နိုင်ငံတဝန်းမှာ ၂၀၂၄၊ ဇူလိုင် ၂၇ ထဲက စက်သုံးဆီ လိုသလောက်ဝယ်ယူလို့ မရတော့တာဖြစ်ပြီး စက်သုံးဆီ အရောင်းဆိုင်တွေမှာပါ ပြတ်တောက်သွားလို့ ဆိုင်အများစုကို ပိတ်ထားရသလို ရောင်းချပေးနေသေးတဲ့ ဆိုင်တွေကလည်း အကန့်အသတ်နဲ့သာ ရောင်းချပေးနိုင်တော့ပါတယ်။
မြန်မာနိုင်ငံအတွင်းက နိုင်ငံခြား ငွေလဲလှယ်မှုတွေကို ဗဟိုဘဏ်က ချုပ်ကိုင်ထားတာဖြစ်ပြီး သူတို့ သတ်မှတ်ထားတဲ့ စျေးနှုန်းတွေနဲ့သာ တရားဝင် ရောင်း၊ ဝယ်ခွင့် ပေးထားတာပါ။ လက်ရှိမှာတော့ စစ်ကောင်စီရဲ့ ဗဟိုဘဏ်အနေနဲ့ စက်သုံးဆီ ဝယ်ယူဖို့ လိုအပ်တဲ့ နိုင်ငံခြားငွေကို သတ်မှတ်စျေးနှုန်းအတိုင်း မရောင်းချပေးနိုင်ပါဘူး။
ဒီလို အခြေအနေတွေအပြင် လုပ်ငန်းရှင်တွေအနေနဲ့ စက်သုံးဆီ ဝယ်ယူရမယ့် နိုင်ငံခြားငွေစျေးနှုန်းဟာ အဆမတန် မြင့်တက်နေပြီး ပြန်လည်ရောင်းချဖို့ စစ်ကောင်စီ သတ်မှတ်ထားတဲ့ စျေးဟာ အဆပေါင်းများစွာ ကွာခြားနေတာကြောင့် ပြန်လည်ရောင်းချပေးဖို့ အခက်အခဲတွေ ရှိနေတယ်လို့ ဆိုကြပါတယ်။
#မြန်မာ #ဧရာဝတီ #စက်သုံးဆီ #ဗဟိုဘဏ် #ဒေါ်လာ
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR