• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

MOGE ကို အရေးယူပိတ်ဆို့ရန် ဂျိုးဘိုင်ဒင်ကို အမေရိကန် အထက်လွှတ်တော်အမတ်များ တိုက်တွန်း

by ဧရာဝတီ
28 April 2021
in စီးပွားရေး
A A
မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို ရန်ကုန်တွင် ဆန္ဒပြခဲ့ကြစဉ် 

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကို ရန်ကုန်တွင် ဆန္ဒပြခဲ့ကြစဉ် 

17.1k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာသိမ်းမှုနှင့် ဆန္ဒပြသူများကို အကြမ်းဖက်နှိမ်နင်းမှုအတွက် အစိုးရပိုင် စွမ်းအင်ကုမ္ပဏီအတွက် ဝင်ငွေပိတ်ပင်ခြင်းအပါအဝင် မြန်မာစစ်ကောင်စီကို အရေးယူပိတ်ဆို့မှုများ ချမှတ်ရန် ပါတီနှစ်ရပ်လုံးမှ ကိုယ်စားလှယ်များပါဝင်သော အမေရိကန် အထက်လွှတ်တော်အမတ်များက ဧပြီလ ၂၇ ရက်နေ့တွင် ဂျိုးဘိုင်ဒင်အစိုးရကို တိုက်တွန်းလိုက်သည်။

” ပြင်းထန်လာနေသော လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများနှင့် ရင်ဆိုင်နေရချိန်တွင် မြန်မာပြည်သူများကို ၎င်းတို့၏ ဒီမိုကရေစီရေးတိုက်ပွဲအတွက် ပိုမိုထောက်ခံရေးအတွက် နည်းလမ်းရှာရန်” ဒီမိုကရက် အထက်လွှတ်တော်အမတ် ဂျက်ဖ် မာကလေ၊ ရီပတ်ဗလစ်ကန် မာကို ရူဘီယိုနှင့် အခြားသူ ၄ ဦးတို့က နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်နှင့် ဘဏ္ဍာရေးဝန်ကြီး ဂျဲနက်ယဲလန်တို့ထံ စာတစောင်ပေးပို့တိုက်တွန်းခဲ့သည်။

ထိုစာထဲတွင် အမေရိကန်စွမ်းအင်လုပ်ငန်းကြီးဖြစ်သော Chevron Corp အပါအဝင် စီးပွားရေးလုပ်ငန်းများမှ မြန်မာစွမ်းအင်ဝန်ကြီးဌာန၏ မြန်မာ့ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) သို့ ငွေကြေးစီးဆင်းမှုများ ရပ်တန့်အောင် ဘိုင်ဒင်အစိုးရက လုပ်ဆောင်စေရန် ၎င်းတို့ဆန္ဒရှိကြောင်း ဖော်ပြထားသည်။ MOGE မှ ဝင်ငွေသည် ငွေလိုနေသော အာဏာသိမ်း စစ်ကောင်စီအတွက် အကြီးမားဆုံး ဝင်ငွေရင်းမြစ်ဖြစ်သည်။

ယင်းသို့ တိုက်တွန်းချက်သည် အမေရိကန်ရေနံလုပ်ငန်းကြီးဖြစ်သော Chevron က မြန်မာနိုင်ငံမှ ၎င်းတို့၏ စွမ်းအင်အကျိုးစီးပွားကို ကာကွယ်ပေးရန် ယခုနှစ် ပထမ သုံးလအတွင်း အမေရိကန် လွှတ်တော်ကိုယ်စားလှယ်များနှင့် အရာရှိများကို စည်းရုံးနေကြောင်း သတင်းများ ထွက်ပေါ်လာအပြီး နောက်ဆက်တွဲအဖြစ် ထွက်ပေါ်လာခြင်းဖြစ်သည်။

လော်ဘီကုန်ကျစရိတ် အသိပေးအကြောင်းကြားစာများအရ Chevron သည် ၂၀၂၁ ခုနှစ် ပထမသုံးလအတွင်း အမေရိကန် ပြည်ထောင်စုတွင် လော်ဘီစရိတ် အမေရိကန်ဒေါ်လာ ၂ သန်းကျော် သုံးခဲ့သည်။ ထိုသို့သုံးစွဲမှုတွင် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အမျိုးသားလုံခြုံရေးကောင်စီတို့မှ အရာရှိများနှင့် မြန်မာအပါအဝင် နိုင်ငံများစွာမှ ပြဿနာများအတွက်ဆွေးနွေးပွဲများ ကျင်းပခြင်း ပါဝင်ကြောင်း အသိပေးအကြောင်းကြားစာများအရ သိရသည်။

Chevron သည် ရတနာသဘာဝဓါတ်ငွေ့လုပ်ကွက်တွင် ၂၈.၃ ရာခိုင်နှုန်းနှင့် သဘာဝဓါတ်ငွေ့ကို ထိုင်းသို့ပေးပို့သည့် ပိုက်လိုင်းတွင် ၂၈.၃ ရာခိုင်နှုန်းပါဝင်သည်။

ဒီမိုကရေစီနည်းကျရွေးချယ်ထားသော ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖေဖေါ်ဝါရီလ ၁ ရက်နေ့တွင် ဖြုတ်ချ ဖမ်းဆီးပြီး ဆန္ဒပြသူများကို ဖြိုခွဲသောကြောင့် မြန်မာနိုင်ငံနှင့်အဆက်အသွယ်ဖြတ်ရန် Chevron နှင့် Total အပါအဝင် စွမ်းအင်ကုမ္ပဏီများကို လူ့အခွင့်အရေးအဖွဲ့များက တ်ိုက်တွန်းနေသည်။ အာဏာသိမ်းချိန်မှစတင်ပြီး လူပေါင်း ၇၅၀ ကျော်ကိုလည်း စစ်ကောင်စီက သတ်ဖြတ်ပြီးဖြစ်သည်။

Chevron နှင့် Total ကဲ့သို့သော ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ငန်းများရှိ ဓါတ်ငွေ့မှ ရရှိသော ဝင်ငွေသည် မြန်မာအစိုးရအတွက် တခုတည်းသော ကြီးမားသည့် နိုင်ငံခြားငွေရလမ်းဖြစ်နေပြီး တနှစ်လျှင် အမေရိကန်ဒေါ်လာ ၁.၁ ဘီလျှံရနေကြောင်း အထက်လွှတ်တော်အမတ်များပြောသည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ ရွေးချယ်ထားသည့် အစိုးရ ပြန်လည်တက်လာချိန် သို့မဟုတ် လူသားချင်းစာနာမှုကိစ္စများအတွက် သုံးရန်အတွက် ထိုကုမ္ပဏီများက ၎င်းတို့ပေးရမည့်ငွေများကို ရန်ပုံငွေအဖွဲ့အစည်း တခုသို့ သိမ်းဆည်းထားရန် အဆိုပြုကြောင်း အထက်ပါစာတွင် ဖေါ်ပြထားသည်။

MOGE သို့ပေးရမည့် အခွန်ငွေများကို တတိယကြားခံစာရင်းတခုသို့ လွှဲပြောင်းပေးခြင်းသည် ပဋိညာဉ်စာချုပ်ချိုးဖေါက်မှုအဖြစ် သတ်မှတ်နိုင်ကြောင်းနှင့် ဖက်စပ်လုပ်ငန်းမှ ဝန်ထမ်းများကို ရာဇဝတ်ကြောင်းအရ အရေးယူမှုကဲ့သို့ မလိုလားအပ်သည့် အန္တရာယ်ကျရောက်စေနိုင်ကြောင်း Chevron ကိုယ်စားလှယ်တဦးက ပြောကြောင်း Reuters သတင်းတပုဒ်က ဆိုသည်။

RelatedPosts

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

13 January 2026
6.3k
အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
251
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
165

“ဒီလုပ်ကွက်ဟာ လုံခြုံမှုနဲ့ အနာဂတ်ထုတ်လုပ်မှုကို ထိန်းသိမ်းထားနိုင်ဖို့ လုပ်ဆောင်ရမယ့် လုပ်ကွက်တခုဖြစ်တယ်” ဟု Chevron ပြောခွင့်ရသူ ဘရက်ဒန်ရက်ဒါးလ်က ဆိုကြောင်း သိရသည်။

ဖမ်းဆီးခံအရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မဟာမိတ် ဖြုတ်ချခံ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကလည်း နိုင်ငံတကာ စွမ်းအင် ကုမ္ပဏီများ MOGE နှင့် အဆက်အသွယ်ဖြတ်ရန် မတ်လလယ်က ထုတ်ပြန်သည့် အိတ်ဖွင့်ပေးစာတွင် တောင်းဆိုထားသည်။

မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် သဘာဝဓါတ်ငွေ့ ၈၀ ရာခိုင်နှုန်းကို ထိုင်း သို့မဟုတ် တရုတ်သို့ ပိုက်လိုင်းဖြင့် တင်ပို့သည်။ ကုလသမဂ္ဂ၏စာရင်းများအရ မြန်မာသည် လွန်ခဲ့သောနှစ်က ဓါတ်ငွေ့အပါအဝင် စွမ်းအင်တင်ပို့ခြင်းမှ ဒေါ်လာ ၃.၃ ဘီလျံရသည်။ ထိုပမာဏသည် မြန်မာမှ ပို့ကုန်အားလုံး၏၂၀ ရာခိုင်နှုန်းနှင့် ညီမျှသည်။

ရေနံနှင့်ဘာဝဓါတ်ငွေ့ကဏ္ဍသည် “ရာဇဝတ်သားများ၏ လက်အတွင်းသို့ ဝင်ငွေစီးဝင်ရာ တခုတည်းသော အဓိက ရင်းမြစ်ဖြစ်နေသေးသည်” ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ သောမတ်အင်ဒရူးက မတ်လနှောင်းပိုင်းတွင် ကျင်းပသည့် အထက်လွှတ်တော် ကြားနာစစ်ဆေးမှု တခုတွင်ပြောသည်။”ဒါကြောင့် ဒီလမ်းကြောင်းကို ဖြတ်တောက်ဖို့ အရေးကြီးတယ်လို့ ကျနော်ထင်တယ်” ဟု သူပြောသည်။

MOGE နှင့် ပူးပေါင်းလုပ်ဆောင်နေသော အနောက်နိုင်ငံများမှ ရေနံနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းများသည် ကြိုတင်မမြင်နိုင်သည့် အကြောင်းရင်းများကြောင့် ငွေပေးချေမှု ၃ လ ဆိုင်းငံ့ခြင်းကို ကျင့်သုံးသင့်ကြောင်းနှင့် လက်ရှိ ကန်ထရိုက်ပါ ငွေပေးချေမှုများ အဆင်ပြေစေရေးအတွက် ရှောင်ရှားရေး ယန္တရားတခုကို ထူထောင်ရန် အမေရိကန်နှင့် အနောက်နိုင်ငံ အစိုးရများက ပူးပေါင်းဆောင်ရွက်သင့်ကြောင်း ထရမ့်အစိုးရလက်ထက် အမျိုးသမီးများဆိုင်ရာ ကမ္ဘာ့အလွတ်တမ်း သံအမတ် ကယ်လီကာရီကလည်း စာဖြင့်ရေးသား ထွက်ဆိုမှုတခုတွင် ဖေါ်ပြသည်။

သဘာဝဓါတ်ငွေ့လုပ်ငန်းကို ပစ်မှတ်ထားသော အရေးယူပိတ်ဆို့မှုများသည် စစ်ကောင်စီကို အရေးယူရာတွင် ပြင်းထန်သည့် ဝှက်ဖဲဖြစ်သော်လည်း အများပြည်သူနှင့် အိမ်နီးချင်း နိုင်ငံများကို ထိခိုက်စေမည်ဖြစ်ပြီး အခြေအနေ တည်ငြိမ်သွားသောအခါ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန်လည်း ခက်ခဲသောကြောင့် ဖိအားများကို ဆန့်ကျင်ပြီး ချိန်ဆလုပ်ကိုင်ရခြင်းဖြင့် နိုင်ငံတကာ လုပ်ငန်းကြီးများအား အကျပ်အတည်းကြား ရှုပ်ထွေးလာစေသည်။

ဆိုင်းငံ့မှုတခုကို မလေးရှားရေနံလုပ်ငန်းကြီး Petronas က ယခုလ အစောပိုင်းတွင် ကြေညာသည်။ သို့သော် မြန်မာနိုင်ငံတောင်ပိုင်း ကမ်းလွန်ရှိ ရဲတံခွန် သဘာဝဓါတ်ငွေ့လုပ်ကွက်မှ
ထုတ်လုပ်မှုကို ကာလ အကန့်အသတ်မရှိ ဆိုင်းငံ့ခြင်းသည် ဇန်နဝါရီလမှ စတင်ပြီး ထုတ်လုပ်နိုင်မှု အကြီးအကျယ် လျှော့ကျနေသောကြောင့်ဟု ထိုလုပ်ငန်းမှ အမှုဆောင်တဦးက ထုတ်ပြန်ကြေညာသည်။

ရဲတံခွန်လုပ်ကွက်၏ ၄၀.၉ ရာခိုင်နှုန်းကို Petronas က ပိုင်သည်။

သို့သော် ရတနာလုပ်ကွက်တွင် ရှယ်ယာ ၃၁. ၂ ရာခိုင်နှုန်း ပိုင်သော ပြင်သစ် ‌အဓိက ရေနံကုမ္ပဏီကြီးတခုဖြစ်သည့် Total ကမူ ၎င်း၏ အလုပ်သမားများကို အဓမ္မအလုပ်ခိုင်းစေခြင်းမှ ကာကွယ်ရန်နှင့် လျှပ်စစ်ဓာတ်အား ထောက်ပံ့မှုကို ထိန်းသိမ်းထားနိုင်ရန် မြန်မာနိုင်ငံတွင် ဓာတ်ငွေ့များ ဆက်လက်ထုတ်လုပ်၍ စစ်အစိုးရသို့ အခွန်များ ဆက်လက် ပေးနေရဦးမည် ဖြစ်ကြောင်း အမှုဆောင် အရာရှိချုပ် Patrick Pouyanne က Le Journal du Dimanche သတင်းစာမှ ဆောင်းပါးတခုတွင် ရေးသည်။

Total က မြန်မာနိုင်ငံတွင် ၁၉၉၂ ခုနှစ် ကတည်းက ရှိနေခဲ့ပြီး လူ ၂၅၀ ခန့်ကို အလုပ်ပေးထားသည်။ ထုတ်လုပ် ရေး ကန်ထရိုက်စာချုပ်ဖြင့် Total က လုပ်ကိုင်နေသည့် ရတနာ ကမ်းလွန် သဘာဝ ဓာတ်ငွေ့တွင်းက လူဦးရေ ၅ သန်းခန့် နေထိုင်သော ရန်ကုန်မြို့တော်၏ တဝက်ခန့်ကို လျှပ်စစ်ဓာတ်အား ပေးထားပြီး ဓာတ်ငွေ့ အများစု တင်ပို့ရာ နေရာဖြစ်သော ထိုင်းနိုင်ငံ အနောက်ပိုင်းကို ဓာတ် ငွေ့ ထောက်ပံ့ ပေးနေသည်။

ဓါတ်ငွေ့ထုတ်လုပ်မှု ရပ်ဆိုင်းသွားခြင်းသည် မြန်မာနိုင်ငံသားများ၏ အသက်မွေးဝမ်းကြောင်းများကို ခြိမ်းခြောက်မည်ဖြစ်သည်။ သဘာဝဓါတ်ငွေ့ထုတ်လုပ်မှု၏ ၅ ပုံ ၁ ပုံခန့်ကို ပြည်တွင်းတွင် သုံးစွဲနေပြီး အဓိကအားဖြင့် လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှုတွင် သုံးစွဲနေရသည်။ ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လျှပ်စစ် ၆ ဂစ်ဂါဝပ် ထုတ်လုပ်ပေးနေပြီး ဓါတ်ငွေ့သည် မြန်မာနိုင်ငံ လျှပ်စစ်ထုတ်လုပ်မှု၏ ၄၀ ရာခိုင်နှုန်းရှိကြောင်း အစိုးရစာရင်းဇယားများ အဆိုအရ သိရသည်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကမ်းလွန်ရှိ ရွှေလုပ်ကွက်တွင် ဓါတ်ငွေ့ ထုတ်လုပ်နေသော တောင်ကိုရီးယား လုပ်ငန်းကြီးဖြစ်သော Posco International သည်လည်း လုပ်ငန်း ဆက်လက်လုပ်ကိုင်နေမည့် အလားအလား ရှိနေသည်။ Posco သည် ရွှေလုပ်ကွက်တွင် ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီး လုပ်ငန်းကို ကြီးမှူးလည်ပတ်သူလည်း ဖြစ်သည်။

ဓါတ်ငွေ့လုပ်ကွက်အများအပြားတွင် ရှယ်ယာဝင်ထားသော ထိုင်းမှ PTT Exploration and Production သည်လည်း ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းမှုနောက်ပိုင်းတွင် မည်သည့်မျှ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။ မြန်မာနိုင်ငံသည့် ထိုင်းတွင် အသုံးပြုသည့် ဓါတ်ငွေ့ ၄၀ ရာခိုင်နှုန်းကို ပေးပို့နေသောကြောင့် ဓါတ်ငွေ့အကျိုးစီးပွားများကို ထိုလုပ်ငန်းက စွန့်လွှတ်မည့် အလားအလာမရှိပေ။

သို့သော် လက်ရှိရေအောက်ဓါတ်ငွေ့လုပ်ကွက် ၄ ခုသည် ဓါတ်ငွေ့သိုက်များ ကုန်ခမ်းလာသောကြောင့် ၂၀၂၀ ခုနှစ်များ အစောပိုင်းတွင် ထုတ်လုပ်မှု ကျဆင်းတော့မည်ဖြစ်သည်။ လွန်ခဲ့သောနှစ်ကစတင်ပြီး ဓါတ်ငွေ့ရည်တင်သွင်းမှု စတင်ခဲ့ပြီး အစိုးရသည် ဓါတ်ငွေ့လုပ်ကွက်သစ်များ ဖေါ်ထုတ်ရေးကို အားပေးနေသည်။

ပြည်တွင်း စွမ်းအင်ကုမ္ပဏီများသည် ၎င်းတို့ဘာသာ ဓါတ်ငွေ့ရှာရန် ရင်းမြစ်မရှိသောကြောင့် ပြည်ပမှ စီးပွားဖက်များကို အားကိုးနေရသည်။

မြန်မာနိုင်ငံကမ်းလွန်တွင် ဓါတ်ငွေ့လုပ်ကွက်သစ် ဖေါ်ထုတ်နေသည့် သြစတြေးလျှမှ Woodside Petroleum က ငြိမ်းချမ်းစွာဆန္ဒပြနေသူများကို အကြမ်းဖက်သည့် စိတ်ဖိစီးစရာ သတင်းများကြောင့် လူ့အခွင့်အရေးချိုးဖေါက်မှုများကို ရှုတ်ချသော ကြေညာချက်တစောင် ထုတ်ပြန်ခဲ့သည်။

“ဒီနိုင်ငံမှာ ကျနော်တို့ရဲ့လုပ်ငန်းတွေကို လျှော့ချလိုက်ပြီး ကမ်းလွန်ရှာဖွေရေး တူးဖေါ်မှုအဖွဲ့ကိုလည်း ရုတ်သိမ်းပြီးစီးပြီ ဖြစ်ပါတယ်” ဟု ထိုကုမ္ပဏီ၏ သတင်းထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။ “Woodsideသည် မြန်မာနိုင်ငံတွင် မည်သည့် ထုတ်လုပ်ရေး လုပ်ငန်းမျှ မရှိတော့သလို လတ်တလော မြန်မာနိုင်ငံတွင် ဝင်ငွေရသော လုပ်ငန်းလည်းမရှိပေ” ဟု ထိုကြေညာချက်တွင် ဆက်လက်ဖေါ်ပြထားသည်။

Woodside သည် Total နှင့် အခြားမြန်မာ စွမ်းအင်ကုမ္ပဏီတခုနှင့်အတူ လုပ်ကွက်တခု ရရှိထားသည်။ ထိုစီမံကိန်းသည် ဒေါ်လာဘီလျံပေါင်း များစွာသုံးစွဲမည့် စီမံကိန်းဖြစ်သည်။

လက်ရှိထုတ်လုပ်ရေးလုပ်ငန်းများ ထိန်းသိမ်းထားရှိမည်ဖြစ်သော်လည်း Total က ဓာတ်ငွေ့ တိုးချဲ့ထုတ်ဖော်ခြင်းနှင့် တွင်းများ တူးဖော်ရေး လှုပ်ရှားမှုကိုလည်း ရပ်ဆိုင်းခဲ့သည်ဟု Patricစk Pouyanne က ပြောသည်။ အခွန်နှင့် တူညီသော ပမာဏအတိုင်း လူ့အခွင့်အရေး အဖွဲ့အစည်းများသို့ Total က လှူဒါန်းသွားမည်ဟု သူက ထပ်‌ပြောသည်။

ကိုးကား။ ။ Reuters, Nikkei Asia

You may also like these stories:

စစ်တပ်နှင့်ပတ်သက်သည့် နိုင်ငံစုံကုမ္ပဏီများ ရှေ့ရေးခက်ခဲ

စစ်အာဏာသိမ်း ဆန့်ကျင်ရေးက ဂျပန်လုပ်ငန်းရှင်များ၏ စံတန်ဖိုးများကို စမ်းသပ်နေ

ပြင်သစ် Total ကုမ္ပဏီ ဓာတ်ငွေ့ဆက်ထုတ်ပြီး အခွန် ဆက်ဆောင်မည်

ရဲတံခွန် ဂတ်စ်ထုတ်လုပ်ရေး မလေးရှား Petronas ရပ်ဆိုင်း

Your Thoughts …
Tags: MOGEဂျိုးဘိုင်ဒင်စစ်အာဏာသိမ်းမှုမြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအမေရိကန် အထက်လွှတ်တော်အမတ်များအရေးယူပိတ်ဆို့
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

Next Post
ဖာပွန်ခရိုင်အတွင်း တိုက်ပွဲများကြောင့် တောတောင်များထဲသို့ တိမ်းရှောင်နေရသည့် ပြည်သူများ / KPSN

စစ်စခန်းများ ကျပြီးနောက် စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း ဗုံးကြဲတိုက်ခိုက်နေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် တနေရာ  / ဧရာဝတီ

ရခိုင်ပြည်နယ်တွင် ကျောင်းများဖွင့်ရန် စီစဉ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved