• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

နိုင်ငံ့အကျပ်အတည်းက ဘိုင်ဒင်အတွက် ဖိအားကြီးမားနေ

by ဧရာဝတီ
21 January 2021
in ဆောင်းပါး
A A
သမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်/ Pool/AP

သမ္မတ ဂျိုးဘိုင်ဒင် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်/ Pool/AP

4.5k
VIEWS
Share on FacebookShare on Twitter

အမေရိက၏ အသက်ဝိဉာဉ်အတွက် တိုက်ပွဲဝင်သွားမည်ဟု သမ္မတ မဲဆွယ်ပွဲအတွင်း ဂျိုးဘိုင်ဒင်ပြောခဲ့သည်။ ဗုဒ္ဓဟူးနေ့တွင် အမေရိကန် သမ္မတတာဝန် စတင် ထမ်းဆောင်သောအခါ ဘိုင်ဒင်သည် ပုံပျက်ပန်းပျက် မျှော်လင့်ချက် ကင်းမဲ့သော နိုင်ငံ၏ ဝိဉာဉ်ကို ပြင်ဆင်ရမည့် ခက်ခဲသော တာဝန်ကို ရင်ဆိုင်ရသည်။

ထိုကဲ့သို့သော အခြေအနေတွင် အာဏာရယူရသော သမ္မတ များများ မရှိပေ။ အရှိန်အဟုန် ပြင်းထန်ဆဲ ကမ္ဘာတဝန်း ကူးစက်ရောဂါက အသက်များနှင့် အသက်မွေးဝမ်းကြောင်းများကို ဖျက်ဆီးနေသည်။ လက်နက်ကိုင်အုံကြွမှု ခြိမ်းခြောက်မှုက ဆက်လက်ရှိနေသည်။ ခေါင်းမာသော သမ္မတဟောင်းသည် နိုင်ငံမြို့တော်တွင် တိုက်ခိုက်မှုကို အားပေးသည်ဆိုသည့် စွပ်စွဲချက်ကို အထက်လွှတ်တော်တွင် ရင်ဆိုင်နေရသည်။

သန်းပေါင်းများစွာသော မဲဆန္ဒရှင်များက ရှုံးနိမ့်သွားသော ရီပတ်ဗလစ်ကန် သမ္မတစွပ်စွဲသည့် မဲလိမ်မှုများကို ယုံကြည်နေကြဆဲဖြစ်ပြီး သွေးကွဲနေသော ကွန်ဂရက်လွှတ်တော်တွင် ကျဆုံးမှု၊ အောင်မြင်မှုများကို အပေးအယူဖြင့်သာ လုပ်ယူရမည့် အကျပ်အတည်းရှိနေချိန်တွင် ဒီမိုကရက်တဦးဖြစ်သူ ဘိုင်ဒင်သည် နက်ရှိုင်းစွာသွေးကွဲနေသော မဲဆန္ဒရှင်များကို ဦးဆောင်ရမည်ဖြစ်သည်။

သန်းပေါင်းများစွာသော မဲဆန္ဒရှင်များက ရှုံးနိမ့်သွားသော ရီပတ်ဗလစ်ကန် သမ္မတစွပ်စွဲသည့် မဲလိမ်မှုများကို ယုံကြည်နေကြဆဲဖြစ်ပြီး သွေးကွဲနေသော ကွန်ဂရက်လွှတ်တော်တွင် ကျဆုံးမှု၊ အောင်မြင်မှုများကို အပေးအယူဖြင့်သာ လုပ်ယူရမည့် အကျပ်အတည်းရှိနေချိန်တွင် ဒီမိုကရက်တဦးဖြစ်သူ ဘိုင်ဒင်သည် နက်ရှိုင်းစွာသွေးကွဲနေသော မဲဆန္ဒရှင်များကို ဦးဆောင်ရမည်ဖြစ်သည်။

ထိုအခြေအနေတွင် ဘိုင်ဒင်သည် သူ၏ ညီညွတ်ရေးနှင့် ကျွမ်းကျင်လိမ္မာမှု ကတိကဝတ်များကို ရလဒ်များအဖြစ် အလျှင်အမြန် ပြောင်းလဲပစ်ရန် အကောင်အထည်ဖေါ်ရေးအတွက် အကြီးအကျယ် ဖိအားပေးခံနေရသည်။

“သူ့အနေနဲ့ ကာကွယ်ဆေးဖြန့်ချိရေးနဲ့လိုအပ်တဲ့နေရာကို ရောက်ရှိစေရေး ပြဿနာတွေကို ဆက်လက် အာရုံစိုက်ဖို့လိုလိမ့်မယ်။ ကျဆုံးလို့ မရဘူး။ ဒါကို အာရုံမစိုက်လို့ မရဘူး” ဟု ဝါရင့် ဒီမိုကရက်တစ် သေနင်္ဂဗျူဟာ ပညာရှင် ဂျိုးထရစ်ပီ ပြောသည်။

ဘိုင်ဒန်က ကွန်ဂရက်အနေဖြင့် မြန်မြန်ဆန်ဆန် လုပ်ဆောင်စေချင်သည်။ နိုင်ငံရေးအပူချိန်ကိုလျှော့ချရာတွင် အထိရောက်ဆုံးနည်းလမ်းမှာ အပြောမဟုတ်ဘဲ ရလဒ် ဖြစ်သည်ဟု ဘိုင်ဒင်၏ အဖွဲ့ယုံကြည်သည်။ အတိအကျဆိုရပါက စီးပွားရေးတည်ငြိမ်ရေး၊ ကျောင်းများပြန်ဖွင့်ရေးနှင့် တနိုင်ငံလုံးကာကွယဆေးထိုးရန် အရှိန်မြှင့်တင်တို့အတွက် ပထမဆင့်အနေဖြင့် ဘိုင်ဒင် အဆိုပြုထားသော ဒေါ်လာ ၁.၉ ထရီလျံ ဗိုင်းရပ်စ်ထိခိုက်မှုသက်သာရေး အကူအညီဖြစ်သည်။

အစိုးရ၏ ဖြည့်ဆည်းမှုက အလုပ်ဖြစ်သည်ကို အများပြည်သူ မြင်လိုသည်ဟု ဘိုင်ဒင်၏ အကြံပေးတဦးကပြောပြီး ထရမ့်ကို ထောက်ခံသူအများအပြားသည်လည်း ကပ်ရောဂါကြောင့် ထိခိုက်နစ်နာကြောင်း သူဆက်ပြောသည်။

“အမှောင်ထုကနေ ဖောက်ထွက်ဖို့ လမ်းရှိတယ်။ ဒါပေမယ့် ကွန်ဂရက်ရဲ့ထောက်ခံမှုကို ကျနော်တလိုတယ်” ဟု ဘိုင်ဒင်၏ အခြားအကြံပေးတဦးကပြောသည်။

အခြားသမ္မတ ကျမ်းကျိန်ပွဲများနှင့် မတူဘဲ ဘိုင်ဒင်တွင် ဝန်းရံမည့် လူအုပ်မရှိခဲ့ပါ။ သူသည် စစ်တပ်စခန်းနှင့် တူနေသည့် သမိုင်းဝင် ဝါရှင်တန်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး မတည်ငြိမ်မှုနှင့် ကိုဗစ်-၁၉ နှစ်ခုလုံးကြောင့် လမ်းများတွင် လူသူကင်းမဲ့နေခဲ့သည်။

အခြားသမ္မတ ကျမ်းကျိန်ပွဲများနှင့် မတူဘဲ ဘိုင်ဒင်တွင် ဝန်းရံမည့် လူအုပ်မရှိခဲ့ပါ။ သူသည် စစ်တပ်စခန်းနှင့် တူနေသည့် သမိုင်းဝင် ဝါရှင်တန်တွင် ကျမ်းသစ္စာကျိန်ဆိုခဲ့ပြီး မတည်ငြိမ်မှုနှင့် ကိုဗစ်-၁၉ နှစ်ခုလုံးကြောင့် လမ်းများတွင် လူသူကင်းမဲ့နေခဲ့သည်။

ဘိုင်ဒင်ကျမ်းသစ္စာ ကျိန်ဆိုပွဲသည် ၁၈၆၁ ခုနှစ်က အေဗရာဟင် လင်ကွန်း ကျမ်းသစ္စာဆိုသည့် အခြေအနေနှင့် တူညီနေကြောင်း ရိုက်စ် Rice တက္ကသိုလ်မှ သမ္မတများနှင့် ဆိုင်သော သမိုင်းဆရာ ဒေါက်ဂလပ်စ် ဘရင်ကလေ ပြောသည်။ ၁၈၆၁ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသည် ပြည်တွင်းစစ်ဖြစ်လုနီးပါးဖြစ်နေပြီး သမ္မတသစ်မှာ လုပ်ကြံသတ်ဖြတ်မှုဖြင့် ခြိမ်းခြောက်ခံနေရသည်။

“လေထဲမှ အကြမ်းဖက်မှု ရနံ့တွေပါနေတယ်” ဟု ဘရင်ကလေ ပြောသည်။

နိုင်ငံသည် ထိုသို့သော ချောက်ကမ်းပါးစွန်းတွင် ရောက်မနေကြောင်းကိုမူ ဘရင်ကလေ ပြောသည်။ သို့သော် ကာပီတို လွှတ်တော်ကို ဝင်ရောက်စီးနင်းခြင်းသည် ဘိုင်ဒင်သမ္မတသက်တမ်းအစောပိုင်းကာလကို တိမ်သလ္လာဖုံးနေမည် ဖြစ်သည်။ ဇန်နဝါရီလ ၆ ရက်နေ့ ကာပီတိုလွှတ်တော်အားတိုက်ခိုက်ရန် လှုံ့ဆော်မှုအတွက် အောက်လွှတ်တော်၏ စွဲချက်တင်ခံရပြီးနောက် ထရမ့်သည် အထက်လွှတ်တော်ကြားနာမှုနှင့် ရင်ဆိုင်နေရသည်။ ထိုကြားနာစစ်ဆေးမှုသည် ဘိုင်ဒင်၏ အစီအစဉ်ကို အစမှပင် လမ်းကြောင်းလွဲသွားစေနိုင်ပြီး အုပ်ချုပ်ရေးပိုင်းတွင် အမည်စာရင်းတင်သွင်းထားသူများကို အတည်ပြုမဲခွဲခြင်းကို နှောင့်နှေးစေန်ိုင်သည်။

သမ္မတ ဂျိုးဘိုင်ဒင်နှင့် သမ္မတကတော် ဂျေးလ်ဘိုင်ဒင်တို့ အိမ်ဖြူတော်သို့ ရောက်လာစဉ်/ Shutterstock

ရပ်တည်ဖြည့်ဆည်း

ဘိုင်ဒင်သည် ထရမ့်ရခဲ့သည်ထက် ပိုမိုများပြားသော တွန်းအားပေးမှုများဖြင့် အိမ်ဖြူတော်သို့ ရောက်လာသည်။ ဘိုင်ဒင်သည် လူထုထောက်ခံမှု ၅၃ ရာခိုင်နှုန်း ရနေကြောင်း Reuters/Ipsos စစ်တမ်းအရ သိရပြီး ထရမ့်အာဏာရချိန်က လူထုထောက်ခံမှုနှုန်းမှာ ၄၆ ရာခိုင်နှုန်းသာ ရှိသည်။

ဘိုင်ဒင်အတွက် သတင်းကောင်းမှာ ပြည်သူလူထုအများစုက ဘိုင်ဒင်နှင့် ကွန်ဂရက်အကြား အကျိုးရှိသော ဆက်ဆံရေး ရှိစေလိုခြင်းဖြစ်ကြောင်း ဂျော့တောင်းတက္ကသ်ိုလ် နိုင်ငံရေးနှင့်ပြည်သူ့ရေးရာဝန်ဆောင်မှု အင်စတီကျုမှ အမှုဆောင်ဒါရိုက်တာ မိုအယ်လိသီးပြောသည်။ ထိုအင်စတီကျုသည် အစိုးရအတွင်း အပြုအမူများကို သီးခြားစစ်တမ်းကောက်သော ဌာနဖြစ်သည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
463
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
178
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k

ကွန်ဂရက်နှင့် ပူးပေါင်းဆောင်ရွက်ရန် ဘိုင်ဒင်၏ စိတ်အားထက်သန်မှုသည် လွန်ခဲ့သော ၄ နှစ်ကအချိန်နှင့် လမ်းခွဲလိုက်သော အချက်ဖြစ်သော်လည်း ပြည်သူများအနေဖြင့် အသက်ရှူချောင်စေရန် များစွာလုပ်ရန် လိုအပ်နေသေးကြောင်းလည်း အယ်လိသီးပြောသည်။

နိုင်ငံရေးသမားအနေဖြင့်ဆိုပါက လူသစ်ဖြစ်သော ထရမ့်သည် ဥပဒေပြုလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး သဘောထားကွဲကာ စေ့စပ်ညှိနှိုင်းမှုများတွင်လည်း သူ ဦးစားပေး လိုလားသည်များကိုသာ ချပြပြီး များသောအားဖြင့် ငြင်းဆန်သည်။ သူသည် သူ၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် အစိုးရအာဏာကို ထိန်းချုပ်ရန် သူကြိုးစားသည်။

ထရမ့်နှင့် ဆန့်ကျင်ဖက်ဖြစ်သောအချက်မှာ ဘိုင်ဒင်သည် ဘားရက်အိုဘားမား၏ ဒုတိယ သမ္မတအဖြစ် တာဝန်မထမ်းဆောင်မီ ဒီလာဝဲလ်မှ အထက်လွှတ်တော်အမတ်အဖြစ် ၃၅ နှစ်ကြာလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

ထရမ့်နှင့် ဆန့်ကျင်ဖက်ဖြစ်သောအချက်မှာ ဘိုင်ဒင်သည် ဘားရက်အိုဘားမား၏ ဒုတိယ သမ္မတအဖြစ် တာဝန်မထမ်းဆောင်မီ ဒီလာဝဲလ်မှ အထက်လွှတ်တော်အမတ်အဖြစ် ၃၅ နှစ်ကြာလုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။

သို့သော် ဘိုင်ဒင် ရင်ဆိုင်ရမည့်အခြေအနေမှာ အထက်လွှတ်တော်တွင်သာမက အောက်လွှတ်တော်တွင်ပါ ဒီမိုကရက်တို့က အနည်းငယ်မျှသာ အသာစီးရပြီး ဘိုင်ဒင်အတွက် ဆုတ်တက်လှုပ်ရှားရန် နယ်ပယ် ကျဉ်းနေသည်။

အောက်လွှတ်တော်တွင် ဥက္ကဌ နန်စီပယ်လော့စီသည် အကူအညီပေးရေးအစီအစဉ်များကို အတတ်နိုင်ဆုံး ကျယ်ပြန့်အောင်လုပ်ဆောင်ရန် ဒီမိုကရက်တစ်ပါတီမှ တိုးတက်သောကိုယ်စားလှယ်များ၏ ဖိအားပေးမှုကို ခံရမည်ဖြစ်သည်။ သို့သော် အထက်လွှတ်တော်ကို ဖြတ်သန်းရမည့် မည်သည့် ကျယ်ပြန့်သော အစီအစဉ်မဆို ရီပတ်ဗလစ်ကန်တို့၏ ထောက်ခံမှု လိုအပ်မည်။ ရီပတ်ဗလစ်ကန် အများအပြားက ကိုရိုနာဗိုင်းရပ်စ် အကူအညီပေးရေး ဥပဒေကြမ်း၏ ကုန်ကျစရိတ်နှင့်ပတ်သက်ပြီး သံသယရှိကြောင်း ထုတ်ဖေါ်ပြောဆိုပြီးဖြစ်သည်။

ဘိုင်ဒင်နှင့် အထက်လွတ်တော် ရီပတ်ဗလစ်ကန် ခေါင်းဆောင် မစ်ချ် မက်ကွန်းနဲလ်တို့အကြား ဆက်ဆံရေးကို စောစီးစွာ စစ်ဆေးကြည့်ရမည်ဖြစ်သည်။ မက်ကွန်းနဲလ်သည် ဗိုင်းရပ်စ်အကူအညီနှင့် ပတ်သက်လျှင် ဘိုင်ဒင်နှင့် အတူလုပ်ကိုင်လိုသည့် ဆန္ဒရှိသည်ဟု ရီပတ်ဗလစ်ကန် အမျိုးသားကော်မတီမှ အရာရှိဟောင်း ဒေါက်ဟဲရဲပြောသည်။

“လုပ်ငန်းနယ်ပယ်အားလုံး လုံးဝပိတ်ထားရတယ်။ ခရီးသွားလုပ်ငန်း၊ လေကြောင်းလိုင်းလုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်းတွေပေါ့။ နိုင်ငံမှာရှိတဲ့ လူမှုအသိုင်းအဝန်းအားလုံးကိုလည်း ထိခိုက်စေတယ်” ဟု သူပြောသည်။

ဘိုင်ဒင်အဖွဲ့သည် ဖက်ဒရယ်ပြည်ထောင်စု တနာရီအနိမ့်ဆုံး လုပ်အားခ ၁၅ ဒေါ်လာကဲ့သို့သော လစ်ဘရယ်များ၏ ဦးစားပေးအချက်များကို ထည့်သွင်းခြင်းဖြင့် အခြေအနေကို ပိုမိုရှုပ်ထွေးအောင် လုပ်ဆောင်နိုင်သည်။ ထိုအချက်ကြောင့် တနာရီအနိမ့်ဆုံးလုပ်ခ ၇.၂၅ ဒေါ်လာသာ ရှိသော နိုင်ငံတွင် ရီပတ်ဗလစ်ကန်များကို ပစ်ပယ်ရာရောက်နိုင်သည်။

သမ္မတ ဂျိုးဘိုင်ဒင် တာဝန် စ ထမ်းဆောင်ပြီ/ Shutterstock

သက်တမ်းဝက် အကြောင်းရင်းခံများ

ကိုဗစ်-၁၉ အကူအညီပေးရေးထက် ကျော်လွန်စဉ်းစားလျှင် အခြေအနေမှာ ပိုမိုရှုပ်ထွေးသည်။

အိုဘားမား သမ္မတရာထူး သက်တမ်းအတွင်းက မက်ကွန်းနဲလ်နှင့် အခြား ရီပတ်ဗလစ်ကန်များက အိုဘားမား၏ အစီအစဉ်များကို ဆန့်ကျင်ကာ ရွေးကောက်ပွဲအောင်နိုင်ရေး သေနင်္ဂဗျူဟာ အဖြစ်ပြောင်းလဲခဲ့သည်ကို ဘိုင်ဒင်တွေ့ခဲ့ရသည်။ ၎င်းတို့သည် ၂၀၁၀ ခုနှစ် လွှတ်တော်သက်တမ်းဝက် ရွေးကောက်ပွဲများတွင် အောက်လွှတ်တွင် အသာစီးရအောင် ဦးစွာ လုပ်ဆောင်ပြီးနောက် အထက်လွှတ်တော်တွင်လည် အသာစီးရအောင် လုပ်နိုင်သောအခါ အိုဘာမား၏ ရည်မှန်းချက်များအတွက် များစွာ အနှောက်အယှက်ဖြစ်ခဲ့သည်။

ကွန်ဂရက်တွင် ဒီမိုကရက်တို့က အနည်းငယ်သာ အသာစီးရနေသောကြောင့် ဘိုင်ဒင်အနေဖြင့် သတိထားပြီး ခြေလှမ်းရန်လိုပြီး ရီပတ်ဗလစ်ကန်များ အမြတ်ထုတ်မည့် ရည်မှန်းချက်များကို အလွန်အကျွံ မပေးမိရန် လိုသည်။ ထို့ကြောင့် ဘိုင်ဒင်၏ ဒေါ်လာ ၂ ထရီလျံ ကုန်ကျမည့် ရာသီဥတု စီမံချက်ကဲ့သို့သော ကြီးကျယ်သည့် ဥပဒေများကို ဆိုင်းငံ့ထားရမည့် သဘောရှိသည်။ ကနဦးတွင် ဘိုင်ဒင်သည် ရာသီဥတုနှင့် ပတ်သက်ပြီး သူလုပ်နိုင်သည်ကိုသာ လုပ်ရန်မျှော်လင့်ရမည်ဖြစ်ပြီး အခြားဦးစားပေးများကို အုပ်ချုပ်ရေးပိုင်း လုပ်ဆောင်မှုဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း သူ၏ အရာရှိများပြောသည်။

ဘိုင်ဒင်အနေဖြင့် တခုတော့ ကျေးဇူးတင်ရမည်ဖြစ်သည်။ ဘိုင်ဒင် စတင်တာဝန်ယူသည့်နေ့မှ စတင်ဒုက္ခပေးရန် ထရမ့်တွင် တွစ်တာမရှိတော့ခြင်းပင်ဖြစ်သည်။

ဘိုင်ဒင်အနေဖြင့် တခုတော့ ကျေးဇူးတင်ရမည်ဖြစ်သည်။ ဘိုင်ဒင် စတင်တာဝန်ယူသည့်နေ့မှ စတင်ဒုက္ခပေးရန် ထရမ့်တွင် တွစ်တာမရှိတော့ခြင်းပင်ဖြစ်သည်။

ထရမ့်သည် နိုင်ငံရေးအင်အားတခုအဖြစ်မှ ရပ်ဆိုင်းသွားမည်ဟု မည်သူမျှ မျှော်လင့်မထားသော်လည်း သူ၏တွစ်တာအကောင့်ကို ထာဝရ ဆိုင်းငံ့လိုက်သောကြောင့် သမ္မတသစ်ကို အခက်အခဲဖြစ်စေရန် လုပ်ဆောင်နိုင်သည့် သူ၏စွမ်းရည်မှာ အကြီးအကျယ် ကျဆင်းသွားပြီဖြစ်သည်။

ကာပီတိုလွှတ်တော်တိုက်ခိုက်မှုနှင့် ထရမ့်က ရွေးကောက်ပွဲရလဒ်ကို ရက်သတ္တပတ်များစွာ ပြဿနာရှာခဲ့သောကြောင့် ပြည်သူများ စိတ်ပျက်နေပြီး ဘိုင်ဒင်သည် ကျမ်းသစ္စာကျိန်ဆိုခြင်းဖြင့် အရာများစွာကို ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်နိုင်ခဲ့သည်ဟု သမိုင်းဆရာ ဘရင်ကလေပြောသည်။

“ဒီနှစ်က နိုင်ငံရေးအရ အလွန်ရှည်ကြာတဲ့နှစ်ဖြစ်ခဲ့ပြီး ပင်ပမ်းနွမ်းနယ်နေကြတယ်။ သမ္မတသစ်တယောက်ကို ရရှိလိုက်တာဟာ စိုးရိမ်ပူပန်မှုများစွာကို လျှော့ပါးသွားစေနိုင်ပါတယ်” ဟု သူပြောသည်။

ကိုးကား ။ ။ Reuters သတင်းဌာနမှ Analysis: With a nation in crisis, pressure builds on Biden to deliver

You may also like these stories:

ဒေါ်နယ်ထရမ့်၊ ရီပတ်ဘလီကန် အနာဂတ်နှင့် ပါတီတွင်း အကွဲအပြဲ

ထရမ့်ကို ထပ်မံစွဲချက်တင်ခြင်းနှင့် ရှေ့အလားအလာ

အမေရိကန် ခေါင်းပြန်ထောင်ရမယ့် မနက်ဖြန်

Your Thoughts …
Tags: ကျမ်းကျိန်ပွဲကွန်ဂရက်ဂျိုးဘိုင်ဒင်ရီပတ်ဘလစ်ကန်ပါတီအမေရိကန် သမ္မတအိမ်ဖြူတော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

ဘိုင်ဒင်မတက်သည့် အာဆီယံထိပ်သီးဆွေးနွေးပွဲ ပြဿနာဝိုင်းနေ

by ဧရာဝတီ
4 September 2023
4.5k

ASEAN နိုင်ငံခြားရေးဝန်ကြီးများသည် ထိပ်သီးဆွေးနွေးပွဲမတိုင်မီ တနင်္လာနေ့တွင် စည်းဝေးကြသည်။

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

ထရမ့် နဲ့ ပတ်သက်မိလို့ ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကြရတဲ့ ဘီလီယံနာ သူဌေးကြီး ၄ ဦး

by ဧရာဝတီ
4 May 2025
3.1k

ထရမ့် အစိုးရအဖွဲ့ရဲ့ ကုန်သွယ်စစ်ပွဲ စတင်မှုဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ပြဿနာနဲ့ တိုက်ဆိုင် နေတာကြောင့် ထရမ့်ကို ထောက်ခံတဲ့ နည်းပညာ သူဌေးကြီးတွေရဲ့ ကုမ္ပဏီ တန်ဖိုးတွေနဲ့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေဟာ ကျဆင်းလာခဲ့တယ်…

စစ်ရေးနှင့် ဖန်တနိုင်းဆေးဝါး ပြဿနာများ ဘိုင်ဒင်နှင့် ရှီကျင့်ဖျင် သဘောတူ

စစ်ရေးနှင့် ဖန်တနိုင်းဆေးဝါး ပြဿနာများ ဘိုင်ဒင်နှင့် ရှီကျင့်ဖျင် သဘောတူ

by ဧရာဝတီ
16 November 2023
2k

သဘောထား ကွဲလွဲမှုများ ဆက်လက် ရှိနေဆဲဖြစ်ပြီး အထူးသဖြင့် ထိုင်ဝမ်ကိစ္စတွင် သဘောထား ကွဲလွဲသည်။

Ford နဲ့ GM က ထရမ့် သမ္မတ ကျမ်းကျိန်ပွဲ အတွက် ဒေါ်လာ ၁ သန်းစီနဲ့ ကားတွေ လှူဒါန်းဦးမယ်တဲ့

Ford နဲ့ GM က ထရမ့် သမ္မတ ကျမ်းကျိန်ပွဲ အတွက် ဒေါ်လာ ၁ သန်းစီနဲ့ ကားတွေ လှူဒါန်းဦးမယ်တဲ့

by ဧရာဝတီ
28 December 2024
1.6k

Amazon နဲ့ Meta အပါအဝင် အခြားသော ကုမ္ပဏီကြီးတွေကလည်း သမ္မတ ကျမ်းကျိန်ပွဲ အတွက် ပါဝင် လှူဒါန်းမှုတွေ ပြုလုပ်ထားခဲ့ကြပါတယ်။

ထရမ့်၊ ကင်မလာ ထိပ်တိုက်တွေ့ပွဲနှင့် အဖြေမသိသေးသည့် မေးခွန်း

ထရမ့်၊ ကင်မလာ ထိပ်တိုက်တွေ့ပွဲနှင့် အဖြေမသိသေးသည့် မေးခွန်း

by CaseyBriggs
23 July 2024
1.5k

လက်ရှိအချိန်တွင် မစ္စ ကင်မလာဟားရစ်သည် သမ္မတလောင်းဖြစ်ရန် ပိုမို အလားအလာ ကောင်းနေသော်လည်း သမ္မတလောင်း မဟုတ်သေးပေ။

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

ထရမ့် အစိုးရ မတက်ခင် Meta အချက်အလက် စစ်ဆေးခြင်း ရပ်တန့်

by ဧရာဝတီ
11 January 2025
1.4k

လူဝင်မှု ကြီးကြပ်ရေး၊ ကျားမ ခွဲခြားမှု ကဲ့သို့သော အငြင်းပွားဖွယ် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ကန့်သတ်မှု တွေကိုလည်း လျှော့ချလိုက်တယ်လို့ ဆိုပါတယ်။

Next Post
Star Event Production တည်ထောင်သူ ဂျွန်လွင်  / ယုဖြူဟန်  / ဧရာဝတီ

တပည့်တွေကို မမောက်မာဖို့ အမြဲ ဆုံးမတဲ့ ဂျွန်လွင်

သမ္မတသစ် ဂျိုးဘိုင်ဒင် ကျမ်းသစ္စာကျိန်ဆိုနေစဉ် / CNN 

"မယဉ်ကျေးသော စစ်ပွဲ"ကို ရပ်ရန် အမေရိကန် သမ္မတသစ် တိုက်တွန်း

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved