ် သမ္မတ Andrew Johnson လက်ထက်မှာ ပထမဆုံး ကြိုးပမ်းခဲ့တာပါ။ ဒါ့အပြင် ၁၈၆၇ ခုနှစ်မှာ တကြိမ် ထပ်မံကြိုးပမ်းခဲ့ပြီးနောက်ပိုင်း စိတ်ဝင်စားမှု ထပ်မပြတော့ဘဲ ၁၉၄၆ မှာတော့ Harry Truman က Greenland ကို ဝယ်ယူဖို့ ဒေါ်လာသန်း ၁၀၀ ကျော်နဲ့ ဒိန်းမတ်နိုင်ငံကို ကမ်းလှမ်းခဲ့ဖူးပါတယ်။

Ref. BBC

You may also like these stories:

အပူချိန်မြင့်မားလာမှုကြောင့် Greenland ကျွန်းရဲ့ ရေခဲထုတန်ချိန် ၁၁ ဘီလီယံနီးပါး အရည်ပျော်

လူ့အဖွဲ့အစည်းနဲ့ ကင်းကွာပြီး ကမ္ဘာပေါ်မှာ သီးသန့်ရှိနေတဲ့ နေရာဒေသအချို့

ခွင့်ပြုချက်မယူဘဲ သူများသီချင်းကို အသုံးပြုခဲ့တဲ့ Donald Trump ရဲ့ဗီဒီယို Twitter မှာ ဖယ်ရှားခံရ

iPhones နဲ့ MacBooks တွေကို အခွန် ၁၀ ရာခိုင်နှုန်း ချမှတ်ဖို့ ရှိကြောင်း Trump ပြောကြား

Your Thoughts …
Tags: Donald TrumpGreenlandအမေရိကန် သမ္မတ
Aurora

Aurora

Contributor

Similar Picks:

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကုလသမဂ္ဂတွင် မိန့်ခွန်းပြောနေစဉ်

ဆိုးရွားသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများ မြန်မာစစ်တပ်ကျူးလွန်နေဟု အမေရိကန်သမ္မတ ပြော

by ဧရာဝတီ
22 September 2022
6k

မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို နေ့စဉ် ကျူးလွန် နေပြီး စစ်တပ် ၏ လုပ်ရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်ပုံကို မြန်မာပြည်သူများက စိတ်ပျက်နေကြောင်း ၎င်း က ဝေဖန် ထောက်ပြသည်။

အဆိုတော် Kanye West

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ကိုယ့်ကိုယ်ကိုယ် မဲပေးခဲ့တဲ့ Kanye West

by မစ်ကီ
4 November 2020
5.9k

သူဟာ ဝိုင်အိုမင်းပြည်နယ်၊ Cody မြို့မှာ မဲပေးနေတဲ့အချိန် မဲပြားပေးမှာ သူ့နာမည်သူ ရေးနေတဲ့ဗီဒီယိုကို ရိုက်ကူးပြီး တင်ခဲ့တာလည်း ဖြစ်ပါတယ်။

--

အမေရိကန် သမ္မတသစ် အပေါ် မြန်မာတွေ ဘယ်လိုမြင်သလဲ

by ဧရာဝတီ
22 January 2021
8.9k

မြန်မာ့ဒီမိုကရေစီ ဖြစ်စဉ်ကြီး တခုလုံးမှာ ဒီမိုကရက်တွေနဲ့ အများကြီး အနီးကပ် လက်တွဲလုပ်ခဲ့တဲ့ အစဉ်အလာရှိတော့ လက်ရှိ အခြေအနေတွေအပေါ် နားလည်အောင် ရှင်းပြတဲ့အခါ ပိုပြီး လွယ်ကူလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါပေမယ့်လည်း တဖက်က ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စမှာ သူတို့...

သမ္မတသစ် ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုနေစဉ် / CNN 

“မယဉ်ကျေးသော စစ်ပွဲ”ကို ရပ်ရန် အမေရိကန် သမ္မတသစ် တိုက်တွန်း

by ဧရာဝတီ
21 January 2021
3.9k

စိတ်ထက်သန်စွာပြောကြားသည့် သူ၏မိန့်ခွန်းတွင် ဘိုင်ဒင်က ညီညွတ်ရေးသည် တခုတည်းသောရှေ့ဆက်ရမည့်လမ်းဖြစ်သောကြောင့် အရေးကြီးကြောင်းပြောသည်။

သမ္မတ Donald Trump နဲ့ One Direction အဆိုတော်အဖွဲ့

သမီးဖြစ်သူနဲ့ တွေ့ဖို့ ငြင်းဆန်တဲ့ One Direction အဖွဲ့ကို ဟိုတယ်အပြင် မောင်းထုတ်ခဲ့တဲ့ Donald Trump

by မစ်ကီ
21 June 2018
23.4k

အဆိုတော် Niall က “ကျနော်တို့ဟာ Madison Square ဥယျာဉ်မှာ ဖျော်ဖြေနေခဲ့ကြတာပါ။ ဖျော်ဖြေပွဲကြီး တခု ဖြစ်တဲ့ အတွက် တွေ့ဆုံနှုတ်ဆက်တာမျိုး ကျနော်တို့ မလုပ်ပါဘူးလို့ ပြောပြီးသားပါ။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီးသည်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ဇနီးသည်တို့ COVID-19 ကူးစက်ခံရ

by Aurora
2 October 2020
10.1k

အိမ်ဖြူတော် ဆရာဝန်တွေကလည်း သမ္မတထရမ့်နဲ့ ဇနီးသည်တို့ အခြေအနေကောင်းမွန်နေပြီး နေအိမ်မှာပဲ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

Next Post
ရုံးချိန်း တက်ရောက်လာတဲ့ အလှမယ် သင်းသင်း / ယုဖြူဟန် / ဧရာဝတီ

"အမှုက အချိန်တန်ရင် ပြီးသွားမှာပါ"လို့ သရုပ်ဆောင် ဝေဠုကျော် ပြော 

ရွှေတြိဂံဒေသတွင် မြင်ရသည့် မဲခေါင်မြစ် / Bangkok Post

ဆည်များ တည်ဆောက်ခြင်းသည် မဲခေါင်မြစ်ကို ခြိမ်းခြောက်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved