စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်တို့ အပါအဝင် စစ်တပ်ဘက်က အရာရှိ ၂၃ ဦးကို အာဂျင်တီးနားတရားရုံးက ဖေဖော်ရီ ၁၄ ရက်က ဖမ်းဝရမ်းထုတ်ခဲ့တယ်လို့ မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) က ထုတ်ပြန်ပါတယ်။ ဒီဝရမ်းကို နိုင်ငံတကာမှူးခင်း ရဲတပ်ဖွဲ့ အင်တာပို အပါအဝင် အဖွဲ့ဝင် ၁၉၆ နိုင်ငံကို ပေးပို့သွားမယ်လို့လည်း ဆိုပါတယ်။
အင်တာပိုရဲ့ အဖွဲ့ဝင် ၁၉၆ နိုင်ငံထဲမှာ စစ်ကောင်စီကို နိုင်ငံရေး၊ စစ်ရေးအရ အဓိက ကျောထောက်နောက်ခံ အကူအညီတွေပေးနေတဲ့ တရုတ်နိုင်ငံ အပါအဝင် မြန်မာ့ပြည်တွင်းရေး ဆွေးနွေးပွဲတွေနဲ့ အဆုံးသတ်ဖို့ တိုက်တွန်း ဆောင်ရွက်နေတဲ့ အာဆီယံနိုင်ငံတွေလည်း ပါဝင်ပါတယ်။
ဒါကြောင့် အာဂျင်တီးနားတရားရုံးက စစ်ခေါင်းဆောင်တွေနဲ့ အရာရှိတွေကို ဝရမ်းထုတ်တာဟာ အာဏာသိမ်းပြီးချိန်ကတည်းက ရွေးကောက်ပွဲနဲ့ နိုင်ငံရေးထွက်ပေါက်ရှာဖို့ ကြိုးပမ်းနေတဲ့ စစ်ကောင်စီအတွက် များစွာ ခက်ခဲသွားနိုင်တယ်လို့ ဆိုပါတယ်။
အာဂျင်တီးနားတရားရုံးရဲ့ ဖမ်းဝရမ်းဟာ မြန်မာ စစ်ခေါင်းဆောင်တွေအပေါ် ဘယ်လို သက်ရောက်လာနိုင်လဲ၊ မြန်မာ့နိုင်ငံရေး အခင်းအကျင်းအတွက် ဘာတွေ ပြောင်းလဲသွားမလဲဆိုတာနဲ့ ပတ်သက်ပြီး ဥပဒေအထောက်အကူပြု ကွန်ရက် တည်ထောင်သူတဦးဖြစ်တဲ့ ဦးအောင်ထူးကို ဧရာဝတီက သီးသန့် ဆက်သွယ်မေးမြန်း ထားပါတယ်။
#မြန်မာ #ဧရာဝတီ #အာဂျင်တီးနား #ဝရမ်း #မင်းအောင်လှိုင် #မြန်မာရိုဟင်ဂျာအဖွဲ့ယူကေ
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












