• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

တော်လှန်ရေးအဖွဲ့များထံမှ လေ့လာပြီး စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်း

by ဧရာဝတီ
15 June 2024
in ဆောင်းပါး
A A
တော်လှန်ရေးအဖွဲ့များထံမှ လေ့လာပြီး စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့ကို ဖွဲ့စည်း

စစ်ကောင်စီအခြေစိုက်စခန်း တခုကို တိုက်ခိုက်ရန် ဒရုန်းပြင်ဆင်နေသည့် တော်လှန်ရေး ဒရုန်းတပ်ဖွဲ့ / AFP / Getty Images

5k
VIEWS
Share on FacebookShare on Twitter

အရှေ့တောင်အာရှတွင် အင်အားအကြီးမားဆုံး စစ်တပ်များအနက် တခုဖြစ်သည့် မြန်မာစစ်တပ်ကို စစ်ဆင်ရာတွင် မြန်မာတော်လှန်ရေး အင်အားစုများသည် လွန်ခဲ့သောနှစ်အတွင်း ဒရုန်းများကို အသုံးပြုတိုက်ခိုက်ပြီး စံချိန်ချိုးခဲ့သည်။

သို့သော် ပြည်တွင်းစစ် ရှည်ကြာလာသောအခါ တော်လှန်ရေး အင်အားစုများသည် ၎င်းတို့ ရင်းနှီးကျွမ်းဝင်သည့် လက်နက်ဖြစ်သော တရုတ်လုပ် စီးပွားရေးလုပ်ငန်းသုံး ဒရုန်းများကို လက်နက်တပ်ဆင်ရန် ပြုပြင်ထားသည့် ဒရုန်းများအား စစ်ကောင်စီထံတွင် တွေ့လာရကြောင်း ထိုကိစ္စကို သိသည့် ပုဂ္ဂိုလ် ခုနစ်ဦးက ပြောသည်။

“အခု ဒရုန်းတွေကို နှစ်ဖက်လုံးက သုံးလာလို့ စစ်မြေပြင်အခြေအနေ ပြောင်းလဲလာနေတယ်” ဟု နိုင်ငံအရှေ့တောင်ပိုင်းတွင် ‘တရုတ်ကြီး’ အမည်ဖြင့် လှုပ်ရှားနေသည့် အသက် ၃၁ နှစ်အရွယ် တော်လှန်ရေးသမားက ပြောသည်။

စစ်ကောင်စီသည် တော်လှန်ရေး အင်အားစုများကို တိုက်ခိုက်ရန် လက်နက်တပ်ဆင်ထားပြီး လူလိုက်ပါခြင်း မရှိသည့် UAVs ဒရုန်းများကို လွန်ခဲ့သောနှစ်ကုန်တွင် စတင်အသုံးပြုလာကြောင်း၊ သူ၏ တပ်ဖွဲ့သည် မကြာသေးမီက ထိုသို့သော ဒရုန်းတစင်းကို ပစ်ချခဲ့ပြီး ထိုဒရုန်း၏ အစိတ်အပိုင်းများကို စစ်ဆေးမှုအရ တရုတ်လုပ်ဖြစ်ပြီး စစ်မြေပြင်တွင် သုံးရန်အတွက် ပြုပြင်ထားခြင်းဖြစ်ကြောင်း ပြောသည်။ မြန်မာနိုင်ငံ အခြားအစိတ်အပိုင်းများမှ တော်လှန်ရေးသမား နှစ်ဦးကလည်း အလားတူဖြစ်ရပ်များကို Reuters သတင်းဌာနသို့ ပြောသည်။

Reuters သတင်းဌာနသည် တော်လှန်ရေးသမား လေးဦး၊ သုတေသီ နှစ်ဦးနှင့် မြန်မာပဋိပက္ခကို လေ့လာနေသည့် ဒေသတွင်းနိုင်ငံတခုမှ အရာရှိတဦးတို့ကို တွေ့ဆုံမေးမြန်းခဲ့သည်။ စစ်ကောင်စီသည် ဖောက်ခွဲပစ္စည်း သယ်ဆောင်ရန် ဖြစ်သလိုလုပ်ထားသည့် တရုတ်လုပ်ဒရုန်းများကို အသုံးပြုလာသည့် အသေးစိတ်များကို ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့က ပြောပြသည်။

Reuters သတင်းဌာနသည် တော်လှန်ရေးသမား လေးဦး၊ သုတေသီ နှစ်ဦးနှင့် မြန်မာပဋိပက္ခကို လေ့လာနေသည့် ဒေသတွင်းနိုင်ငံတခုမှ အရာရှိတဦးတို့ကို တွေ့ဆုံမေးမြန်းခဲ့သည်။ စစ်ကောင်စီသည် ဖောက်ခွဲပစ္စည်း သယ်ဆောင်ရန် ဖြစ်သလိုလုပ်ထားသည့် တရုတ်လုပ်ဒရုန်းများကို အသုံးပြုလာသည့် အသေးစိတ်များကို ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့က ပြောပြသည်။ ၎င်းတို့အနက် အချို့သည် ပြဿနာ အတိမ်အနက်အရ အမည်ရင်းကို ထုတ်ဖော်ပြောဆိုခြင်း မရှိပေ။

တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပစ်ချခဲ့သည့် စစ်ကောင်စီ၏ ဒရုန်းတစင်း အပျက်အစီးများ

တော်လှန်ရေးသမားအချို့ စစ်ကောင်စီဒရုန်းကြောင့် ဒဏ်ရာရကြောင်း ကိုတရုတ်ကြီးက ပြောသည်။ “သူတို့တွေ ဒရုန်းသုံးတာ ကျွမ်းကျင်လာတယ်” ဟု ၎င်းက ပြောသည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
92
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
380
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606

စစ်ကောင်စီသည် ယခုနှစ်အစတွင် တရုတ် စီးပွားရေးလုပ်ငန်းသုံး ဒရုန်း ထောင်ပေါင်းများစွာကို ဝယ်ယူပြီး ပြည်တွင်းထုတ် ခဲယမ်းများ တပ်ဆင်ရန် ပြုပြင်ကြောင်း မြန်မာငြိမ်းချမ်းရေးနှင့် လုံခြုံရေး သုတေသန အင်စတီကျုမှ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇော်ဦး ပြောသည်။

စစ်ကောင်စီ ဒရုန်းများနှင့် ပတ်သက်သည့် သတင်းကို စစ်အရာရှိများနှင့် လက်နက်ထုတ်လုပ်မှုကို သိသူများထံမှ သတင်းရကြောင်း ၎င်းက ပြောသည်။

မှတ်ချက်ပေးရန် မေးမြန်းသည်ကို စစ်ကောင်စီပြောခွင့်ရသူက အကြောင်းမပြန်ပေ။ စစ်ကောင်စီကလည်း ၎င်းတို့ မကြာသေးမီက ဒရုန်းသုံးသည်ကို လူသိရှင်ကြား မကြေညာပေ။ အောက်တိုဘာလက အဓိက ထိုးစစ်တခုတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် ဒရုန်းများဖြင့် ဗုံး ၂၅,၀၀၀ ကြဲချကြောင်း၊ ထို့ကြောင့် စခန်းအချို့ကို ဆုတ်ခွာခဲ့ရကြောင်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က လွန်ခဲ့သောနှစ်တွင် ပြောသည်။

Reuters ကမေးမြန်းမှုကို တုံ့ပြန်သည့်အနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ လင်ကျန်က “တရုတ်နိုင်ငံသည် စစ်ဘက်ထုတ်ကုန်များနှင့် စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံးပစ္စည်းများ တင်ပို့ရာတွင် စဉ်းစားချင့်ချိန် တာဝန်သိသိ သဘောထား ချမှတ်ထားကြောင်း” ပြောသည်။

စစ်ကောင်စီဆန့်ကျင်ရေး အင်အားစု စင်ပြိုင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောခွင့်ရသူ တဦးကလည်း မှတ်ချက်ပေးရန် အကြောင်း ပြန်ကြားခြင်း မရှိပေ။

မြန်မာစစ်တပ်သည် CH-3 UAVs ၁၂ စင်းကို တရုတ်မှ ၂၀၁၃ ခုနှစ် ပတ်ဝန်းကျင်က မှာယူခဲ့သည်ဟု စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု၏ လက်နက်လွှဲပြောင်းမှု အချက်အလက်များက ခန့်မှန်းသည်။

သို့သော် စစ်ကောင်စီသည် ထိုဒရုန်းများကို ထိုးစစ်များတွင် မသုံးဘဲ စိုက်ပျိုးရေးကဲ့သို့ စီးပွားရေး လုပ်ငန်းသုံး ပန်ကာအများအပြား တပ်ဆင်ထားသည့် ဒရုန်းများကိုသာ မကြာသေးမီက တိုက်ခိုက်မှုများတွင် သုံးသည်ဟု တော်လှန်ရေး အင်အားစုဝင်တဦးက ပြောသည်။

မကြာသေးမီ လများအတွင်း စစ်ကောင်စီဘက်က ဒရုန်းအနည်းငယ်ကိုသာ စစ်မြေပြင်တွင်တွေ့ရကြောင်း တော်လှန်ရေး အင်အားစုဝင် လေးဦးက Reuters သို့ ပြောသောကြောင့် စစ်တပ်သည် အသစ်ဝယ်ထားသည့် ဒရုန်းအားလုံးကို မသုံးသေးသည့်သဘော ဖြစ်သည်။

မကြာသေးမီ လများအတွင်း စစ်ကောင်စီဘက်က ဒရုန်းအနည်းငယ်ကိုသာ စစ်မြေပြင်တွင်တွေ့ရကြောင်း တော်လှန်ရေး အင်အားစုဝင် လေးဦးက Reuters သို့ ပြောသောကြောင့် စစ်တပ်သည် အသစ်ဝယ်ထားသည့် ဒရုန်းအားလုံးကို မသုံးသေးသည့်သဘော ဖြစ်သည်။

CH-3 များကို စစ်ဆင်ရေးများတွင် မည်သည့်အတွက် မသုံးကြောင်း သို့မဟုတ် စစ်ကောင်စီသည် မည်သည့်အတွက် တရုတ်လုပ် စီးပွားရေးလုပ်ငန်းသုံး ဒရုန်းများကို အများအပြား မဖြန့်ကြက်ကြောင်းကို Reuters အနေဖြင့် အတည်ပြုနိုင်ခြင်း မရှိပေ။

မြန်မာပြည် တနေရာတွင် တော်လှန်ရေးသမားများက ဒရုန်းတွင် ဗုံးတပ်ဆင်နေစဉ်

မြန်မာမှ အရပ်သား ဒီမိုကရေစီ အစပျိုးမှုကို အာဏာသိမ်းမှုက ရုတ်တရက် အဆုံးသတ်လိုက်ပြီး သုံးနှစ်ကျော်တွင် စစ်ကောင်စီသည် လက်နက်ကိုင်အုပ်စုသစ်များနှင့် အခြေကျပြီးသော တိုင်းရင်းသားလက်နက်ကိုင်များ ပါဝင်သည့် အတိုက်အခံများထံ နယ်မြေများဆုံးရှုံးကာ အင်အားအချိနဲ့ဆုံး ဖြစ်နေသည်။

လာမည့်လများတွင် ပြည်တွင်းစစ်၏ အခြေအနေကို ခန့်မှန်းရန် ခက်ခဲသော်လည်း တော်လှန်ရေး အင်အားစုများသည် ဒရုန်းသုံးသည့် အဓိကအင်အားစုဖြစ်သည့် ကနဦး အားသာချက်ကို ဆုံးရှုံးလာပုံ ရသည်ဟု ဦးမင်းဇော်ဦးက ပြောပြီး ထိုအမြင်ကို အခြားသုတေသီတဦးနှင့် ကိုတရုတ်ကြီးက ထောက်ခံသည်။

အင်စတာဂရမ် လမ်းညွှန်ချက်များ

စီးပွားရေးလုပ်ငန်းသုံး ဒရုန်းများကို ယူကရိန်းအစိုးရက စစ်မြေပြင်တွင် အကြီးအကျယ် သုံးသောအခါ ၎င်းတို့သည် လက်ရှိဖြစ်ပွားနေသည့် ယူကရိန်း ပဋိပက္ခတွင် အခြေအနေ အပြောင်းအလဲ ဖြစ်စေသည်။

မြန်မာတွင် ကိုတရုတ်ကြီးသည် လွန်ခဲ့သော နှစ်အနည်းငယ်ကအထိ လက်နက်အကြောင်း မစဉ်းစားပေ။ ၂၀၂၁ ခုနှစ်တွင် စစ်ကောင်စီက နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရကို မဖြုတ်ချမီက သူသည် အဝေးပြေးကားမောင်းသမား ဖြစ်သည်။

အာဏာသိမ်းမှုနောက်ပိုင်း ဆန္ဒပြပွဲများကို စစ်ကောင်စီက ဖြိုခွဲသောကြောင့် ဒေါသထွက်ပြီး ကိုတရုတ်ကြီးသည် အခြား လူငယ်ထောင်ပေါင်းများစွာနှင့် ပူးပေါင်းကာ စစ်တပ်ကို လက်နက်ကိုင် တိုက်ခိုက်သည်။

ယခုအခါ သူသည် ထောက်လှမ်းရေးအတွက် တရုတ်မှ DJI က ထုတ်လုပ်သည့် မောင်းသူမဲ့လေယာဉ် အသေးစားများကို အာဏာသိမ်းပြီးနောက် မကြာမီ သုံးသည့် တော်လှန်ရေးအင်အားစု Angry Bird Drone Rangers အဖွဲ့ ခေါင်းဆောင် ဖြစ်သည်။

DJI ကို ဆက်သွယ်သော်လည်း မှတ်ချက်မပေးပေ။

ထိုတပ်ဖွဲ့သည် နောက်ပိုင်းတွင် TikTok, Instagram နှင့် YouTube မှ ကျွမ်းကျင်သူများ တင်ထားသည့် လမ်းညွှန်ချက်များကို အသုံးပြုပြီး ပြည်တွင်းထုတ် ဗုံးများကို သယ်ဆောင်ရန် ပိုမိုကြီးမားသည့် ဒရုန်းများ တည်ဆောက်သည်။

ထိုတပ်ဖွဲ့သည် နောက်ပိုင်းတွင် TikTok, Instagram နှင့် YouTube မှ ကျွမ်းကျင်သူများ တင်ထားသည့် လမ်းညွှန်ချက်များကို အသုံးပြုပြီး ပြည်တွင်းထုတ် ဗုံးများကို သယ်ဆောင်ရန် ပိုမိုကြီးမားသည့် ဒရုန်းများ တည်ဆောက်သည်။

“ကျနော်တို့က ပစ္စည်း အစိတ်အပိုင်းအလိုက် ဝယ်ပြီး ဒရုန်းတွေကို ၄၊ ၅ လလောက် စမ်းသပ်တယ်” ဟု ကိုတရုတ်ကြီးက ပြောသည်။

အခြားတော်လှန်ရေးသမား သုံးဦးကလည်း အလားတူ ပိုမိုကြီးမားပြီး လက်နက်တပ်ဆင်နိုင်သည့် ဒရုန်းများ တည်ဆောက်ပုံကို ပြောပြသည်။ ထိုသို့သော ဒရုန်းအစိတ်အပိုင်းအများအပြားကို ဒေသတွင်း e-commerce တွင် ဝယ်ယူနိုင်ကြောင်း Reuters ၏ ဝက်ဘ်ဆိုက်များကို လေ့လာမှုအရ သိရသည်။

တော်လှန်ရေးအင်အားစုများသည် စစ်ကောင်စီစခန်းများကို ထောက်လှမ်းရန် ထိုဒရုန်းများ သုံးပြီးနောက် ဗုံးကြဲကာ မြေပြင်တွင် ဝင်တိုက်ကြောင်း အထက်ဖော်ပြပါ ပုဂ္ဂိုလ် လေးဦးက ပြောသည်။

မကြာသေးမီကအထိ စစ်ကောင်စီသည် သွေးထွက်သံယို အများဆုံး ဖြစ်ပွားရာ နယ်စပ်မှ သေနင်္ဂဗျူဟာကျသည့် စခန်းများကို ဆက်လက် ထိန်းချုပ်ရန် အမြောက်နှင့် သမားရိုးကျ လေကြောင်းပစ်ကူကို သုံးသည်ဟု ဦးမင်းဇော်ဦးက ပြောသည်။

လိုအပ်လျှင် တပ်ကူများကို စေလွှတ်သော်လည်း စစ်ကောင်စီသည် စစ်မြေပြင် အများအပြားမှ စခန်းများကို တပ်ကူလွှတ်ရန် အရန်အင်အား မလုံလောက်ကြောင်း ၎င်းက ပြောသည်။

တော်လှန်ရေးအင်အားစုများ၏ ဒရုန်းအဖွဲ့များသည် စစ်ကောင်စီ အမြောက်စခန်းများကို ချေမှုန်းပြီး တော်လှန်ရေး မြေပြင်တပ်က အနီးရှိ စစ်ကောင်စီစခန်းများကို ပိတ်ဆို့ဖြတ်တောက်သည်ဟု ဦးမင်းဇော်ဦးက ပြောသည်။ သူသည် စစ်တပ်နှင့် တိုင်းရင်းသားတပ်များ ပါဝင်သည့် အပစ်အခတ်ရပ်စဲရေးအတွက် အလုပ်လုပ်ခဲ့သူဖြစ်သည်။

တော်လှန်ရေး တပ်ဖွဲ့ဝင်များက ပစ်ချခဲ့သည့် စစ်ကောင်စီ၏ ဒရုန်းတစင်း အပျက်အစီးများ

တော်လှန်ရေး အင်အားစု၏ ဒရုန်းစစ်ရေးကို အထူးခြားဆုံး ပြသခဲ့သည်မှာ လွန်ခဲ့သောနှစ် အောက်တိုဘာလက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ သုံးဖွဲ့မဟာမိတ်၏ ၁၀၂၇ စစ်ဆင်ရေးအတွင်း ဖြစ်သည်ဟု သုတေသီ နှစ်ဦးက ပြောသည်။

ညီနောင်မဟာမိတ် သုံးဖွဲ့မှ တိုက်ခိုက်ရေးသမားများသည် စစ်ကောင်စီစခန်းများကို ဗုံးကြဲရန် ဒရုန်းများကို တလှိုင်းပြီး တလှိုင်း စေလွှတ်သည်ဟု နိုင်ငံတကာ သေနင်္ဂဗျူဟာလေ့လာရေး အင်စတီကျု (IISS) မှ မြန်မာ့ရေးရာကျွမ်းကျင်သူ မော်ဂန် မိုက်ကယ်က ပြောသည်။

သို့သော် နောက်ပိုင်းလများတွင် တော်လှန်ရေး အင်အားစုများသည် စစ်ကောင်စီဒရုန်းများ၏ တိုက်ခိုက်မှု စတင်ခံလာရသည်။

“၁၀၂၇ စစ်ဆင်ရေးနဲ့ စစ်ကောင်စီတပ်ကို တိုက်ဖို့ ဒရုန်းအသုံးပြုတဲ့နည်းလမ်းက စစ်ကောင်စီကို တပ်လှန့်လိုက်တာပဲလို့ ကျနော်ထင်တယ်။ အခုသူတို့က ထိုးစစ်မှာ ဒရုန်းအသုံးပြုမှု အကြီးအကျယ် ချဲ့ထွင်လာတယ်” ဟု စစ်မြေပြင်ကို အနီးကပ်လေ့လာနေသည့် မိုက်ကယ်က ပြောသည်။

“၁၀၂၇ စစ်ဆင်ရေးနဲ့ စစ်ကောင်စီတပ်ကို တိုက်ဖို့ ဒရုန်းအသုံးပြုတဲ့နည်းလမ်းက စစ်ကောင်စီကို တပ်လှန့်လိုက်တာပဲလို့ ကျနော်ထင်တယ်။ အခုသူတို့က ထိုးစစ်မှာ ဒရုန်းအသုံးပြုမှု အကြီးအကျယ် ချဲ့ထွင်လာတယ်” ဟု စစ်မြေပြင်ကို အနီးကပ်လေ့လာနေသည့် မိုက်ကယ်က ပြောသည်။

သီးနှံများကို ဆေးဖျန်းရန် ရည်ရွယ်ထုတ်လုပ်ထားသည့် ဒရုန်းများကို ပစ်ချခဲ့ကြောင်း တော်လှန်ရေးသမား နှစ်ဦးက Reuters သို့ ပြောသည်။ ၎င်းတို့ နှစ်ဦးသည် မြန်မာနိုင်ငံအရှေ့ပိုင်းတွင် အခြေစိုက်ပြီး တဦးက ၎င်းတို့ပစ်ချသည့် ဒရုန်းတွင် အင်္ဂလိပ်ဘာသာဖြင့် Boying ဟု ရေးထားကြောင်း ပြောသည်။

စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကသုံးသည် ဒရုန်းထိန်းချုပ် ကိရိယာများ ထုတ်လုပ်သည့် တရုတ်မှ Boying ကို ဆက်သွယ်သော်လည်း မှတ်ချက်မပေးပေ။

ဒရုန်းတိုက်ခိုက်ရေးတပ်ဖွဲ့ အင်အားတိုးချဲ့ခြင်းကို စစ်မြေပြင်တွင် အင်အားနည်းလာသောကြောင့် အတင်းအကျပ် စစ်သားစုဆောင်းနေရပြီး စိတ်ဓာတ်ကျနေသည့် စစ်ကောင်စီတပ်များက ကြိုဆိုကြသည်ဟု ဦးမင်းဇော်ဦးက ပြောသည်။

စစ်တပ်သည် ပြန်လည်လေ့ကျင့် အင်အားတောင့်တင်းအောင် အချိန်ယူနေရသည့်အတွက် ခံစစ်အနေအထား ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ “တချိန်တည်းမှာပဲ သူတို့က ရန်သူစခန်းတွေကို ဒရုန်းသုံးပြီး နှောက်ယှက် တိုက်ခိုက်လိမ့်မယ်” ဟု ပြောသည်။

(Reuters ပါ Learning from Myanmar’s rebels, junta builds new Chinese drone fleet ကို ဘာသာပြန်သည်။)

You may also like these stories:

တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

ဒရုန်းခေတ်ရောက်ပြီ

“ဒရုန်းတွေက ကျနော်တို့ လေတပ်ပဲ”

ဒု စစ်ခေါင်းဆောင် ရောက်နေချိန် ရတခ ဒရုန်းဖြင့် တိုက်ခိုက်ခံရ

နေပြည်တော် စစ်ရုံးချုပ်နှင့် အေလာလေတပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးBoyingCH-3UAVsစစ်ကောင်စီစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့တရုတ်တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံတော်လှန်ရေး အင်အားစုဒရုန်းတပ်ဖွဲ့ပြည်တွင်းစစ်လေကြောင်းတိုက်ခိုက်မှုအမျိုးသားညီညွတ်ရေးအစိုးရ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အာဏာသိမ်း မြန်မာစစ်ဗိုလ်ချုပ်များကို အိန္ဒိယက လူရာသွင်းနေဆဲ

အာဏာသိမ်း မြန်မာစစ်ဗိုလ်ချုပ်များကို အိန္ဒိယက လူရာသွင်းနေဆဲ

အရူးမီးဝိုင်း စစ်ကောင်စီက သတင်းစီးဆင်းမှု ရပ်ရန် VPN များကို လိုက်ပိတ်

အရူးမီးဝိုင်း စစ်ကောင်စီက သတင်းစီးဆင်းမှု ရပ်ရန် VPN များကို လိုက်ပိတ်

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved