• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်ကောင်စီတပ်က ကြောက်နေရတဲ့ ဒရုန်းတိုက်ခိုက်မှုများ

by ဧရာဝတီ
25 April 2023
in ဆောင်းပါး
A A
Federal Wings ဒရုန်းတပ်ဖွဲ့

Federal Wings ဒရုန်းတပ်ဖွဲ့

16.8k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း မြန်မာစစ်တပ်သည် မြေပြင်စစ်ကြောင်းများ အထိနာလာ၍ လေကြောင်း စစ်ဆင်ရေးများကို အဓိကအားကိုးပြီး တိုက်ခိုက်လာသလို တော်လှန်ရေးအင်အားစုများ ဘက်တွင်လည်း စစ်ကောင်စီ ရှေ့တန်းစခန်းများ နှင့် စစ်ကြောင်းများကို ဒရုန်းတိုက်ခိုက်မှုများ အရှိန် မြှင့်လုပ်ဆောင်လာနိုင်သည်။

ယခုနှစ် ဧပြီလအတွင်း ဖြစ်ပွားသော တိုက်ပွဲတချို့တွင် အင်အားရာချီပါသော စစ်ကောင်စီစစ် ကြောင်းများကို တော်လှန်ရေးမြေပြင် ပူးပေါင်းတပ်ဖွဲ့များနှင့် ဒရုန်းတပ်ဖွဲ့များ စနစ်တကျ ချိတ် ဆက်တိုက်ခိုက်မှုတို့ကြောင့် စစ်ကောင်စီတပ်များသည် စစ်ကြောင်းတခုလုံး ကျဆုံးရသည်အထိ ဖြစ်ခဲ့ရသည်။

အဓိကအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တို့ ပူးပေါင်းစစ်ဆင်ရေးလုပ်ဆောင်သော ကရင်နီ(ကယား)၊ ကရင်နှင့် ချင်းပြည်နယ်တို့တွင် ဖြစ်ပွားသော တိုက်ပွဲများတွင် ထိရောက်သော ဒရုန်းတိုက်ခိုက်မှုများကို တွေ့မြင်ရသည်။

မကြာသေးသည့် မတ်လအတွင်းက စစ်ကိုင်းတိုင်း ကလေးမြို့မှ ချင်းပြည်နယ် ဟားခါးမြို့သို့ ကလေး-ဖလမ်း-ဟာခါးလမ်းကြောင်းအတိုင်း တက်လာသော သံချပ်ကာယာဉ်နှစ်စီးနှင့် တွဲကား ၂၈ စီးခန့် ပါဝင်သော စစ်ကောင်စီစစ်ကြောင်းအား ဧပြီ ၁၃ ရက်နေ့က ချင်းပြည်နယ်၊ ဟားခါးမြို့ နှင့် ၁၀ မိုင်ခန့်အကွာ ချွန်ကျုံးရွာအရောက်တွင် ချင်းပူးပေါင်းတပ်များက ချေမှုန်းတိုက်ခိုက်လိုက်ရာ တိုက်ပွဲအတွင်းတွင် စစ်ကောင်စီ၏ သံချပ်ကာယာဉ် နှစ်စီးစလုံးသည် ချင်းတော်လှန်ရေး အင်အားစုများ၏ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခံရပြီး အသုံးပြု၍ မရတော့သည်အထိ မီးလောင်ပျက်စီးခဲ့ရသည်။

Federal Wings ဒရုန်းတပ်ဖွဲ့

ချင်းအမျိုးသားတပ်ဦး (CNF)၏ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “အဓိက သံချပ်ကာကားကို ဒရုန်းနဲ့ ဖျက်ဆီးနိုင်ခဲ့တာ၊ တစီးကတော့ လုံးလုံး မီးလောင်သွားတာပေါ့။ တစီးကတော့ စက်ချို့ယွင်းပြီး လုံးဝ သုံးလို့မရအောင် လုပ်နိုင်ခဲ့တာပေါ့။ သံချပ်ကာကားတွေကတော့ သုံးစား မရနိုင်တော့ပါဘူး” ဟု ပြောသည်။

နောက်ထပ်ဖြစ်စဉ်တခုမှာ စစ်ရေးတင်းမာနေသော ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်ရှိ စစ် ကောင်စီ၏ ရှေ့တန်းစခန်းတခုဖြစ်သော ဝေါလေဗျူဟာစခန်းကုန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ရှိ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ၊ တပ်ရင်း ၈ နှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့က ဧပြီ ပထမပတ်အတွင်းက ဒရုန်းများဖြင့်ဗုံးကြဲတိုက်ခိုက်ရာ စခန်းအတွင်း အထိုင် ချထားသော ၁၂၂ မမ ဟောင်ဝစ်ဇာအမြှောက်တခု မီးလောင်ပျက်စီးခဲ့သလို စစ်ကောင်စီ တပ်ဖွဲ့ဝင် အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့သည်ကို တော်လှန်ရေးအင်အားစုများ ထုတ်ပြန်ထားသော အဆိုပါ တိုက်ပွဲ ရုပ်သံမှတ်တမ်းအရ သိရသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် နှစ်စပိုင်းမှ စတင်ပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသော ကရင်နီပြည်နယ်အတွင်းက တိုက်ပွဲများတွင်လည်း စစ်ကောင်စီ စစ်ကြောင်းများသည် တော်လှန်ရေးအင်အားစုများ၏ မြေပြင်နှင့် ဒရုန်းတိုက်ခိုက်မှုတို့ကြောင့် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း ဒေါမတကြီးကျေးရွာနှင့် ဘောလခဲနယ်စပ်တိုက်ပွဲများတွင် စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးအဆင့်အပါအဝင် တပ်ဖွဲ့ဝင် ရာနှင်ချီ သေဆုံးပြီး လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းခံခဲ့ရသည်။

အထက်ပါ တိုက်ပွဲများသည် တော်လှန်ရေးအင်အားစု၏ ဒရုန်းတိုက်ခိုက်မှုများ ကျယ်ပြန့်လာသော တိုက်ပွဲတချို့သာဖြစ်ပြီး ၂၀၂၂ခုနှစ် နှစ်လယ်ပိုင်းမှ စတင်၍ စစ်ကောင်စီ၏ နယ်စပ်ရှေ့တန်း စစ်စခန်း များ၊ စစ်ရေးဆိုင်ရာအဆောက်အအုံများနှင့် စစ်ကြောင်းများသည် တော်လှန်ရေးအင်အားစုများ၏ ဒရုန်းတိုက်ခိုက်မှုများကို ခံနေရပြီဖြစ်သည်။

ကရင်ပြည်နယ်အတွင်း အဓိကလှုပ်ရှားနေသည့် ဒရုန်းတပ်ဖွဲ့တခုဖြစ်သော Federal Wings အဖွဲ့က ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း၌ ဒရုန်း တိုက်ခိုက်မှု စစ်ဆင်ရေးပေါင်း ၄၃၇ ကြိမ်လုပ်နိုင်ခဲ့ပြီး စစ်ကောင် စီတပ်ဖွဲ့ဝင် ၂၀၀ ဝန်းကျင်ကို ထိခိုက်အောင် တိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ဒရုန်းနှင့် ချမည့် ဗုံးတလုံးတွင် စစ်ကောင်စီက ကြိုးပေးသတ်ခံရသူ ဦးဖြိုးဇေယျာသော် ပုံချိတ်ဆွဲထားစဉ်

ယခင်က တော်လှန်ရေးအင်အားစုများ၏ ဖျက်ဆီးနိုင်စွမ်း အားနည်းပြီး ပစ်မှတ် ထိရောက်မှု မသေချာသော ဒရုန်းတိုက်ခိုက်မှုများမှသည် ယခုအခါ မြေပြင်တိုက်ပွဲများကို အလှည့်အပြောင်း ဖြစ်စေသော ဒရုန်းတိုက်ခိုက်မှုများအဖြစ် ပြောင်းလဲနိုင်ခဲ့ပြီဟု ဆိုရမည်။

ဒရုန်းများ အဆင့်ဆင့်ပြောင်းလဲလာခြင်း

တော်လှန်ရေးအင်အားစုများသည် အစပိုင်းကာလများတွင် ဒရုန်းများကို နည်းပညာ၊ ဘဏ္ဍာငွေနှင့် ပစ္စည်းကိရိယာ မလုံလောက်မှု ပြဿနာများကြောင့် မြေပြင်အခြေအနေ စုံစမ်းထောက်လှမ်းခြင်းနှင့် လက်လုပ်အပေါ့စားဗုံးသီး အနည်းငယ်ကိုသာ သယ်ဆောင်နိုင်သော တိုက်ခိုက်ရေးဒရုန်းများကိုသာ လုပ်ဆောင်နိုင်ခဲ့ကြောင်း တော်လှန်ရေးဒရုန်းတပ်ဖွဲ့များက ဧရာဝတီသို့ ပြောသည်။

ထို့နောက် ၁ နှစ်နီးပါး အတွေ့အကြုံရှိလာသောအခါတွင် မော်တာ(စိန်ပြောင်း)တွင် ထည့်သွင်းပစ်သော ၆၀ မမ ကဲ့သို့ ဖျက်စွမ်းအားရှိသော ဗုံးသီးများကို အနည်းဆုံး ၃ လုံး မှ ၆ လုံးဝန်းကျင်အထိ သယ် ဆောင်နိုင်သော ဒရုန်းများကို တီထွင်လာနိုင်ပြီဖြစ်သည်။

တော်လှန်ရေးဒရုန်းတပ်ဖွဲ့များ၏ အဆိုအရ ယခုနောက်ပိုင်းတွင် Multi Copter ဒရုန်း ၊ Fixed Wings ဒရုန်းအမျိုးအစားများနှင့် ထိုအမျိုးအစား ၂ မျိုးကို ပေါင်းစပ်တီထွင်ထားသောဒရုန်းများကို အသုံးပြု လာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။ စစ်ရေးအချက်အလက်များဖြစ်၍ ဒရုန်းများ၏ အသေးစိတ်အချက် အလက်များကို ဒရုန်းတပ်ဖွဲ့များက ဖြေကြားခြင်း မရှိပါ။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖေါက်ခွဲရေးနှင့် နည်းပညာဌာန တာဝန်ခံ ကိုလူခေတ်က “ အခုနောက်ပိုင်း ပစ်မှတ်တွေကို မှန်အောင် ထိအောင် လုပ်နိုင်တာကတော့ ကျနော်တို့ ဒရုန်းတပ်ဖွဲ့မှာ ပါဝင်တဲ့ ရဲဘော်တွေရဲ့ လေ့ကျင့်မှုတွေ၊ အတွေ့အကြုံတွေ များလာနိုင်တာကြောင့်ပါ။ နောက်ပြီးတော့ အရင်က ချတဲ့ ဗုံးသီးတွေက ပစ်မှတ်ကို တည့်တည့်မကျဘူး၊ ဒါကို ဒီ ၁ နှစ်အတွင်းမှာ ကျနော်တို့ သုတေသနတွေထပ်လုပ်ပြီး ပစ်မှတ်ကို တည့်တည့်ထိမှန်အောင် လုပ်လာနိုင်ပြီ ” ဟု ဧရာဝတီသို့ ပြောသည်။

ထို့ပြင် ယခုနောက်ပိုင်း အသုံးပြုသော ဒရုန်းဗုံးသီးများ၏ ဖျက်စွမ်းအားများသည်လည်း ပိုမိုတိုးတက် လာခဲ့ပြီး အီနာဂါ (ခေါ် ) ရိုင်ဖယ်ဗုံးသီး(Rifle grenade) နှင့် ၆၀ မမ မော်တာဗုံးသီး(စိန်ပြောင်း) ကဲ့သို့ ဖျက်စွမ်းအားရှိကြောင်း၊ ထိုဗုံးသီးများသည် မြေပြင်စမ်းသပ်ထားမှုအရ ပေ ၁၀၀ ပတ်လည်အထိ ထိခိုက်မှုရှိနိုင်ကြောင်း ၎င်းကဆိုသည်။

တချို့သော တော်လှန်ရေးဒရုန်းတပ်ဖွဲ့များသည် မီးလောင်ဗုံးများကဲ့သို့ ဒရုန်းဗုံးသီးများကို ထုတ်လုပ် လာနိုင်နေပြီဖြစ်ကြောင်း သိရသည်။

Federal Wings အဖွဲ့မှ တာဝန်ရှိသူတဦးက “ သူတို့(စစ်ကောင်စီ)ရဲ့ အရေးကြီးပါတယ်ဆိုတဲ့ စခန်းကုန်းတွေ၊ ဗျူဟာကုန်းတွေဆိုရင် သူတို့ဂျန်မာ Jammer တွေ အပြည့်ကာထားတာပဲ။ ဘယ်နေရာမှာမဆို၊ အဲဒါကိုလည်း ကျနော်တို့ ဒရုန်းတပ်ဖွဲ့တွေက ထိုးဖောက်ဝင်ရောက်ပြီး တိုက်သွားတာတို့၊ ဗုံးကြဲသွားတို့ လုပ်နေတာ။ အခုခြိမ်းခြောက်မှုဆိုတာက အခု အစပဲ ရှိပါသေးတယ်။ ဒီထက်မက လုပ်ဆောင်နိုင်မှုတွေက ဖြစ်ကို ဖြစ်လာဦးမှာ” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိအချိန်တွင် တော်လှန်ဒရုန်းတပ်ဖွဲ့များသည် ဒရုန်းတိုက်ခိုက်မှုများအတွက် မြေစမ်းခရမ်းပျိုး သည့်အဆင့်ထက် ကျော်လွန်လာပြီဖြစ်သည့်အတွက် ယခုထပ်ပိုပြီး တိုးတက်လာရန်ပင်ရှိကြောင်း ၎င်းက ဆိုသည်။

ဒရုန်းပေါ်က ဗုံးများ ဖြုတ်ချစဉ်

စစ်ကောင်စီတပ်များ ကြောက်ရွံ့နေရသည့် ဒရုန်းများ

တော်လှန်ရေးဒရုန်းတပ်ဖွဲ့များ၏ ဒရုန်းများနှင့် ဗုံးသီးများ အဆင့်မြှင့်လာနိုင်ခြင်းသည် စစ်ကောင်စီကို အထိနာစေကဲ့သို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့များကိုလည်း အထိအခိုက် အကျဆုံး နည်းပါးလာစေ သည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
7
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
61
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
21

ယခင်က စစ်ကောင်စီ၏ စခန်းသိမ်းတိုက်ပွဲများနှင့် ထိပ်တိုက်တွေ့ဆုံသော တိုက်ပွဲများတွင် တော်လှန် ရေးအင်အားစုများသည် မြေပြင်တပ်ဖွဲ့များကို အဓိက အားကိုးတိုက်ခိုက်ခဲ့ရပြီး ထိုအချိန်က စစ် ကောင်စီဘက်မှ လက်နက်ကြီးပစ်ကူနှင့် လေကြောင်းပစ်ကူတို့ကြောင့် တော်လှန်ရေးအင်အားစုများ ဘက်က အကျအဆုံး များခဲ့ရသည်။

ယခုတွင် ဒရုန်းတပ်ဖွဲ့များ၏ အားကောင်းလာမှုကြောင့် မြေပြင် ထိတွေ့တိုက်ပွဲများတွင်ပင် တော်လှန်ရေးပူးပေါင်းစစ်ကြောင်းများ၌ ဒရုန်းတပ်ဖွဲ့များ အမြဲတစေ ပါဝင်ပြီး မြေပြင်တပ်ဖွဲ့များအတွက် လက်နက်ကြီး နှင့် လေကြောင်းပစ်ကူပေးသကဲ့သို့ လုပ်ဆောင်လာနိုင်ပြီဖြစ်ကြောင်း ဒရုန်းတပ်ဖွဲ့များက ပြောသည်။

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဖေါက်ခွဲရေးနှင့်နည်းပညာဌာန တာဝန်ခံ ကိုလူခေတ်က “ကျနော်တို့တွေက ပစ်မှတ်တွေကို တိတိကျကျ ပစ်ပေးလာနိုင်တော့ မြေပြင်တပ်ဖွဲ့ အတွက် လက်နက်ကြီး ပစ်ကူ၊ လေကြောင်းပစ်ကူ ပုံစံမျိုးဖြစ်လာနေတာတော့ အမှန်ပဲ။ တိုက်ပွဲကို အချိန်ဘယ်လောက်နဲ့ ဝင်ကူနိုင်လဲဆိုတာက အတိအကျပြောပြလို့ မရပေမယ့် မြေပြင်တပ်ဖွဲ့တွေက ချက်ချင်းတောင်းဆိုတာနဲ့ အချိန်အတိုဆုံး ချေမှုန်းရေးမှာ ပါဝင်ဖို့ ကျနော်တို့ အဆင့်သင့်ဖြစ်နေတယ်” ပြောဆိုသည်။

ထို့အပြင် စစ်ကောင်စီဘက်က မြေပြင်စစ်ကြောင်းများ၊ လက်နက်ကြီးပစ်ကူ ၊ လေကြောင်းပစ်ကူ များဖြင့် စစ်ကြောင်းထိုးလာသည့် အခါမျိုးတွင် မိမိတို့ဘက်မှ မြေပြင်တပ်ဖွဲ့များ လျင်လျင်မြန်မြန် မလှုပ်ရှားနိုင်သည့်အခါ ဒရုန်းတပ်ဖွဲ့များက စစ်ကောင်စီ၏ စစ်ကြောင်းများကို ဟန့်တားခြင်း၊ နှောင့် ယှက်ခြင်းနှင့် ၎င်းတို့၏ လှုပ်ရှားမှုများကို နှောင့်နှေးသွားစေရန် ထိန်းချုပ်ပေးနိုင်ကြောင်း ၎င်းက ဆိုသည်။

သူက ဆက်လက်၍ “ စစ်ကောင်စီတပ်တွေက ကျနော်တို့ ဒရုန်းတွေ ရောက်လာပြီဆိုတာက ချက်ချင်း အကာအကွယ်ယူတာနဲ့ ပြေးပုန်းတာတွေ လုပ်တာအထိ သူတို့ တော်တော်လေးကြောက်ကြတယ် ” ဟု ပြောဆိုသည်။

ယခုအခါ ဒရုန်းတိုက်ခိုက်မှုများသည် ပိုမိုကောင်းမွန်လာနေပြီဆိုသော်ငြား တိုက်ခိုက်ရင်းဖြင့် သုတေသနလုပ်ငန်းများ ထပ်မံလုပ်နေဆဲဖြစ်ခြင်းကြောင့် ဒရုန်းတိုက်ခိုက်မှုများသည် မည်မျှအထိ ကျယ်ပြန့်လာနိုင်သည်ကို ပြောရန်ခက်ခဲကြောင်း Federal Wings အဖွဲ့မှ တာဝန်ရှိသူတဦးက ဆိုသည်။

၎င်းက ဆက်လက်၍“ အရင်လို မှတ်တမ်းယူ၊ ဗုံးကြဲတာမျိုးတင်မဟုတ်ဘူး။ ချက်ချင်းမြေပြင်မှာ တိုက်ပွဲဝင်နေတဲ့အချိန်မျိုး မှာတောင် အပေါ်ကနေကြည့်ပြီး အမိန့်ပေးညွှန်ကြားပေးနိုင်တဲ့အထိကို ကျနော်တို့ ဒရုန်းတွေက အားသာချက် အများကြီးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထိုအခြေအနေများသည် နွေဦးတော်လှန်ရေးအတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်ကသာ လေ ကြောင်းပစ်ကူ ပေးနိုင်သည့် အခြေအနေမဟုတ်တော့ဘဲ တော်လှန်ရေးအင်အားစုများဘက်တွင်လည်း လေကြောင်းပစ်ကူပေးလာနိုင်သည့် သဘောမျိုး ဖြစ်လာသည်။

နိုင်ငံလုံးအနှံ ဖြစ်ပွားနေသော တိုက်ပွဲများတွင် ရင်ဆိုင်တိုက်ခိုက်နေရသော စစ်ကောင်စီအတွက် တော်လှန်ရေးအင်အားစုများ၏ ဒရုန်းတိုက်ခိုက်မှုများကလည်း နောက်ထပ် အထိနာလာစေမည့် ထိုးနှက်ချက် ဖြစ်လာနေပြီ ဖြစ်သည်။

You may also like these stories:

အရပ်သားများကို ပို၍ပစ်မှတ်ထားလာသည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ

ကရင်နီစစ်မျက်နှာကို ဆန်းစစ်ခြင်း အပိုင်း (၁)

ဟားခါး၊ ချွန်ကျုံးရွာ၌ တိုက်ပွဲ ဆက်ပြင်းထန်

မြဝတီ မဲကနယ်တွင် တိုက်ပွဲ ပြင်းထန်နေ

စစ်ကောင်စီယာဉ်တန်း ဖလမ်း- ဟားခါး လမ်းပေါ်တွင် ချေမှုန်းခံရ

Your Thoughts …
Tags: Federal WingsKNDFPDFတိုက်ပွဲတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံဒရုန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
ရွေးကောက်ပွဲအကြိုစစ်တမ်းများအရ ဖွေထိုင်းပါတီက လူကြိုက်အများဆုံး ဖြစ်သည် / Getty Images

၂၀၂၃ ထိုင်းရွေးကောက်ပွဲ မဲဆွယ်ကတိများနှင့် အများကြိုက်ဝါဒ

ရခိုင်စစ်ပွဲ ပထမအကြိမ်အတွင်း AA နှင့်ဆက်နွယ်သည်ဟုဆိုကာ ဖမ်းဆီးခံရသူများအား စစ်တွေမြို့၌ ရုံးထုတ်လာစဉ် / ဧရာဝတီ

AA နှင့် ပတ်သက်၍ ဆိုကာ ဖမ်းထားသည့် အရပ်သား ၁၀၀ ကျော်အမှု ကြန့်ကြာနေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved