• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အီလွန်မတ်စ် ဘက်က OpenAI ကို ဝယ်ယူဖို့ ကမ်းလှမ်းမှု Sam Altman ငြင်းပယ်

by ဧရာဝတီ
16 February 2025
in သတင်း
A A
အီလွန်မတ်စ် ဘက်က OpenAI ကို ဝယ်ယူဖို့ ကမ်းလှမ်းမှု Sam Altman ငြင်းပယ်

OpenAI လိုဂို နောက်ခံနဲ့ အီလွန်မတ်စ် နဲ့ Sam Altman / eletric-vehicles.com

1.2k
VIEWS
Share on FacebookShare on Twitter

အီလွန်မတ်စ် ဘက်က OpenAI ကုမ္ပဏီကို ဝယ်ယူဖို့ ကမ်းလှမ်းမှုကို OpenAI CEO က ငြင်းပယ်လိုက်ပါတယ်။

OpenAI ရဲ့ CEO ဖြစ်သူ Sam Altman က ပြီးခဲ့တဲ့ တနင်္လာနေ့က X (Twitter) လူမှု ကွန်ရက်ပေါ်မှာ ရေးသား ငြင်းပယ် ခဲ့တာ ဖြစ်ပါတယ်။

“မလိုပါဘူး။ ကျေးဇူးပါ။ မင်းအဆင်ပြေရင် Twitter ကို ဒေါ်လာ ၉ ဒသမ ၇၄ ဘီလီယံ နဲ့ ငါတို့ဝယ်မယ်” လို့ Sam Altman ရေးသားခဲ့တာပါ။

ကုမ္ပဏီ ဘုတ်အဖွဲ့ အနေနဲ့ အီလွန်မတ်စ် ရဲ့ကမ်းလှမ်းမှုကို လုံးဝ စိတ်မဝင်စားဘူးလို့ Altman က ဝန်ထမ်း တဦးထံ ပို့တဲ့ စာမှာ ပြောထားကြောင်းလည်း သိရပါတယ်။

OpenAI ဟာ ရောင်းဖို့ မဟုတ်ဘူး လို့လည်း Altman က Axios သတင်းဌာနကို အင်္ဂါနေ့က ပြောခဲ့ပါသေးတယ်။

အီလွန်မတ်စ် ဦးဆောင်နေတဲ့ လုပ်ငန်းစု တခုက OpenAI ကုမ္ပဏီကို ဝယ်ယူဖို့ ဒေါ်လာ ၉၇ ဘီလီယံ နဲ့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

OpenAI ကုမ္ပဏီဟာ အကျိုးအမြတ်မယူ အဖွဲ့အစည်း ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ကမ်းလှမ်းမှုဟာ OpenAI ကို အကျိုးအမြတ်ရှာ ကုမ္ပဏီအဖြစ် ကူးပြောင်းခြင်းမှ ကာကွယ်ဖို့ နောက်ထပ် လုပ်ဆောင်ချက် တခု ဖြစ်တယ်လို့လည်း ဆိုပါတယ်။

အီလွန်မတ်စ် ရဲ့ကမ်းလှမ်းမှုဟာ မျိုးဆက်သစ် AI နည်းပညာရဲ့ အသည်းနှလုံးလို ဖြစ်နေတဲ့ ChatGPT ပိုင်ရှင် OpenAI CEO ဖြစ်သူ Sam Altman နဲ့ Musk တို့ကြားက ကာလကြာရှည် တင်းမာမှုကို မြင့်တက် လာစေဖွယ် ရှိကြောင်းလည်း သိရပါတယ်။

၂၀၁၅ ခုနှစ်တုန်းက မတ်စ် နဲ့ Altman တို့ဟာ အကျိုးအမြတ်မယူ ကုမ္ပဏီ အဖြစ် OpenAI ကို အတူတူ တည်ထောင် ခဲ့တာ ဖြစ်ပြီး မအောင်မြင်ခင်မှာ မတ်စ် က ထွက်သွားခဲ့တာ ဖြစ်ပါတယ်။

၂၀၂၃ မှာတော့ xAI အမည်နဲ့ AI ကုမ္ပဏီတခုကို အီလွန်မတ်စ် က တည်ထောင်ခဲ့တာပါ။

Tesla ရဲ့ CEO ဖြစ်ပြီး X ကိုလည်း ပိုင်တဲ့ အီလွန်မတ်စ် ဟာ သမ္မတ ထရမ့်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိသူလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရဖို့ ဒေါ်လာ သန်း ၂၅၀ ကျော်ကူညီခဲ့ပြီး လက်ရှိမှာ အစိုးရ စွမ်းဆောင်ရည် ဌာန ကို ဦးဆောင်နေသူပါ။

အိမ်ဖြူတော်မှာ ထရမ့် ကြေညာခဲ့တဲ့ ဒေါ်လာ ၅၀၀ ဘီလီယံတန် OpenAI ဦးဆောင်တဲ့ ပရောဂျက်ကို အီလွန်မတ်စ် က မကြာသေးခင်ကပဲ ဝေဖန်ထားပါသေးတယ်။

OpenAI ဟာ လက်ရှိမှာတော့ အကောင်းဆုံး AI မော်ဒယ်တွေ ဖန်တီးဖို့ လိုအပ်တဲ့ အရင်းအနှီး အတွက်လို့ ဆိုကာ အကျိုးအမြတ်မယူ ကုမ္ပဏီကနေ အကျိုးအမြတ်ရှာ ကုမ္ပဏီ အဖြစ်သို့ ကူးပြောင်းဖို့ ကြိုးစားနေတာ ဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာ ၅ ရက်က ပင်ဆယ်လ် ဗေးနီးယား ပြည်နယ် Butler မှာ ထရမ့် နဲ့ ထရမ့်ကို ထောက်ခံ ပြောကြားနေတဲ့ အီလွန်မတ်စ်ကို တွေ့ရစဉ် / Reuters

အီလွန်မတ်စ် က Altman နဲ့ အခြားသူတွေကို AI တိုးတက် ဖွံ့ဖြိုးရေးကို အများအကျိုး အတွက် လုပ်ရမယ့်အစား အကျိုးအမြတ်ကို ရှေ့တန်းတင်ကာ စာချုပ်ပါ ပြဌာန်းချက်တွေကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ပြီးခဲ့တဲ့နှစ် ဩဂုတ်လက တရား စွဲဆိုခဲ့ပါသေးတယ်။

နိုဝင်ဘာမှာတော့ OpenAI ကို အကျိုးအမြတ်ရှာ ကုမ္ပဏီအဖြစ် ကူးပြောင်းခြင်းမှ တားဆီးဖို့ ကနဦး တားမြစ်ချက်တခု ထုတ်ပေးဖို့ အမေရိကန် ခရိုင် တရားသူကြီး တဦးကို အီလွန်မတ်စ် က တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

OpenAI နဲ့ Altman အပေါ် အီလွန်မတ်စ် ရဲ့ တရားစွဲဆိုမှုမှာ တည်ထောင်သူတွေဟာ မူလက သူ့ကို လူသား မျိုးနွယ် အတွက် AI ဖွံ့ဖြိုးဖို့ ဦးတည်ထားတဲ့ အကျိုးအမြတ်မယူ အဖွဲ့အစည်းတခုကို ထောက်ပံ့ပေးဖို့ ချဉ်းကပ်ခဲ့ပေမယ့် အခုတော့ ပိုက်ဆံရှာဖို့ကိုပဲ အာရုံ စိုက်နေတာကြောင့် လို့လည်း ဆိုပါတယ်။

အီလွန်မတ်စ် က “OpenAI အနေနဲ့ တချိန်တုန်းကလို ဘေးကင်း လုံခြုံရေးကို ဦးစားပေးပြီး Open source ပြန်ဖြစ်ဖို့ အချိန်တန်ပါပြီ။ အဲ့ဒီလိုဖြစ်ဖို့ ကျနော်တို့ လုပ်သွာမှာပါ” လို့ တနင်္လာနေ့က ထုတ်ပြန်ချက် တခုမှာ ပြောထားပါတယ်။

နောက်ဆုံး တွက်ချက်မှုတွေ အရ OpenAI ရဲ့တန်ဖိုးဟာ ဒေါ်လာ ၁၅၇ ဘီလီယံ ရှိပြီး ကမ္ဘာပေါ်က တန်ဖိုး အကြီးဆုံး ပုဂ္ဂလိက ကုမ္ပဏီတွေထဲက တခုအဖြစ် ရပ်တည်နေတယ်လို့ ဆိုပါတယ်။

SoftBank Group ကလည်း OpenAI တန်ဖိုးကို ဒေါ်လာ ၃၀၀ ဘီလီယံ အထိ ရောက်ရှိ သွားစေနိုင်တဲ့ ဒေါ်လာ ၄၀ ဘီလီယံ တန် ရင်းနှီးမြှုပ်နှံမှုကို ဆွေးနွေးနေတယ်လို့ သိရပါတယ်။

အီလွန်မတ်စ် ဦးဆောင်တဲ့ လုပ်ငန်းစုမှာ သူပိုင်တဲ့ xAI, Baron Capital Group, Emanuel Capital နဲ့ အခြား ကုမ္ပဏီတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

Tesla မှာ ရှိတဲ့ အီလွန်မတ်စ် ရဲ့ ရှယ်ယာ တန်ဖိုးဟာ အကြမ်းဖျင်း ဒေါ်လာ ၁၆၅ ဘီလီယံ ရှိတယ်လို့ LESG data တွေအရ သိရပါတယ်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
480
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
171
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
48

ဒါပေမယ့် ၂၀၂၂ ခုနှစ်မှာ Twitter ကို ဒေါ်လာ ၄၄ ဘီလီယံနဲ့ ဝယ်ယူခဲ့ပြီးနောက် ဘဏ်တွေဆီက ရယူနိုင်တဲ့ ချေးငွေ ပမာဏ နည်းသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

OpenAI ကို ဝယ်ယူနိုင်ဖို့ဆိုရင် အီလွန်မတ်စ် အနေနဲ့ Tesla က သူ့ရဲ့ ရှယ်ယာတချို့ကို ရောင်းချခြင်း ဒါမှမဟုတ် အပေါင်ထားပြီး ချေးငွေ ယူနိုင်သလို ဒေါ်လာ ဘီလီယံပေါင်း များစွာတန်တဲ့ SpaceX အာကာသ စူးစမ်းလေ့လာရေး ကုမ္ပဏီက သူ့ရှယ်ယာတွေကို အပေါင်ထားပြီး ချေးငွေ ရယူနိုင်ခြေ ရှိတယ်လို့ အမည်မဖော်လိုသူ ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းရှင် တဦးက ပြောဆိုပါတယ်။

OpenAI ကိုဝယ်ယူနိုင်ပါက xAI နဲ့ ပေါင်းစည်းသွားဖို့ ရှိနေကြောင်းလည်း သိရပါတယ်။

OpenAI ကို ထောက်ပံ့ ပေးနေတဲ့ Microsoft နဲ့ အီလွန်မတ်စ် တို့ကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် ငြင်းပယ်ခဲ့ပါတယ်။

Ref : Reuters

Your Thoughts …
Tags: ChatGPTOpenAISam AltmanTwitterXဘာသာပြန်အီလွန်မတ်စ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

အဖေ အီလွန်မတ်စ်ကို အပယ်ခံ လိင်ပြောင်းသမီးက ဝေဖန်

by ဧရာဝတီ
25 March 2025
11.6k

မစ္စတာ အီလွန်မတ်စ်နှင့် ၂၀၂၀ ပြည့်နှစ်ကတည်းက စကားမပြောတော့သည့် မစ္စ ဝီလ်ဆင်သည် ဘီလျံနာ မတ်စ်ကို လူသိရှင်ကြား ဝေဖန်သည်မှာ ယခုတကြိမ်သည် ပထမဆုံး မဟုတ်ပေ။

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

OpenAI အတွင်းရေး ဖွင့်ချတဲ့ ဝန်ထမ်းဟောင်း လူငယ် သေဆုံး၊ အီလွန်မတ်စ် ကလည်း X မှာ ရေးထား

by ဧရာဝတီ
22 December 2024
9.6k

သူဟာ ChatGPT အပါအဝင် AI စနစ်တွေကို လေ့ကျင့်ပေးတဲ့ နေရာမှာ OpenAI ရဲ့ မူပိုင်ခွင့် ချိုးဖောက်မှုတွေကို ဖွင့်ချရင်း ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြုလုပ်ခဲ့တာကြောင့်…

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

ပေါ့စတား Katy Perry က Blue Origin အာကာသ ခရီးစဉ် အပြီး နောင်တ ရနေတယ်လို့ ဆို

by ဧရာဝတီ
19 April 2025
7.8k

Katy Perry ဟာ အာကာသ ခရီးစဉ်မှာ လိုက်ပါခဲ့မှု အတွက် နောင်တမရဘဲ သူပြုလုပ်ခဲ့တဲ့ အပြုအမူတွေ အတွက် နောင်တရနေတာ ဖြစ်တယ်လို့…

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

တက်စ်လာ ရှယ်ယာ တန်ဖိုးကျပြီး ဒေါ်လာ ဘီလီယံချီ ဆုံးရှုံးကာ ဗျာများနေကြောင်း အီလွန်မတ်စ် ပြော

by ဧရာဝတီ
15 March 2025
7.4k

မကြာသေးခင် ကလည်း ဖက်ဒရယ် လုပ်သား အင်အားလျှော့ချမှုမှာ မတ်စ်ရဲ့ ပါဝင်မှု အခန်းကဏ္ဍကြောင့် အမေရိကန်မှာ Tesla ကို ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

အီလွန်မတ်စ်နှင့်အဖွဲ့ အမေရိကန်အစိုးရကို ဝင်ရောက်ပုံသွင်းနေ

by ဧရာဝတီ
3 February 2025
7k

ကုန်ကျစရိတ် လျှော့ချရေးအတွက် အရင်ဖြတ်တောက်၊ နောက်မှပြင် နည်းလမ်းသည် မစ္စတာ မတ်စ်၏ ဘဝလမ်းကြောင်း တလျှောက်တွင် ရည်ရွယ်ချက်ရှိရှိ လုပ်ခြင်းဖြစ်သည်။

၂၀၂၅ တရုတ် ရိုးရာ မြွေနှစ် ကံကောင်းခြင်းတွေ ယူဆောင်လာမှာလား

၂၀၂၅ တရုတ် ရိုးရာ မြွေနှစ် ကံကောင်းခြင်းတွေ ယူဆောင်လာမှာလား

by ဧရာဝတီ
4 January 2025
6k

တရုတ် ယဉ်ကျေးမှုအရ ရာသီ စက်ဝန်း သင်္ကေတ (Zodiac Sign) ၁၂ ခု အနက် မြွေဟာ နားလည်ရ အခက်ဆုံးဖြစ်ပြီး မြွေနှစ်မှာ မွေးဖွားသူတွေဟာ ထိုးထွင်း သိမြင်နိုင်စွမ်း မြင့်မားတယ်လို့ ဆိုကြပါတယ်။

Next Post
TNLA နဲ့ စစ်ကောင်စီ ကူမင်းမှာ ဆွေးနွေးမှုစတင် (ရုပ်/သံ)

TNLA နဲ့ စစ်ကောင်စီ ကူမင်းမှာ ဆွေးနွေးမှုစတင် (ရုပ်/သံ)

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အများကြီး  ရိုက်ခတ်သွားမယ်  (ရုပ်/သံ)

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲအပေါ် အများကြီး ရိုက်ခတ်သွားမယ် (ရုပ်/သံ)

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved