• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

“ဒရုန်းတွေက ကျနော်တို့ လေတပ်ပဲ”

by Aakash Hassan နှင့် Hannah Ellis-Petersen
25 January 2024
in ဆောင်းပါး
A A
“ဒရုန်းတွေက ကျနော်တို့ လေတပ်ပဲ”

အနီးရှိ စစ်ကောင်စီအခြေစိုက်စခန်း တခုကို တိုက်ခိုက်ရန် ဒရုန်းပြင်ဆင်နေသည့် တော်လှန်ရေး ဒရုန်းတပ်ဖွဲ့ / AFP / Getty Images

4.5k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံအနောက်ပိုင်း ချင်းတောင်တန်းများပေါ်တွင် ဒရုန်းများ တိတ်ဆိတ်စွာ ပျံသန်းနေစဉ် စစ်ကောင်စီတပ်သည် ၎င်းတို့အပေါ် မည်သည်တို့ ကျရောက်လာမည်ကို မသိကြပေ။ ထိုဒရုန်းများကို မောင်းနှင်သူများသည် မီတာအနည်းငယ်အကွာရှိ ထူထပ်သော သစ်တောများတွင် ပုန်းအောင်းနေသည်။ ၎င်းတို့၏ ထိန်းချုပ်ကိရိယာ မျက်နှာပြင်မှ ပုံများအရ ဒရုန်းများသည် လိုင်လင်းပီမြို့မှ အဓိက စစ်စခန်းတခုဖြစ်သော ပစ်မှတ်အပေါ် အတိအကျတွင် ပျံဝဲနေသည်။ ၎င်းတို့သည် ထိန်းချုပ်ကိရိယာမှ ခလုတ်ကို နှိပ်လိုက်သောအခါ ဗုံးများ စတင်ကျသွားသည်။

“အတိအကျ ထိမှန်တယ်” ဟု စစ်တပ်ကို သုံးနှစ်နီးပါး တိုက်ခိုက်နေသည့် လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအနက် တခုဖြစ်သော ချင်းအမျိုးသားတပ်မတော် (CNA) မှ ဒရုန်းတပ်ဖွဲ့ဝင် အသက် ၂၀ အရွယ် နိုအာက ပြောသည်။ “သူတို့ အငိုက်မိသွားတယ်။ စခန်းက ဒုတပ်မှူး အပါအဝင် အများအပြားကို ရှင်းလိုက်နိုင်တယ်” ဟု ၎င်းကပြောသည်။

သုံးရက်ကြာ တိုက်ခိုက်ပြီးနောက် ထိုတော်လှန်ရေးအင်အားစုသည် အထက်ပါစခန်းတွင် ၎င်းတို့၏ သုံးရောင်ခြယ် အလံကို လွှင့်ထူပြီး အောင်ပွဲကြွေးကြော်သံများ ဟစ်ကြွေးနိုင်ခဲ့သည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.8k
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
556

ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြုတ်ချပြီး နိုင်ငံကို သိမ်းပိုက်ထားသည့် စစ်ကောင်စီနှင့် ထိုအချိန်မှစတင်ပြီး ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအင်အားစုအကြား သွေးချောင်းစီး စစ်ပွဲတွင် အရေးပါသော အပြောင်းအလဲ ဖြစ်ပွားနေသည်။

စစ်ကောင်စီသည် နိုင်ငံ၏ ၅၀ ရာခိုင်နှုန်းကျော်ကို ထိန်းချုပ်မှုဆုံးရှုံးပြီး အိန္ဒိယနယ်စပ် ချင်းပြည်နယ်တွင် CNA တပ်များသည် အဓိကကျသည့် စစ်စခန်း ငါးခုအပါအဝင် ပြည်နယ်၏ ၇၀ ရာခိုင်နှုန်းကျော်ကို ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ဖြုတ်ချပြီး နိုင်ငံကို သိမ်းပိုက်ထားသည့် စစ်ကောင်စီနှင့် ထိုအချိန်မှစတင်ပြီး ဒီမိုကရေစီ ပြန်လည်ထိန်းသိမ်းရန် တိုက်ပွဲဝင်နေသည့် တော်လှန်ရေးအင်အားစုအကြား သွေးချောင်းစီး စစ်ပွဲတွင် အရေးပါသော အပြောင်းအလဲ ဖြစ်ပွားနေသည်။

၎င်းတို့၏ မကြာသေးမီက အောင်ပွဲများအတွက် လျှို့ဝှက်ချက်မှာ ဒရုန်းတပ်ဖွဲ့သစ်နှင့် တော်လှန်ရေး စစ်သားများပင် ဖြစ်သည်။ ၎င်းတို့အများစုသည် သာမန်အရပ်သားများသာဖြစ်ပြီး ဒရုန်းများကို ပျံသန်းရန် တနှစ်ကြာ လေ့ကျင့်ထားသူများ ဖြစ်သည်။

“ကျနော်တို့ အောင်ပွဲတွေရဲ့ သော့ချက်က ဒရုန်းတွေပဲ” ဟု CNA လက်ထောက် အထွေထွေအတွင်းရေးမှူး ရမ်ကုလ်ကျုံးက ပြောသည်။ “လိုင်လင်းပီမှာလိုပဲ အဲဒီတိုက်ပွဲတွေကို လပေါင်းများစွာ စီစဉ်လေ့ကျင့် တိုက်ခိုက်ခဲ့တယ်” ဟု ၎င်းကပြောသည်။

ချင်းပြည်နယ်မှ CNA ၏ ဗဟိုဌာနချုပ်ဖြစ်သော ဝိတိုရိယ စခန်းသို့ မကြာသေးမီက သွားရောက်သောအခါ ထောင်နှင့်ချီသည့် စီးပွားရေးလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဒရုန်းများကို Observer သို့ ပြသခဲ့သည်။ စစ်ကောင်စီ ထိန်းချုပ်နယ်မြေများမှ ပစ်မှတ်များကို တိုက်ခိုက်ရန် တင်သွင်းထားသည့် ထိုဒရုန်းများမှာ အများအားဖြင့် တရုတ်နိုင်ငံမှ တင်သွင်းထားခြင်း ဖြစ်သော်လည်း အချို့မှာ အမေရိကန် ပြည်ထောင်စုကဲ့သို့သော အနောက်နိုင်ငံများမှ တင်သွင်းထားသည့် ဒရုန်းများ ဖြစ်သည်။

ချင်းအမျိုးသားတပ်မတော် (CNA) ဌာနချုပ် တည်ရှိရာ ဝိတိုရိယစခန်းရှိ ကင်းစခန်းမှ တော်လှန်ရေးတပ်သားများ / Aakash Hassan / The Observer

စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ၎င်းတို့သည် တနိုင်ငံလုံးတွင် ရက်စက်ကြမ်းကြုတ်သော နှိမ်နင်းမှုများနှင့် ရင်ဆိုင်ရသည်။ စစ်ကောင်စီစစ်သားများသည် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုမြောက်သော အငြင်းပွားဖွယ် ဖမ်းဆီးမှုများ၊ ညှဉ်းပန်း နှိပ်စက်မှုများ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ အဓမ္မပြုကျင့်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က ပြောသည်။ အာဏာသိမ်းပြီးနောက် ပဋိပက္ခအတွင်း အရပ်သား ၄,၀၀၀ ကျော် သတ်ဖြတ်ခံရသည်ဟု ဆိုသည်။

မကြာသေးမီကအထိ စစ်တပ်သည် အဆင့်မြင့်လေတပ်ဖြင့် ကြီးမားသော အားသာမှု ရခဲ့သည်။ လေတပ်ကို လူအသေအပျောက်များသည့် လေကြောင်းတိုက်ခိုက်မှုများအတွက် အသုံးပြုပြီး တော်လှန်ရေးဒေသများကို ပစ်မှတ်ထား တိုက်သောကြောင့် လူထောင်ချီ သေဆုံးပြီးဖြစ်သည်။

သို့သော် တိုက်လေယာဉ်များကို ထိန်းသိမ်းမောင်းနှင်ရခြင်းသည် စစ်ကောင်စီအတွက် လွန်စွာ အကုန်အကျများစေပြီး တော်လှန်ရေး အင်အားစုများက စစ်တပ်ထိန်းချုပ်ဒေသများကို တိုက်ရန် ကျွမ်းကျင်စွာ အသုံးပြုသည့် ဈေးသက်သာသော ဒရုန်းများကို မယှဉ်နိုင်ပေ။

တိုက်လေယာဉ်များကို ထိန်းသိမ်းမောင်းနှင်ရခြင်းသည် စစ်ကောင်စီအတွက် လွန်စွာ အကုန်အကျများစေပြီး တော်လှန်ရေး အင်အားစုများက စစ်တပ်ထိန်းချုပ်ဒေသများကို တိုက်ရန် ကျွမ်းကျင်စွာ အသုံးပြုသည့် ဈေးသက်သာသော ဒရုန်းများကို မယှဉ်နိုင်ပေ။

စစ်ကောင်စီတပ်များသည် ပြင်းထန်သော တိုက်ခိုက်မှုများကို ရင်ဆိုင်ရကြောင်း၊ တော်လှန်ရေး အင်အားစုများသည် စစ်စခန်းများအပေါ် ဗုံးရာပေါင်းများစွာကြဲချရန် ဒရုန်းများကို သုံးနေကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။

နယ်စပ် မြန်မာဘက်အခြမ်းမှ စခန်းအများစုကို တော်လှန်ရေး အင်အားစုများက သိမ်းပိုက်ထားမှု၊ ခြိမ်းခြောက်မှု ရှိနေကြောင်း အိန္ဒိယစစ်အရာရှိများက ပြောသည်။ လွန်ခဲ့သော နှစ်လအတွင်း မြန်မာစစ်သား ၄၀၀ ကျော်သည် တော်လှန်ရေး အင်အားစုများ၏ တိုက်ခိုက်မှုခံရသောကြောင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသည်။

တော်လှန်စစ်တွင် ဒရုန်းနည်းပညာ အောင်မြင်မှု လွန်စွာရသောကြောင့် စစ်ကောင်စီသည် အရပ်ဘက်သုံး ဒရုန်းများကို တိုက်ခိုက်ရေးတွင် စတင် အသုံးပြုလာသော်လည်း တော်လှန်ရေး အင်အားစုများလောက် ထိရောက်စွာ အသုံးပြုနိုင်သည့် လေ့ကျင်မှု မရှိပေ။

ချင်းအမျိုးသားတပ်မတော် (CNA) မှ တော်လှန်ရေးအဖွဲ့ဝင် အသက် ၂၁ နှစ်အရွယ် ဇိုင်လန်ပါ / Aakash Hassan / The Observer

“ဒရုန်းအသုံးပြုခြင်းက မြန်မာ့စစ်မြေပြင်မှာ ကြီးမားတဲ့ အပြောင်းအလဲဖြစ်စေတယ်”ဟု နယူးဒေလီ အခြေစိုက် မူဝါဒ သုတေသနဌာနမှ လက်ထောက်သုတေသီ အန်ရှုမန် ချောင်ဒရီက ပြောသည်။ “ဒရုန်းတွေက စစ်တပ်နဲ့ တော်လှန်ရေး အင်အားစုအကြား နည်းပရိယာယ်ကွာဟမှုကို အဆုံးသတ် မပေးနိုင်သေးပေမယ့် သိသိသာသာ လျော့ကျစေတယ်” ဟု ပြောသည်။

ဒရုန်းများကြောင့် စစ်ကောင်စီ အရာရှိနှင့် စစ်သားများအကြားတွင် ၎င်းတို့သည် လျှို့ဝှက်စောင့်ကြည့်ခံနေရပြီး လေကြောင်းမှ မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို တိုက်ခိုက်ခံရနိုင်သည်ဆိုသည့် ကြောက်လန့်မှုကို ဖြစ်စေကြောင်း၊ ထိုကိစ္စသည် အာဏာမသိမ်းမီက စဉ်းစားကြည့်ရန်ပင် လုံးဝ မဖြစ်နိုင်သည့်ကိစ္စဖြစ်ကြောင်း သုတေသီ အန်ရှုမန် ချောင်ဒရီက ပြောသည်။

CNA သည် လွန်ခဲ့သော တနှစ်အတွင်း ထူထောင်ထားသည့် ဒရုန်း အထူးဌာနထားရှိသည့် တော်လှန်ရေး အင်အားစုများအနက် တခုသာဖြစ်သည်။ ထိုတော်လှန်ရေးအဖွဲ့မှ စစ်သားများသည် ဒရုန်းနည်းပညာကို YouTube မှ လေ့လာပြီး လေ့ကျင့်မှု လပေါင်းများစွာ ပြုလုပ်ထားသူများ ဖြစ်သည်။

“ဒရုန်းတပ်ဖွဲ့မှာ ကျွမ်းကျင်တဲ့ လူငယ်တိုက်ခိုက်ရေးသမားတွေ ပါဝင်တယ်။ တချို့က အင်ဂျင်နီယာ ကျောင်းသားတွေဖြစ်ပြီး တချို့က ဝါသနာရှင်အနေနဲ့ ဒရုန်းအကြောင်း လေ့လာထားသူတွေ ဖြစ်တယ်။ ဒရုန်းတပ်ဖွဲ့ ကျွမ်းကျင်မှု အဆင့်မြှင့်ဖို့နဲ့ နောက်ထပ်လူတွေကို လေ့ကျင့်ပေးဖို့ အင်တာနက်ကို အားကိုးကြတယ်” ဟု လက်ထောက် အထွေထွေအတွင်းရေးမှူး ရမ်ကုလ်ကျုံးက ပြောသည်။

ထိုနည်းပညာသည် အခြေအနေကို ပြောင်းလဲသွားစေသည်ဟု ၎င်းက ပြောသော်လည်း “လက်နက်နဲ့ ဒရုန်း ဝယ်ရတာ ကျနော်တို့အတွက် ခက်ခဲတယ်။ စစ်ပွဲမှာ လွယ်တာတခုမှ မရှိဘူး” ဟု ဆက်လက်ပြောသည်။

“ဒရုန်းတပ်ဖွဲ့မှာ ကျွမ်းကျင်တဲ့ လူငယ်တိုက်ခိုက်ရေးသမားတွေ ပါဝင်တယ်။ တချို့က အင်ဂျင်နီယာ ကျောင်းသားတွေဖြစ်ပြီး တချို့က ဝါသနာရှင်အနေနဲ့ ဒရုန်းအကြောင်း လေ့လာထားသူတွေ ဖြစ်တယ်။ ဒရုန်းတပ်ဖွဲ့ ကျွမ်းကျင်မှု အဆင့်မြှင့်ဖို့နဲ့ နောက်ထပ်လူတွေကို လေ့ကျင့်ပေးဖို့ အင်တာနက်ကို အားကိုးကြတယ်”

စစ်လက်နက်ကိရိယာ အများစုသည် တရုတ်နှင့် ထိုင်းနယ်စပ်မှ လာခြင်းဖြစ်ပြီး လက်နက် မဝင်ရောက်စေရန် နယ်စပ်ကို တင်းကျပ်စွာ ထိန်းချုပ်ထားသည့် အိန္ဒိယမှ လာခြင်းမဟုတ်ကြောင်း တပ်မှူးများက ပြောသည်။

တော်လှန်ရေး အင်အားစုများ၏ မကြာသေးမီက အောင်ပွဲများသည် မဟာမိတ်ဖွဲ့ခြင်းနှင့် မြန်မာတနိုင်ငံလုံးတွင် စစ်ကောင်စီကို တိုက်နေသည့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများအကြား ပိုမိုညှိနှိုင်း ဆောင်ရွက်ခြင်းကြောင့် ဖြစ်ကြောင်း CNA ခေါင်းဆောင်ပိုင်းက ပြောသည်။ ထိုအင်အားစုများသည် ဦးစားပေးမှု မတူခြင်းနှင့် အချင်းချင်း မသင့်မြတ်ခြင်းကြောင့် ယခင်က အမြဲတမ်း ပူးပေါင်းဆောင်ရွက်ကြသည် မဟုတ်ပေ။

ချင်းပြည်နယ်မှ ချင်းအမျိုးသားတပ်မတော် (CNA) တပ်ဖွဲ့ဝင်များ / Aakash Hassan/The Observer

အောက်တိုဘာလနှောင်းပိုင်းတွင် ညီနောင်မဟာမိတ် သုံးဖွဲ့ဟုခေါ်သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများသည် မြန်မာနှင့် တရုတ်နယ်စပ်၊ ရှမ်းပြည်နယ်မှ စစ်တပ်စခန်းများကို သိမ်းယူရန် ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည်။ ထိုစစ်ဆင်ရေး အရှိန်အဟုန် ပိုမိုမြင့်မားစေရန် ရက္ခိုင့်တပ်တော် (AA) နှင့် CNA အပါအဝင် အခြားတော်လှန်ရေး အင်အားစုများကလည်း ၎င်းတို့ဒေသများတွင် စစ်ဆင်ရေးများ ပြုလုပ်ပြီး အထက်ပါစစ်ဆင်ရေးကို ထောက်ခံကြသည်။ ထိုထိုးစစ်သည် နောက်ဆုံးတွင် စစ်ကောင်စီထံမှ မြို့ပေါင်းများစွာနှင့် စခန်း ၁၀၀ ကျော်ကို သိမ်းယူနိုင်ခဲ့သည်။

လွန်ခဲ့သောအပတ်တွင် စစ်တပ်က ပိုမိုအင်အားချိနဲ့လာသည်ဟု ယူဆနိုင်သည့်လက္ခဏာအဖြစ် စစ်ကောင်စီနှင့် တိုင်းရင်းမဟာမိတ်များသည် တရုတ်၏ စေ့စပ်ညှိနှိုင်းမှုဖြင့် တရုတ်နယ်စပ်တွင် အပစ်အခတ်ရပ်စဲကြောင်း ကြေညာသည်။ သို့သော် ထိုသို့အပစ်အခတ်ရပ်စဲရာတွင် CNA ပါဝင်ခြင်းမရှိဘဲ ချင်းပြည်နယ်တွင် လိုက်နာရန် မလိုကြောင်း Observer သို့ ပြောသည်။

ဝိတိုရိယစခန်း ဌာနချုပ်တွင် နံနက်တိုင်း ရာပေါင်းများစွာသော စစ်သားသစ်များသည် စစ်ရေးပြ ချီတက်ကြသည်။ ၎င်းတို့သည် သင်တန်း လအနည်းငယ်သာတက်ပြီး ရှေ့တန်းထွက်ကြသူများ ဖြစ်သည်။ မကြာသေးမီက အောင်ပွဲအများအပြား ရသောကြောင့် စိတ်ဓာတ်တက်ကြွနေသော်လည်း အနီးရှိ သင်္ချိုင်းတခုက ထိုစစ်ပွဲသည် လွယ်ကူသည့် စစ်ပွဲမဟုတ်ကြောင်း ပြသနေသည်။ မကြာသေးမီက စစ်ဆင်ရေးများတွင် ကျဆုံးသည့် လူငယ်တိုက်ခိုက်ရေးသမား နှစ်ဒါဇင်ကျော်ကို ထိုနေရာတွင် မြှုပ်နှံထားပြီး အုတ်ဂူများတွင် ၎င်းတို့၏ သူရဲကောင်းပီသသော စစ်မြေပြင် စွမ်းဆောင်မှုများကို ဂုဏ်ပြုရေးထိုးထားသည်။

အောင်ပွဲအများအပြား ရသောကြောင့် စိတ်ဓာတ်တက်ကြွနေသော်လည်း အနီးရှိ သင်္ချိုင်းတခုက ထိုစစ်ပွဲသည် လွယ်ကူသည့် စစ်ပွဲမဟုတ်ကြောင်း ပြသနေသည်။ မကြာသေးမီက စစ်ဆင်ရေးများတွင် ကျဆုံးသည့် လူငယ်တိုက်ခိုက်ရေးသမား နှစ်ဒါဇင်ကျော်ကို ထိုနေရာတွင် မြှုပ်နှံထားပြီး အုတ်ဂူများတွင် ၎င်းတို့၏ သူရဲကောင်းပီသသော စစ်မြေပြင် စွမ်းဆောင်မှုများကို ဂုဏ်ပြုရေးထိုးထားသည်။

မြန်မာတော်လှန်ရေးတပ်များ၏ စစ်ရေးစစ်မျက်နှာသစ်ကို ဒရုန်းများက ဖွင့်လှစ်ပေးလိုက်ခြင်းနှင့်အတူ CNA ဒရုန်းတပ်တပ်မှူး အသက် ၄၉ နှစ်အရွယ် စဘူးသည် စစ်ကောင်စီကို ချေမှုန်းရန် ယုံကြည်မှု ရှိသူများတွင် ပါဝင်သည်။

“ကနဦးတုန်းက ကျနော်တို့ ဒရုန်း မသုံးတတ်တော့ ပထမတနှစ်မှာ ပစ်မှတ်အများစုကို မထိဘူး” ဟု ၎င်းကပြောသည်။

သို့သော် အထူးဂရုစိုက် လေ့ကျင့်သောအကျိုးကို ယခုခံစားရပြီဖြစ်ကြောင်းလည်း ပြောသည်။ စစ်ကောင်စီကို တိုက်ခိုက်သည့် မကြာသေးမီက အောင်မြင်သော မြေပြင်ထိုးစစ်များ မစတင်မီ အရုဏ်မတက်မီ ဒရုန်းများဖြင့် ဦးစွာတိုက်ခိုက်ကြသည်။ “ဒရုန်းတွေက ကျနော်တို့အတွက် လေတပ်ပဲ” ဟု ဒရုန်းတပ်တပ်မှူး စဘူးက ပြောသည်။

“သူတို့နဲ့ စစ်ပွဲမှာ ကျနော်တို့နိုင်မယ်” ဟု ၎င်းက ဆက်ပြောသည်။

(The Guardian ပါ Aakash Hassan နှင့် Hannah Ellis-Petersen တို့၏ ‘We killed many … drones are our air force’: Myanmar’s rebels take on the junta from above ကို ဘာသာပြန်သည်။)

You may also like these stories:

ဒရုန်းခေတ်ရောက်ပြီ

တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

ဒုံးကျည်နှင့်ဒရုန်း ရရှိရေး စစ်ကောင်စီက အီရန်ဘက် ခြေဦးလှည့်နေ

စစ်ကောင်စီတပ်က ကြောက်နေရတဲ့ ဒရုန်းတိုက်ခိုက်မှုများ

သူတို့ရဲ့ အကြောက်ဆုံးအရာက ဒရုန်းဖြစ်နေပြီ (ရုပ်/သံ)

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးAACANSliderချင်းပြည်နယ်စစ်ကောင်စီစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ် သုံးဖွဲ့ဒရုန်းတိုက်ခိုက်မှုလေကြောင်းတိုက်ခိုက်မှု
Aakash Hassan နှင့် Hannah Ellis-Petersen

Aakash Hassan နှင့် Hannah Ellis-Petersen

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၂၃ တွင် ပင်လယ်ပြင်၌ ရိုဟင်ဂျာ ၅၆၉ ဦး သေဆုံး

၂၀၂၃ တွင် ပင်လယ်ပြင်၌ ရိုဟင်ဂျာ ၅၆၉ ဦး သေဆုံး

ထိုင်း MoU လုပ်သားများအား လေကြောင်းဖြင့်ပို့မည်

ထိုင်း MoU လုပ်သားများအား လေကြောင်းဖြင့်ပို့မည်

No Result
View All Result

Recommended

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved