မကြာသေးမီက တည်ဆောက်လိုက်သည့် မော်စကို-ဝါရှင်တန် ဝင်ရိုးတန်းအရ၊ စစ်ကောင်စီနှင့် ရုရှားအကြား နွေးထွေးသော ဆက်ဆံရေးအရ အမေရိကန် ပြည်ထောင်စု၏ မြန်မာဆိုင်ရာမူဝါဒတွင် အခြေခံအပြောင်းအလဲများ ရှိလာမည်လားဟု လွတ်လပ်သောမီဒီယာနှင့် ဒီမိုကရေစီတက်ကြွလှုပ်ရှားသူများ အကြားတွင် စိုးရိမ်မှုများ ရှိလာသည်။
ဇန်နဝါရီလတွင် မစ္စတာ ဒေါ်နယ် ထရမ့် အာဏာရပြီး အိမ်ဖြူတော် ရောက်မလာမီက အမေရိကန် ပြည်ထောင်စုသည် စစ်ကောင်စီကို အပြင်းအထန် ဝေဖန်ပြီး မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကို အဓိက ထောက်ခံသော နိုင်ငံဖြစ်သည်။ ယခုအခါ ထရမ့်အစိုးရသည် ထိုသို့သော ထောက်ခံမှုများ အားလုံးကို ဖျက်သိမ်းလိုက်ပြီး အမေရိကန် ပြည်ထောင်စုမှ အထောက်အပံ့ကို မှီခိုရသည့် သတင်းမီဒီယာများအကြား အဓိက အကျပ်အတည်းဖြစ်စေသည်။ အမေရိကန် ပြည်ထောင်စုသည် ထိုင်းနယ်စပ်မှ ဒုက္ခသည်များအတွက်လည်း သေလောက်သော အကျိုးဆက်များဖြစ်စေပြီး ၎င်းတို့ တချိန်က မှီခိုနေရသည့် အထောက်အပံ့များ မရတော့ပေ။
မေးစရာရှိသည်မှာ သမ္မတ ထရမ့်သည် ခြေတလှမ်းတိုးပြီး စစ်ကောင်စီနှင့် စတင် “ထိတွေ့ဆက်ဆံမည်လား” ဆိုသည့် မေးခွန်း ဖြစ်သည်။ စောဒကတက်ရမည့်အချက်မှာ စစ်ကောင်စီကို အထီးကျန်ထားပြီး ပြစ်တင်ရှုတ်ချခြင်းသည် မြန်မာစစ်တပ်ကို တရုတ်လက်အတွင်း ပိုမိုကျရောက်စေမည်ဆိုသည့် အချက်ဖြစ်သည်။
မေးစရာရှိသည်မှာ သမ္မတ ထရမ့်သည် ခြေတလှမ်းတိုးပြီး စစ်ကောင်စီနှင့် စတင် “ထိတွေ့ဆက်ဆံမည်လား” ဆိုသည့် မေးခွန်း ဖြစ်သည်။ စောဒကတက်ရမည့်အချက်မှာ စစ်ကောင်စီကို အထီးကျန်ထားပြီး ပြစ်တင်ရှုတ်ချခြင်းသည် မြန်မာစစ်တပ်ကို တရုတ်လက်အတွင်း ပိုမိုကျရောက်စေမည်ဆိုသည့် အချက်ဖြစ်သည်။ ထိုသို့လုပ်ခြင်းသည် ယခင်စစ်အုပ်စုများဖြစ်သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) နှင့် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ခေတ်က အမေရိကန်မူဝါဒ ချမှတ်သူများအကြား တွေ့ရသည့် အမြင်ဖြစ်သည်။
ထရမ့်က သူ့ကိုယ်သူ “အပေးအယူလုပ်တတ်သူ”အဖြစ် ပုံဖော်ရန် ကြိုးစားခဲ့ပြီး စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကဲ့သို့သော နိုင်ငံတကာအပယ်ခံ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်နှင့် ထိတွေ့ဆက်ဆံရန် ကြိုးစားခဲ့ဖူးသော်လည်း မအောင်မြင်ပေ။ ထို့ပြင် ရုရှားမှ သက်ဦးဆံပိုင်အုပ်ချုပ်သူ ဗလာဒီမာ ပူတင်နှင့် သူ၏ အပေးအယူသည် ပူတင်က ယူကရိန်းကို အတင့်ရဲရဲ တိုက်ခိုက်လာသည်မှအပ မည်သည့်ရလဒ်မှ ထွက်မလာသေးပေ။
ရှေ့ဆက် မည်သို့ဖြစ်မည်မှာ ယခုအဆင့်တွင် ခန့်မှန်းချက်သက်သက် ဖြစ်သော်လည်း မြန်မာ့ဒီမိုကရေစီ လိုလားသူများ၊ လွတ်လပ်သော သတင်းသမားများနှင့် လူထုအခြေပြုအဖွဲ့အစည်း လုပ်သားများသည် လာမည့်အရာအတွက် ကြိုတင်ပြင်ဆင်ရမည် ဖြစ်သည်။
၎င်းတို့ကို အထောက်အပံ့ ဖြတ်တောက်ခြင်းသည် စစ်ကောင်စီက တရုတ်နှင့် ခပ်ကင်းကင်းနေခြင်းအတွက် အပြန်အလှန်အားဖြင့် သေနင်္ဂဗျူဟာ ဖြေလျှော့ခြင်းနှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ အသုံးပြုခွင့်ပေးခြင်းကဲ့သို့သော စီးပွားရေး အကျိုးကျေးဇူးများလည် ပါကောင်းပါနိုင်သည့် မြန်မာမူဝါဒသစ်၏ ပထမခြေလှမ်းသာဖြစ်သည်။
ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အားပေးခြင်းသည် ထရမ့်၏ နိုင်ငံရေးအစီအစဉ်တွင် မည်သည့်အခါကမှ မပါဝင်ခဲ့ဘဲ ထိုသို့ မပါဝင်ခြင်းကို ပူတင်အား အလွန်အကျွံ မြှောက်ပင့်ချီးကျူးခြင်း၊ သူနှင့် သူ၏ အနီးကပ်ဆုံး လုပ်ဖော်ကိုင်ဘက်များက နိုင်ငံရပ်တည်ရေးအတွက် တိုက်ပွဲဝင်နေသည့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးကို အကြိမ်ကြိမ်ပြသခဲ့သည့် လေးစားမှု လုံးဝကင်းမဲ့ခြင်းတို့တွင် တွေ့နိုင်သည်။
၂၀၀၀ ပြည့်နှစ်များ အစောပိုင်းတွင် ထိုစဉ်က စစ်အုပ်စု နအဖသည် ရုရှားနှင့် နီးကပ်သော စစ်ဘက်ဆက်ဆံရေး ထူထောင်ပြီး ရုရှားစစ်လက်နက်ပစ္စည်းများကို အဓိကဝယ်ယူသူဖြစ်လာကာ ယင်းသည် မူလက တရုတ်အပေါ် မှီခိုမှုလျှော့ချရန် လုပ်ဆောင်သည့် ခြေလှမ်းတခုသာ ဖြစ်သည်။ ထိုအချိန်မှစတင်ပြီး အထူးသဖြင့် ၂၀၂၁ ခုနှစ် နေပြည်တော်မှ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရုရှားအကြား ဆက်ဆံရေးသည် ထပ်မံ ပိုမိုနီးကပ်လာသည်။
၂၀၀၀ ပြည့်နှစ်များ အစောပိုင်းတွင် ထိုစဉ်က စစ်အုပ်စု နအဖသည် ရုရှားနှင့် နီးကပ်သော စစ်ဘက်ဆက်ဆံရေး ထူထောင်ပြီး ရုရှားစစ်လက်နက်ပစ္စည်းများကို အဓိကဝယ်ယူသူဖြစ်လာကာ ယင်းသည် မူလက တရုတ်အပေါ် မှီခိုမှုလျှော့ချရန် လုပ်ဆောင်သည့် ခြေလှမ်းတခုသာ ဖြစ်သည်။ ထိုအချိန်မှစတင်ပြီး အထူးသဖြင့် ၂၀၂၁ ခုနှစ် နေပြည်တော်မှ စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရုရှားအကြား ဆက်ဆံရေးသည် ထပ်မံ ပိုမိုနီးကပ်လာသည်။
စစ်ကောင်စီသည် ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ထောက်ခံကြောင်း အကြိမ်ပေါင်းများစွာပြောခဲ့ပြီး မကြာသေးမီ မတ်လ အစောပိုင်းက မင်းအောင်လှိုင် မော်စကိုသို့ သွားရောက်စဉ်ကလည်း သူသည် သမ္မတ ပူတင်နှင့် တွေ့ဆုံပြီး မြန်မာတွင် အသေးစား နျူကလီးယားစက်ရုံ တည်ဆောက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးသည်။
“ရုရှားနိုင်ငံပိုင် နျူကလီးယားဓာတ်အားကော်ပိုရေးရှင်း Rosatom က ထိုစက်ရုံသည် မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်နိုင်သည့် စွမ်းရည်ရှိပြီး ထိုပမာဏထက် သုံးဆအထိ တိုးနိုင်သည့် အလားအလာရှိသည်ဟု ပြောကြောင်း” Reuters သတင်းဌာနက မတ်လ ၅ ရက်နေ့တွင် ဖော်ပြခဲ့သည်။ Reuters သတင်း၏အဆိုအရ နှစ်နိုင်ငံ ကုန်သွယ်ရေးသည် “လွန်ခဲ့သောနှစ်တွင် ၄၀ ရာခိုင်နှုန်း တိုးတက်လာသည်” ဟု သမ္မတ ပူတင်က မှတ်ချက်ချကြောင်း သိရသည်။
ထိုမတိုင်မီ ဖေဖော်ဝါရီလတွင် မြန်မာနှင့်ရုရှားတို့သည် ထားဝယ်မှ အထူးစီးပွားရေးဇုန်၌ ဆိပ်ကမ်းတခုနှင့် ရေနံချက်စက်ရုံတခု တည်ဆောက်ရေး အပါအဝင် ရင်းနှီးမြှုပ်နှံမှု ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးသည်။ ရုရှားသံတမန်များနှင့် စစ်တပ်ကိုယ်စားလှယ်များသည် စစ်ကောင်စီက နေပြည်တော်တွင် နှစ်စဉ်ကျင်းပသည့် မတ်လ ၂၇ ရက်နေ့ တော်လှန်ရေးနေ့ အခမ်းအနားများသို့ တက်ရောက်ကြပြီး ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်သည် “လုံခြုံရေးနှင့် စီးပွားရေးကိစ္စများ” ဆွေးနွေးရန် မြန်မာသို့ သွားရောက်သည်ဟု ရုရှား Tass သတင်းဌာနက ဖော်ပြသည်။
မြန်မာတွင် ရုရှား ပါဝင်ပတ်သက်ခြင်းကို ငွေရှာရန်ကိစ္စသက်သက်ဖြင့် ရှင်းပြရန် မဖြစ်နိုင်ကြောင်း ထင်ရှားသည်။ ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲပြီး ရုရှားတွင် ဘောရစ်ယဲ့လ်ဆင်၏ ဖရိုဖရဲအုပ်ချုပ်ရေး စတင်ပြီး သီးခြားနိုင်ငံတခု ဖြစ်လာပြီးနောက် ယခင်က နီးကပ်သော မဟာမိတ် အိန္ဒိယသည် ကာကွယ်ရေးဆက်ဆံရေးကို စတင်ဖြန့်ခွဲလာကာ ဒေသတွင်းမှ အခြား မဟာမိတ်များဖြစ်သော လာအို၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယားတို့သည် ပြည်ပမိတ်ဆွေများ ရှာလာသောကြောင့် အာရှတွင် မော်စကို၏သြဇာ ပြိုလဲသည်။
မစ္စတာ ယဲ့လ်ဆင်ကို ဆက်ခံသူ မစ္စတာ ပူတင်သည် မဟာအင်အားကြီးနိုင်ငံဖြစ်ခဲ့သည့်ဆိုဗီယက်ခေတ်က ခမ်းနားမှုအချို့ကို ပြန်လည် ရရှိရန် လုပ်ဆောင်သည်။ သူသည် ရုရှားကို ပြန်လည် ကြီးကျယ်မြင့်မြတ်အောင် လုပ်ချင်ပြီး မြန်မာစစ်တပ်သည် မော်စကို၏ အနီးကပ်ဆုံးနှင့် အယုံကြည်ရဆုံးသော အာရှမဟာမိတ် ဖြစ်လာသည်။
မစ္စတာ ယဲ့လ်ဆင်ကို ဆက်ခံသူ မစ္စတာ ပူတင်သည် မဟာအင်အားကြီးနိုင်ငံဖြစ်ခဲ့သည့်ဆိုဗီယက်ခေတ်က ခမ်းနားမှုအချို့ကို ပြန်လည် ရရှိရန် လုပ်ဆောင်သည်။ သူသည် ရုရှားကို ပြန်လည် ကြီးကျယ်မြင့်မြတ်အောင် လုပ်ချင်ပြီး မြန်မာစစ်တပ်သည် မော်စကို၏ အနီးကပ်ဆုံးနှင့် အယုံကြည်ရဆုံးသော အာရှမဟာမိတ် ဖြစ်လာသည်။ ထိုသို့သော အခြေအနေကို ကြည့်ပါက မြန်မာတွင် စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားသည်ကို မြင်လိုသည့် အင်အားစုများကို ထရမ့်က ထောက်ခံမည် ဆိုသည်မှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။
ထရမ့်အတွက် ရုရှားနှင့်ဆက်ဆံရေးသည် ခိုင်မာပြီး ၁၉၈၄ ခုနှစ်ကို ပြန်ကြည့်ပါ အမေရိကန် စုံစမ်းဖော်ထုတ် သတင်းသမားနှင့် ရောင်းအကောင်းဆုံး စာရေးဆရာ ခရိတ် အန်ဂါ၏ အဆိုအရ “ဒေးဗစ် ဘိုဂါတင် အမည်ရှိ လူတဦးသည် အသစ်ဖွင့်လှစ်လိုက်သည့် ထရမ့်တာဝါသို့ ရောက်လာပြီး ဒေါ်လာ ၆ သန်းကို ငွေသားဖြင့်ပေးသည်။ သူသည် ဒေါ်နယ်ထရမ့်နှင့် တွေ့ဆုံပြီး ကွန်ဒို ငါးခန်းဝယ်သည်။ အမေရိကန် စုံစမ်းစစ်ဆေးရေး ဖက်ဒရယ်ဗြူရို FBI ၏အဆိုအရ ဘိုဂါတင်သည် ရုရှားမာဖီးယားများနှင့် ပတ်သက်ကြောင်း သိရသည်။ ထိုကွန်ဒိုများကို ပိုင်ဆိုင်သူအဖြစ် ဘိုဂါတင်သည် ထိုအရောင်းအဝယ်မှ ငွေကြေး ခဝါချနိုင်သည့်အနေအထား ရောက်ခဲ့သည်”။
မစ္စတာ ထရမ့်သည် ၁၉၈၇ ခုနှစ်တွင် မော်စကိုသို့ ပထမဆုံးအကြိမ် ရောက်ခဲ့ပြီး ထိုစဉ်က ဆိုဗီယက် လုံခြုံရေးဌာနများ၏ အပြင်းအထန် အာရုံစိုက်ခံခဲ့ရသည်။ အန်ဂါနှင့် ဂါးဒီးယန်း သတင်းစာ၏ နိုင်ငံခြားသတင်းထောက် လုခ် ဟာဒင်ကဲ့သို့ ရင်းမြစ်များ၏ အဆိုအရ ထရမ့်ကို အသုံးဝင်ပြီး အလားအလာရှိသည့် ထောက်လှမ်းရေး အဆက်အသွယ်တခု ဖြစ်သည်ဟု မြင်ခဲ့ကြပြီး စိတ်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ သူသည် ရုရှားအကျိုးစီးပွားများနှင့် ပိုမိုပါဝင်ပတ်သက်လာသည်။
“၁၉၉၀ ပြည့်နှစ်များသို့ ရောက်သောအခါ ထရမ့်သည် ပေါ့ဆသော စီးပွားရေး ဆုံးဖြတ်ချက် အများအပြားကြောင့် သူ့ဖခင်၏ ချမ်းသာကြွယ်ဝမှုများမှ သူ့အမွေ ဝေစုကို အကုန်သုံးပြီး ဖြစ်နေသည်။ သူ၏ စီးပွားရေးလုပ်ငန်းများအနက် နှစ်ခုဖြစ်သော အတ္တလန္တာမြို့မှ ထရမ့် တာ့ဂျ် မဟာ ကာစီနိုနှင့် နယူးယောက်မှ ပလာဇာဟိုတယ် ဒေဝါလီ ခံရပြီး ငွေကုန်ပေါက်ဖြစ်သော ထရမ့် ရှပ်တယ်လ်သည် ၁၉၉၂ ခုနှစ်တွင် လုပ်ငန်းရပ်ဆိုင်းသွားသည်” ဟု ဖောရိန်း ပေါ်လစီမှ ဆောင်းပါးရှင် မိုက်ကယ် ဟာ့ရှ်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ရေးသားခဲ့သည်။
မည်သည့် အမေရိကန်ဘဏ်မှ ထရမ့်ကို မဆက်ဆံချိန်တွင် သူ၏ စီးပွားရေး ပြန်လည်ရှင်သန်စေရာတွင် “ပြည်ပငွေကြေး၊ အထူးသဖြင့် ရုရှားနှင့် ဆိုဗီယက်နိုင်ငံဟောင်းများမှ ချမ်းသာသူများ၏ ရင်းနှီးမြှုပ်နှံမှုသည် ကြီးမားသောအခန်းကဏ္ဍမှ ပါဝင်သည်” ဟု ဟာ့ရှ်က ရေးခဲ့သည်။
ထိုသူများတွင် ကာဇက်စတန်မှ သုံးမကုန်သော ငွေရင်းမြစ်များကို အသုံးပြုနေသည့် ကာဇက်စတန်ဖွား ဆိုဗီယက်အရာရှိဟောင်း တက်ဗ်ဖစ် အာရစ်ဖ်နှင့် ရုရှားမာဖီးယားများ ပါဝင်သော ကြီးမားသည့် စတော့လိမ်လည်မှုအတွက် ၁၉၉၀ ပြည့်နှစ်များက အပြစ်ရှိကြောင်း ဝန်ခံခဲ့သူ ရုရှားဖွား စီးပွားရေးသမား ဖီးလစ် ဆတ်တာတို့ ပါဝင်သည်။
အာရစ်ဖ်နှင့် ဆတ်တာတို့သည် ဘေးရော့ခ်အုပ်စု (Bayrock Group) ကို စီမံပြီး ထိုအုပ်စုသည် ထရမ့်တာဝါမှ ထရမ့်အခန်းအောက် နှစ်လွှာမြောက်တွင် ရုံးခန်းငှားကာ ဘေးရော့ခ်၏ အကူအညီဖြင့် ထရမ့်သည် ဆောက်လုပ်ရေးလုပ်ငန်းမှ ခွဲထွက်ကာ ကုန်အမှတ်တံဆိပ်အားပြုပြီး စီးပွားရှာသူအဖြစ် အကြီးအကျယ် အသွင်ကူးပြောင်းခဲ့သည်ဟု ဟာ့ရှ်က ရေးသားသည်။
ရုရှားအထက်လွှာများနှင့် ထိုခင်မင်မှုသည် ရှည်ကြာခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ထရမ့်သည် ရုရှားခေါင်းဆောင်နှင့် ဖင်လန်နိုင်ငံ၊ ဟယ်လ်စင်ကီတွင် တွေ့ဆုံသောအခါ သူနိုင်ပြီး ဟီလာရီကလင်တန် ရှုံးသည့် ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် စွက်ဖက်သည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်၍ သူ၏ထောက်လှမ်းရေးဌာနများကို ယုံကြည်သလား သို့မဟုတ် ပူတင်ကို ယုံကြည်သလားဟု အမေးခံရသည်။
ရုရှားအထက်လွှာများနှင့် ထိုခင်မင်မှုသည် ရှည်ကြာခဲ့ပြီး ၂၀၁၈ ခုနှစ်၊ ဇူလိုင်လတွင် ထရမ့်သည် ရုရှားခေါင်းဆောင်နှင့် ဖင်လန်နိုင်ငံ၊ ဟယ်လ်စင်ကီတွင် တွေ့ဆုံသောအခါ သူနိုင်ပြီး ဟီလာရီကလင်တန် ရှုံးသည့် ၂၀၁၆ ခုနှစ် သမ္မတ ရွေးကောက်ပွဲတွင် စွက်ဖက်သည်ဆိုသော စွပ်စွဲချက်များနှင့် ပတ်သက်၍ သူ၏ထောက်လှမ်းရေးဌာနများကို ယုံကြည်သလား သို့မဟုတ် ပူတင်ကို ယုံကြည်သလားဟု အမေးခံရသည်။
သူ၏အဖြေသည် အံ့သြစရာကောင်းသည်။ “အဲဒါ ရုရှား မဟုတ်ဘူးလို့ သမ္မတ ပူတင်က ပြောတယ်။ ဘာလို့ ရုရှားဖြစ်မယ်ဆိုတာ အကြောင်းရှာမတွေ့ဘူး” ဟု မစ္စတာ ထရမ့်က ပြောသည်။ ထို့ကြောင့် သူသည် အမေရိကန် ဖက်ဒရယ်အေဂျင်စီများထက် ပူတင်ကို ပိုမိုယုံကြည်သည်။
“ရုရှားဟာ ကျနော်တို့ရဲ့ မဟာမိတ် မဟုတ်ဘူးဆိုတာကို မစ္စတာ ထရမ့် အသိအမှတ်ပြုရမယ်။ အမေရိကန် ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံအကြားမှာ ကျင့်ဝတ်ညီမျှမှု မရှိဘူး။ ကျနော်တို့ရဲ့ အခြေခံအကျဆုံး တန်ဖိုးတွေနဲ့ စံတွေကို ရုရှားက ဆန့်ကျင်တယ်။ ၂၀၁၆ ရွေးကောက်ပွဲမှာ ရုရှားစွက်ဖက်တယ်ဆိုတာ မေးစရာ မလိုဘူး” ဟု ပြင်းထန်သော ကြေညာချက်တစောင်ကို အောက်လွှတ်တော် ဥက္ကဋ္ဌ ပေါလ်ရန်းက ထုတ်ပြန်ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။ ယခုအခါ ထရမ့်ခန့်အပ်ထားသည့် FBI အကြီးအကဲသစ်တဦး ရှိနေပြီဖြစ်သည်။
ထရမ့်အစိုးရသည် ပူတင် ကြားချင်သည့်အတိုင်း အတိအကျလုပ်ကြောင်း သို့မဟုတ် ပြောကြောင်း ကိစ္စ ၂၉ ခုကို စာရင်းပြုစုထားသည်ဟု လူရိုသေရှင်ရိုသေခံရသည့် အမေရိကန် ဒစ်ဂျစ်တယ်သတင်းစာ Politico က ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဖော်ပြသည်။
ထရမ့်သည် ပူတင်ကို ဖုန်းခေါ်ပြီး “ဒီဖုန်းခေါ်တာကို အချိန်ပေးနားထောင်လို့ သမ္မတ ပူတင်ကို ကျနော် ကျေးဇူးတင်ချင်ပါတယ်။ ကျနော်တို့ နှစ်ယောက်လုံး ကျနော်တို့ နိုင်ငံတွေရဲ့ မဟာသမိုင်းကို ထင်ဟပ်ကြတယ်။ ကျနော်တို့ နှစ်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်တုန်းက အတူတကွ အောင်မြင်စွာ တိုက်ခိုက်ခဲ့တယ်ဆိုတဲ့ အချက်ကို ထင်ဟပ်တယ်” ဟု ပြောခြင်းဖြင့် စတင်ခဲ့သည်။
ထိုသို့ ဖုန်းခေါ်ပြီးနောက် မစ္စတာ ထရမ့်သည် ယူကရိန်းတွင် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) တပ်များ မရှိစေလိုသည့် ပူတင်၏ ဆန္ဒကို ဖြည့်ဆည်းပြီး သမ္မတ ဇယ်လန်စကီးကို စော်ကားကာ ယူကရိန်းကိုသာမက ဥရောပသမဂ္ဂကိုပါ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများမှ ဖယ်ထုတ်လိုက်သည်။
ထိုအစား ရုရှားကိုယ်စားလှယ်များနှင့် ဆော်ဒီအာရေးဘီးယားတွင် ခြွင်းချက်မရှိ တွေဆုံဆွေးနွေးသည်။ ရုရှားက အပြည့်အဝ ကျူးကျော်မှု စတင်ခြင်း မဟုတ်ဘဲ ယူကရိန်းသည် ထိုစစ်ပွဲကို စတင်ခဲ့သည်ဟုလည်း ထရမ့်က ပြောကာ တကမ္ဘာလုံးမှ ဒီမိုကရေစီ NGO များကို ထောက်ပံ့မှု ဖြတ်တောက်သည်။
ပူတင်အဖို့ ထို့ထက် ကျေနပ်နိုင်ဖွယ် မရှိတော့ပေ။ အမေရိကန် အိမ်ဖြူတော်တွင် သူယုံကြည်ရသည့် မိတ်ဆွေနှင့် မဟာမိတ်တဦး ရှိနေပြီဖြစ်သည်။
ပူတင်အဖို့ ထို့ထက် ကျေနပ်နိုင်ဖွယ် မရှိတော့ပေ။ အမေရိကန် အိမ်ဖြူတော်တွင် သူယုံကြည်ရသည့် မိတ်ဆွေနှင့် မဟာမိတ်တဦး ရှိနေပြီဖြစ်သည်။
ထို့နောက်တွင် မမျှော်လင့်သော ဖြစ်ရပ်ဖြစ်လာသည်။ သမ္မတ ပူတင်သည် ယူကရိန်းနှင့် အပစ်အခတ်ရပ်စဲရေး၊ ငြိမ်းချမ်းရေး မရလျှင် ရုရှားကို ပိတ်ဆို့အရေးယူမှုများနှင့် အခွန်များ ချမှတ်ရန် စဉ်းစားနေကြောင်း မတ်လ ၇ ရက်နေ့တွင် သမ္မတ ထရမ့်က ပြောကြားပြီး လူတိုင်းကို အံ့သြစေပြန်သည်။
သို့သော် ၂၀၁၈ ခုနှစ်နှင့် ၂၀၁၉ ခုနှစ်က ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေးလုပ်ခဲ့ပြီး ယခုအခါ ထရမ့်၏ မူဝါဒများကို အကြီးအကျယ်ဝေဖန်သူ ဂျွန် ဘော်လ်တန်က ထိုခြိမ်းခြောက်မှုများသည် “အနှစ်သာရ မရှိကြောင်း” CNN မှ အန်ဒါဆင် ကူးပါးနှင့် တွေ့ဆုံမေးမြန်းရာတွင် ပယ်ချသည်။
ထို့ပြင် ထရမ့်၏ ပြောဆိုချက်များသည် ထရမ့်၏ ရုရှားအဆက်အသွယ်များအကြောင်း သတင်းအချက်အလက်များ ပိုမိုထွက်ပေါ်လာချိန်နှင့် တိုက်ဆိုင်နေသည်မှာ မတော်တဆ မဟုတ်ပေ။ ထိုခြိမ်းခြောက်မှုများကို ထရမ့်ပြုလုပ်ပြီး ၂ နာရီခန့်ကြာသောအခါ “ယူကရိန်းနှင့် ဆက်ဆံရသည်မှာ ပိုမိုခက်ခဲနေကြောင်း” ထရမ့်က သတင်းထောက်များကို ပြောပြီး ပူတင်ကို သူ ယုံကြည်ကြောင်း ထပ်မံပြောပြန်သည်။
ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထရမ့်၊ သူ၏နောက်လိုက် ဂျေဒီ ဗန့်စ်တို့နှင့် အိမ်ဖြူတော်တွင် ဇယ်လန်စကီးသည် လွန်စွာစော်ကားပြီး လွန်စွာ သံတမန်မဆန်သည့် ဧည့်ခံမှုကို ကြုံရပြီးနောက် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲနှင့် အက်စတိုးနီးယား ဝန်ကြီးချုပ်ဟောင်း ကာဂျာ ကဲလပ်စ်က “လွတ်လပ်တဲ့ကမ္ဘာဟာ ခေါင်းဆောင်သစ် လိုအပ်နေပြီဆိုတာ ဒီနေ့ ရှင်းရှင်းလင်းလင်း သိလာရပြီ။ ဒီစိန်ခေါ်မှုကို ခံယူဖို့က ကျနော်တို့ တာဝန်ပဲ။ ဥရောပနိုင်ငံတွေရဲ့ တာဝန်ပဲ” ဟု လူသိရှင်ကြား ကြေညာသည်။
ထိုကိစ္စသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးတွင် စိတ်ဝင်စားသူတိုင်းအတွက် ရှင်းလင်းသော်လည်း ဥရောပသမဂ္ဂသည် အမေရိကန်ထားခဲ့သည့် လစ်ဟာသွားသော နယ်ပယ်များကို ဖြည့်ဆည်းနိုင်မည်လားဟု မေးစရာ ရှိသည်။
ထရမ့် မစွက်ဖက်မီအထိ အမေရိကန် အစိုးရဌာနများ၏ မြှုပ်နှံလုပ်ကိုင်မှုနှင့် ရက်ရောမှုတို့ကြောင့် ကျော်ကြားလေးစားရသည့် အကူအညီများကြောင့် ယခု လစ်ဟာနယ်ပယ်များသည် အလွန်ကြီးမားသည်။ ဥရောပသမဂ္ဂသည် အမေရိကန် ပြည်ထောင်စုလောက် ရင်းမြစ်မရှိဘဲ ဥရောပသမဂ္ဂက ပေးသည့် မည်သည့်အကူအညီ မဆိုသည် ယူကရိန်း ဆက်လက် ရပ်တည်ရေးအတွက် ဖြည့်ဆည်းပေးရမည်ဖြစ်သည်။
ကမ္ဘာ၏ မရေရာသည့်နေ့များတွင် မြန်မာ ဒီမိုကရေစီအင်အားစုများသည် ခက်ခဲ့သော အချိန်တခု ရင်ဆိုင်ရမည်မှာ သေချာပေသည်။
ထိုကိစ္စသည် ဥရောပတခုလုံးအတွက် အရေးအပါဆုံး ပြဿနာတခုဖြစ်သည်။ သို့သော် ထိုသို့ ကမ္ဘာ၏ မရေရာသည့်နေ့များတွင် မြန်မာ ဒီမိုကရေစီအင်အားစုများသည် ခက်ခဲ့သော အချိန်တခု ရင်ဆိုင်ရမည်မှာ သေချာပေသည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Bertil Lintner ၏ Will Trump Seek to Engage With the Myanmar Junta? ကို ဘာသာပြန်သည်။ ဘာတေးလ် လင့်တနာသည် အာရှအကြောင်း ဆယ်စုနှစ် လေးခုနီးပါး ရေးသားခဲ့သည့် ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာနှင့် သေနင်္ဂဗျူဟာ အတိုင်ပင်ခံဖြစ်သည်။)
You may also like these stories:
မြန်မာ့အရေးမှ ထရမ့် ဆုတ်ခွာခြင်းက တရုတ်လက် ဝကွက်အပ်ရာရောက်
ထရမ့်မူဝါဒကြောင့် ထိုင်းနယ်စပ် မြန်မာဒုက္ခသည်စခန်းမှ ဆေးရုံများ ရပ်တန့်
ထရမ့်၏ မြန်မာမူဝါဒ ဖြစ်နိုင်ခြေကို အမေရိကန်သံတမန်ဟောင်း သုံးသပ်ချက်
ဒေါ်နယ်ထရမ့်နဲ့ တရုတ်တို့ ဆက်ဆံရေးကြားက မြန်မာ့မြေရှားသတ္တု (ရုပ်/သံ)
ထရမ့် လက်ထက်မှာ အမေရိကန်က မြန်မာကို ပြန်ပြီး အာရုံစိုက်မလား
မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး
ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်တွေ မြန်မာအကြောင်း သိကြလား (ရုပ်/သံ)














