• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

အမေရိကန် သမ္မတသစ် အပေါ် မြန်မာတွေ ဘယ်လိုမြင်သလဲ

by ဧရာဝတီ
22 January 2021
in အင်တာဗျူး
A A
--

--

8.9k
VIEWS
Share on FacebookShare on Twitter

သမ္မတသစ် ဂျိုးဘိုင်ဒင်ဟာ ဇန်နဝါရီ ၂၀ရက်မှာ ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပြီးနောက် အမေရိကန်နိုင်ငံရဲ့ ၄၆ ယောက်မြောက် သမ္မတ ဖြစ်လာပါတယ်။ အထက်လွှတ်တော် အမတ်အဖြစ် ၃၆ နှစ်နဲ့ ဒုတိယ သမ္မတအဖြစ် ၈ နှစ် ကြာ တာဝန်ထမ်း ဆောင်ခဲ့သူ အသက် ၇၈ နှစ်အရွယ် ဂျိုးဘိုင်ဒင်ဟာ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး သမ္မတလို့ဆိုရမှာပါ။

အမေရိကန် သမ္မတသစ် ဂျိုးဘိုင်ဒင် အစိုးရလက်ထက် လာမည့် ၄ နှစ်တာ ကာလအတွင်း မြန်မာ-အမေရိကန် ဆက် ဆံရေး အကောင်းဘက်ကို ရောက်လာမလား၊ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ မူဝါဒ အပြောင်းအလဲတွေ ရှိလာနိုင်ပါသလား၊ ဘယ်လို သက်ရောက်မှုတွေ ဖြစ်လာနိုင်မလဲ စသဖြင့် နယ်ပယ်အသီးသီးက ပုဂ္ဂိုလ်တွေကို ဧရာဝတီ သတင်းထောက် များက ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါက်တာဇော်ဦး
စီးပွားရေးပညာရှင်

ဒေါက်တာဇော်ဦး (စီးပွားရေးပညာရှင်)

မြန်မာအတွက်တော့ စီးပွားရေးအရ ပိုပြီးကောင်းမယ်လို့ ထင်တယ်။ အဓိက တရုတ်နဲ့ အမေရိကန် ကုန်သွယ်မှု အငြင်းပွား တဲ့ ကိစ္စမှာပဲဖြစ်ဖြစ်၊ နိုင်ငံရေးအရ တင်းမာမှုတွေမှာပဲ ဖြစ်ဖြစ် မြန်မာက ကြားညပ်တဲ့ ပုံစံမျိုးတွေ ရှိတာပေါ့။ အခုတော့ တင်းမာမှုတွေ လျော့ပါးသွားပြီး ပူးပေါင်းဆောင် ရွက်မှုတွေ ဖြစ်လာမယ်ဆိုရင် ကျနော်တို့ နိုင်ငံအတွက် ပိုပြီးတော့ အကျိုး ကျေးဇူးတွေ ရလိမ့်မယ်။

လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ပြည်ထောင်စုက ပိုပြီးတော့ တင်းတင်းကျပ်ကျပ် ဆောင်ရွက်မယ်ဆိုတာ တွေ့ရ တယ်။ တရုတ်နဲ့ ကုန်သွယ်ရေးအရ ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိလာတာ ဝမ်းသာစရာဖြစ်သလို တဖက်မှာလည်း တရုတ် နိုင်ငံရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပိုပြီး တင်းတင်းကျပ်ကျပ် ဆောင်ရွက်မယ်ဆိုတာမျိုး တွေ့ရမယ်။

တရုတ်နိုင်ငံက လူနည်းစု မွတ်စလင်တွေ နေတဲ့ဒေသမှာ ဖိနှိပ်ချုပ်ခြယ်မှုတွေ၊ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ရှိနေတယ် ဆိုတာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးအသစ်က ဒါနဲ့ပတ်သက်လို့ စဉ်းစားပြီး စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေလည်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ သူ့ရဲ့ အထက်လွှတ်တော်ကော်မတီ ဆွေးနွေး ပွဲမှာ ပြောသွားတာ ရှိပါတယ်။

မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး မှတ်ချက်ပြုထားတာ ရှိတယ်ဆိုတော့ အဲဒီဘက်မှာ တော့ ကျနော်တို့ဆီက တာဝန်ရှိသူတွေ ပိုပြီးတော့ အထူးသတိထားပြီး ဆောင်ရွက်ရမယ့်ကိစ္စ ရှိနေသေးတယ်လို့ မှတ်ချက်ချချင်ပါတယ်။

ဒေါ်ပြုံးကေသီနိုင်
ကလောမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ဒေါ်ပြုံးကေသီနိုင် (ကလောမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

မြန်မာ့ဒီမိုကရေစီ ဖြစ်စဉ်ကြီး တခုလုံးမှာ ဒီမိုကရက်တွေနဲ့ အများကြီး အနီးကပ် လက်တွဲလုပ်ခဲ့တဲ့ အစဉ်အလာရှိတော့ လက်ရှိ အခြေအနေတွေအပေါ် နားလည်အောင် ရှင်းပြတဲ့အခါ ပိုပြီး လွယ်ကူလိမ့်မယ်လို့ မျှော်လင့်တယ်။ ဒါပေမယ့်လည်း တဖက်က ရခိုင်ပြည်နယ် မြောက်ပိုင်းကိစ္စမှာ သူတို့ သဘောထားက ပိုပါဝင်ချင်ပြီး တောင်းဆိုမှုတွေများ များလာမလား စိတ်ပူတာလည်း ရှိပါတယ်။

ဒါပေမယ့် ဘယ်အစိုးရပဲ တက်တက် မြန်မာနိုင်ငံကတော့ ဘက်မလိုက် နိုင်ငံခြားရေးမူဝါဒ အပေါ်မှာ ရပ်တည်ပြီး ကိုယ့် နိုင်ငံရဲ့ အရေးကိစ္စတွေကို တရားဥပဒေဘောင်ထဲကပဲ ဆက်ပြီးဖြေရှင်းဖို့ ပိုပြီးအားထည့် ဆောင်ရွက်ရင် တချိန်ချိန်မှာ ကိုယ်မျှော်မှန်းတဲ့ အမှန်တရား ပေါ်လာမယ်လို့ပဲ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားပါတယ်။

ဒီတခေါက် အမေရိကန် ရွေးကောက်ပွဲကတော့ ထူးခြားတာရှိတယ်။ Kamala Harris က ဒုသမ္မတ ဖြစ်လာတယ်။ သူက အမျိုးသမီးတယောက် ဖြစ်တဲ့အပြင် လူမည်းအမျိုးသမီးလည်း ဖြစ်တယ်။ အခုလိုအချိန်မျိုး အမေရိကန်လို နိုင်ငံမျိုးမှာ ပြီး ခဲ့တဲ့ သက်တမ်းတလျှောက်မှာ အသားအရောင်နဲ့ ပတ်သက်ပြီး ဝိဝါဒကွဲပြားစရာ ကိစ္စရပ်တွေ သူတို့ အများကြီး ကြုံခဲ့ရ တယ်။ အရမ်းလူမျိုးစွဲတဲ့ အမေရိကန်လူမျိုးကြီးဝါဒ အသွင်သဏ္ဍာန်မျိုးတွေလည်း တွေ့ခဲ့ရတယ်။ ဒီအတွက် Kamala Harris ဒုသမ္မတ ဖြစ်လာတာက အမျိုးသမီးတယောက် အနေနဲ့လည်းကောင်း၊ လူ့ဂုဏ်သိက္ခာ လေးစားလိုက်နာတဲ့သူ တယောက် အနေနဲ့လည်းကောင်း ဝမ်းသာဖို့ကောင်းပါတယ်။

ဒေါက်တာမျိုးညွန့်
ဗဟိုအလုပ်ဆောင်အဖွဲ့ဝင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ

ဒေါက်တာမျိုးညွန့် (ဗဟိုအလုပ်ဆောင်အဖွဲ့ဝင်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ)

သမ္မတသစ် ဂျိုးဘိုင်ဒင်က လူ့အခွင့်အရေးကို ဦးစားပေးတဲ့ ဒီမိုကရက်တစ်ပါတီက တက်လာတာ ဖြစ်တယ်။ လူ့အခွင့် အရေးနဲ့ ပတ်သက်ပြီး ပိုစိတ်ဝင်စားလိမ့်မယ်လို့ ထင်တယ်။ ဒါပေမယ့် ကျနော်တို့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ သူတာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်တွေက မြန်မာနဲ့ရော အရှေ့တောင်အာရှနဲ့ရော အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ပကတိအခြေအနေများနဲ့ ကိုက်ညီအောင် မူဝါဒများ ချမှတ်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကျနော်တို့ကတော့ အမေရိကန်ပြည်သူတွေရဲ့ ရွေးချယ်မှုကို လေးစားပါတယ်။ အသိအမှတ်ပြုပါတယ်။ အမေရိကန် ပြည် သူတွေဟာ မှန်ကန်စွာ ရွေးချယ်ခဲ့တယ်လို့ မှတ်ချက်ပြုချင်ပါတယ်။ ကျနော်တို့က အမေရိကန်တင် မဟုတ်ဘူး။ ကျနော် တို့ရဲ့ အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ရော၊ အမေရိကန်နိုင်ငံနဲ့ရော အပြန်အလှန် နားလည်မှုရှိမယ်၊ ပူးပေါင်းဆောင်ရွက်မှုရှိမယ်၊ တိုးတက်မှုတွေကို တပြိုင်တည်း ဖော်ဆောင်နိုင်မယ်လို့ မျှော်လင့်နေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ နိုင်ငံအားလုံးနဲ့ ဆက်ဆံရေး ပိုမိုကောင်းမွန်လာလိမ့်မယ်၊ လုပ်ငန်းတွေ ပိုမိုပြီး တွဲဖက်ဆောင်ရွက်နိုင်မယ်လို့ အမြဲတမ်း မျှော်လင့်နေပါ တယ်။

ဦးအေးလွင်
ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်

ဦးအေးလွင် (ကိုဖီအာနန်ကော်မရှင် အဖွဲ့ဝင်)

ဂျိုးဘိုင်ဒင်က မြန်မာနဲ့က သိပ်မစိမ်းဘူး။ သူက အိုဘားမား လက်ထက်တုန်းက ဒု-သမ္မတ လုပ်ခဲ့တာ။ အိုဘားမား ကိုယ် တိုင် မြန်မာပြည်လာပြီး လည်ပတ်ခဲ့တယ်။ အဲဒီ အစဉ်အလာတွေဟာ သူ့ရဲ့နှလုံးသည်းပွတ်ထဲမှာ ရှိနေမှာဖြစ်တဲ့အတွက် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီရရှိရေး အထူးသဖြင့် ဒီလူနည်းစု အခွင့်အရေးဘက်ကတော့ သူ မားမားမတ်မတ် ရပ်မယ် လို့ ထင်ပါတယ်။

ဒါက အများပြည်သူကနေ ရွေးချယ်လိုက်တဲ့ ရွေးချယ်မှု။ ငြင်းပယ်လို့ မရဘူး။ ငြင်းပယ်ဖို့ ကြိုးစားခဲ့ပေမယ့် ကျဆုံးသွား တယ်။ ဒါဟာ ကျနော်တို့ သင်ခန်းစာ ယူရမယ့်ကိစ္စပေါ့။ အမေရိကန်သမ္မတ ရွေးကောက်ပွဲအပြီးမှာ ဖြစ်ခဲ့တဲ့ ဒီလွန်ဆွဲပွဲကြီး ဟာ နိုင်ငံတနိုင်ငံမှာရှိတဲ့ Separation of Power ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးရယ်ဆိုတဲ့ အာဏာ ၃ ရပ်ရဲ့ သီးသီးသန့်သန့် လှုပ်ရှားမှုကြီးကို အပီအပြင် တွေ့ရတယ်။

အဲဒီအာဏာ ၃ ရပ်စလုံးက ဒီရွေးကောက်ပွဲမှာ မသမာမှုများ မရှိပါဘူး ဆိုပြီးတော့ ပြတ်ပြတ်သားသား တရားစီရင်ရေးကို လွတ်လပ်စွာ ချမှတ်ခဲ့တယ်။ အဲဒါ ကျနော်တို့အတွက် သက်သေပဲ။ မြန်မာပြည်မှာလည်း အဲဒီပုံစံယောင်ယောင် ဘာယောင်ယောင်တွေ ရှိတယ်။ အဲဒီတော့ ကျနော်တို့အနေနဲ့ ဒီကနေ သင်ခန်းစာတွေ အများကြီး ယူနိုင်မယ်။ ဂျိုးဘိုင် ဒင်ရဲ့ ပေါ်လစီကတော့ အရင်က ရှိခဲ့တဲ့အတိုင်းပဲ တစိုက်မတ်မတ် ဆက်လက်ပြီး ကျနော်တို့ရဲ့ အခွင့်အရေးတွေကို အား ပေးမြှင့်တင်မယ်လို့ ထင်ပါတယ်။

ဒေါက်တာမင်းဇော်ဦး
အမှုဆောင်ဒါရိုက်တာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ့

ဒေါက်တာမင်းဇော်ဦး (အမှုဆောင်ဒါရိုက်တာ၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ့ )

အဓိကတော့ ရခိုင်ကိစ္စက သူတို့အတွက် ပထမဦးစားပေး ဖြစ်လာလိမ့်မယ်။ လူတွေ အစုအလိုက် အပြုံလိုက် သတ်ဖြတ်မှု တွေအကြောင်း၊ Ethnic Cleansing ရှိလား ဆိုတာမျိုး သူတို့ဟာသူတို့ စစ်ဆေးကြားနာမယ်တို့ဘာတို့ ပြောနေတာတွေ လည်း ရှိတော့ ရခိုင်ကိစ္စကတော့ မြန်မာပြည်နဲ့ ပတ်သက်ပြီး အထူးသဖြင့် တပ်မတော်နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ကြား မှာရှိတဲ့ ဆက်ဆံရေးကို အဓိကကျတဲ့ ပေါ်လစီတခု ဖြစ်မှာပေါ့လေ။ အကယ်၍ ရခိုင်ကိစ္စကို ကိုင်တွယ်တဲ့အပေါ်မှာ နိုင်ငံတ ကာနဲ့၊ အမေရိကန်နဲ့ မြန်မာနဲ့ ကြားထဲမှာ နားလည်မှုရတယ်၊ အဆင်ပြေတယ်ဆိုရင်တော့ ဒုတိယ ဦးစားပေးက ဒီမိုကရေစီ အပြောင်းအလဲ၊ ဒီမိုကရေစီ ဖွံ့ဖြိုးရေး၊ လူ့အခွင့်အရေး ကိစ္စတွေက ပိုအဓိက ကျတာပေါ့နော်။

နောက်ဆုံး တရုတ်ကိစ္စကတော့ မြန်မာပြည်ကို အခြေခံပြီး မြန်မာပြည်ထဲမှာ တရုတ်နဲ့ ထိပ်တိုက်ရင်ဆိုင်တဲ့ ကိစ္စမျိုးကို သူ တို့လည်း ရှောင်ပါလိမ့်မယ်။ အဲဒီလိုဖြစ်လာရင် မြန်မာပြည်လို တိုင်းပြည်မျိုးက ထိလွယ်ရှလွယ် ဖြစ်တာပေါ့။ ဒါပေမယ့် Soft Power ပေါ့နော်။ တရုတ်ရဲ့ ပရောဂျက်တွေမှာ မြန်မာအစိုးရအနေနဲ့ စနစ်တကျ သုံးသပ်နိုင်ဖို့ အတွက် လိုအပ်တဲ့ နည်းပညာ အထောက်အကူ ပေးတာတွေ ဘာတွေပေါ့။ ဒါမျိုးတွေက ရှိနိုင်ပါတယ်။ လုံးဝချည်း ထိပ်တိုက်ရင်ဆိုင်တာမျိုး မြန်မာပြည်ထဲမှာ ဖြစ်မယ်ဆိုတာမျိုးကတော့ ဖြစ်နိုင်ခြေ အတော်နည်းပါတယ်။

ဒေါ်ဇင်မာအောင်
ရန်ကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ဒေါ်ဇင်မာအောင် (ရန်ကင်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

သူ့ရဲ့ နိုင်ငံခြားရေး မူဝါဒအရဆိုရင် မြန်မာနိုင်ငံတင် မကဘူး တခြားဒေသတွင်း နိုင်ငံတွေနဲ့ရောပိုပြီးတော့ ဆက်ဆံရေးကို ပြန်ပြီးတည်ဆောက်မယ့်ဟာမျိုး ရှိတယ်။ မြန်မာပြည်ရဲ့ အနေအထား၊ နောက် ပြုပြင်ပြောင်းလဲရေး ကာလ အစကတည်း က သူတို့ မျက်ခြေမပြတ် ရှိခဲ့ကြတယ်ဆိုတော့ ဆက်ဆံမှု ပိုရှိလာမယ်လို့ မျှော်လင့်ပါတယ်။

ကျမတို့က အခွင့်အလမ်းကောင်းအနေနဲ့ ယူတတ်ဖို့ လိုတာပေါ့လေ။ ကမ္ဘာ့အနေအထားအရရော၊ ဒီကပ်ရောဂါဖြစ်နေတဲ့ အနေအထားအရရော၊ စီးပွားရေး အခြေအနေကရော ထိခိုက်နေတဲ့ အနေအထား ဖြစ်တဲ့အတွက် အားလုံးက နာလန်ထူ ကြမယ့် အခြေအနေမျိုးမှာ ကိုယ့်ဘက်က မူဝါဒကောင်းတွေ၊ လွတ်လပ်တက်ကြွတဲ့ နိုင်ငံခြားရေး မူဝါဒဆိုတဲ့အတိုင်း သာ သွားနိုင်မယ်၊ တိုင်းပြည်ကလည်း တကယ့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို မမှိတ်မသုန်နဲ့ တိုးတက်အောင် ဆက်ပြီး သွားနိုင်မယ်ဆိုရင်တော့ ဒါ ကျမတို့အတွက် မိတ်ဆွေကောင်း ဖြစ်မှာပါ။ မိတ်ဆွေကောင်း အနေနဲ့ အသွင်ကူးပြောင်းရေး မှာ အားတခုဖြစ်လာအောင် သုံးနိုင်ဖို့ လိုပါတယ်။

ဦးအောင်မျိုးမင်း
ဒါရိုက်တာ၊ Equality Myanmar

ဦးအောင်မျိုးမင်း (ဒါရိုက်တာ၊ Equality Myanmar)

အရင် အိုဘားမား လက်ထက်တုန်းက ရှိခဲ့သလိုပဲ အာရုံစူးစိုက်မှုက ပိုပြီး များလာပါလိမ့်မယ်။ ပထမဦးဆုံး မြန်မာပြည်ရဲ့ ဒီမိုကရေစီအရေးကို ပြန်လည်ပြီး အထူးစိတ်ဝင်စားတဲ့ အကြောင်းအရာ ဖြစ်လာမယ်။ တရုတ်နဲ့ ဆက်သွယ်တဲ့ နေရာမျိုးမှာ အချက်အချာကျတဲ့ မြန်မာနိုင်ငံ အကြောင်းကိုတော့ မဖြစ်မနေ ဆွေးနွေးရမယ့် အကြောင်းအရာ ဖြစ်ပါတယ်။

သူ့ရဲ့ ရပ်တည် ချက်တွေကို ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ပြောလာပါလိမ့်မယ်။ ဒီလိုပြောလာတဲ့အခါ ကိုယ့်နိုင်ငံအစိုးရက ဒါကို သံတမန်နည်းအရပဲဖြစ်စေ၊ လက်တွေ့ကျကျနဲ့ အကောင်အထည်ဖော် တာမျိုးဖြစ်စေ ဘယ်လိုမျိုး လုပ်ဆောင်နိုင် မလဲ ဆိုတာ ဒီဘက် အစိုးရအပေါ်မှာ မူတည်ပါလိမ့်မယ်။ တဖက် အစိုးရဘက်က ပြောင်းလဲလာတဲ့ ကိစ္စတွေ၊ စိတ်ဝင်စားမှု ပြောင်းလဲလာတွေ အဲဒီအပေါ်မှာ မူတည်ပြီး ဘယ်လို ကိုင်တွယ်ဖြေ ရှင်းမလဲဆိုတဲ့ နိုင်ငံခြားရေး ပေါ်လစီရှိဖို့ လိုအပ်တယ်။

ဒီပေါ်လစီကောင်းကို ရှဉ့်လည်း လျှောက်သာ၊ ပျားလည်း စွဲသာ ဖြစ် လို့ရှိရင်တော့ မြန်မာနိုင်ငံအတွက် အကျိုးရရှိပါလိမ့် မယ်။ ဒီလိုမဟုတ်ဘဲနဲ့ လက်ရှိမှာရှိနေတဲ့ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ မရှိပါဘူးဆိုတဲ့ ပုံစံမျိုးနဲ့ ချဉ်းကပ်တဲ့ အခါမှာ တော့ ပိုမိုပြင်းထန်သော စိတ်ဝင်စားမှုနဲ့ ပိုမိုပြင်းထန်သော လုပ်ဆောင်မှု တွေ ပေါ်လာနိုင်ပါတယ်။

ဒေါက်တာစင်သီယာမောင်
ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ဆေးခန်းတည်ထောင်သူ

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
473
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
183
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
3k
ဒေါက်တာစင်သီယာမောင် (ထိုင်းနိုင်ငံ မဲဆောက်မြို့၊ မယ်တော်ဆေးခန်းတည်ထောင်သူ)

လက်ရှိမှာ မြန်မာနိုင်ငံအရေးလို့ပြောရင် ပြည်တွင်းမှာရှိတဲ့ လက်ရှိ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ အားလုံးပါဝင်နိုင်ရေး၊ တိုင်းရင်း သား ဒေသတွေမှာရှိတဲ့ အဖွဲ့အစည်းတွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ ပိုပြီးတော့ ပါဝင်နိုင်ရေး အဲဒီအပိုင်းကို ပိုပြီး တွန်း အားပေးသွားမယ်လို့ ယူဆပါတယ်။ နောက်တခါ NLD အစိုးရအနေနဲ့ အကောင်အထည်ဖော်မယ့် ငြိမ်းချမ်းရေးဖြစ်စဉ်မှာ မဖြစ်မနေ ပါဝင်ရမယ့် အဝန်းအဝိုင်း အထူးသဖြင့် အမျိုးသမီးပိုင်းဆိုင်ရာတွေ၊ တိုင်းရင်းသားပိုင်းဆိုင်ရာတွေ တခြားသော အရပ်ဘက် အဖွဲ့အစည်းပိုင်းဆိုင်ရာတွေ ပါဝင်နိုင်ဖို့ ပိုပြီးတွန်းအားပေးလိမ့်မယ်လို့ ကျမတို့ မျှော်လင့်ထားပါတယ်။

နောက်တခုက လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာနဲ့ ပတ်သက်ရင် တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်ရှိ ဒုက္ခသည်တွေ လူ သားချင်း စာနာထောက်ထားမှု အကူအညီ ရရှိရေးကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ရရှိနိုင်ဖို့၊ ရန်ပုံငွေတွေကလည်း လူသားချင်း စာနာထောက်ထားမှု ကိစ္စတွေမှာ ပိုမိုရရှိဖို့ အမေရိကန်နိုင်ငံအနေနဲ့ လေ့လာစိစစ်တဲ့ အပိုင်းတွေကို ပိုပြီး ဆောင်ရွက်သွားလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အမေရိကန် သမ္မတသစ် လက်ထက်မှာ အမေရိကန်နိုင်ငံနဲ့ အ ရပ်ဘက် အဖွဲ့တွေရဲ့ ဆက်ဆံရေးက အရင်ကထက် ပိုပြီး နီးစပ်လာမယ်လို့ ယူဆပါတယ်။

You may also like these stories:

ဒေါ်နယ်ထရမ့်၊ ရီပတ်ဘလီကန် အနာဂတ်နှင့် ပါတီတွင်း အကွဲအပြဲ

ထရမ့်ကို ထပ်မံစွဲချက်တင်ခြင်းနှင့် ရှေ့အလားအလာ

အမေရိကန် ခေါင်းပြန်ထောင်ရမယ့် မနက်ဖြန်

နိုင်ငံ့အကျပ်အတည်းက ဘိုင်ဒင်အတွက် ဖိအားကြီးမားနေ

“မယဉ်ကျေးသော စစ်ပွဲ”ကို ရပ်ရန် အမေရိကန် သမ္မတသစ် တိုက်တွန်း

Your Thoughts …
Tags: ဂျိုးဘိုင်ဒင်အမေရိကန် သမ္မတ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

စစ်ရေးနှင့် ဖန်တနိုင်းဆေးဝါး ပြဿနာများ ဘိုင်ဒင်နှင့် ရှီကျင့်ဖျင် သဘောတူ

စစ်ရေးနှင့် ဖန်တနိုင်းဆေးဝါး ပြဿနာများ ဘိုင်ဒင်နှင့် ရှီကျင့်ဖျင် သဘောတူ

by ဧရာဝတီ
16 November 2023
2k

သဘောထား ကွဲလွဲမှုများ ဆက်လက် ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ထိုင်ဝမ်ကိစ္စတွင် သဘောထား ကွဲလွဲသည်။

ထရမ့်၊ ကင်မလာ ထိပ်တိုက်တွေ့ပွဲနှင့် အဖြေမသိသေးသည့် မေးခွန်း

ထရမ့်၊ ကင်မလာ ထိပ်တိုက်တွေ့ပွဲနှင့် အဖြေမသိသေးသည့် မေးခွန်း

by CaseyBriggs
23 July 2024
1.5k

လက်ရှိအချိန်တွင် မစ္စ ကင်မလာဟားရစ်သည် သမ္မတလောင်းဖြစ်ရန် ပိုမို အလားအလာ ကောင်းနေသော်လည်း သမ္မတလောင်း မဟုတ်သေးပေ။

ရွေးကောက်ပွဲရလဒ် ပြောင်းရန် ကြိုးစားမှု အပြစ်မရှိကြောင်း ထရမ့် လျှောက်လှဲ

ရွေးကောက်ပွဲရလဒ် ပြောင်းရန် ကြိုးစားမှု အပြစ်မရှိကြောင်း ထရမ့် လျှောက်လှဲ

by ဧရာဝတီ
5 August 2023
952

ထရမ့်၏ ဥပဒေဆိုင်ရာ ပြဿနာများရှိသော်လည်း ရီပတ်ဘလစ်ကန် သမ္မတလောင်းဖြစ်ရန် ရှေ့ဆုံးရောက်နေသည့် အနေအထားကို ထိခိုက်စေခြင်း မရှိပေ။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို ရန်ကုန်တွင် ဆန္ဒပြခဲ့ကြစဉ် 

MOGE ကို အရေးယူပိတ်ဆို့ရန် ဂျိုးဘိုင်ဒင်ကို အမေရိကန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း

by ဧရာဝတီ
28 April 2021
17.1k

MOGE ကို အရေးယူပိတ်ဆို့ရန် အမေရိကန် အထက်လွှတ်တော်အမတ်များက ဂျိုးဘိုင်ဒင်အစိုးရကို တိုက်တွန်းလိုက်သည်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ကုလသမဂ္ဂတွင် မိန့်ခွန်းပြောနေစဉ်

ဆိုးရွားသည့်လူ့အခွင့်အရေး ချိုးဖောက်မှုများ မြန်မာစစ်တပ်ကျူးလွန်နေဟု အမေရိကန်သမ္မတ ပြော

by ဧရာဝတီ
22 September 2022
6k

မြန်မာစစ်တပ်သည် စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုကို နေ့စဉ် ကျူးလွန် နေပြီး စစ်တပ် ၏ လုပ်ရပ်များနှင့် ပတ်သက်၍ နိုင်ငံတကာ၏ တုံ့ပြန်ပုံကို မြန်မာပြည်သူများက စိတ်ပျက်နေကြောင်း ၎င်း က ဝေဖန် ထောက်ပြသည်။

Next Post
ဖားကန့် ကျောက်စိမ်းမြေ မြင်ကွင်း / ဧရာဝတီ

ဖားကန့်၌ အကြီးစားကျောက်စိမ်း လုပ်ကွက်များ ခွင့်ပြုတော့မည် မဟုတ်

သရုပ်ဆောင် စိုးပြည့်သဇင်  / Soe Pyae Thazin's Facebook

၂၀၂၁ မှာ ကိုယ်ပိုင် စီးပွားရေးလုပ်ဖို့ ပြင်ဆင်နေတဲ့ စိုးပြည့်သဇင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved