• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

by ဂျိမ်းရွှေ
17 February 2025
in သူ့အတွေး သူ့အမြင်
A A
အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့က ICJ တရားရုံးတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည်

6.5k
VIEWS
Share on FacebookShare on Twitter

အာဂျင်တီးနား တရားရုံးက မြန်မာနိုင်ငံ၏ တာဝန်ရှိသူ ၂၅ ဦး (ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော်၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင်) အား ဖမ်းဆီးရေးဝရမ်းများ ထုတ်ပြန်ခဲ့သည်မှာ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနှင့် လူသားထုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက် တရားမျှတမှုကို ရှာဖွေရာတွင် သမိုင်းဝင်အဖြစ် မှတ်သားစရာ ဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို အဓိက တရားခံများအဖြစ် ဖော်ပြထားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို မှားယွင်းစွာ နားလည်ထားကြောင်းကို ပြသနေပါသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို အဓိက တရားခံများအဖြစ် ဖော်ပြထားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများကို မှားယွင်းစွာ နားလည်ထားကြောင်းကို ပြသနေပါသည်။

ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲ့သော ရာဇဝတ်မှုများကို ဖြေရှင်းရန် အရေးကြီးသော်လည်း စစ်တပ်၏ စနစ်တကျ ကျူးလွန်မှုများကို အဓိကထား၍ စစ်တပ်မှ တာဝန်ရှိသူများအား တရားစီရင်နိုင်ရန် အလေးမထားဘဲ နိုင်ငံရေး အခက်အခဲများကြားတွင် လုပ်ဆောင်ခဲ့သော နိုင်ငံရေးခေါင်းဆောင်များကို တူညီစွာ စွပ်စွဲခြင်းသည် မဖြစ်သင့်ဟု ယူဆပါသည်။

တာဝန်ရှိသူများအား တရားမဲ့စွပ်စွဲမှု

အာဂျင်တီးနား တရားရုံးက ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့အား စစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် တူညီသော တရားခံများအဖြစ် ဖော်ပြထားခြင်းသည် မြန်မာနိုင်ငံ၏ နိုင်ငံရေး အကန့်အသတ်များကို မှားယွင်းစွာ နားလည်ထားကြောင်း ပြသပါသည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်တွင် နိုင်ငံတော်၏ လုံခြုံရေးနှင့် စစ်ဆင်ရေးများကို စစ်တပ်၏ လက်ထဲတွင်သာ ထိန်းချုပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်၏ အုပ်ချုပ်ရေးမှ လုံးဝ ကင်းလွတ်နေခဲ့သည်ကို အသိအမှတ် မပြုရာရောက်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အခြား အရပ်ဖက် စီမံခန့်ခွဲရေး ခေါင်းဆောင်များအား စစ်တပ်၏ ကျူးလွန်မှုများနှင့် တူညီသော တာဝန်ရှိသူများဟု သတ်မှတ်ခြင်းသည် စစ်တပ်၏ စနစ်တကျ ကျူးလွန်မှုများကို မထင်မရှား နောက်ကွယ်သို့ ရောက်စေပြီး ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု၏ အဓိက တာဝန်ရှိသူ စစ်တပ်အား တာဝန်ခံမှုနည်းစေသော လမ်းကြောင်းသို့ ဦးတည်နေသည်ကို ပြသနေသကဲ့သို့ ထင်ရပါသည်။

မဘသနှင့် စစ်တပ်၏ ပူးပေါင်း လှည့်ကွက်

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ထောက်ခံကြောင်း ပြသနေသည့် ဘုန်းကြီးများကို ရန်ကုန်တွင် တွေ့ရစည် / AFP

ရိုဟင်ဂျာ ပြဿနာကို နားလည်ရန် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ၏ အခန်းကဏ္ဍကို ထည့်သွင်းပြောဆိုရန် လိုအပ်ပါသည်။ မဘသ သည် ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ဆန့်ကျင်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် သူဦးဆောင်သော NLD တို့ကို မွတ်စလင်များအား ထောက်ခံသော နိုင်ငံရေးပါတီဟု သမုတ်ခဲ့ပါသည်။ NLD အာဏာရလျှင် မြန်မာ့ အမျိုး ဘာသာ သာသနာ ထိခိုက်မည်ဖြစ်ကြောင်း NLD နှင့် ပြိုင်နေသော စစ်တပ် ရုပ်သေးပါတီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဘက်မှ မဲဆွယ်ပေးခဲ့ပါသည်။

သို့သော် ၂၀၁၅ ရွေးကောက်ပွဲတွင် NLD အနိုင်ရပြီးနောက် မဘသ သည် စစ်တပ်၏ ညွှန်ကြားချက်ဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ဖျက်ဆီးရန် ပြုလုပ်ခဲ့ပါသည်။ ၎င်းတို့သည် ဗုဒ္ဓဘာသာနှင့် နိုင်ငံ စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းရန်ဆိုပြီး စစ်တပ်၏ လူမျိုးရေးဝါဒများကို ပံ့ပိုးပေးခဲ့ပါသည်။

၂၀၁၇ ခုနှစ်တွင် စစ်တပ်သည် နယ်မြေရှင်းလင်းရေးဟုခေါ်သော ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို စီစဉ်ခဲ့ပြီး မဘသ၏ လူမျိုးရေးလှုံ့ဆော်မှုများကို အသုံးချကာ ပြည်သူ့ထောက်ခံမှု ရယူခဲ့ပါသည်။ ဤဆောင်ရွက်ချက်များ၏ အဓိက ရည်ရွယ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာထောက်ခံမှု ရုတ်သိမ်းသွားစေရန် ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်တွင် စစ်တပ်သည် နယ်မြေရှင်းလင်းရေးဟုခေါ်သော ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကို စီစဉ်ခဲ့ပြီး မဘသ၏ လူမျိုးရေးလှုံ့ဆော်မှုများကို အသုံးချကာ ပြည်သူ့ထောက်ခံမှု ရယူခဲ့ပါသည်။ ဤဆောင်ရွက်ချက်များ၏ အဓိက ရည်ရွယ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတကာထောက်ခံမှု ရုတ်သိမ်းသွားစေရန် ဖြစ်ပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်း၏ အမြင်မှားယွင်းမှု

နိုင်ငံတကာအသိုင်းအဝိုင်း၏ ရိုဟင်ဂျာ ပြဿနာနှင့် ပတ်သက်၍ အောက်ပါ တုံ့ပြန်မှုတို့သည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးလမ်းကြောင်းကို ဆိုးဝါးစွာ ထိခိုက်စေခဲ့ပါသည်။

(၁) မှားယွင်းသော ဝေဖန်မှု ။ ။ ဒေါ်အောင်ဆန်းစုကြည်အား သူ၏ထိန်းချုပ်မှု၏အောက်တွင် မရှိခဲ့သော စစ်တပ်၏ ကျူးလွန်မှုများအတွက် တာဝန်ရှိသူဟု သတ်မှတ်ခြင်း။

(၂) စစ်တပ်ကို မထိရဲခဲ့ခြင်း ။ ။ စစ်တပ်နှင့် ပတ်သက်၍ အကျိုးစီးပွားဖြစ်နေသော နိုင်ငံများ၏ နောက်ကွယ်မှ လွှမ်းမိုးတောင်းဆိုမှုတို့ကြောင့် စစ်တပ်ခေါင်းဆောင်များကို တိုက်ရိုက် ဖိအားပေးရန် မပြုလုပ်ခဲ့ခြင်း။

(၃) ပြည်လုံးကျွတ် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးအား ပံ့ပိုးမှု မပြုခဲ့ခြင်း ။ ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကဏ္ဍတွင် စိတ်ဝင်စားမှု၊ ပံ့ပိုးမှု နည်းပါးခဲ့ခြင်း။

အမေရိကန်လွှတ်တော်မှ အချို့အမတ်များသည်ပင် မြန်မာ့အရေး လှုပ်ရှားသူအချို့အား သူတို့သည် ရိုဟင်ဂျာအရေးကို မြန်မာပြည်၏ အဓိကအရေးအဖြစ် ထားရှိကြောင်း၊ ကျန်သော မြန်မာတပြည်လုံး အရေးကို သိပ်အလေးမထားကြောင်း သွယ်ဝိုက်၍ အသိပေးပုံရခဲ့ပါသည်။

အထက်ပါ ဖြစ်ရပ်များနှင့် လုပ်ဆောင်ချက်များသည် ဒေါ်အောင်ဆန်းစုကြည်၏ အရပ်သားအစိုးရအား နိုင်ငံတကာ ထောက်ခံမှုကို လျော့နည်းစေခဲ့၍ စစ်တပ်ကို အာဏာသိမ်းရဲစေရန် အားပေးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှုကို ဖြစ်ပေါ်စေခဲ့သည်။

မြန်မာပြည်သားတွေ ဘယ်လို တုံ့ပြန်သင့်သလဲ

ခေါင်းအေးအေးထားပြီး တုံ့ပြန်ပါ။ ဤကိစ္စသည် လူထုကို စိတ်မငြိမ်မသက် ဖြစ်စေပြီး စိတ်ဓာတ်ကျစေမှု၊ တဦးနှင့်တဦး အပြစ်တင်၍ စိတ်ဝမ်းကွဲစေမှုတို့ ဖြစ်စေနိုင်ပါသည်။ မှားယွင်းသော လုပ်ဆောင်မှုများ ပြုလုပ်မိ၍ တော်လှန်ရေးကို ထိခိုက်စေနိုင်ပါသည်။

မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်ကြားရှိ လူနေခွင့်မရှိသော ပါလောင်ခါလီ ဧရိယာအနီး ဖြတ်သန်းသွားနေကြသည့် ရိုဟင်ဂျာ ဒုက္ခသည်များကို ၂၀၁၇ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ် / AFP

ဤကိစ္စသည် ဝရမ်းထုတ်ရန် နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပိုလ်) ကဲ့သို့သော အဖွဲ့များကို တောင်းဆိုခြင်း အဆင့်သာ ရှိပါသေးသည်။ အပြစ်ထင်ရှားကြောင်းကို ကြေညာခြင်း မဟုတ်သေးကြောင်း၊ တရားရုံးတွင် သက်သေအထောက်အထား တင်ပြ၍ ထုချေနိုင်သေးကြောင်းတို့ကိုကို သတိပြုမိကြရန် ဖြစ်ပါသည်။

ဤကိစ္စကို လိမ္မာပါးနပ်စွာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် နိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် အခွင့်အရေးတခုအနေဖြင့် အသုံးချရန် ကြိုးစားသင့်ပါသည်။

ဤကိစ္စကို လိမ္မာပါးနပ်စွာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးနှင့် နိုင်ငံ၏ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက် အခွင့်အရေးတခုအနေဖြင့် အသုံးချရန် ကြိုးစားသင့်ပါသည်။

နိုင်ငံတကာအသိုင်းအဝိုင်းက ဘယ်လို လုပ်သင့်သလဲ

RelatedPosts

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
2.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.1k
ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 January 2026
1.6k

(၁) စစ်တပ်ကို တရားစီရင်ရန် ဦးစားပေးပါ။ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ အပြည်ပြည်ဆိုင်ရာ ရာဇဝတ် တရားရုံး (ICC) ကဲ့သို့သော နိုင်ငံတကာ တရားရုံးများတွင် စစ်ခေါင်းဆောင်များအပေါ် တရားမျှတမှုရှိသော အရေးယူမှုအတွက် ဆက်လက် အားစိုက်ကြိုးစားပါ။

(၂) မြန်မာပြည်တွင် ဒီမိုကရေစီ တိုးတက်မှုအတွက်ကို ပိုမိုပံ့ပိုးပါ။ တော်လှန်ရေးအဖွဲ့များကို ပိုမို ထောက်ပံ့အားပေးပါ။

(၃) အရပ်ဖက်ခေါင်းဆောင်၊ တော်လှန်ရေးခေါင်းဆောင်များ၏ အခက်အခဲများကို နားလည်ပေးပါ။ စစ်လော်ဘီများကို သတိထားပြီး သူတို့၏ အဖျက်သဘောဆောင်သော ဝေဖန်မှုတို့ကို ချင့်ချိန်နိုင်ရန် ကြိုးစားပါ။

အခွင့်အရေး

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အလိုရှိကြောင်း အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့၏ ကန်ပိန်းပိုစတာ

အာဂျင်တီးနားမှ ဖမ်းဆီးဝရမ်း တောင်းဆိုမှုများသည် စိတ်အနှောင့်အယှက် ဖြစ်စေသော်လည်း စစ်ခေါင်းဆောင်တို့၏ မြန်မာနိုင်ငံအပေါ် ကျူးလွန်ခဲ့သည့် လူသားထုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကို အရေးယူမှုအတွက် သမိုင်းဝင် အခွင့်အရေး ဖြစ်သည်။

သို့သော် နိုင်ငံတကာ၏ အရပ်သားအစိုးရအပေါ် မှားယွင်းသည့် ဝေဖန်ချက်၊ စွပ်စွဲမှု၊ ဒဏ်ခတ်မှုများသည် မြန်မာပြည်၏ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အကြီးအကျယ် ထိခိုက်စေခဲ့ကြောင်း၊ ရှေ့လျှောက် ထပ်မံ ထိခိုက်မှု ဖြစ်မလာအောင် သတိထားသင့်ကြောင်းတို့ကို ရှင်းရှင်းလင်းလင်း ပြောချိန်တန်ပြီဖြစ်သည်။

(ဂျိမ်းရွှေသည် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတဦး ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုတွင် အခြေချနေထိုင်သည်မှာ နှစ် ၄၀ ရှိပြီဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေး တစိုက်မတ်မတ် စည်းရုံးလှုံ့ဆော်နေသူ ဖြစ်သည်။)

You may also like these stories:

မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း တောင်းဆိုမှု နောက်ဆက်တွဲ ဘာတွေ အသုံးချသင့်သလဲ

ဒေါ်အောင်ဆန်းစုကြည်၊ ICJ နှင့် တပ်မတော်

ရိုဟင်ဂျာအရေး တာဝန်ရှောင်မည်မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည် ပြော

ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ပယ်ထားသော အနောက်နိုင်ငံများလည်း မြန်မာ့အရေးမှာ အပြစ်မကင်း

ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ

မြန်မာစစ်တပ်က ရိုဟင်ဂျာလူမျိုးတုံး သတ်ဖြတ်မှုကျူးလွန်ဟု အမေရိကန်အစိုးရ ဆုံးဖြတ်

Your Thoughts …
Tags: ICCICJNLDUSDPစစ်ကောင်စီစစ်အာဏာသိမ်းမှုဒေါ်အောင်ဆန်းစုကြည်ဖွဲ့စည်းပုံအခြေခံဥပဒေမဘသရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုလူသားထုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုအမေရိကန်အာဂျင်တီးနား
ဂျိမ်းရွှေ

ဂျိမ်းရွှေ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ထရမ့်အစိုးရ၏ အပြောင်းအလဲများက တရားရုံးချုပ်ကို အကဲစမ်းနေ

ထရမ့်အစိုးရ၏ အပြောင်းအလဲများက တရားရုံးချုပ်ကို အကဲစမ်းနေ

ဖမ်းဝရမ်းကိစ္စ စိတ်မကောင်းဘူးလို့ စောချစ်သူပြော (ရုပ်/သံ)

ဖမ်းဝရမ်းကိစ္စ စိတ်မကောင်းဘူးလို့ စောချစ်သူပြော (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

15 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved