မစ္စတာ စကော့ မာစီရယ်သည် ၂၀၀၈ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် လုပ်ကိုင်ခဲ့ပြီး ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် ထမ်းဆောင်ခဲ့သည်။ သံတမန်တဦးအဖြစ် တောက်လျှောက်တာဝန်ယူခဲ့သော မစ္စတာ စကော့ မာစီရယ်သည် ၁၉၈၅ ခုနှစ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နှင့် ဟောင်ကောင်တို့တွင် တာဝန်ထမ်းဆောင်ခဲ့ကာ ထိုဒေသများအကြောင်းကို အခြားသူအများစုထက် သိသည်။ မစ္စတာ ဒေါ်နယ် ထရမ့် ဒုတိယအကြိမ် သမ္မတဖြစ်လာပြီးနောက် လာမည့် လေးနှစ်တွင် အမေရိကန်၏ မြန်မာမူဝါဒ မည်သို့ရှိမည်ကို ဧရာဝတီက မစ္စတာ မာစီရယ်အား မေးမြန်းခဲ့သည်။
ဧရာဝတီ ။ ။ သံအမတ်ကြီးဟာ အရင်က အရှေ့တောင်အာရှမှာ တာဝန်ထမ်းဆောင်ခဲ့တယ်။ စင်ကာပူ၊ ထိုင်းနဲ့ ဖိလစ်ပိုင်လို အဓိက မဟာမိတ်တွေနဲ့အတူ ထရမ့်အစိုးရက တရုတ်သြဇာ ကြီးမားလာတာကို ဘယ်လို ရင်ဆိုင်ဖို့ ပြင်ဆင်နေလဲ။
စကော့ မာစီရယ် ။ ။ ထရမ့်အစိုးရ ပထမသက်တမ်းကို နည်းနည်း ပြန်ကြည့်နိုင်တယ်လို့ ကျနော်ထင်တယ်။ ထရမ့်က အာဆီယံဆိုင်ရာ အမေရိကန် သံအမတ် မခန့်ခဲ့ဘူး။ အဲဒီ အစည်းအဝေးတွေကိုလည်း မတက်ခဲ့ဘူး။ ဒါပေမယ့် ထိုင်းနိုင်ငံနဲ့ဆက်ဆံရေး တိုးတက်အောင်လုပ်ခဲ့တယ်။ အဲဒီလိုပဲ ဆက်ဖြစ်နေမယ်လို့ ကျနော်ထင်တယ်။
စင်ကာပူနဲ့ ဆက်ဆံရေးက ကောင်းနေသေးတယ်လို့ ကျနော်ထင်တယ်။ ထရမ့် သမ္မတရာထူးက ဆင်းရပြီးနောက် ဖိလစ်ပိုင်နဲ့ဆက်ဆံရေး အများကြီး ပိုမိုခိုင်မာလာတယ်။ ထရမ့်အစိုးရဟာ ဒါကို ဆက်လက် ထောက်ခံဖွယ်ရှိတယ်။ ထရမ့်ကိုယ်တိုင်ကတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး သိပ်စိတ်မဝင်စားဘူး၊ ဒါမှမဟုတ် အလေးမထားသလို အခုလည်း စိတ်ဝင်စားမှာ မဟုတ်ဘူး။ ဒါပေမယ့် စိတ်ဝင်စားတဲ့ အမေရိကန်အစိုးရ အစိတ်အပိုင်းတွေ အများကြီး ရှိပြီး သမ္မတက တိုက်ရိုက် စိတ်မဝင်စားရင်တောင်မှ အဲဒီအစိတ်အပိုင်းတွေက ဆက်လက် စိတ်ဝင်စား နေမှာပဲ။
နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ မာကို ရူဘီရိုအပေါ် အများကြီးမူတည်လိမ့်မယ်။ သူက သမ္မတကို လျစ်လျူရှုမယ်လို့ ဆိုလိုတာ မဟုတ်ပေမယ့် သမ္မတက နိုင်ငံတိုင်းကို အာရုံစိုက်မှာ မဟုတ်ဘူး။ အစဉ်အလာ အမေရိကန်မူဝါဒ ဆက်လက် ရှိနေတာတွေ့ရမယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ့် အစိုးရရဲ့ အာရုံစိုက်မှုဟာ တရုတ်ဖြစ်ကြောင်း သေချာတယ်။ နောက်ထပ် အာရုံစိုက်မှာက စီးပွားရေးနဲ့ ကုန်သွယ်ရေးပဲ။ ဒါပေမယ့် မြန်မာနဲ့ ပတ်သက်လို့တော့ အဲဒီလို မဟုတ်ဘူး။
ထရမ့်ရဲ့ ပထမအကြိမ်အစိုးရက ပရာယွတ်အောက်က ထိုင်းစစ်အစိုးရနဲ့ ပြန်လည် သင့်မြတ်မှုတချို့ လုပ်ခဲ့တယ်။ တချို့ကလည်း အဲဒါကို ကြိုက်တယ်။ တချို့ကလည်း မကြိုက်ဘူး။ ဒါပေမယ့် အဲဒါဟာ ထရမ့်က စစ်တပိုင်းအစိုးရနဲ့ လုပ်ကိုင်ဖို့ စိတ်အားထက်သန်မှုကို ထင်ဟပ်တယ်။ ဒါကြောင့် သူက အဲဒီတုန်းက ထိုင်းနဲ့တွေ့ခဲ့သလို စစ်ကောင်စီနဲ့တွေ့မယ်လို့ မဆိုလိုဘူး။
ထရမ့်ရဲ့ ပထမအကြိမ်အစိုးရက ပရာယွတ်အောက်က ထိုင်းစစ်အစိုးရနဲ့ ပြန်လည် သင့်မြတ်မှုတချို့ လုပ်ခဲ့တယ်။ တချို့ကလည်း အဲဒါကို ကြိုက်တယ်။ တချို့ကလည်း မကြိုက်ဘူး။ ဒါပေမယ့် အဲဒါဟာ ထရမ့်က စစ်တပိုင်းအစိုးရနဲ့ လုပ်ကိုင်ဖို့ စိတ်အားထက်သန်မှုကို ထင်ဟပ်တယ်။ ဒါကြောင့် သူက အဲဒီတုန်းက ထိုင်းနဲ့တွေ့ခဲ့သလို စစ်ကောင်စီနဲ့တွေ့မယ်လို့ မဆိုလိုဘူး။
မြန်မာ့အခြေအနေကို တော်တော်လေး ကွဲပြားခြားနားစွာ ကြည့်မယ်လို့ ကျနော်ထင်တယ်။ ဒါကြောင့် သူတို့ဟာ မြန်မာက ဗိုလ်ချုပ်တွေဆီကိုသွား၊ လက်ဆွဲနှုတ်ဆက်ပြီး အချိန်များများပေးမယ်လို့ ကျနော် မဆိုလိုဘူး။ ကျနော် အံ့သြမိမှာပဲ။ ပြီးတော့ အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ မြန်မာ့အရေးကို ဂရုစိုက်တဲ့လူတွေ အများကြီး ရှိနေသေးတယ်။ သူတို့တွေက အခုအတိုင်း ဆက်လက်ပြီး ပြည်သူတွေကို ထောက်ခံဖို့ တွန်းအားပေးမယ်လို့ ကျနော်ထင်တယ်။
မေး ။ ။ ကွန်ဂရက်မှာ မြန်မာနဲ့ပတ်သက်ပြီး နှစ်ပါတီလုံးက ချမှတ်ထားတဲ့အမြင်ရှိပြီး ဘားမားအက် (Burma Act) ဥပဒေလည်း ရှိပေမယ့် အကောင်အထည်တော့ မဖော်သေးဘူး။ ထရမ့်အစိုးရအောက်မှာ အဲဒါတွေကို ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ဒါကိုပြောရတာ ခက်တယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် မြန်မာမူဝါဒဆိုတာ သမ္မတရဲ့စားပွဲကို ရောက်မလား၊ မရောက်ဘဲနေမလားတောင် ကျနော်မသိဘူး။ အဲဒီကအခြေအနေကို သူလုံးဝ အကျွမ်းတဝင်မရှိဘဲ ဒီကိစ္စကိုလည်း အကြီးအကျယ် စိတ်ဝင်စားဖို့မလိုဘူးလို့ ကျနော်ယူဆတယ်။ ဘားမားအက် အကောင်အထည်ဖော်ရေးက နိုင်ငံခြားရေးဝန်ကြီးနဲ့ ဘယ်သူ USAID ဒါရိုက်တာဖြစ်မလဲ ဆိုတဲ့အပေါ် နည်းနည်း ပိုမို မူတည်တယ်လို့ ကျနော်ထင်တယ်။ အခုတော့ “အမေရိက ပထမ” စိတ်ဓာတ်ပိုများလာပြီး ငါတို့မှာ ကိုယ့်ပြဿနာတွေနဲ့ကိုယ် ရှိနေချိန်မှာ တခြားနိုင်ငံတွေကို ဘာကြောင့် ကူညီရမလဲလို့ မေးခွန်းထုတ်နေကြတယ်။
တဖက်မှာလည်း အမေရိကန် လူသားချင်းစာနာမှု အကူအညီနဲ့ အဲဒီလို ကိစ္စတွေအရ မြန်မာလိုနေရာတခုနဲ့ ပတ်သက်တဲ့ ငွေပမာဏက အဓိကကျတဲ့ မူဝါဒဆွေးနွေးပွဲ လုပ်ရလောက်အောင် မများဘူး။ အထောက်အကူ ပြုလောက်အောင် များပေမယ့် ဝါရှင်တန်မှာ နိုင်ငံရေးပြဿနာကြီးတခု ဖြစ်လောက်အောင် မများဘူးလို့ မျှော်လင့်တယ်။ ဒါကြောင့် အဲဒီမျက်နှာစာမှာ အရင်အတိုင်းပဲ ရှိမယ်လို့ ခန့်မှန်းခဲ့တယ်။ ခန့်မှန်းတယ်။
မေး ။ ။ စစ်အာဏာသိမ်းပြီးနောက် မြန်မာက ပိုမိုများပြားတဲ့ ရွှေ့ပြောင်းအခြေချတွေနဲ့ ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းသူတွေ ထိုင်းနိုင်ငံကို ထွက်ပြေးလာနေကြတယ်။ ပြီးတော့ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ မူးယစ်ဆေးဝါး ထုတ်လုပ်မှု တိုးလာပြီး နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု၊ အွန်လိုင်းလောင်းကစား၊ လူကုန်ကူးမှု အကြီးအကျယ် တိုးလာတယ်။ မြန်မာဟာ အိမ်နီးချင်းတွေအတွက် အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုဖြစ်ပြီး အမေရိကန်နိုင်ငံသားတွေတောင်မှ ပစ်မှတ်ထားခံရတယ်။ မြန်မာပဋိပက္ခက အချိန်တိုအတွင်း ပြီးမယ့်ပုံမရှိဘဲ အာဆီယံက စိတ်ပျက်နေပေမယ့် ကြားဝင်ဖို့ နည်းလမ်းမရှိဘူး ဖြစ်နေတယ်။ အဲဒီအဖွဲ့ရဲ့ လွန်ခဲ့တဲ့ လေးနှစ်က မြန်မာဆိုင်ရာ ဘုံသဘောတူညီချက် ငါးချက်က ခေတ်မမီတော့ဘူးလို့ ထင်တယ်။ အဲဒီပြဿနာကို အမေရိကန်အစိုးရသစ်က လေ့လာမှာလား၊ လျစ်လျူရှုထားမှာလား။
ဖြေ ။ ။ အဲဒီအတိုင်း ဆက်ဖြစ်နေမယ်လို့ ကျနော်ထင်တယ်။ ဒီကိစ္စတွေ အများအပြားဟာ သမ္မတဆီက မူဝါဒလမ်းညွှန် မပါဘဲ လုပ်နေတာတွေဖြစ်တယ်။ ဘယ်သူကမှ စဉ်းစားမနေလို့ အလိုအလျောက် မောင်းနှင်နေတယ်လို့ ကျနော် မပြောချင်ဘူး။ ဒါဟာ ပုံမှန်လုပ်နေကျကိစ္စပဲ။ သံအမတ်သစ် ခန့်မလားဆိုတဲ့ကိစ္စမှာလည်း တချို့ကိစ္စတွေက မူတည်ပြီး အများစုကို သံတမန်ဝန်ထမ်းတွေက လုပ်ပေးတာ။ အစိုးရက “အဲဒါ မလုပ်နဲ့” လို့ မပြောမချင်း အများအားဖြင့် အရင်အတိုင်း ဆက်ရှိနေမယ်လို့ ကျနော် မျှော်လင့်တယ်။
ဒါတွေ အားလုံးဟာ ထိုင်းနဲ့ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံအခြေအနေအပေါ် အစိုးရထဲက ဘယ်သူ ဦးဆောင်မလဲဆိုတဲ့ အချက်အပေါ်လည်း အများကြီး မူတည်တယ်။ အရမ်းအရေးကြီးလာတဲ့ ဆိုက်ဘာရာဇဝတ်မှုနဲ့ အခြားရာဇဝတ်မှုတွေဟာ အစိုးရသစ်က ဖြစ်သင့်ဖြစ်ထိုက်တဲ့ အာရုံစိုက် မခံရရင် ကျနော်အံ့သြမိမယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ပြောတဲ့အတိုင်း အမေရိကန်အများအပြားကို ထိခိုက်စေလို့ပဲ။
ဒါတွေ အားလုံးဟာ ထိုင်းနဲ့ဆက်ဆံရေးနဲ့ မြန်မာနိုင်ငံအခြေအနေအပေါ် အစိုးရထဲက ဘယ်သူ ဦးဆောင်မလဲဆိုတဲ့ အချက်အပေါ်လည်း အများကြီး မူတည်တယ်။ အရမ်းအရေးကြီးလာတဲ့ ဆိုက်ဘာရာဇဝတ်မှုနဲ့ အခြားရာဇဝတ်မှုတွေဟာ အစိုးရသစ်က ဖြစ်သင့်ဖြစ်ထိုက်တဲ့ အာရုံစိုက် မခံရရင် ကျနော်အံ့သြမိမယ်။ ဘာကြောင့်လဲဆိုတော့ ခင်ဗျားတို့ပြောတဲ့အတိုင်း အမေရိကန်အများအပြားကို ထိခိုက်စေလို့ပဲ။
ဒီကိစ္စဟာ အာရုံစိုက်ဖို့ အရမ်းလိုတဲ့ ကိစ္စဖြစ်ကြောင်း မီးမောင်းထိုးပြတဲ့ အစီရင်ခံစာတစောင်ကို လာမယ့်အစိုးရအတွက် အကြံပြုချက်တွေအဖြစ် အာရှဖောင်ဒေးရှင်းနဲ့ လွန်ခဲ့တဲ့နှစ်က ကျနော်လုပ်ပေးခဲ့တယ်။ ဆိုလိုတာက ထိုင်းတွေ၊ အခြား အာဆီယံနိုင်ငံတွေနဲ့ ဒီကိစ္စမှာ သားကောင်ဖြစ်နေတဲ့ တရုတ်နဲ့တောင်မှ ပူးပေါင်းလုပ်ဖို့လို့ ဆိုလိုတယ်။ ဒါကြောင့် ဒါဟာ မြန်မာကို အာရုံစိုက်စေဖို့ နည်းလမ်းတခုဖြစ်တယ်။
မေး ။ ။ လေးနှစ်လောက် အာဏာချုပ်ကိုင်ထားပြီးနောက် စစ်တပ်ဟာ ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ခံစားရပြီး တချို့ဒေသတွေမှာ အကြီးအကျယ် ချေမှုန်းခံနေရတယ်။ အဲဒီလို တွေ့ရတော့ အံ့သြလား။ မိမိတို့တွေ၊ အနောက်တိုင်း အင်စတီကျူးရှင်းတွေ၊ အာဆီယံ အပါအဝင် လူအများအပြားက စစ်တပ်ဟာ နိုင်ငံကို တည်ငြိမ်စေနိုင်တဲ့ အင်အားအကြီးမားဆုံး အင်စတီကျူးရှင်း ဖြစ်တယ်လို့ ထင်ခဲ့ကြတယ်။
ဖြေ ။ ။ တော်လှန်ရေးအင်အားစုက အခုလို ကောင်းကောင်းလုပ်နိုင်မယ်လို့ ထင်ခဲ့တယ်လို့ ကျနော် မပြောနိုင်ဘူး။ စစ်အာဏာသိမ်းမှုနဲ့ စစ်တပ်ကိုဆန့်ကျင်တဲ့ လူထုခံစားချက်ကို ကျနော် မအံ့သြဘူး။ NLD ထောက်ခံသူဖြစ်စေ၊ မထောက်ခံသူဖြစ်စေ ကျနော် စကားပြောခဲ့တဲ့ တနိုင်ငံလုံးက လူတွေက စစ်တပ် ပြန်အုပ်ချုပ်တာကို မလိုလားကြဘူး။ ဒါကြောင့် စစ်တပ်ကို လူထုက ဆန့်ကျင်တဲ့အဆင့်ကို ကျနော် မအံ့သြဘူး။ ဒါပေမယ့် အဲဒီဆန့်ကျင်မှုကို ကျိုးကြောင်းဆီလျော်စွာ ထိရောက်တဲ့ တော်လှန်ရေးအဖြစ် ပြောင်းလဲပေးနိုင်တဲ့ သူတို့ရဲ့စွမ်းရည်နဲ့ စစ်တပ်ရဲ့ တုန်လှုပ်စရာ စစ်ရေး၊ နိုင်ငံရေး အားနည်းချက်ကို ကျနော် အံ့သြတယ်။
ဗိုလ်ချုပ်တွေမှာ လူထုထောက်ခံမှုရဖို့၊ အနည်းဆုံး လူတချို့ရဲ့ ထောက်ခံမှုရဖို့တောင် ဘာအစီအစဉ်မှ မရှိကြောင်း ထင်ရှားတယ်။ ဒါကို ကျနော် ကြိုတင်ပြောခဲ့တယ်လို့ ကျနော် မပြောနိုင်ဘူး။ ဒါဟာ စစ်တပ်က ဘယ်လောက်တောင်မှ ပုပ်သိုးဆွေးမြေ့နေတယ်ဆိုတာကို ပြသနေတယ်။ ဗိုလ်ချုပ်တွေက အကျင့်ပျက်ခြစားပြီး မြန်မာလူ့အဖွဲ့အစည်းရဲ့ သဘောထားကို နားမလည်ကြဘူး။
စစ်တပ်ဟာ သူတို့အပေါ် လူထုထောက်ခံမှုကို အမြဲတမ်း ပိုတွက်ပြီး မြန်မာပြည်သူတွေက အပြောင်းအလဲကို ဘယ်လောက် လိုလားတယ်ဆိုတာကို လျှော့တွက်တယ်။ သူတို့ဟာ သူတို့အသိုက်အဝန်းထဲမှာပဲနေပြီး အခြားလူတွေရဲ့အသံကို နားမထောင်တော့ ဒါကို မမြင်နိုင်ဘူး။
တော်လှန်ရေး အောင်မြင်မှုဟာ စစ်တပ်ကို အာဏာက မောင်းထုတ်တဲ့အမြင်အရ ကောင်းတယ်။ အဲဒါကို နိုင်ငံက လိုအပ်တယ်လို့ ကျနော် ထင်တယ်။ ဒါပေမယ့် ပြဿနာက အဲဒီလို လျင်လျင်မြန်မြန် ဖြစ်မလာဘူး။ ခင်ဗျားတို့ ကောင်းကောင်းသိတဲ့အတိုင်း ဒုက္ခတွေ အရမ်းများတယ်။ ဒါကြောင့် လူတွေအများကြီး ဒုက္ခရောက်ကြတယ်။ ဒါပေမယ့် ပြည်သူတွေက စွန့်လွှတ်အနစ်နာခံဖို့ စိတ်အားထက်သန်ကြပုံရတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က အာဏာဆက်ရှိနေရင် မြန်မာအတွက် ဘာမျှော်လင့်ချက်ရှိမှာလဲ။
တော်လှန်ရေး အောင်မြင်မှုဟာ စစ်တပ်ကို အာဏာက မောင်းထုတ်တဲ့အမြင်အရ ကောင်းတယ်။ အဲဒါကို နိုင်ငံက လိုအပ်တယ်လို့ ကျနော် ထင်တယ်။ ဒါပေမယ့် ပြဿနာက အဲဒီလို လျင်လျင်မြန်မြန် ဖြစ်မလာဘူး။ ခင်ဗျားတို့ ကောင်းကောင်းသိတဲ့အတိုင်း ဒုက္ခတွေ အရမ်းများတယ်။ ဒါကြောင့် လူတွေအများကြီး ဒုက္ခရောက်ကြတယ်။ ဒါပေမယ့် ပြည်သူတွေက စွန့်လွှတ်အနစ်နာခံဖို့ စိတ်အားထက်သန်ကြပုံရတယ်။ ဘာကြောင့်လဲဆိုတော့ စစ်တပ်က အာဏာဆက်ရှိနေရင် မြန်မာအတွက် ဘာမျှော်လင့်ချက်ရှိမှာလဲ။
မေး ။ ။ ဒါပေမယ့် တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေက နိုင်ငံအစိတ်စိတ်အမွှာမွှာဖြစ်ပြီး ပဋိပက္ခတွေ အိမ်နီးချင်းနိုင်ငံတွေဆီကို ပျံ့နှံ့မှာကို ကြောက်ပြီး စစ်ကောင်စီ ပြိုလဲမှာကို စိုးရိမ်နေကြတယ်။ ဒါကြောင့်မို့လို့ အာဆီယံနိုင်ငံအချို့ သို့မဟုတ် တရုတ်က မူလအခြေအနေကိုပဲ ဆက်လက် ထိန်းသိမ်းလိုတယ်လို့ ထင်တယ်။ ဒါဟာ ပြည်သူတွေ ဒုက္ခရောက်တဲ့သဘောပဲ။ လွန်ခဲ့တဲ့ လေးနှစ်အတွင်း အရမ်းဒုက္ခရောက်ကြတယ်။
ဖြေ ။ ။ စစ်တပ်ဟာ နိုင်ငံကို တည်ငြိမ်အောင် ပြန်မလုပ်နိုင်ကြောင်း ဖော်ပြနေပြီးဖြစ်တယ်။ မအုပ်ချုပ်နိုင်ဘူး။ ဒါကြောင့် မူလအခြေအနေဟာ လူတိုင်းကြောက်တဲ့ ဖရိုဖရဲအခြေအနေနဲ့ အစိတ်စိတ်အမွှာမွှာကွဲမယ့် အန္တရာယ်ပဲ။ အဲဒါ မူလအခြေအနေပဲ။ မူလအခြေအနေမှာ ကြာလာလေလေ၊ အစိတ်စိတ်အမွှာမွှာကွဲမယ့် အန္တရာယ်က ပိုများလေလေပဲလို့ ကျနော်ထင်တယ်။ စစ်တပ်က ကျင်းပတဲ့ ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ ယူဆရတဲ့ တရုတ်နဲ့ အခြားနိုင်ငံတွေရဲ့ အတွေးအခေါ်ဟာ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။
မေး ။ ။ အိမ်နီးချင်းနိုင်ငံအစိုးရတွေက “ရွေးကောက်ပွဲ” ဆိုတဲ့ စကားလုံးကို စိတ်လှုပ်ရှားနေကြတယ်။ ဒီမိုကရေစီစနစ်မှာ ရွေးကောက်ပွဲ ရှိရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် အခု မြန်မာနိုင်ငံအနေနဲ့ ဘာအတွက်၊ ဘယ်သူ့အတွက် ရွေးကောက်ပွဲလဲ။
ဖြေ ။ ။ ကျနော် နားလည်ထားတာကတော့ အချို့လူတွေက အာဏာရှိနေသူတွေအတွက် အပေးအယူပုံစံတမျိုး ထုတ်ပေးမယ့် ရွေးကောက်ပွဲကို တွန်းအားပေးနေတာပဲ။ အဲဒီအာဏာရှိနေသူတွေမှာ မင်းအောင်လှိုင်တော့ ပါချင်မှပါမယ်။ ဒီအတွေးအခေါ်ကို ထောက်ခံသူတွေဟာ ၂၀၁၂ ခုနှစ်က ဖြစ်ခဲ့တာမျိုးကို စိတ်ကူးယဉ်နေတာ ဖြစ်နိုင်တယ်။ ကျနော်က မြန်မာမှာ လေးနှစ်ပြည့်အောင် မနေဖူးဘူး။ ဒါကြောင့် ကျနော် မှားရင်လည်းမှားမယ်။ ဒါပေမယ့် လူတွေနဲ့ ကျနော် စကားပြောရင်း ကြားရတဲ့အရာရာက အဲဒီအခြေအနေဟာ ထင်ယောင်ထင်မှား ဖြစ်မှုပဲ။
ပထမဆုံးအချက်ကတော့ စစ်တပ်က ရွေးကောက်ပွဲလုပ်ရင် အဲဒီရွေးကောက်ပွဲကို အယုံအကြည်ကင်းမဲ့မယ်။ နောက်ပြီးတော့ စစ်တပ်က နိုင်ငံအစိတ်အပိုင်း တော်တော်များများမှာ ရွေးကောက်ပွဲ လုပ်နိုင်မှာ မဟုတ်ဘူး။ အဲဒီလို ရွေးကောက်ပွဲတခုက မြေပြင်က အခြေအနေကို ဘယ်လို အမှန်တကယ် ပြောင်းလဲစေမယ်ဆိုတာ မမြင်မိဘူး။ သူတို့ ရွေးကောက်ပွဲလုပ်တယ်၊ အားလုံးအဆင်ပြေတယ်လို့ ပြည်ပအစိုးရအနည်းငယ်က ပြောတာလောက်ပဲ ဖြစ်မယ်။ မြန်မာနိုင်ငံအတွင်းမှာတော့ ကြီးကြီးမားမား အမှန်တကယ် ပြောင်းလဲမှာ မဟုတ်ဘူး။ စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူ အများအပြားက စစ်အုပ်ချုပ်ရေးကို လက်ခံဖို့ စိတ်အားထက်သန်မှု မရှိရင် အခု ရွေးကောက်ပွဲအတုတွေကြောင့် စစ်တပ်ကို ဘာအတွက် လက်ခံရမှာလဲ။ ဒါဟာ ကျနော့်အတွက်တော့ အဓိပ္ပာယ်မရှိဘူး။
မေး ။ ။ အခု တရုတ်နိုင်ငံဟာ မြန်မာအပေါ် သြဇာရှိတဲ့ အဓိက ပြည်ပနိုင်ငံဖြစ်နေတယ်။ အရင်က ကချင်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ (EAOs) ဟာ အမေရိကန် ပြည်ထောင်စုနဲ့ တရုတ်သြဇာအကြား ချိန်ခွင်လျှာ ထိန်းရာမှာ တော်တော်ကောင်းမွန်ကြပြီး သူတို့အကျိုးအတွက် နိုင်ငံရေးသြဇာ ပိုမိုရဖို့ ကြိုးစားကြတယ်။ အခုကျတော့ တရုတ်တနိုင်ငံတည်းက သြဇာလွှမ်းပြီး တခြားဘယ်နိုင်ငံမှ မရှိတော့ဘူး။
အမေရိကန် ပြည်ထောင်စုဟာ ပိုမိုကြီးမားတဲ့အခန်းကဏ္ဍက ပါဝင်နိုင်တယ်၊ ပါဝင်သင့်တယ်။ ဒါပေမယ့် ပညာသားပါပါ လုပ်ရမယ်လို့ ကျနော် ထင်တယ်။ ကျနော့်စိတ်ကူးတခုကတော့ အမျိုးမျိုးသော အဖွဲ့အစည်းတွေ၊ NUG (အမျိုးသားညီညွတ်ရေးအစိုးရ)၊ EAOs နဲ့ လူမှုအခြေပြုအဖွဲ့အစည်း စသည်တို့နဲ့ ထိတွေ့ဆက်ဆံဖို့ အထူးသံတမန်တဦး ခန့်ဖို့ပဲ။ ဒါပေမယ့် စစ်ကောင်စီတော့ မပါဘူး။
ဖြေ ။ ။ အမေရိကန် ပြည်ထောင်စုဟာ ပိုမိုကြီးမားတဲ့အခန်းကဏ္ဍက ပါဝင်နိုင်တယ်၊ ပါဝင်သင့်တယ်။ ဒါပေမယ့် ပညာသားပါပါ လုပ်ရမယ်လို့ ကျနော် ထင်တယ်။ ကျနော့်စိတ်ကူးတခုကတော့ အမျိုးမျိုးသော အဖွဲ့အစည်းတွေ၊ NUG (အမျိုးသားညီညွတ်ရေးအစိုးရ)၊ EAOs နဲ့ လူမှုအခြေပြုအဖွဲ့အစည်း စသည်တို့နဲ့ ထိတွေ့ဆက်ဆံဖို့ အထူးသံတမန်တဦး ခန့်ဖို့ပဲ။ ဒါပေမယ့် စစ်ကောင်စီတော့ မပါဘူး။
ဒါဟာ အဓိပ္ပာယ်ရှိပြီး အထောက်အကူပြုမယ်လို့ ကျနော်ထင်တယ်။ အာဆီယံက အခန်းကဏ္ဍတခုက ပါနေတယ်လို့ ထင်ပေမယ့် မလှုပ်ရှားနိုင်တဲ့သဘောရတယ်။ ဒါကြောင့် အဲဒီဘက်မှာတော့ သိပ်ကြီးကြီးမားမား ဖြစ်လာမယ်လို့ မမြင်ဘူး။
မေး ။ ။ ထရမ့် ပထမဆုံး အာဏာရလာတော့ နေပြည်တော်က ဗိုလ်ချုပ်တွေ အရမ်းဝမ်းသာကြတာ မှတ်မိတယ်။ ထရမ့်က မြန်မာမှာ စိတ်ဝင်စားတာ ဘာမှမရှိဘူးလို့ သူတို့ထင်ကြတယ်။ (အမေရိကန်) လွှတ်တော်အဆောက်အအုံမှာ အဓိကရုဏ်းဖြစ်တော့ ဗိုလ်ချုပ်တွေနဲ့ သူတို့ကို ထောက်ခံသူတွေက လူမှုကွန်ရက်မှာ ဒါဟာ အမေရိကန် ပြည်ထောင်စုရဲ့ လုပ်ရပ်ပဲလို့ ပြောကြတယ်။ ထရမ့်ရဲ့ရာထူး ဒုတိယသက်တမ်းဟာ နေပြည်တော်က ဗိုလ်ချုပ်တွေ၊ လူရမ်းကားတွေ၊ ရာဇဝတ်ကောင်တွေအတွက် သတင်းကောင်းပဲလို့ ထင်တယ်။ ဘယ်လိုမြင်လဲ။
ဖြေ ။ ။ ဟုတ်ပါတယ်။ “သတင်းတု” တို့၊ “ရွေးကောက်ပွဲမသမာမှု” တို့ဆိုတဲ့ စကားတချို့ ဗိုလ်ချုပ်တွေဆီက ထွက်လာတာ တွေ့တယ်။ တယောက်ယောက်ဆီက ယူထားတဲ စကားလုံးတွေဖြစ်ကြောင်း ထင်ရှားတယ်။
အခု ဗိုလ်ချုပ်တွေရဲ့သဘောထားကို ကျနော် မသိဘူး။ သမ္မတထရမ့်က မနက်ခင်းမှာ အိပ်ရာကနိုးလာပြီး “နေပြည်တော်က ဗိုလ်ချုပ်တွေကို ငါဘယ်လိုကူညီရမလဲ” လို့ စဉ်းစားမယ်လို့ထင်ရင် သူတို့မှားတယ်လို့ ကျနော် ထင်တယ်။ အဲဒီလို ဖြစ်လာမှာ မဟုတ်ဘူးဆိုတာ တော်တော်သေချာတယ်။
မြန်မာမှာ အမေရိကန် စိတ်ဝင်စားမှုက ဘယ်သမ္မတမဆိုရဲ့ အမြင်ထက် အမြဲတမ်း ပိုမိုကြီးမားတယ်။ ရာထူးအာဏာ အမျိုးမျိုးမှာ အခြားလူတွေ အများကြီးရှိပြီး ဒီအတိုင်းပဲ ဆက်ဖြစ်နေမယ်လို့ ကျနော်ထင်တယ်။ ဒါဟာ ဗိုလ်ချုပ်တွေဘက်မှာ မဟုတ်ဘူး။ အမေရိကန် ပြည်ထောင်စုဟာ အခြားနိုင်ငံအချို့လိုပဲ လူ့အခွင့်အရေးနဲ့ဒီမိုကရေစီကို အားပေးသင့်တယ်လို့ ဒေါ်နယ်ထရမ့်က မယုံကြည်ရင်တောင်မှ ပိုမိုကျယ်ပြန့်တဲ့ အမေရိကန် နိုင်ငံရေးစနစ်ဟာ မြန်မာပြည်သူတွေနဲ့ သူတို့ရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ အခွင့်အလမ်းအတွက် ဆန္ဒကို အရမ်း ဆက်လက်ထောက်ခံမယ်လို့ ကျနော်ထင်တယ်။ ထပ်ပြီးပြောရရင် ထရမ့်အစိုးရက ဘာလုပ်မယ်ဆိုတာကို ကျနော် သေသေချာချာ မပြောနိုင်ဘူး။ ဒါပေမယ့် နေပြည်တော်မှာ အောင်ပွဲခံနေတာဟာ အချိန်မတန်သေးဘူးလို့ ထင်တယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Ex-U.S. Envoy Reflects on Trump’s Likely Myanmar Policy ကို ဘာသာပြန်သည်။)
You may also like these stories:
ထရမ့် လက်ထက်မှာ အမေရိကန်က မြန်မာကို ပြန်ပြီး အာရုံစိုက်မလား
မြန်မာ့အရေး အမေရိကန် ကွန်ဂရက်နှင့် ချိတ်ဆက်နိုင်သည့် နည်းလမ်းများ ရှိသည်
အမေရိကန်ကို ထွက်ခွာခွင့်ရထားတဲ့ မြန်မာဒုက္ခသည်တွေ ဆိုင်းငံ့ခံရ (ရုပ်/သံ)
ထရမ့်ပြန်လာပြီ၊ ASEAN နဲ့ နေပြည်တော်က ရာဇဝတ်ကောင်တွေ ဘာမျှော်လင့်ထားသင့်လဲ
ထရမ့် ခန့်မည့် ကာကွယ်ရေးဝန်ကြီးက အာဆီယံနိုင်ငံများကို မသိသော်လည်း
အရှေ့တောင်အာရှအတွက် တကျော့ပြန် ထရမ့်ကို အဖြေထုတ်ခြင်း
မြန်မာ့အရေး ထရမ့်ထံမှ မျှော်လင့်ချက်မထားသည်သာ အကောင်းဆုံး
ဒေါ်နယ်ထရမ့်ရဲ့ အစိုးရအဖွဲ့ဝင်တွေ မြန်မာအကြောင်း သိကြလား (ရုပ်/သံ)