• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း Human Rights

ရိုဟင်ဂျာများကို ဒရုန်းဖြင့် မတိုက်ခိုက်ဟု AA ငြင်းဆို

by ဧရာဝတီ
12 August 2024
in Human Rights, သတင်း
A A
ရိုဟင်ဂျာများကို ဒရုန်းဖြင့် မတိုက်ခိုက်ဟု AA ငြင်းဆို

လှေမှောက်သေဆုံးသူများတွင် ကလေးငယ်များလည်း ပါဝင်သည်/AFP

1.7k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံ‌ ရခိုင်ပြည်နယ် မောင်တောမှ ထွက်ပြေးသည့် ရိုဟင်ဂျာများကို ဒရုန်းဖြင့် တိုက်ခိုက်ခြင်းမှာ အာရက္ခတပ်တော် (AA) မဟုတ်ကြောင်း AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်မှ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နယ်စပ်ဖြတ်ကျော်ရန် စောင့်ဆိုင်းနေသည့် မိသားစုများကို တနင်္လာနေ့က ဒရုန်းတိုက်ခိုက်မှုများအကြောင်းကို မျက်မြင်သက်သေ ၄ ဦး၊ တက်ကြွလှုပ်ရှားသူများနှင့် သံတမန်တဦးကို ကိုးကားပြီး ရိုက်တာသတင်းက ရေးသည်။

ကိုယ်ဝန်အရင့်အမာရှိနေသည့် အမျိုးသမီးတဦးနှင့် သူ၏ ၂ နှစ်အရွယ်သမီးတို့သည့် တိုက်ခိုက်မှုကြောင့် သေဆုံးသူများတွင် ပါဝင်ပြီး ယင်းသေဆုံးမှုများနှင့် ပတ်သက်ပြီး မျက်မြင်မသက်သေ ၃ ဦးက AA တွင် တာဝန်ရှိကြောင်း ရိုက်တာ သတင်းဌာနတွင် ဖော်ပြထားသည်။

RelatedPosts

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

အာဏာရှင် အသက်ဆက်ဖို့ မဲအရေအတွက် ကြံ့ခိုင်ရေးပါတီရ (ရုပ်/သံ)

12 January 2026
5
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
9
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
90

ဒရုန်းဖြင့် တိုက်ခိုက်ခံရစဉ် မြင်တွေ့ခဲ့သည့် မျက်မြင်တဦးက “ဒရုန်းက လူအုပ်ကို တိုက်ခိုက်စဉ် သူက ဇနီး၊ သမီးနဲ့ အတူ ကမ်းခြေမှာ ရပ်နေတာ။ ဗုံးအကြိမ်ကြိမ်ကြဲတဲ့ ပေါက်ကွဲသံတွေ ကြားနေရတယ်။ သူ့ကိုသူ ကာကွယ်ရန် မြေတွင် လဲလှောင်းနေပြီး ထလိုက်တဲ့အခါ သူ့ဇနီးနဲ့ သမီးတို့ ဒဏ်ရာ အပြင်းအထန် ရထားပြီးတော့ သူရဲ့ ဆွေမျိုးတွေအများအပြား သေဆုံးကုန်တယ်”ဟု ရိုက်တာသတင်းဌာနသို့ ပြောထားသည်။

ထို့အပြင် ထိုဒုက္ခသည် အုပ်စုသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ကျေးရွာများမှ ထွက်ပြေးလာပြီး ၎င်းတို့၏ လှေငယ်မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရှာဖါရီ ကျွန်းအနီး နတ်မြစ်အတွင်း နစ်မြုပ်သောကြောင့် ကလေးငယ်များအပါအဝင် လူ ၃၄ ဦးထက်မနည်း ရေနစ်သေဆုံးခဲ့သေးသည်။

ယင်းနှင့် ပတ်သက်ပြီး AA ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခက “ ဒီဟာကတော့ အခြေအမြစ်မရှိ လုပ်ကြံဖန်တီးပြီးတော့ အစစွဲ နေကြတာဗျ။ အဲ့ဒီဖြစ်စဉ်က ကျနော်တို့ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ ဖြစ်တာမဟုတ်ဘူး။ အဲ့ဒီဖြစ်စဉ်ဖြစ်တာက အကြမ်းဖက် စစ်ကောင်စီ၊ မူဆလင်အကြမ်းဖက်အဖွဲ့တွေ ထိန်းချုပ်ထားတဲ့ သူတို့ လမ်းကြောင်းပေါ်မှာ ဖြစ်တာ၊ အဲ့ဒီလမ်းကြောင်းကို သုံးပြီးတော့မှ ဒီမောင်တောမြို့ ဘက်ကနေပြီးတော့ ဘင်္ဂလားဒေ့ဘက်အခြမ်း Teknaf ဘက်ကို ကူးတဲ့လမ်းကြောင်းပေါ့နော် သူတို့ အသုံးပြုနေတဲ့ လမ်းကြောင်း၊ ကျနော်တို့ ကြားသလောက်ကတော့ ဒီစက်လှေ ၆ စီးလောက်နဲ့ နေပြီးတော့ ဘင်္ဂလားဒေ့ရှ် ဘက်ကမ်းကို ကူးတယ်။ အဲ့ဒီမှာ ဘင်္ဂလားဒေ့ရှ်ဘက်ကလည်း သူတို့ ကမ်းကပ်ခွင့်မပေးလို့ နောက်ဆုံး ဒီမိုးထဲလေထဲမှာ စက်လှေတချို့ နစ်တယ်ဆိုတာ သိရတယ်”ဟု ရှင်းပြသည်။

စစ်ကောင်စီအနေဖြင့် ရိုဟင်ဂျာများကို မောင်တောမြို့တွင်းမှ ထွက်မသွားရန်နှင့် မြို့ကို ကာကွယ်ရန်အပြင် ဘာသာရေးအရလည်း မောင်တောမြို့တွင်းက ထွက်သွားရန် ခွင့်မပြုကြောင်း တားမြစ်ချက်များ စစ်ကောင်စီက ထုတ်ပြန်ထားကြောင်း ၎င်းက ပြောသည်။

ဦးခိုင်သုခက အာရက္ခတပ်တော် AA နှင့် ရိုဟင်ဂျာများကြား ပြဿနာများ ပိုပြီးဖြစ်အောင်၊ တဖက်နှင့် တဖက် တင်းမာမှုများမြင့်တက်အောင် ဗမာစစ်တပ်ဘက်က လုပ်ကြံသည့် သဘောဖြစ်ပြီး ယင်းကို တဖက် ရိုဟင်ဂျာဖက်ကလည်း အတူတူပေါင်း၍ လုပ်ကြံသည့် သဘောဖြစ်ကြောင်း ပြောသည်။

“အခု မောင်တောကနေပြီးတော့ Teknaf ဘက်ကို ဖြတ်တဲ့ အဖွဲ့တွေကလည်းပဲ အဲ့ဒီအကြမ်းဖက် မွတ်ဆလင်အုပ်စုတွေရဲ့ မိသားစုတွေလို့ သိရတယ်။ ဆိုတော့ အဲ့ဒီလိုသွားတဲ့အချိန်မှာ စစ်ကောင်စီဘက်ကနေ အဲ့ဒါကို ခွင့်မပြုဘူး။ ဘယ်သူမှ ခွင့်မပြုဘူးပေါ့နော်။ ခွင့်မပြုလည်း သွားတဲ့အချိန်မှာ စစ်ကောင်စီက လိုက်ပြီးတော့ ဒရုန်းနဲ့ ဗုံးကြဲတာတွေ လို့ သိရတယ်။ အဲ့ဒီမှာ နောက်ပိုင်းတော့ အဲ့ဒီက အလောင်းတွေကို သူတို့က ရေထဲမှာ စက်လှေနစ်ပြီးတော့ သေတဲ့ အလောင်းတွေကို ဘင်္ဂလားဒေ့ရှ်ဘက်အခြမ်းမှာ အသေအချာ စီပြီးတော့မှ သူတို့ လိုချင်တဲ့ ပုံစံမျိုး ဖန်တီးပြီးတော့မှ သူတို့က နိုင်ငံတကာကို ဖြန့်တာ။ ဒါ AAက လုပ်ပါတယ်ဆိုပြီးတော့ ကျနော်တို့ကို လက်ညှိးထိုးပြီးတော့ အပြစ်ပုံတာပေါ့”ဟု ပြောသည်။

လူမှုကွန်ရက်တွင်တင်ထားသည့် ဗီဒီယိုများတွင် ရွံ့နွံပြင်တွင် ပြန့်ကျဲနေသည့် အလောင်းများနှင့် ထိုသူများ၏ အထုပ်အပိုးများကို ပြသထားသည်။ ရှင်ကျန်လွတ်မြောက်သူ ၃ ဦးက လူ ၂၀၀ ကျော်သေဆုံးကြောင်းနှင့် အခြား မျက်မြင်သက်သေတဦးက အလောင်းအနည်းဆုံး ၇၀ တွေ့ခဲ့ကြောင်း ရိုက်တာသတင်းကို ပြောသည်။ ရိုက်တာသတင်းကမူ သေဆုံးသူ လူဦးရေကို အတည်မပြုပါ။

လက်ရှိတွင် မောင်တောမြို့ တဝိုက် AA က သိမ်းပိုက်ထားသည်ဟုဆိုသော်လည်း မောင်တောမြို့မှ ဘင်္ဂလားဒေ့ရှ်ဘက်သို့ သွားသည့် လမ်းကြောင်းနှင့် မြို့ထဲရှိ ခိုင်မာသည့် အဆောက်အဦးများကို စစ်ကောင်စီနှင့် ၎င်းတို့၏ လက်အောက်ခံ ရိုဟင်ဂျာလက်နက်ကိုင်များက ခံတပ်ဆင့်ဆင့် ပြုလုပ်ပြီး နေရာယူထားကြောင်း ဦးခိုင်သုခအဆိုအရ သိရသည်။

ထို့ပြင် မောင်တောမြို့ထဲတွင်လည်း စစ်ကောင်စီဘက်မှ လူသားဒိုင်းအဖြစ်နှင့် ထိန်းထားသည့် ရိုဟင်ဂျာပြည်သူများအား အာရက္ခတပ်တော် AA အနေဖြင့် ပြီးခဲ့သည့် ဩဂုတ်လ ၁၊ ၉၊ ၁၀ ရက်များအတွင်း လူပေါင်း ၆၀၀၀ နီးပါးကို ကယ်ထုတ်ထားပြီး ဆက်လက်၍လည်း AA ထိန်းချုပ်ထားသည့် နေရာများသို့ ကယ်ထုတ်သွားရန် စီစဉ်နေကြောင်း သိရသည်။

စစ်ကောင်စီကို တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းများအနက် တခုဖြစ်သော အာရက္ခတပ်တော်က မွတ်ဆလင်အများအပြား ရှိသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် အောင်ပွဲများရရှိနေစဉ် ရိုဟင်ဂျာများ ထွက်ပြေးနေသည်မှာ ရက်သတ္တပတ် အတန်ကြာပြီဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဗဇားမှ နယ်စည်းမခြားဆရာဝန်းများအဖွဲ့ (MSF) အဖွဲ့သည် သြဂုတ်လ ၇ ရက်နေ့အထိ ၄ ရက်အတွင်း မော်တာကျည်ဆံများ၊ သေနတ်ဒဏ်ရာများ အပါအဝင် စစ်ပွဲနှင့် ပတ်သက်သည့် ထိခိုက်ဒဏ်ရာရသူ ၃၉ ဦးကို ကုသပေးခဲ့ကြောင်း ပြောသည်။ ထိုဒဏ်ရာရသူများ၏ ၄၀ ရာခိုင်နှုန်းကျော်သည် အမျိုးသမီးများနှင့် ကလေးများဖြစ်ကြောင်း MSF က ကြေညာချက်တစောင်တွင် ဖေါ်ပြထားသည်။

ပဋိပက္ခအတွင်း ကြားညပ်နေသည့် အရပ်သားများကို ကာကွယ်ရန် ချက်ခြင်းလုပ်ဆောင်ရန် လိုအပ်ကြောင်း MSF ပြောသည်။

You may also like these stories:

ထွက်ပြေးလာသည့် ရိုဟင်ဂျာ ဒုက္ခသည် ၃၄ ဦးအလောင်းများ ဘင်္ဂလားဒေ့ရှ် ဆယ်ယူ

မောင်တော နောက်ဆုံးခံတပ်ကို AA အပြင်းအထန် ဝင်တိုက်

မောင်တောမြို့ခံများ AA နယ်မြေသို့ တိမ်းရှောင်လာပါက ကူညီမည်ဟုဆို

AA ကို တိုက်ရန် ရိုဟင်ဂျာလက်နက်ကိုင်များ စစ်သားစုဆောင်း

ရိုဟင်ဂျာကိစ္စ ဖြေရှင်းနိုင်ဖို့စွမ်းရည် AA မှာပဲရှိတယ် (ရုပ်/သံ)

Your Thoughts …
Tags: AAဒရုန်းဖြင့် တိုက်ခိုက်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခမောင်တောမြို့ရိုဟင်ဂျာလက်နက်ကိုင်များအာရက္ခတပ်တော်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
မြင်းခြံက လက်မရွံ့အမျိုးသမီး ပျူစောထီး (ရုပ်/သံ)

မြင်းခြံက လက်မရွံ့အမျိုးသမီး ပျူစောထီး (ရုပ်/သံ)

မြင်းခြံဓာတ်အားပေး စက်ရုံကို စင်္ကာပူကုမ္ပဏီ ယာယီရပ်ဆိုင်း

မြင်းခြံဓာတ်အားပေး စက်ရုံကို စင်္ကာပူကုမ္ပဏီ ယာယီရပ်ဆိုင်း

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved