• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဆည်များ တည်ဆောက်ခြင်းသည် မဲခေါင်မြစ်ကို ခြိမ်းခြောက်နေ

by ဧရာဝတီ
22 August 2019
in သူ့အတွေး သူ့အမြင်
A A
ရွှေတြိဂံဒေသတွင် မြင်ရသည့် မဲခေါင်မြစ် / Bangkok Post

ရွှေတြိဂံဒေသတွင် မြင်ရသည့် မဲခေါင်မြစ် / Bangkok Post

8.2k
VIEWS
Share on FacebookShare on Twitter

မဲခေါင်မြစ်သည် အရှေ့တောင်အာရှရှိ နိုင်ငံ အတော်များများ၏ အသက်သွေးကြော ဖြစ်သည်။

သို့သော် မိုးဆက်လက် ခေါင်နေခြင်းနှင့် ဆယ်ဂဏန်းမျှရှိသော ရေအားလျှပ်စစ်စက်ရုံ တည်ထား ခြင်းတို့ကြောင့် မြစ်ရေအမှတ် နိမ့်ဆင်းနေစေပြီး ထိခိုက်လွယ်သော ဂေဟစနစ်ကို ပျက်စီးစေလျှက် ရှိသည်။

အရှေ့တောင်အာရှ နိုင်ငံ ၆ နိုင်ငံအတွက် အရေးကြီးလှသည့် မဲခေါင်မြစ်သည် ယခုနှစ် နွေရာသီတွင် မြစ်ရေအမှတ် နိမ့်ဆင်းခြင်းက အရေးတကြီး သတိပြုစရာ ဖြစ်လာခဲ့သည်။

အရှေ့တောင်အာရှ၏ အရှည်လျားဆုံးမြစ်ကို စောင့်ကြည့်နေသည့် မဲခေါင်မြစ် ကော်မရှင် (MRC) က ဇူလိုင်လ အစီရင် ခံစာတွင် ယခင်လများထက် ရေအမှတ်မှာ ကျဆင်းသွားခဲ့ပြီး အနိမ့်ဆုံး စံချိန်တင် သည်အထိ ကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။

တရုတ်နိုင်ငံ၊ တိဗက် ကုန်းပြင်မြင့်မှ မြစ်ဖျားခံလာသော မဲခေါင်မြစ်သည် မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ်တို့ကို ဖြတ်သန်းလျှက် တောင်တရုတ် ပင်လယ်ထဲသို့ စီးဝင်သည်။ ထိုမြစ်ပေါ်တွင် ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် သယ်ယူပို့ဆောင်ရေး တို့ဖြင့် မှီခိုနေရသူပေါင်း သန်း ၆၀ ဝန်းကျင် ရှိသည်။

သို့သော် တရုတ်နိုင်ငံရှိကျင့်ဟောင် ရေအားလျှပ်စစ် စက်ရုံ ထိန်းသိမ်းရေးလုပ်ငန်း၊ လာအိုနိုင်ငံရှိ ဇေယျဘူရီ ဆည် စမ်းသပ် လုပ်ငန်းတို့နှင့်အတူ ရာသီဥတု သဟဇာတမဖြစ်ဘဲ၊ မိုးရေချိန် ကျဆင်း လာခြင်းက မဲခေါင်မြစ်ရေ အမှတ် ဆိုးဆိုးရွားရွား ကျဆင်းစေသည့် အကြောင်းတရား ဖြစ်သည်ဟု သတ်မှတ်နိုင်ခဲ့သည်။

မကြာသေးမီက မိုးများလာခဲ့ပြီး မိုးခေါင်သည့် အခြေအနေ လျော့ပါး သက်သာလာကာ မြစ်ရေအမှတ် လည်း တဖြည်းဖြည်း တက်လာခြင်းကြောင့် အကျပ်အတည်း တခုကိုမူ ကျော်လွှားနိုင်ခဲ့ပြီဖြစ်၏။

ဥပမာအားဖြင့်၂၀၁၉ ခုနှစ်၊ ဇွန်လက ကျင်းစံခရိုင်၏ ပျမ်းမျှမိုးရေချိန်သည် ၂၀၀၆ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ဇွန်လ စုစုပေါင်း လစဉ် မိုးရေချိန်၏ သုံးပုံတပုံသာ ရှိသည်။

မြစ်ရေစီးကြောင်းကို အပိတ်အဖွင့်လုပ်နေသော တရုတ်

ဇူလိုင်ထဲတွင် ရက်သတ္တနှစ်ပတ်ကြာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ ယူနန်ပြည်နယ်ရှိ ကျင့်ဟောင် ဆည်မှာ ရေစီးဆင်းမှု ထိန်းချုပ်ထားခဲ့သဖြင့် အခြေအနေမှာ ပိုမိုဆိုးရွားလာစေခဲ့သည်။ ထိုင်း၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့ ကဲ့သို့သော နိုင်ငံများအတွက် မြစ်ညာဘက်က ကျားသနားမှ နွားချမ်းသာမည့်ကိန်း ဆိုက်ကုန်တော့သည်။

“မြစ်အောက်ပိုင်း (အကြေ) နိုင်ငံတွေက မိုးခေါင်တာ သက်သာဖို့ တရုတ်ကို ရေလွှတ်ပေးရေး မတောင်းဆိုသင့် ဘူးလား” ဟု ဝါရှင်တန်အခြေစိုက် Stimson ဌာန၊ အရှေ့တောင်အာရှ အစီအစဉ် ဒါရိုက်တာ Brian Eyler က ပြောသည်။

ကျင့်ဟောင်ဆည်ကို ကိုင်တွယ်နေရသူများ အနေဖြင့် ရေအားလျှပ်စစ် ထုတ်ဖို့ ၎င်းတို့ အကျိုးစီးပွား ထက် ကျော်လွန်ပြီး မြစ်အောက်ပိုင်းက နိုင်ငံများ၏ အကျိုးကိုလည်း ငဲ့ကွက်သင့်ကြောင်း Eyler က ထပ်လောင်း ပြောကြားခဲ့သည်။

သို့သော် တရုတ် တနိုင်ငံတည်းသာ မြစ်ရေကို လျှပ်စစ်ထုတ်ရန်သာ သုံးသည်မဟုတ်။ ဇူလိုင်လ ၁၅ ရက်က လာအိုနိုင်ငံသည် ၎င်း၏ ဇေယျဘူရီ ရေအား လျှပ်စစ် ဆည်တမံသစ်ကို စတင်စမ်းသပ်ခဲ့ပြီး လာမည့် အောက်တိုဘာ လတွင် လည်ပတ်ရန် စီစဉ်ထားသည်။

ယင်းသို့ စမ်းသပ်လည်ပတ် ခြင်းသည်လည်း မဲခေါင်မြစ်အတွက် သမိုင်းတွင်လောက်အောင် ရေအမှတ် နိမ့်ဆင်း သွားရခြင်း၏ အကြောင်းခြင်းရာ တရပ်ဖြစ်သည်။

ဆယ်စုနှစ်တခုအတွင်း အဆိုးဝါးဆုံး မိုးခေါင်သည့် ဒဏ်ခံနေရသည့် ထိုင်းက လာအိုကို ဆည်စမ်းသပ် လည်ပတ်ခြင်း ရပ်တန့်ပေးပါရန် တောင်းဆိုခဲ့သည်။

ဖြစ်ချင်တော့ လျှပ်စစ်ဓာတ်အား ၁၂၈၅ မဂ္ဂါဝပ် ထွက်ရှိမည့် အဆိုပါ ဇေယျဘူရီ ဆည်တမံကို Ch. Karnchang အများပိုင် ကုမ္ပဏီလီမိတက်က တည်ဆောက် ပေးခဲ့ပြီး ထွက်ရှိလာသော ဓာတ်အားကို ထိုင်းအစိုးရပိုင် လျှပ်စစ် ထုတ်လုပ်ရေး အာဏာပိုင်အဖွဲ့(EGAT) အဖွဲ့သို့ ပို့လွှတ် ပေးမည်ဖြစ်သည်။

ထိုင်းပြည်တွင်း သတင်းများအဆိုအရ ယင်းဆည်တမံကို လည်ပတ်လုပ်ကိုင်မည့် CK Power အများပိုင် ကုမ္ပဏီက ရေပြတ်လပ်မှု ဖြစ်ပေါ်ခြင်းကို ငြင်းဆိုလိုက်ပြီး ရေတက်ရေကျ ဒုက္ခကို သူတို့လည်း ခါးစည်း ခံနေရကြောင်း အခိုင်အမာ တုန့်ပြန် ပြောကြားခဲ့သည်။

အာရှ၏ လျှပ်စစ်စွမ်းအင် လိုအပ်ချက်

သို့သော်ငြားလည်း မဲခေါင်မြစ်ညာတွင် ဆည်တမံ တည်ဆောက်ရေး စီမံကိန်း အရေအတွက် တိုးပွား လာခြင်းသည် မြစ်ကို အမှီပြုနေရသော လူမှုအသိုင်းအဝိုင်း အားလုံးကို အပြင်းအထန် ဆက်လက် ထိခိုက်စေခြင်းသာ ရှိပေလိမ့်မည်။

အာရှ လျှပ်စစ်စွမ်းအင် လိုအပ်ချက်အတွက် ရှာပုံတော် ဖွင့်ရာတွင် ကုန်းပိတ် နိုင်ငံဖြစ်သည့် လာအို တွင် ပြီးခဲ့သည့် ဆယ်စုနှစ်ကျော်ကပင် ဆည်တမံများ အသည်းအသန် အဆောတလျင် တည် ဆောက်ခဲ့သည်။

နိုင်ငံတကာ မြစ်များဆိုင်ရာ သဘာဝပတ်ဝန်းကျင် အတိုင်ပင်ခံအုပ်စု၏ အဆိုအရ ကြီးမားသည့် ဆည်တမံ ၇၂ ခု အပါအဝင် စီမံကိန်းချထားသော ဆည်တမံ ၂၀ ကျော်အနက် ၁၂ ခုကို တည်ဆောက် နေဆဲ ဖြစ်ကြောင်း သိရသည်။

တချိန်တည်းမှာပင် တရုတ်သည် ဆည်တမံ ၁၁ ခုကို လည်ပတ်နေပြီး မဲခေါင် အထက်ပိုင်း မြစ်ညာတွင် နောက်ထပ် ဆည်တမံ ၈ ခု တည်ဆောက်ရန် စီမံကိန်းချကြောင်း Eyler က ပြောသည်။

တရုတ်က ယူနန်ပြည်နယ်တွင် ပြီးခဲ့သည့် နှစ် ၂၀ က ပထမဆုံး ဆည်တမံ တည်ဆောက်စဉ် ကတည်း ကပင် မဲခေါင်မြစ်ရှိ ပုံမှန်မဟုတ်သည့် ရေအတက်အကျ ဖြစ်စဉ်ကို ထိုင်း-လာအို နယ်စပ်တွင် နေထိုင် သည့် ဒေသခံများက စောင့်ကြည့် နေခဲ့ကြကြောင်း နိုင်ငံတကာ မြစ်ချောင်းအဖွဲ့မှ Pianporn Deetes က ပြောသည်။ ယင်းကဲ့သို့ အပြောင်းအလဲများသည် ဆောင်ရွက်နေဆဲ ဆည်တမံများအတွက် ကြားဖူး၊ သိဖူးပြီးသားလည်း ဖြစ်သည်။

သဘာဝပတ်ဝန်းကျင် ထိခိုက်မှု

မဲခေါင်မြစ် သဘာဝအတိုင်း စီးဆင်းနေခြင်းသည် ရာသီဥတု ပုံသဏ္ဌာန်ကို အတိုင်းအတာ တခုအထိ ပျက်စီး စေကြောင်း ဟောကိန်းထုတ်ရန်ပင် မလိုပေ။ ပြီးခဲ့သည့် နှစ် ၂၀ ကျော်က တရုတ် ဆည်တမံများဆီမှ ထုတ်လွှတ် လိုက်သော ရေပမာဏအပေါ် လုံးလုံးလျားလျား တည်မှီနေခဲ့ရသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
144
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.9k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
408

ဆည်တမံများသည် ငါးပေါက်ဖွားမှုကို ပျက်စီးစေပြီး မြစ်ညာဘက်ရှိ မြစ်ကြမ်းပြင်တွင် ဥပေါက်ဖွားမှုအတွက် အတားအဆီး ဖြစ်သည့်အပြင် ရေနေ သတ္တဝါတို့၏ သဘာ၀ ရှင်သန်မှု စက်ဝန်းများကို အနှောင့်အယှက် ပေးသည်။

ဒေသတွင်း ရေအားလျှပ်စစ် ဆည်တမံများ၏ အကျိုးရလဒ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် အရောက်တွင် မြစ်ထဲရှိ ငါးအုပ်စုများ ယုတ်လျော့မှု ၄၀ ရာခိုင်နှုန်းအထိ ရှိလာမည်ဖြစ်ပြီး ၂၀၄၀ ပြည့်နှစ်၌ ယုတ်လျော့မှု ၈၀ ရာခိုင်နှုန်း တက်လာနိုင်ကြောင်း ယမန်နှစ်ကပင် မဲခေါင်မြစ် ကော်မရှင်က ခန့်မှန်း တွက်ချက်ထားသည်။

ဆည်တမံများ ထပ်၍ ထပ်၍ တည်ဆောက်ပြီး မြစ်ညာဘက်တွင် ရှိနေသူများက သူတို့ရပ်တည်ချက် ပိုမို ခိုင်မာအောင် လုပ်နေသမျှ ကာလပတ်လုံး မြစ်အောက်ပိုင်း (အကြေ) နေ ဒေသခံများအတွက် ကမူ နောက်ဆက်တွဲ ဆိုးကျိုးများကို ခါးသီးစွာ ရင်ဆိုင်နေရမည်သာ ဖြစ်သည်။

“မဲခေါင်မြစ်ရေကို ခွဲဝေသုံးစွဲပြီး ငြိမ်းချမ်းစွာ ယှဉ်တွဲနေလိုကြတယ် ဆိုရင် အပြန်အလှန် လေးစားမှု၊ တယောက် စကားကို တယောက်က အလေးပေး နားထောင်မှုနဲ့ မြစ်ဝှမ်းတလျှောက်က အစိုးရတွေနဲ့ ပြည်သူတွေ စစ်မှန်စွာ ပူးပေါင်း ဆောင်ရွက်မှသာ အထမြောက် အောင်မြင်မှာ ဖြစ်ပါတယ်” ဟု အကြံပေး အုပ်စုတစု ဖြစ်သော မဲခေါင် မြစ်ဝှမ်းပြည်နယ် ၈ ခုမှ ထိုင်း လူထုကွန်ရက်က ကြေညာချက် တစောင်တွင် ပြောကြား ထားသည်။

Bangkok Post သတင်းတွင် ဖော်ပြထားသည့် Dam-building race threatens the Mekong River ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။

Your Thoughts …
Tags: ကမ္ဘောဒီးယားတရုတ်ထိုင်းဗီယက်နမ်မဲခေါင်မြစ်ရေအားလျှပ်စစ်လာအိုအရှေ့တောင်အာရှ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

by အုန်းညို
25 September 2023
43.6k

စစ်ခေါင်းဆောင်ရဲ့ အာဏာ အင်ပါယာနဲ့ ယခင်စစ်ခေါင်းဆောင်ရဲ့ လျာထားခံ စစ်ဗိုလ်ချုပ်ကြီးတွေကြား အာဏာချိန်ခွင်လျှာ အားပြိုင်ပွဲပါ။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
Makeup Artist ညီညီမောင် (စမ်းချောင်း) (ဓာတ်ပုံ - Nyi Nyi Maung's Facebook) 

"မင်းသမီး မဖြစ်ချင်ဘူး၊ သရုပ်ဆောင်ပဲ ဖြစ်ချင်တာပါ"လို့ ညီညီမောင် (စမ်းချောင်း) ပြော 

ကျောကင်မရာ ၄ လုံး ပါဝင်တဲ့ Realme 5 စမတ်ဖုန်း

ကျောကင်မရာ ၄ လုံး ပါဝင်တဲ့ တန်ဖိုးသင့် Realme 5 စမတ်ဖုန်းကို မိတ်ဆက်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved