• English
Tuesday, June 24, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Politics

ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ

by The Irrawaddy
16 August 2024
in Politics, သူ့အတွေး သူ့အမြင်
A A
ရိုဟင်ဂျာအရေး ရေရှည်အကျိုး မျှော်ကိုး၍ ဆောင်ရွက်သင့်ပြီ

၂၀၁၇ ခုနှစ် အောက်တိုဘာလအတွင်း ရိုဟင်ဂျာဒုက္ခသည်များ အစုလိုက်အပြုံလိုက် နယ်ခြားဖြတ်ကျော် ပြေးကြစဉ်/Getty Images

2.3k
VIEWS
Share on FacebookShare on Twitter

ရိုဟင်ဂျာအရေးသည် အာဏာလုစစ်တပ်၏ သွေးခွဲအနိုင်ယူခြင်းဗျူဟာ အောင်မြင်မှု သာဓကတခုဖြစ်သည်။ မြန်မာ့ လွတ်လပ်ရေးအလွန် သမိုင်းကြောင်းတွင် စစ်တပ်သည် လူမျိုးရေး ဘာသာရေးတို့ကို ပါးနပ်စွာ အသုံးချ၍ တိုင်းရင်းသားများကို မညီညွတ်အောင် ထိရောက်စွာ သွေးခွဲပြီး သူတို့၏ အာဏာကို ထိန်းချုပ်ထားနိုင်ခဲ့သည်။

မြန်မာပြည်အတွင်းတွင် ယဉ်ကျေးမှု၊ ဘာသာစကား၊ ကိုးကွယ်မှု စသည်တို့ မတူညီ ကွဲပြားသော တိုင်းရင်းသားလူမျိုးစု အများအပြား ရှိခြင်းကို အခွင့်ကောင်းယူ အလွဲသုံးစားပြု၍ တိုင်းရင်းသား အချင်းချင်း ပူးပေါင်းကာ သူတို့အား မတော်လှန်နိုင်ရန် သွေးခွဲပြီး အာဏာကို ချုပ်ကိုင်ထိန်းသိမ်းခဲ့သည်။ ပစ္စည်းဥစ္စာ၊ သယံဇာတ၊ ရိုသေလေးစားမှု စသည့် ပြိုင်ဆိုင်စရာများကို လိုသည်ထက် ကြီးမားသယောင် ဝါဒဖြန့်၍ ညီညွတ်မှု ပျက်ပြားပြီး တဦးနှင့်တဦး မုန်းတီးမှုများအောင် အစဉ်တစိုက် လုပ်ခဲ့သည်။

RelatedPosts

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

စစ်တပ်က ကလေးစစ်သား ဆက်လက်စုဆောင်းနေသည်

24 June 2025
230
ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

23 June 2025
11k
အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

အီရန်အစိုးရအပြောင်းအလဲက ဒီမိုကရေစီကို မသယ်ဆောင်လာနိုင်

21 June 2025
2.4k

စစ်တပ်သည် မဘသ ကဲ့သို့သော ဘာသာရေး အစွန်းရောက်အုပ်စုကို အားပေးအားမြှောက်ပြု၍ ဗုဒ္ဓဘာသာမြန်မာ လူများစုကို စည်းရုံးပြီး ကိုးကွယ်မှု မတူသော လူနည်းစုများနှင့် သွေးခွဲကာ မြန်မာဗုဒ္ဓဘာသာ လူများစုနှင့် ပေါင်းစည်း၍ သူတို့ကို ဆန့်ကျင်နိုင်စွမ်း မရှိအောင် တားဆီးပိတ်ပင်နိုင်ခဲ့သည်။

ရိုဟင်ဂျာ အရေးအခင်းသည် စစ်တပ်၏ လူမျိုးရေး၊ ဘာသာရေးကို အသုံးခြပြီး သွေးခွဲမှုဗျူဟာ ကျွမ်းကျင်ခြင်း၏ အထင်ရှားဆုံး သာဓက ဖြစ်ပါသည်။ တချက်ခုတ် နှစ်ချက်ပြတ် ထိရောက်မှု ရှိပါသည်။

ရိုဟင်ဂျာ အရေးအခင်းသည် စစ်တပ်၏ လူမျိုးရေး၊ ဘာသာရေးကို အသုံးခြပြီး သွေးခွဲမှုဗျူဟာ ကျွမ်းကျင်ခြင်း၏ အထင်ရှားဆုံး သာဓက ဖြစ်ပါသည်။ တချက်ခုတ် နှစ်ချက်ပြတ် ထိရောက်မှု ရှိပါသည်။ အဓိက ရည်ရွယ်ချက်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် သူဦးဆောင်သော အရပ်သားအစိုးရတို့ကို နိုင်ငံတကာ ဇာတ်ခုံတွင် သိက္ခာကျပြီး အပြည်ပြည်ဆိုင်ရာ ထောက်ခံမှု နည်းစေကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရန်အတွက် နိုင်ငံရေး ဦးဆောင်မှု အင်အားလျော့နည်းသွားစေရန် ဖြစ်သည်။

စစ်တပ်အတွက် နောက်ဆက်တွဲ အကျိုးများသည် ရခိုင်၊ မြန်မာ၊ ဗုဒ္ဓဘာသာ၊ အစ္စလမ်ဘာသာ အားလုံးကို သွေးခွဲလိုက်ပြီး ဤကွဲပြားမှုများကြောင့် မြန်မာကို ကမ္ဘာမှ ကူညီလိုစိတ် လျော့နည်းသွားစေခြင်းတို့ ဖြစ်သည်။ ထိုအချိန်ကတည်းက အာဏာသိမ်းရန် ပြင်ဆင်နေပြီဟု ယူဆနိုင်ပါသည်။

၂၀၂၄ ခုနှစ်၊ မတ် ၁၉ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ဘူးသီးတောင်မြို့ပေါ်၌ ရိုဟင်ဂျာ ၇၀၀ ခန့် AA ဆန့်ကျင်ရေး ဆန္ဒပြခဲ့ပြီး စစ်ကောင်စီက ကြိုးကိုင်သည်ဟု ပြောကြသည်

ရိုဟင်ဂျာများအား ဦးနေဝင်း လက်ထက်တွင် စတင်၍ ပိုမိုဖိနှိပ်လာခဲ့သောကြောင့် ၁၉၇၀ ပြည့်နှစ်ပိုင်းမှစတင်၍ ဘင်္ဂလားဒေ့ရှ်သို့ ရိုဟင်ဂျာများ ရွှေ့ပြောင်း ခိုလှုံမှု ပိုမိုများပြားလာပြီး ၂၀၁၀ ပြည့်နှစ်ပိုင်းတွင် ထပ်မံ တိုးလာကြောင်း ကုလသမဂ္ဂ မှတ်တမ်းများတွင် တွေ့ရပါသည်။

ဘာသာရေးကို အသုံးပြုပြီး စစ်တပ်၏ သွေးခွဲခြင်း ထိရောက်မှု နောက်သာဓက တခုမှာ ကရင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကို ခရစ်ယာန် KNU နှင့် ဗုဒ္ဓဘာသာ DKBA တို့အဖြစ် နှစ်ခြမ်းကွဲအောင် ခွဲနိုင်ခဲ့ခြင်း ဖြစ်ပါသည်။

ယခုလည်း အာရက္ခတပ်တော် (AA) က အာဏာလုစစ်တပ်အပေါ်တွင် စစ်ရေးအရ အောင်မြင်ပြီး အသာစီးရနေသောကြောင့် AA ကို ကမ္ဘာ့အလယ်တွင် နာမည်ဖျက် သိက္ခာချပြီး AA သာမက နွေဦးတော်လှန်ရေး တခုလုံးကို နှောင့်နှေးထိခိုက်စေရန် ရိုဟင်ဂျာများကို အသုံးပြုနေပါသည်။

ရိုဟင်ဂျာများကို ခြိမ်းခြောက်၍ အတင်းအကျပ် AA ဆန့်ကျင်ကန့်ကွက်ရေး ဆန္ဒပြ သပိတ်မှောက်ပွဲများ ပြုလုပ်ခိုင်းခဲ့သည်။

လက်နက်ကိုင် ရိုဟင်ဂျာ ARSA နှင့် RSO အဖွဲ့များကို အာဏာလုစစ်တပ်က လက်နက်တပ်ဆင်ပေးပြီး AA အား စစ်တပ်ဘက်မှနေ၍ တိုက်ခိုက်စေသည်။ ARSA နှင့် RSO တို့၏ အမှတ်သညာ နည်းမှုကိုလည်း အံ့ဩမိပါသည်။

ရိုဟင်ဂျာများကိုလည်း အာဏာလုစစ်တပ်အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နေသည်။ ဘင်္ဂလားဒေ့ရှ်ဘက်မှ လူများစွာ အာဏာလုစစ်တပ်တွင် စစ်မှုထမ်းရန် ဝင်ရောက်လာကြောင်း သတင်းများတွင် တွေ့ရပါသည်။ အယ်လ်ကိုင်းဒါး၊ IS စသော အကြမ်းဖက်အဖွဲ့များ ရောယောင် ဝင်ရောက်လာမည်ကို စိုးရိမ်ရပါသည်။

ရိုဟင်ဂျာများကိုလည်း အာဏာလုစစ်တပ်အတွက် စစ်မှုထမ်းရန် ဆင့်ခေါ်နေသည်။ ဘင်္ဂလားဒေ့ရှ်ဘက်မှ လူများစွာ အာဏာလုစစ်တပ်တွင် စစ်မှုထမ်းရန် ဝင်ရောက်လာကြောင်း သတင်းများတွင် တွေ့ရပါသည်။ အယ်လ်ကိုင်းဒါး၊ IS စသော အကြမ်းဖက်အဖွဲ့များ ရောယောင် ဝင်ရောက်လာမည်ကို စိုးရိမ်ရပါသည်။

ရိုဟင်ဂျာများသည် ပြင်းထန်သော တိုက်ပွဲများအကြားတွင် မလွဲမရှောင်သာ ထိခိုက်ဒဏ်ရာရခြင်း၊ ကျဆုံးခြင်းတို့ ရှိကြပါမည်။ ဤသည်တို့ အားလုံးအား AA အပေါ် အပြစ်ပုံချ စွပ်စွဲမှုများကို အနောက်နိုင်ငံများတွင် နေထိုင်နေကြသော ရိုဟင်ဂျာအရေးအတွက် အကျိုးအမြတ် မျှော်မှန်း လုပ်ဆောင်ပေးနေသူများက စနစ်တကျ ခန့်ခွဲလုပ်ဆောင်နေသည်ကို တွေ့နေရပါသည်။

ဤလုပ်ရပ်များသည် ရိုဟင်ဂျာများ၏ ရေရှည် အကျိုးစီးပွားနှင့် ရပ်တည်နိုင်မှုတို့ကို ဆိုးဝါးစွာ ထိခိုက်စေနိုင်ပါသည်။

ရိုဟင်ဂျာတို့၏ ခေါင်းဆောင်များ၊ အကြံပေးသူများတို့သည် ယခုအချိန်အထိ ရိုဟင်ဂျာတို့ မြန်မာပြည်ပြန်လျှင် အတူနေရမည့် ရခိုင်များ၊ မြန်မာများ၊ အခြား ချင်း၊ ဒိုင်းနက် စသည့် တိုင်းရင်းသားများနှင့် ရိုဟင်ဂျာတို့အကြား ရင်ကြားစေ့ သင့်မြတ်ရေးအတွက် စီစဉ်ခြင်း၊ လှုံ့ဆော်ခြင်း၊ ပညာပေးခြင်းတို့ကို လုပ်ဆောင်နေကြောင်း ထင်သာမြင်သာ မရှိသေးပါ။

အမုန်းတရား ပိုမို ပွားများစေရန် လှုံ့ဆော်ခြင်းနှင့် သားကောင် စိတ်ဓာတ် (victim mentality) သွင်းပြီး နိုင်ငံတကာ လူမှုရေး အကူအညီ တောင်းခံခြင်းတို့က ပိုပြီးမြင်သာနေပါသည်။

ဤ နိုင်ငံတကာအကူအညီတို့သည် ရိုဟင်ဂျာများထက် နိုင်ငံတကာမှ အကူညီတောင်းခံပေး၊ ဖြန့်ဝေပေးသော အဖွဲ့များအတွက် ပိုမိုအကျိုးရှိနေကြောင်း ထင်သာမြင်သာရှိပါသည်။ နားလည်သူတို့က ရိုဟင်ဂျာအကူအညီ စီးပွားရေးလုပ်ငန်း (Rohingya aid industry) သဖွယ် ဖြစ်နေကြောင်း ထောက်ပြကြပါသည်။

ရိုဟင်ဂျာများအတွက် မြေပြင်တွင် မဟာမိတ်များ လုံးဝ မကျန်ရှိစေရန်လည်း အကြံပေးနေကြပုံရပါသည်။ တော်လှန်ရေးလည်းကြာ၊ ရိုဟင်ဂျာတို့လည်း မည်သူနှင့်မှ မသင့်မြတ်လျှင် သူ့တို့ နိုင်ငံတကာအကြံပေးသူများ၏ လက်ခုပ်ထဲမှရေအဖြစ်နှင့် ရှည်ကြာစွာ ဒုက္ခရောက်နေနိုင်ပါသည်။

ရိုဟင်ဂျာများအတွက် မြေပြင်တွင် မဟာမိတ်များ လုံးဝ မကျန်ရှိစေရန်လည်း အကြံပေးနေကြပုံရပါသည်။ တော်လှန်ရေးလည်းကြာ၊ ရိုဟင်ဂျာတို့လည်း မည်သူနှင့်မှ မသင့်မြတ်လျှင် သူ့တို့ နိုင်ငံတကာအကြံပေးသူများ၏ လက်ခုပ်ထဲမှရေအဖြစ်နှင့် ရှည်ကြာစွာ ဒုက္ခရောက်နေနိုင်ပါသည်။

ဤသည်ကို ရိုဟင်ဂျာများ နားလည်ပြီး AA, အမျိုးသားညီညွတ်ရေးအစိုးရ (NUG) စသည်တို့ဖြင့် စတင်ဆွေးနွေး ညှိနှိုင်းလက်တွဲ လုပ်ဆောင်ရန် အချိန်သင့်ပြီဟု ယူဆပါသည်။

စစ်တပ်က လူသစ်စုပြီး စစ်သင်တန်းပေးရာတွင် ပါဝင်သော ရိုဟင်ဂျာ မွတ်စလင်များ

ဆွီဒင် သတင်းစာဆရာ၊ စာရေးဆရာ ဘာတေးလ် လင့်တနာက ဘက်မလိုက်၍ မျှတသော သတင်းဝေမျှမှု နည်းခဲ့သည့်အတွက် ကမ္ဘာ့ဇာတ်ခုံတွင် ရိုဟင်ဂျာအရေးကို တဖက်အမြင်သာ ရှိနေသူတို့က အများစု ဖြစ်နေသောကြောင့် AA သည် အာဏာလုစစ်တပ်အတွက် တိုက်ပေးနေသော ရိုဟင်ဂျာများကိုပင် အန္တရာယ်ပြုမိပါလျှင် အကြီးအကျယ် ထိခိုက်နိုင်ကြောင်း သတိပေးခဲ့ပါသည်။

ဤကဲ့သို့ သတိပေးထားသည့်အတိုင်းဖြစ်အောင် ကြိုးစားနေကြသည်ကို ထင်ရှားစွာ တွေ့နေရပါသည်။ ဤကိစ္စတို့ကို အများနားလည်အောင် ကြိုးစားဖြန့်ဝေပြီး တော်လှန်ရေးကို မထိခိုက်အောင် အခြေအနေကို ထိန်းသိမ်းဖို့ လိုပါသည်။

အာဏာလုစစ်တပ်သည် ဆုံးရှုံးခဲ့သော နယ်မြေအားလုံးတို့ကို ပြည်သူတို့ ဆက်သုံး၍ မရအောင် မြေလှန်စနစ်ဖြင့် မီးလောင်တိုက်သွင်းနေသည်ကို အများသိဖြစ်သော်လည်း ရိုဟင်ဂျာအချို့က သူတို့၏ အိမ်များကို AA က မီးရှို့ကြောင်း စွပ်စွဲနေသည်ကိုလည်း တွေ့ရပါသည်။

လူသိများသော ရိုဟင်ဂျာအရေးလှုပ်ရှားသူ ရိုနေစန်းလွင်က အာဏာလုစစ်တပ်သည် အတင်းအကျပ် ဆင့်ခေါ်၍ စစ်မှုထမ်းခိုင်းထားသော ရိုဟင်ဂျာတို့ကို တိုက်ပွဲရှေ့တန်းတွင် လူသားဒိုင်းအဖြစ် အသုံးပြုနေကြောင်း ပြောခဲ့ပါသည်။

NUG လူ့အခွင့်အရေးဆိုင်ရာ ဒုဝန်ကြီး ဦးအောင်ကျော်မိုးကလည်း အာဏာလုစစ်တပ်နှင့် နွယ်နေသော ရိုဟင်ဂျာအဖွဲ့များက လူနေအိမ်ခြေများအား မီးရှို့ခြင်းကို ရှုတ်ချခဲ့ပြီး ဤလုပ်ဆောင်ချက်များသည် သွေးခွဲရန်အတွက်ဖြစ်ကြောင်း၊ အရပ်သားများနှင့် စစ်တပ် ဒလန်များကို ခွဲခြားရန် ကြိုးစားဖို့ လိုကြောင်းတို့ကို ပြောခဲ့သည်။

လုပ်ကြံသတင်းများ မထိရောက်စေရန် တန်ပြန် ကာကွယ်ခြင်းနှင့် ရင်ကြားစေ့မှုကို အားပေးခြင်း

နိုင်ငံတကာ အသိုင်းအဝိုင်းသည် အာဏာလုစစ်တပ်၏ နည်းမျိုးစုံဖြင့် မဟုတ်မမှန် လိမ်လည်လှည်ဖြားခြင်းတို့ကို နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ မကြာသေးခင်က ရခိုင်တွင် မဟုတ်မမှန်သတင်းများဖြင့် တဦးနှင့်တဦး အမုန်းပွားစေသော ပြောဆိုမှု ရေးသားမှုများအကြောင်းကို ကုလသမဂ္ဂတွင် အစီရင်ခံမှုတခု ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

နိုင်ငံကာမှ ရိုဟင်ဂျာအရေး လုပ်ဆောင်သူများကို သတိထားစေချင်သော အခြားအချက်တခုမှာ မြန်မာအများစုကို အစွန်းရောက် ဗုဒ္ဓဘာသာဝင်များအဖြစ် မစွပ်စွဲစေလိုပါ။ စစ်တပ်၏ အနှစ် ၆၀ ကျော် သွေးခွဲမှုကြောင့်ဆိုသည်ကို နားလည်ပေးစေလိုပါသည်။ ထပ်မံသွေးကွဲစေသော လှုံ့ဆော်မှုများကို ရှောင်စေလိုပါသည်။ တော်လှန်ရေးအတွက်ရော ရိုဟင်ဂျာများအတွက်ပါ အကျိုးယုတ်စေပါသည်။

နိုင်ငံကာမှ ရိုဟင်ဂျာအရေး လုပ်ဆောင်သူများကို သတိထားစေချင်သော အခြားအချက်တခုမှာ မြန်မာအများစုကို အစွန်းရောက် ဗုဒ္ဓဘာသာဝင်များအဖြစ် မစွပ်စွဲစေလိုပါ။ စစ်တပ်၏ အနှစ် ၆၀ ကျော် သွေးခွဲမှုကြောင့်ဆိုသည်ကို နားလည်ပေးစေလိုပါသည်။ ထပ်မံသွေးကွဲစေသော လှုံ့ဆော်မှုများကို ရှောင်စေလိုပါသည်။ တော်လှန်ရေးအတွက်ရော ရိုဟင်ဂျာများအတွက်ပါ အကျိုးယုတ်စေပါသည်။

အမေရိကန် ပြည်သားများသည် တိုင်းပြည်ကြီးပြီး ပြည့်စုံမှု များသည့်အတွက် မြန်မာပြည်ကဲ့သို့ ဆင်းရဲ သေးငယ်သည့် တိုင်းပြည်များအကြောင်း သိပ်မသိကြပါ။ သူတို့ကိုလည်း အပြစ်ပြောဖို့ မသင့်ပါ။ ကျနော်တို့သည် အာဖရိကရှိ နိုင်ငံငယ်တခုဖြစ်သည့် ဂမ်ဘီယာအကြောင်း သိပ်မသိသလိုပင် ဖြစ်ပါသည်။

ဤအတွက်ကြောင့် ရိုဟင်ဂျာအရေးလုပ်သူများ၏ အာဘော်များကို စွဲနေခြင်း ဖြစ်ပါသည်။ သူတို့ကို မြန်မာ၊ ရခိုင် စသည်တို့အတွက် မျှတအောင် ရှင်းလင်းပြောပေးမည့်သူများ မရှိခဲ့ပါ။ ရိုဟင်ဂျာများ ရခိုင်ပြည်နယ်တွင် နေကြောင်း၊ မြန်မာပြည်မနှင့် တောင်တန်းခြားကြောင်း၊ ရိုဟင်ဂျာကိစ္စတွင် AA မပါလျှင် မပြီးကြောင်း ဆိုသည်များကိုပင် မသိကြပါ။ အားလုံးအမှန်သိမှ ပြဿနာများ ရှင်းလို့ရမည်ဟု ယုံကြည်ပါသည်။

ရိုဟင်ဂျာ၊ ရခိုင်၊ မြန်မာ၊ အခြား ရခိုင်နေ တိုင်ရင်းသား၊ သက်ဆိုင်သူများအားလုံး၊ မှန်ကန်ပွင့်လင်း တရားမျှတစွာ အာဃာတမထား ကိုယ်ကျိုးမဖက်ဘဲ ဆွေးနွေးပြီး ရင်ကြားစေ့ရေးကို စတင်လုပ်ဆောင်ရန် လိုအပ်နေပါသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) က မြန်မာပြည်ကို ရှုတ်ချ အပြစ်ပေးရုံနှင့် ရိုဟင်ဂျာများ ရခိုင်တွင် ပြန်၍ အားလုံးနှင့် သင့်မြတ်စွာ မနေနိုင်သေးပါ။ ပို၍ပင် သွေးကွဲစေနိုင်ပါသည်။ စိတ်ကျေနပ်မှု ရနိုင်သော်လည်း လက်တွေ့အကျိုး သိပ်မတွေ့ပါ။

ဤအကြောင်းများကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသည့် ဆောင်းပါးများ၊ အစီရင်ခံစာများတွင် ဖော်ပြထားသော သွေးခွဲရေးသားမှုများအား အဖတ်များသည်ကို တွေ့ရသဖြင့် စိတ်မကောင်းပါ။

လူမှုရေးအကူအညီထက် ပို၍ ထိရောက်သော နိုင်ငံတကာ ကူညီမှု

အမေရိကန် လွှတ်တော်က မြန်မာပြည်ဆိုင်ရာဥပဒေ (Burma Act) ကို ၂၀၂၂ ခုနှစ်ကုန်ပိုင်းတွင် အမေရိကန် နိုင်ငံတော်ကာကွယ်ရေး အသုံးစရိတ် ဥပဒေ (NDAA) ၏ အစိတ်အပိုင်းတခုအဖြစ် ပြဌာန်းခဲ့သည်။ ဤဥပဒေ၏ အဓိက ဦးတည်ချက်မှာ ရိုဟင်ဂျာ အပါအဝင် မြန်မာတိုင်းရင်းသားများ အားလုံး ညီညွတ်အောင် ရင်ကြားစေ့ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးတို့ ဖြစ်ပါသည်။

ရိုဟင်ဂျာအရေးကို ဦးစားမပေးဟုဆိုကာ မြန်မာအတွက် ပေးသည့် လက်နက်မပါသော အကူအညီများ (non-lethal assistance) ကို ဆိုင်းငံ့ထားရန် ရိုဟင်ဂျာအရေး လုပ်ဆောင်နေသူများက တောင်းဆိုခြင်းတို့သည် ရိုဟင်ဂျာနှင့် မြန်မာများအကြား အမုန်းပွားအောင် သွေးခွဲခြင်းသာ။

ရိုဟင်ဂျာအရေးကို ဦးစားမပေးဟုဆိုကာ မြန်မာအတွက် ပေးသည့် လက်နက်မပါသော အကူအညီများ (non-lethal assistance) ကို ဆိုင်းငံ့ထားရန် ရိုဟင်ဂျာအရေး လုပ်ဆောင်နေသူများက တောင်းဆိုခြင်းတို့သည် ရိုဟင်ဂျာနှင့် မြန်မာများအကြား အမုန်းပွားအောင် သွေးခွဲခြင်းသာ။ အမေရိကန် လွှတ်တော်အမတ်များ ဤထက် အမြော်အမြင်ရှိမည်ဟု ယုံကြည်ပါသည်။

အပြုသဘောဖြင့် ဆွေးနွေးပြီး ရင်ကြားစေ့ရန် လိုအပ်

ရိုဟင်ဂျာများအချင်းချင်း အတွင်းတွင်လည်း အဖွဲ့အစည်းများစွာ ကွဲပြားနေသည်။ ဤသဘောထား ကွဲပြားမှုများကို ရိုဟင်ဂျာအရေး လုပ်ဆောင်သူတို့က အလေးထား ညှိနှိုင်းနေခြင်းကို မတွေ့ရပါ။

ယခု ဖြစ်နေသော မဟုတ်မမှန်သတင်းများဖြင့် တိုက်ခိုက်နေခြင်း၊ လှည့်စားရန်ကြိုးစားခြင်းတို့ဖြင့် ပြဿနာ ပြေလည်မှု ပန်းတိုင်သို့ ရောက်နိုင်ရန် လမ်းမရှိပါ။

သက်ဆိုင်သူများအားလုံး တဦးအပေါ်တဦး စေတနာထား၍ ဤကဲ့သို့သော မုန်းတီးမှုသာ ပွားစေသည့် လုပ်ရပ်များကို ရှောင်ကျဉ်ပြီး အတူတကွ သင့်မြတ်စွာ နေထိုင်နိုင်ရေးကို စတင် စဉ်းစားသင့်ပါပြီ။ အာဏာလုစစ်တပ် မရှိတော့မှသာ ဤအခြေအနေ ရောက်နိုင်သည်ကို သတိချပ်ပြီး မြန်မာ၊ ရခိုင်၊ ရိုဟင်ဂျာ အားလုံးတို့၏ အကျိုးစီးပွားများသည် ဆက်နွယ်နေကြောင်း၊ တဦးပျက်မှ တဦးကောင်းမည် မဟုတ်ကြောင်းတို့ကို ရှင်းလင်းစွာ နားလည်ရန် လိုနေပါပြီ။

စစ်ရှောင် ရိုဟင်ဂျာမွတ်စလင်များအား ကူညီပေးနေသည်ဟု AA က ထုတ်ပြန်သည်

NUG က ရိုဟင်ဂျာအရေးကို အဓိကထားပြီး ဆောင်ရွက်ပေးနိုင်မည့် ဒုဝန်ကြီးတဦးခန့် အပ်ပေးထားခြင်းကို အလေးထား အသိအမှတ်ပြု၍ အကျိုးရှိအောင် အသုံးချနိုင်ရန် ကြိုးစားသင့်ပါသည်။ အွန်လိုင်း လူမှုကွန်ရက် မီဒီယာများတွင် မသေချာသော သတင်းများ တင်၍လည်းကောင်း၊ စာတိုစာရှည်များ ရေး၍လည်းကောင်း၊ တဦးနှင့်တဦး စွပ်စွဲပုတ်ခတ်နေကြမည့်အစား ထိရောက်သော ရလဒ်အတွက် မျက်နှာစုံညီ ဆွေးနွေးသင့်ပါပြီ။

နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့်လည်း ဘက်စုံ အားလုံးကို နားထောင်၍ စိစစ်သုံးသပ်ရန် လိုပါသည်။

လက်စားချေရေး၊ သားကောင် စိတ်ဓာတ်သွင်း၍ အကျိုးအမြတ်ကို ဦးစားပေးပြီး လူသားချင်းစာနာမှု အကူအညီများကိုသာ အဓိကထား၍ တောင်းဆိုခြင်း စသည်တို့ထက်ပို၍ အားလုံး၏ ရေရှည် ကောင်းကျိုးကို အလေးထားသော ရင်ကြားစေ့ရေး ညှိနှိုင်းမှု၊ ပညာဝေမျှမှု အကူအညီများကိုလည်း ပေးရန် စဉ်းစားသင့်ပါပြီ။

လက်စားချေရေး၊ သားကောင် စိတ်ဓာတ်သွင်း၍ အကျိုးအမြတ်ကို ဦးစားပေးပြီး လူသားချင်းစာနာမှု အကူအညီများကိုသာ အဓိကထား၍ တောင်းဆိုခြင်း စသည်တို့ထက်ပို၍ အားလုံး၏ ရေရှည် ကောင်းကျိုးကို အလေးထားသော ရင်ကြားစေ့ရေး ညှိနှိုင်းမှု၊ ပညာဝေမျှမှု အကူအညီများကိုလည်း ပေးရန် စဉ်းစားသင့်ပါပြီ။

(ဂျိမ်းရွှေသည် ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတဦး ဖြစ်ပြီး အမေရိကန် ပြည်ထောင်စုတွင် အခြေချနေထိုင်သည်မှာ နှစ် ၄၀ ရှိပြီဖြစ်သည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီးနောက် မြန်မာ့အရေး တစိုက်မတ်မတ် စည်းရုံးလှုံ့ဆော်နေသူ ဖြစ်သည်။)

You may also like these stories:

စစ်ကောင်စီက ရခိုင်နှင့် ရိုဟင်ဂျာ နှစ်ဖက်လုံးကို လူမျိုးရေးနှင့် လှည့်တိုက်နေ

AA ကို တိုက်ရန် ရိုဟင်ဂျာလက်နက်ကိုင်များ စစ်သားစုဆောင်း

ရိုဟင်ဂျာများကို ဒရုန်းဖြင့် မတိုက်ခိုက်ဟု AA ငြင်းဆို

ရိုဟင်ဂျာကိစ္စ ဖြေရှင်းနိုင်ဖို့စွမ်းရည် AA မှာပဲရှိတယ် (ရုပ်/သံ)

လူမျိုးတုံးသတ်သည့် စစ်တပ်က ရိုဟင်ဂျာများထံမှ အကူအညီလိုချင်

ဘူးသီးတောင် ရိုဟင်ဂျာဆန္ဒပြပွဲ စစ်ကောင်စီကြိုးကိုင်ခဲ့ဟု NUG ဆို

Your Thoughts …
Tags: AAARSANUGRSOSliderစစ်ကောင်စီစစ်အာဏာသိမ်းမှုနွေဦးတော်လှန်ရေးဖက်ဒရယ်ဒီမိုကရေစီဘင်္ဂလားဒေ့ရှ်ဘာသာရေးရိုဟင်ဂျာလူသားချင်းစာနာမှု အကူအညီလူ့အခွင့်အရေးအမျိုးသားညီညွတ်ရေးအစိုးရအာရက္ခတပ်တော်
The Irrawaddy

The Irrawaddy

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
112.9k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.5k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.4k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.1k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.5k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ဝမ်ယိက မင်းအောင်လှိုင်ကို သတိပေးသွားသည်

ဝမ်ယိက မင်းအောင်လှိုင်ကို သတိပေးသွားသည်

စက်သုံးဆီ ဘာကြောင့် ပြတ်တာလဲ (ရုပ်/သံ)

စက်သုံးဆီ ဘာကြောင့် ပြတ်တာလဲ (ရုပ်/သံ)

No Result
View All Result

Recommended

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

စစ်ခေါင်းဆောင်များအတွက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ကိတ်မုန့်တလုံး

5 days ago
8.8k
အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

အီရန် မြေအောက်နျူကလီးယားစက်ရုံကို အမေရိကန်သာ ဖျက်ဆီးနိုင်

4 days ago
4.8k

Most Read

  • ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    ဒုက္ခဝိုင်းနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို စစ်တပ်က လူစားထိုးမလား

    shares
    Share 0 Tweet 0
  • အမေရိကန်၏ Midnight Hammer စစ်ဆင်ရေး

    shares
    Share 0 Tweet 0
  • ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

    shares
    Share 0 Tweet 0
  • TNLA ကျောက်တူးဖော်မှု ဆိုးကျိုးများ မိုးကုတ်ဒေသခံများ ဆန့်ကျင်

    shares
    Share 0 Tweet 0
  • အသက်အရွယ်ကြီးရင့်တဲ့ NLD ခေါင်းဆောင်တွေ ထောင်ထဲမှာ ဆက်လက် ဒုက္ခခံစားနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate