• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အရပ်သားများကို ပို၍ပစ်မှတ်ထားလာသည့် စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုများ

by ဧရာဝတီ
19 April 2023
in ဆောင်းပါး
A A
တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု ၇၅နှစ်မြောက် စိန်ရတုနှစ်ပတ်လည်တွင် တွေ့ရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(CINCDS)

တပ်မတော်(လေ)ဖွဲ့စည်းတည်ထောင်မှု ၇၅နှစ်မြောက် စိန်ရတုနှစ်ပတ်လည်တွင် တွေ့ရသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်(CINCDS)

3.8k
VIEWS
Share on FacebookShare on Twitter

နိုင်ငံတဝှမ်း ကျယ်ပြန့်လာသော လက်နက်ကိုင်ခုခံတော်လှန်မှုများကို မြေပြင်စစ်ဆင်ရေးများဖြင့် မထိန်းချုပ်နိုင်သော အာဏာသိမ်းစစ်ကောင်စီသည် လေကြောင်းစစ်ဆင်ရေးများကို အဓိကအားကိုးပြီး တိုက်ခိုက်လာနေရသည်။

ပြီးခဲ့သည့် မတ်လတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက ထုတ်ပြန်သော အစီအရင်ခံစာ၌ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများကို နှစ်ဆတိုးမြှင့် လုပ်ဆောင်လာနေကြောင်း ဖော်ပြထားသည်။

စစ်အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီမှ ၂၀၂၂ ဇန်နဝါရီအတွင်း လေကြောင်းတိုက်ခိုက်မှု ၁၂၅ ကြိမ် ရှိခဲ့ရာမှ ၂၀၂၂ ဖေဖော်ဝါရီမှ ၂၀၂၃ ဇန်နဝါရီလအတွင်း အကြိမ်ရေ ၃၀၁ ထိ လေကြောင်းတိုက်ခိုက်မှု မြင့်တက်လာခဲ့ကြောင်း ယင်းအစီ ရင်ခံစာပါ အချက်အလက်များအရ သိရသည်။

ထို့သို့ တိုးမြှင့်တိုက်ခိုက်လာသော လေကြောင်းတိုက်ခိုက်မှုများတွင် စစ်ရေးပစ်မှတ်မဟုတ်သည့် ကလေးငယ်များနှင့် အမျိုး သမီးများရှိနေသော အရပ်သားပစ်မှတ်များကိုပါ ဗျူဟာကျကျဖြင့် စစ်ဆင်ရေးလုပ်ဆောင်ခဲ့မှုများလည်း ပါဝင်နေသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကလည်း စစ်ကောင်စီသည် အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း အကြိမ် ၂၀၀ နီးပါး ပြုလုပ်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၁၆၀ ခန့် သေဆုံး ခဲ့ရကြောင်း ပြီးခဲ့သည့်နှစ်ကုန်ပိုင်း၌ ထုတ်ပြန်ထားပြီး ယင်းအရေအတွက်တွင် ၁၆၀ ကျော် သေဆုံးခဲ့သော စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီးကြီးကျေးရွာဖြစ်စဉ် မပါဝင်သေးပေ။

စစ်ကောင်စီသည် စစ်ကိုင်းနှင့် မကွေးတိုင်းအတွင်း လေကြောင်းစစ်ဆင်ရေးများကို A-5၊ G-4 နှင့် K-8 အမျိုးအစား အပေါ့ စားတိုက်လေယာဉ်များနှင့် Mi-35၊ Mi-17၊ Mi-2 စသည့် လက်နက်တပ်ဆင်ထားသော တိုက်ခိုက်ရေးစစ်ရဟတ်ယာဉ် အမျိုးအစားများကို အဓိက အသုံးပြုလေ့ရှိကြောင်း အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ထားသည့် စစ်ဗိုလ်အရာရှိများက ပြောဆိုထားသည်။

လေယာဉ်ပစ် စက်သေနတ်များ၊ ပခုံးထမ်းလောင်ချာများရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကိုမူ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ရာတွင် ဘက်စုံသုံး တိုက်လေယောဉ်နှင့် ဗုံးကြဲလေယာဉ်များဖြစ်သော JF-17၊ Yak-130 နှင့် Su-30 စသည့် လေယာဉ်အမျိုးအစားများကို အဓိက အသုံးပြုကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများတွင် အသုံးများသည့် တိုက်ခိုက်ရေးရဟတ်ယာဉ်များနှင့် တိုက်လေယာဉ် အများစုသည် ရုရှားနိုင်ငံထုတ်များ ဖြစ်သည်။

အာဏာသိမ်းမှု ၂ နှစ်ကျော်ကာလအတွင်း အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်ခဲ့သော စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုများကို ဧရာဝတီက စုစည်းတင်ပြလိုက်ရပါသည်။

လူ ၁၀၀ ကျော် သေဆုံးခဲ့ရသည့် ပဇီးကြီးကျေးရွာ (ဧပြီ ၁၁၊ ၂၀၂၃)

ပဇီကြီးရွာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံများ / CJ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုသည် စစ်အာဏာသိမ်းပြီး ၂ နှစ်ကျော်အတွင်း အဆိုးဝါးဆုံးနှင့် အရပ်သားထိခိုက်သေဆုံးမှု အများဆုံးဖြစ်စဉ် ဖြစ်သည်။

အဆိုပါ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဧပြီ ၁၆ ရက်က ထုတ်ပြန်ထားသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ စာရင်းအရ အသက် ၅ နှစ်အောက်ကလေး ၆ ဦး၊ ၅ နှစ်နှင့် ၁၈ နှစ်ကြား ၂၄ ဦး၊ အသက်ခွဲခြားမရသည့်ကလေး ၁၀ ဦးနှင့် အမျိုးသမီးများ အပါအဝင် ၁၆၈ ဦး သေဆုံးခဲ့ရသည်။

ဒဏ်ရာရရှိသူများကိုလည်း NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာန ဆေးတပ်ဖွဲ့တို့က ကုသပေးလျက်ရှိပြီး လက်ရှိအချိန်ထိ အကြီးစားကုသမှုခံယူနေရသော ဒဏ်ရာရရှိသူ ၁၆ ဦးရှိကြောင်း သိရသည်။

အရပ်သားများ အပါအဝင် လူပေါင်း ၂၀၀ ဝန်းကျင် တက်ရောက်ခဲ့သော NUG လက်အောက်ခံ ပဇီးကြီးကျေးရွာ ပြည်သူ့ အုပ်ချုပ်ရေးရုံး ဖွင့်ပွဲကျင်းပနေချိန် ဧပြီ ၁၁ ရက်၊ နံနက် ၈ နာရီဝန်းကျင်တွင် စစ်ကောင်စီ တိုက်လေယာဉ်က ဗုံးကြဲခဲ့သည့်အပြင် စစ်ရဟတ်ယာဉ်ဖြင့်ပါ ဝေဟင်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူစုလူဝေးရှိရာ အဆောက်အအုံကိုထိမှန်ခဲ့ပြီး အရပ်သားအများစု သေဆုံးခဲ့ ရသလို ကစင့်ကလျားဖြစ်နေသော အဆိုပါပြည်သူများအပေါ် ရဟတ်ယာဉ်က လိုက်လံပစ်ခတ်ချေမှုန်းခဲ့ခြင်း ဖြစ်သည်။

ယင်းဖြစ်စဉ်တွင် ရုပ်အလောင်းများမှာ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းများ အပိုင်းပိုင်းပြတ်ထွက်သည်အထိ အခြေအနေ ဆိုးဝါးခဲ့သည်။

စစ်ကောင်စီဘက်ကမူ ပဇီးကြီးကျေးရွာဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) စခန်းတခုကို လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဝန်ခံခဲ့သော်လည်း PDF တို့၏ လက်လုပ်မိုင်းများ ပေါက်ကွဲမှုကြောင့် လူအသေအပျောက် များခဲ့ရခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

လေကြောင်းတိုက်ခိုက်ခံရသည့် ချင်းပြည်နယ်မှ အရပ်သားကျေးရွာများ (ဧပြီ ၁၀၊ ၂၀၂၃)

ချင်းပြည်နယ်၊ ဖလမ်း၊ ဝေဘူလမြို့ပေါ် စာသင်ကျောင်းအား လေကြောင်းတိုက်ခိုက်ခံရပြီး မြင်ကွင်း/Cung Ngai

ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)က ဖလမ်းမြို့နယ်၊ ဗားရ်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းတခုအား ဝင်ရောက် စီးနင်းပြီးနောက် ယင်းမြို့နယ်အတွင်းရှိ ဝေဘူလကျေးရွာအုပ်စုမှ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်သဖြင့် ကျောင်းဆရာတဦး အပါအဝင် အရပ်သား ၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
113
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
942
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
64

ဧပြီလ ၁၀ ရက် နံနက်ပိုင်းက ဖလမ်းမြို့နယ်၊ မဏိပူရ်မြစ်ဘေး၊ ဗားရ်ကျေးရွာအနီးရှိ စစ်ကောင်စီစခန်းအား CNDF တပ်ဖွဲ့ ဝင်များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အသေအဆုံးများခဲ့ပြီးနောက် ထိုကဲ့သို့ အရပ်သားများအား ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။

ပြီးခဲ့သည့် မတ် ၃၀ ရက်ကလည်း ချင်းပြည်နယ်၊ ထန်တလန်မြို့အနီးတွင် တိုက်ပွဲဖြစ်ပွားမှုမရှိသည့် ခွာဖိုကျေးရွာကို စစ်ကောင်စီက တိုက်လေယာဉ် ၂ စင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ် ၂ ဦး အပါအဝင် အရပ်သားပြည်သူ ၈ ဦးထက်မနည်း သေဆုံးခဲ့ရသည်။

ထို့ပြင် ဧပြီ ၁၇ ရက်တွင် မင်းတပ်မြို့မြောက်ဘက်ရှိ ပန်းပါရွာကို တိုက်လေယာဉ် ၂ စင်းဖြင့် နှစ်ကြိမ်စီ လာရောက် တိုက်ခိုက်ခဲ့ရာ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦး နှင့် အမျိုးသမီး ၁ ဦး သေဆုံးပြီး အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ချင်းဒေသကာကွယ်ရေးတပ် (CDF)မင်းတပ်က ထုတ်ပြန်ထားသည်။

ကရင်ပြည်နယ်အတွင်း အရပ်သား တိုက်ခိုက်ခံရမှု (ဇန်နဝါရီ ၁၂၊ ၂၀၂၃)

တိုက်ပွဲများဖြစ်ပွားနေသည့် ကရင်ပြည်နယ်အတွင်း၌လည်း စစ်ကောင်စီစစ်ကြောင်းများ တိုက်ခိုက်ခံရခြင်းနှင့် စခန်းကုန်းများ တိုက်ခိုက်သိမ်းပိုက်ခံရမှုများရှိပါက စစ်ကောင်စီသည် ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်ရာ သတ္တုတွင်း လုပ်ကွက်များနှင့် အရပ်သားကျေးရွာများအား မကြာခဏဆိုသလို လေကြောင်းမှ တိုက်ခိုက်လေ့ရှိသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၁၂ ရက် နေ့လယ်ပိုင်းတွင် ကရင်ပြည်နယ်မြောက်ပိုင်း၊ ဖာပွန်မြို့၊လေးဝါးကျေးရွာကို စစ်ကောင်စီက လေကြောင်းမှတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားရှိခိုးကျောင်း၊ စာသင်ကျောင်းများ အပါအဝင် လူနေအိမ် ၂၀ ကျော် ထိခိုက် ပျက်စီးခဲ့ပြီး သင်းအုပ်ဆရာတော် တပါးနှင့် ၂ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် အရပ်သား ၅ ဦး သေဆုံးခဲ့သည်။

ထို့ပြင် ၂၀၂၂ ဒီဇင်ဘာ ၁ ရက်ကလည်း ထိုင်း-မြန်မာနယ်စပ် KNU တပ်မဟာ(၆) ထိန်းချုပ်နယ်မြေအတွင်းရှိ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အနီးရှိ သပြုသတ္တုမိုင်း အမှတ်(၅)လုပ်ကွက်ကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါလုပ်ကွက်ကို စစ်ကောင်စီက ၂၀၂၂ အတွင်း ၃ ကြိမ်ခန့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ခိုက်မှုအတွင်း မိုင်းလုပ်သား ၃ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများထဲ တရုတ်နိုင်ငံသားတဦး ပါဝင်ခဲ့ကြောင်း KNU က ထုတ်ပြန်ခဲ့ကာ လူသေဆုံးအရေအတွက်ကိုမူ အတိအကျ ထပ်မံထုတ်ပြန်ကြေညာခဲ့ခြင်း မရှိပေ။

၂၀၂၁ မတ်လအတွင်း၌လည်း KNU တပ်မဟာ(၅)နှင့် (၃)ထိန်းချုပ်ရာ နယ်မြေများရှိ သတ္တုလုပ်ကွက်တချို့ကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းကြောင့် အနည်းဆုံး အရပ်သား ၂၀ ကျော် သေဆုံးခဲ့ရသည်။

ဖားကန့်မြို့နယ်၊ အနန့်ပါ တိုက်ခိုက်ခံရမှု (အောက်တိုဘာ ၂၃၊ ၂၀၂၂)

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မြောက်ဘက်ရှိ အနန့်ပါရွာတွင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ဖွဲ့စည်းတည်ထောင် ခြင်း ၆၂ နှစ်ပြည့် အထိမ်းအမှတ်တေးဂီတပွဲကို ၂၀၂၂ အောက်တိုဘာ ၂၃ ရက် ညပိုင်း၌ ကျင်းပနေစဉ် စစ်ကောင်စီတပ်၏ တိုက်လေယာဉ်များက လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် KIA မှ တပ်မဟာမှူးတဦး အပါအဝင် အရာရှိ၊ စစ်သည်များ၊ အနုပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် အရပ်သား စုစုပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရသည်။

စစ်ကောင်စီတိုက်လေယာဉ်များ ကြဲချခဲ့သည့် ဗုံး ၃ လုံးအနက် ၁ လုံးမှာ ဂီတပွဲပြုလုပ်နေသည့် ခန်းမတည့်တည့်ကို ထိမှန် ခဲ့ပြီး အနန့်ပါ လေကြောင်းတိုက်ခိုက်ခံရမှုသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ကြောင့် လူအသေအပျောက် အများဆုံးဖြစ်ခဲ့သည့် ဖြစ်ရပ်လည်း ဖြစ်သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ နှစ်ပတ်လည်နေ့အခမ်းအနား ပြုလုပ်နေစဉ်တွင် KIA နှင့် ပြည်သူ လူထုအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ကြောင်း KIA က ရှုတ်ချခဲ့ပြီး စစ်ကောင်စီကမူ အရပ်သားသေဆုံးမှု ကို လစ်လျူရှုကာ KIA တပ်ဖွဲ့ဝင်များ ရှိနေသဖြင့် ပစ်ခတ်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

လက်ယက်ကုန်း စာသင်ကျောင်း တိုက်ခိုက်ခံရမှု (စက်တင်ဘာ ၁၆၊ ၂၀၂၂)

ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာ ၁၆ ရက်တွင် ဖြစ်ပွားခဲ့သော လက်ယက်ကုန်း လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်အတွင်း ကလေးငယ်များ အပါအဝင် ၇ ဦး သေဆုံးခဲ့ပြီး တခြားသောကလေးငယ် ကျောင်းသားကျောင်းသူ ၂၁ ဦးအထိ ထိခိုက်ဒဏ် ရာ ရရှိခဲ့သည်။

ရုရှားလုပ် တိုက်ခိုက်ရေး ရဟတ်ယာဉ် Mi 35 ၂ စီးက စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာရှိ ဘုန်းတော်ကြီး စာသင်ကျောင်းနှင့် အနီးပတ်ဝန်းကျင်ကို ၄၅ မိနစ်ဝန်းကျင်ထိ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ကြောက်လန့်တကြား ပြေးလွှားနေ သည့် ကလေးငယ်များကိုလည်း ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ကလေးငယ်များ၊ ကျောင်းသုံးစာအုပ်များနှင့် လွယ်အိတ်များသာရှိခဲ့သော အခင်းဖြစ်ပွားရာနေရာကို စစ်ကောင်စီက ကချင် လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များက ရွာသူရွာသားများကို လူသားဒိုင်းအဖြစ် ဘုန်းကြီးကျောင်းထဲသို့ ခေါ်ဆောင်သွား၍ ပစ်ခတ်ရခြင်းဖြစ်ကြောင်း လိမ်လည်ထုတ်ပြန်ခဲ့သည်။

ရင်ပေါင်တိုင်ရွာ လေကြောင်းတိုက်ခိုက်ခံရမှု (ဩဂုတ် ၁၁၊ ၂၀၂၂)

ချင်းဒေသကာကွယ်ရေးတပ် (CDF)တပ်ဖွဲ့ဝင်များ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ရွာသို့ လက်နက်များ သယ်ဆောင်လာသည်ဟုဆိုကာ ၂၀၂၂ ဩဂုတ် ၁၁ ရက်တွင် ယင်းကျေးရွာအား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု နှင့် လေကြောင်းချီစစ်ဆင်ရေးများ လုပ်ဆောင်ခဲ့သည်။

စစ်ရဟတ်ယာဉ်များက နာရီနှင့်ချီပစ်ကူပေးပြီး တင်ဆောင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ချပေးကာ ဝေဟင်ရော မြေပြင်ကပါ ကျေးရွာကို စီးနင်းခဲ့ခြင်း ဖြစ်သည်။

ဩဂုတ် ၁၁ ရက်မှ ၁၄ ရက်ထိ စစ်ကောင်စီတပ်သားများသည် ရင်ပေါင်တိုင်ကျေးရွာအတွင်း ၃ ရက်ကြာ တပ်စွဲသွားခဲ့ပြီး နောက် ၎င်းတို့ ပြန်လည်ဆုတ်ခွာချိန်တွင် အသက် ၁၀ နှစ်နှင့် ၁၇ နှစ်အရွယ် ကလေး ၂ ဦး အပါအဝင် အရပ်သား ၁၇ ဦး ၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ရသည်။

You may also like these stories:

ဗိုလ်ပီတာကို ရှက်ပါ

စစ်အာဏာရှင်လက်အောက် အသက်လုနေရတဲ့ မြန်မာကလေးငယ်များ

ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှုမှ လွတ်မြောက်လာသူနှင့် မေးမြန်းခြင်း

ပဇီကြီး လေကြောင်းတိုက်ခိုက်မှုတွင် အမျိုးသမီးနှင့် ကလေး အများဆုံး သေဆုံး

Your Thoughts …
Tags: NUGစစ်ကောင်စီပဇီကြီးလေကြောင်းတိုက်ခိုက်မှုအနန့်ပါ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ယူနန်ပြည်နယ် ပါတီကော်မတီ အတွင်းရေးမှူး မစ္စတာ ဝမ်နင်နှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ နေပြည်တော်တွင် ဧပြီလ ၃ ရက်နေ့က တွေ့ဆုံစဉ် / NP News

မြန်မာ စစ်ပွဲနှင့် ပဋိပက္ခများကြား ယူနန်တရုတ်တွေ စီးပွားရေးလုပ်မတဲ့လား

ဦးတေဇ၊ မိုးဖုန်းဆရာတော်နှင့် ဦးသုခမိန္ဒတို့၏ ပူတာအို ခရီးစဉ် / Sao Su Kham

မိုင်းဖုန်းဆရာတော် ခရီးစဉ်နှင့်အတူ ခရိုနီဦးတေဇ ပြန်ပေါ်လာ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.2k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved