• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

by ဧရာဝတီ
27 September 2023
in သတင်း
A A
တရုတ်နှင့်ပေါင်းပြီး ဒရုန်းရန်ကာကွယ်ဖို့ စစ်ကောင်စီ ကြိုးစားနေသလား

ကရင်ပြည်နယ် စစ်ဆင်ရေးတွင် တွေ့ရသည့် Federal Wings ဒရုန်းတပ်ဖွဲ့ (Federal Wings)

4.5k
VIEWS
Share on FacebookShare on Twitter

တရုတ်၌ ကျင်းပသည့် ကမာ္ဘလုံးဆိုင်ရာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ညီလာခံတွင် စစ်ကောင်စီ ပြည်ထဲရေး ဒုဝန်ကြီး ရဲချုပ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်က အကြမ်းဖက်အုပ်စုများမှ ဒရုန်းများ သုံးလာခြင်းက အနာဂတ်၌ စိန်ခေါ်မှုဖြစ်၍ ၎င်းတို့ လက်သို့ ဒရုန်းနှင့် စွမ်းအားမြှင့် လက်နက်များ မရောက်စေရေး ကမ္ဘာလုံးသာမက ဒေသဆိုင်ရာအပါအဝင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်ရမည်ဟု ပြောဆိုလိုက်သည်။

ယင်းညီလာခံကို စက်တင်ဘာလ ၁၉ ရက်မှ ၂၁ ရက်အထိ တရုတ်နိုင်ငံအရှေ့ပိုင်း ကျန်းဆူးပြည်နယ်၊ လျန်ယွင်ကန်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး မြန်မာအပါအဝင် ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အိန္ဒိယ၊ ပါကစ္စတန်၊ ရုရှား၊ ပြင်သစ် အပါအဝင် ၂၉ နိုင်ငံမှ တာဝန်ရှိသူများနှင့် အပြည်ပြည်ဆိုင်ရာ ရဲတပ်ဖွဲ့ အပါအဝင် နိုင်ငံတကာအဖွဲ့အစည်း ၅၀ကျော်မှ တရားဥပဒေစိုးမိုး ရေးဆိုင်ရာ အရာရှိများ ကျွမ်းကျင်ပညာရှင်များ တက်ရောက်ကြသည်။

ရဲချုပ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်၏ ပြောဆိုချက်ပါ အကြမ်းဖက်အဖွဲ့အစည်းဆိုသည်မှာ မည်သူဖြစ်ကြောင်း ပြောဆိုခြင်း မရှိသော်လည်း လတ်တလော စစ်ကောင်စီရှေ့တန်းခြေကုပ်စခန်းများနှင့် ခြေလျင်စစ်ကြောင်းများသာမက နောက်တန်း စခန်းများ၊ မြို့ပေါ် ရှိ ရဲစခန်းများအထိပါ တော်လှန်ရေးအင်အားစုများ၏ ဒရုန်းဖြင့်တိုက်ခိုက်မှု ခံနေရသဖြင့် တရုတ်နိုင်ငံထံမှ အကူအညီ ရရန် ပြောဆိုခြင်းဖြစ်ကြောင်း သုံးသပ်ကြသည်။

Cloud Wings ဒရုန်းတိုက်ခိုက်ရေးအဖွဲ့တာဝန်ခံ ကိုငြိမ်းက “ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ်သုံးလာပြီးတော့ တိုက်ခိုက် နေတာက သူတို့အထိနာလာနေပြီဆိုတာကို တဖက်လှည့်နဲ့ ဝန်ခံရာရောက်သလို တပြိုင်တည်းမှာလည်း ဒီဟာနဲ့ ပတ် သက်ပြီး တုံ့ပြန်ဖို့ကို ကျယ်ကျယ်ပြန့်ပြန့်လုပ်ချင်တဲ့အတွက် တရုတ်နိုင်ငံလိုမျိုးနိုင်ငံတွေဆီက ဒရုန်းတွေ ထွက်မလာ အောင် ပိတ်ဆို့ဖို့ အကူအညီတောင်းတာရော၊ ဒရုန်းတွေကို ပစ်ချနိုင်ဖို့ ပစ္စည်းတွေကို သူတို့ဆီကို ထောက်ပံ့ပေးဖို့ အကူ အညီတောင်းတာပေါ့” ဟု သုံးသပ်ပြောဆိုသည်။

အာဏာသိမ်း စစ်ခေါင်းဆောင်များသည် ၎င်းတို့ကို ခုခံတိုက်ခိုက်ရာတွင် ဒရုန်းကဲ့သို့သော နည်းပညာအခြေပြု တိုက်ခိုက် ရေးနည်းလမ်းများအား တော်လှန်ရေးအင်အားစုများဘက်မှ အသုံးပြုလာနိုင်သည့်ကို ထည့်သွင်း စဉ်းစားထားခြင်းမရှိသလို ထိုအရာကို ပြန်လည်တုံ့ပြန်မည့် အစီအစဉ်များလည်း ရှိပုံမပေါ်ကြောင်း ၎င်းက ဆိုသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
10
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
96

အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ဘက်ကလည်း ယခုနှစ်အတွင်း နိုင်ငံအနှံ့အပြားရှိ တော်လှန်ရေး အင်အားစုများထံ ဒရုန်းအစင်းရေ ၄၀၀ ကျော် ဖြန့်ထားပေးပြီး ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

NUG မှ ဒုအတွင်းဝန် ဦးမောင်မောင်ဆွေက “ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နေပြည်တော် ဧလာလေတပ်စခန်းကို ကျနော်တို့ ကျားသံလုံးစစ်ကြောင်းက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်နိုင်ခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်နိုင်တာကို ကြည့်ခြင်းအားဖြင့် တော်လှန် ရေး အင်အားစုတွေရဲ့ နည်းပညာ မြင့်မားလာတယ်။ စစ်ကောင်စီရဲ့ ဒရုန်းတွေကို ဟန့်တားတဲ့ Jammer Frequency ကို ကျော်လွှားပြီး စစ်ဆင်ရေးတွေကို အောင်အောင်မြင်မြင်လုပ်နိုင်နေတဲ့ နည်းပညာအရ အသာစီးရနေတယ်ဆိုတာ ဖော်ပြနေ ပါတယ်” ဟု စက်တင်ဘာ ၂၆ရက်က နှစ်ပတ် ၁ ကြိမ်ပြည်သူထံ အစီရင်ခံတင်ပြချက်၌ ထည့်သွင်းပြောဆိုသွားသည်။

ကမာ္ဘလုံးဆိုင်ရာလုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ (၂၀၂၃) သို့ တက်ရောက်နေသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဒုဗိုလ်ချုပ်ကြီး နီလင်းအောင်

ပြီးခဲ့သည့် စက်တင်ဘာလ ၃ ရက် ညပိုင်းတွင် ကရင်ပြည်နယ် မြဝတီမြို့ရဲစခန်းကို တော်လှန်ရေးအင်အားစုများက ဒရုန်း ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ဘက်နှင့် ရဲတပ်ဖွဲ့အရာကြီးများ အပါအဝင် ၅ ဦးသေဆုံးကာ ၁၃ ဦးခန့် အပြင်းအထန် ဒဏ်ရာ ရရှိခဲ့သည်။

Federal Wings ဒရုန်းစစ်ဆင်ရေးအဖွဲ့၏ ထုတ်ပြန်ထားချက်အရ၂၀၂၂ ခုနှစ် တစ်နှစ်တာအတွင်း ဒရုန်းစစ်ဆင်ရေး ၄၃၇ ကြိမ်ပြုလုပ်ခဲ့ပြီး တိုက်ပွဲများ ဆင်နွှဲခဲ့ကာ ထိုတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်၂၀၀ ခန့် သေဆုံးပြီး ရာပေါင်း များစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြကြောင်း ဆိုထားသည်။

တော်လှန်ရေး အင်အားစုများသည်၂၀၂၁ ခုနှစ် ခုခံတော်လှန်ရေး အစပိုင်းကာလများ၌ ဒရုန်းများကို နည်းပညာ၊ ဘဏ္ဍာ ငွေနှင့် ပစ္စည်းကိရိယာ မလုံလောက်မှု ပြဿနာများကြောင့် မြေပြင်အခြေအနေ စုံစမ်းထောက်လှမ်းခြင်းနှင့် လက်လုပ် အပေါ့စား ဗုံးသီးအနည်းငယ်ကိုသာ သယ်ဆောင်နိုင်သော ဒရုန်းများ လုပ်ဆောင်နိုင်ခဲ့ကြပြီး၊ လက်ရှိအချိန်တွင်မူ မော်တာ (စိန်ပြောင်း) တွင် ထည့်သွင်းပစ်သော ၆၀ မမ ကဲ့သို့ ဖျက်စွမ်းအားရှိသော ဗုံးသီးများကို အနည်းဆုံး ၃ လုံး မှ ၆ လုံးဝန်း ကျင်အထိ သယ်ဆောင်နိုင်သော ဒရုန်းများကို တီထွင်လာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

တော်လှန်ရေးဒရုန်းတပ်ဖွဲ့များ၏အဆိုအရ ယခုနောက်ပိုင်းတွင် Multi Copter ဒရုန်း၊ Fixed Wings ဒရုန်းအမျိုးအစား များနှင့် ထိုအမျိုးအစား၂ မျိုးကို ပေါင်းစပ်တီထွင်ထားသောဒရုန်းများကို အသုံးပြုလာနိုင်ကာ ဒရုန်းများ ဖြတ်သန်းမောင်းနှင် ရန် ကန့်သတ်ထားနိုင်သော Jammer ပစ္စည်းများကိုပင် ရှောင်ကွင်းလုပ်ဆောင်လာနိုင်လျက်ရှိပြီဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားကြသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) လက်အောက်ရှိ ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) ၊ တပ်ရင်း ၈ မှ ဒရုန်း တပ်ဖွဲ့ဝင်တဦးက “သူတို့ဘက်ကလည်း တတ်နိုင်သလောက် ပိတ်ပင်ဖို့ တားဆီးနိုင်ဖို့ကို ကြိုးစားမှာပဲလေ။ ကျနော်တို့ ဘက်ကလည်း ပိုပြီးတော့ အကောင်းဆုံးဖြစ်လာအောင် ပြင်ဆင်မှုတွေ လုပ်နေတယ်” ဧရာဝတီသို့ ပြောသည်။

Cloud Wings တပ်ဖွဲ့ ဒရုန်းစစ်ဆင်ရေးအတွက်ပြင်ဆင်နေစဉ် (ဓာတ်ပုံ- Cloud Wings )

တော်လှန်ရေးအင်အားစုများဘက်ကမှ ဒရုန်းတိုက်ခိုက်မှုများ အရှိန်မြှင့်လာသလို စစ်ကောင်စီတပ်ဘက်ကလည်း ယခု နောက်ပိုင်းတွင် တိုက်ခိုက်ရေးဒရုန်းအသေးစားများကို အသုံးပြု၍ တိုက်ခိုက်မှုပြုလုပ်လာသော်လည်း ထိခိုက်မှု နည်းပါး ကြောင်း ၎င်းက ဆိုသည်။

၎င်းက ဆက်လက်၍ “သူတို့ရဲ့ ဘိုးအေ ရုရှားတောင်မှ ဒီဒရုန်းတွေနဲ့ ပတ်သက်ပြီး မတားဆီးနိုင်တာ သူတို့ အနေနဲ့လည်း ကျနော်တို့ ဒရုန်းတွေကို လွယ်လွယ်ကူကူနဲ့တော့ တားဆီးနိုင်မှာ မဟုတ်ဘူး” ဟု ဆိုသည်။

စစ်ကောင်စီက မြန်မာနိုင်ငံတွင်းသို့ ဒရုန်းနှင့်ဆက်စပ်ပစ္စည်းများဝင်ရောက်နေမှုကို ထိန်းချုပ်ပေးရန်နှင့် ဒရုန်း ကာကွယ် ရေးစနစ်များကို အကူအညီများရယူလိုကြောင်း တရုတ်နိုင်ငံသို့ တောင်းဆိုနေသော်လည်း တရုတ်မှ တစုံတရာထုတ်ဖော် ပြောဆိုခြင်းမျိုး မတွေ့ရသေးဟု မြန်မာ့အရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ဧရာဝတီသို့ ပြောသည်။

၎င်းက “မြန်မာဘက် (စစ်ကောင်စီ) က တောင်းနေတာပဲ ကြားတယ်၊ တရုတ်က ပေးမယ်ဆိုတာကိုတော့ မကြားမိသေး ဘူး။ တရုတ်က တခုရှိတာက အနောက်တိုင်းနိုင်ငံတွေနဲ့ အဆင်မပြေတဲ့ နိုင်ငံတွေဆိုရင် သူရဲ့ အဝိုင်းအဝန်းထဲ ရောက် အောင် သူတတ်နိုင်သလောက်တော့ ကြိုးစားတယ်ဆိုပေမယ့် မြန်မာပြည်သူတွေရဲ့ တရုတ်အပေါ် အမြင်သဘောထား ထပ်ဆိုးနိုင်တဲ့ကိစ္စကိုတော့ သူမလုပ်လောက်ဘူး” ဟု ပြောဆိုသည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် ဒရုန်းများအား ထိုင်းနိုင်ငံဘက်မှမှောင်ခို ဝင်ရောက်နေ၍ အွန်လ်ိုင်းမှဒရုန်းရောင်းချမှုကို ပိတ်ပင်ပေးရန်လည်း ထိုင်းစစ်တပ်ထံသို့တောင်းဆိုထားကြောင်း စက်တင်ဘာ ၂၆ ရက်ထုတ် ဘန်ကောက်ပိုစ့်သတင်း၌ ဖော်ပြထားသည်။

စစ်ကောင်စီ၏တောင်းဆိုချက်ကို တရုတ်က လိုက်လျောပြီး အရပ်ဘက်သုံး မဟုတ်သော စစ်ဘက်ဆိုင်ရာသုံး ဒရုန်း ကာကွယ်ရေးစနစ်များ ရောင်းချပေးခြင်း (သို့မဟုတ်) အကူအညီပေးမည့်ကိစ္စအပေါ် စိုးရိမ်မှုရှိကြောင်း တော်လှန်ရေး အင်အားစုတချို့က ဧရာဝတီသို့ ပြောဆိုသည်။

You may also like these stories:

Federal Wings ဒရုန်းတပ်ဖွဲ့၏ သတိပေးချက် မြဝတီမြို့ခံများ စိုးရိမ်

Federal Wings ဒရုန်းတပ်ဖွဲ့၏ သတိပေးချက် မြဝတီမြို့ခံများ စိုးရိမ်

Your Thoughts …
Tags: စစ်ကောင်စီတရုတ်နည်းပညာတော်လှန်ရေးအင်အားစုဒရုန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

ချောင်းဦးဒေသခံနှင့် PDF များကို စစ်တပ်သတ်ဖြတ်

မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု “အယုတ်မာဆုံး လူမဆန်မှု”ဟု ကုလသမဂ္ဂပြော

မြန်မာစစ်တပ်၏ အရပ်သားများအပေါ် အကြမ်းဖက်နေမှု "အယုတ်မာဆုံး လူမဆန်မှု"ဟု ကုလသမဂ္ဂပြော

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved