လက်ရှိပြည်တွင်းစစ်၏ အခြေအနေ ဆိုးရွားနေခြင်းနှင့်အတူ မကြာသေးမီက တရားစွဲဆိုမှုတခုသည် မြန်မာတွင် နျူကလီးယားပျံ့နှံ့မှုနှင့် ပတ်သက်သည့် ကာလကြာမြင့်ပြီဖြစ်သော စိုးရိမ်ပူပန်မှုများကို ပြန်လည် ဖြစ်ပေါ်စေသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမေရိကန် တရားရေးဌာနက ဂျပန် ယာကူဆာ ခေါင်းဆောင် တာကဲရှိ အဲဘိဆာဝါကို ၂၀၂၀ ခုနှစ်အစောပိုင်းတွင် စတင်ပြီး မြန်မာမှ နျူကလီးယားပစ္စည်းများ မှောင်ခိုလုပ်မှုဖြင့် တရားစွဲဆိုလိုက်သည်။ လက်နက်နှင့် မူးယစ်ဆေး မှောင်ခိုမှုများဖြင့် နယူးယောက်မြို့ တရားရုံးတွင် စွဲချက်တင်ခံရပြီးနောက် အဲဘိဆာဝါသည် ၂၀၂၂ ခုနှစ်၊ ဧပြီမှ စတင်ပြီး အမေရိကန် ပြည်ထောင်စုတွင် ဖမ်းဆီးခံထားရသည်။
မကြာသေးမီက တရားစွဲဆိုမှုတွင် သူသည် အမည်မဖော်ပြသည့် မြန်မာမှ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတခုအတွက် yellowcake ခေါ် လက်နက်အဆင့် ထုတ်လုပ်နိုင်သည့် ပလူတိုနီယံနှင့် ယူရေနီယံ ကုန်ကူးရန် ကြိုးစားသည်ဆိုသည့် စွပ်စွဲချက်ကြောင့် ပိုမိုအန္တရာယ် များပြားလာသည်။ အပြန်အလှန်အားဖြင့် မြေပြင်မှဝေဟင်ပစ် ဒုံးကျည်များနှင့် စစ်သုံးလက်နက်များ လိုချင်သည်ဟု သိရသည်။
ထိုစွဲချက်တွင် အဲဘိဆာဝါ၊ သူနှင့်ပူးပေါင်းကြံစည်သူများက မြန်မာတွင် နျူကလီးယားပစ္စည်း ၅ တန်ခန့် ထုတ်လုပ်ရန် ဖြစ်နိုင်သည်ဟု ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာန DEA မှ အသွင်ယူ ထောက်လှမ်းရေးများကို ပြောကြားခဲ့သည်ဟုဆိုသည်။
အဲဘိဆာဝါက သိုရီယံ-၂၃၂ ကီလိုဂရမ် ၂၀၀၀ နှင့် yellowckae ၁၀၀ ကီလိုဂရမ် ရောင်းချနိုင်သည်ဟု ပြောခဲ့သည်ဟုပြောပြီး အထောက်အထားအဖြစ် ဓာတ်ပုံများ ပေးပို့ခဲ့သည် ဟုဆိုသည်။ အမေရိကန် နျူကလီးယားမှုခင်း ဓာတ်ခွဲခန်းကလည်း နမူနာများကို စစ်ဆေးပြီး ထိုနမူနာများတွင် ယူရေနီယံနှင့် လက်နက်အဆင့် ပလူတိုနီယံများ ပါဝင်ကြောင်း အတည်ပြုခဲ့သည်။

အဲဘိဆာဝါက သူသည် နျူကလီးယားပစ္စည်းများကို ရောင်းချရန် အီရန်မှ ဗိုလ်ချုပ်တဦးနှင့် ဆွေးနွေးခဲ့သည်ဟု ထင်နေသော်လည်း အမှန်တကယ်တွင် သူသည် အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးဌာနမှ အသွင်ယူ ထောက်လှမ်းရေးများနှင့် ဆွေးနွေးနေခြင်းဖြစ်သည်။
ထိုရောင်းချရန် ကြိုးစားမှုကို အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက တားဆီးခဲ့သော်လည်း နိုင်ငံတော်အဆင့် မဟုတ်သောသူများက သမားရိုးကျ မဟုတ်သည့် နျူကလီးယား ခြိမ်းခြောက်မှု၏ ရှင်းလင်းသော လတ်တလော အန္တရာယ်ကို ထိုစွဲချက်တွင် မီးမောင်းထိုးပြထားသည်။
ထိုသို့ ရောင်းချရန် ကြိုးစားမှုကို အမေရိကန် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနက တားဆီးခဲ့သော်လည်း နိုင်ငံတော်အဆင့် မဟုတ်သောသူများက သမားရိုးကျ မဟုတ်သည့် နျူကလီးယား ခြိမ်းခြောက်မှု၏ ရှင်းလင်းသော လတ်တလော အန္တရာယ်ကို ထိုစွဲချက်တွင် မီးမောင်းထိုးပြထားသည်။ အထူးသဖြင့် ထိုဖြစ်ရပ်သည် ပြည်တွင်းစစ် အပြင်းအထန် ဖြစ်နေပြီး ကြီးကြပ်မှု လုံးဝနီးပါး မရှိသော မြန်မာတွင် နျူကလီးယား ထုတ်လုပ်ပျံ့ပွားမှု အန္တရာယ်ကို မီးမောင်းထိုးပြနေသည်။
မြန်မာ နျူကလီးယားအစီအစဉ် သမိုင်းအကျဉ်း
မြန်မာနိုင်ငံ၏ နျူကလီးယားစွမ်းအင် အသုံးပြုရန် ပထမဆုံးကြိုးစားမှုသည် ပြည်ထောင်စု မြန်မာနိုင်ငံ အဏုမြူစွမ်းအင်ဌာနကို ၁၉၅၅ ခုနှစ်တွင် ထူထောင်ခြင်းဖြင့် စတင်သည်။ ထိုဌာနကို ၁၉၉၇ ခုနှစ်တွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနအောက်မှ အဏုမြူစွမ်းအင်အေဂျင်စီ (DAE) အဖြစ် ပြန်လည်ထူထောင်သည်။ ထို့အပြင် ၁၉၅၅ ခုနှစ်တွင် မြန်မာသည် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးအတွက် အဏုမြူညီလာခံသို့ တက်ရောက်ခဲ့သည်။ ထို့နောက် ၁၉၅၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ထူထောင်သည့် အဖွဲ့ဝင်နိုင်ငံ ဖြစ်လာသည်။
စစ်အေးတိုက်ပွဲအလွန် နျူကလီးယား ဖျက်သိမ်းရေးခေတ်တွင် မြန်မာသည် ၁၉၉၂ ခုနှစ်၌ နျူကလီးယားလက်နက်များ မပျံ့ပွားရေးသဘောတူစာချုပ် (NPT) တွင် လက်မှတ်ရေးထိုးသည့် နျူကလီးယား လက်နက်မဲ့နိုင်ငံ ဖြစ်လာသည်။ ထို့နောက် ၁၉၉၅ ခုနှစ်တွင် မြန်မာသည် ဘန်ကောက် သဘောတူစာချုပ် လက်မှတ်ရေးထိုးပြီး နျူကလီးယားလက်နက် မထုတ်လုပ်ရန် ကတိကဝတ်ကို ပြသသည်။
နိုင်ငံ၏ သမိုင်းနှင့် သက်ဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် ကတိကဝတ်အရ မြန်မာသည် နိုင်ငံတကာ နျူကလီးယားလက်နက် မပျံ့ပွားရေး အားထုတ်မှုကို လိုက်နာပုံရသည်။ သို့သော် ထိုလိုက်နာမှုနှင့် ပတ်သက်၍ မြန်မာစစ်အုပ်စု၏ ကတိကဝတ်ကို အကြိမ်ကြိမ် မေးခွန်းထုတ်နေကြသည်။
IAEA က မြန်မာအနေဖြင့် ပုံမှန်စစ်ဆေးခံခြင်း အပါအဝင် ဓာတ်ပေါင်းဖို လုံခြုံရေးဆိုင်ရာ အနိမ့်ဆုံးစံနှုန်းများနှင့် လုပ်ထုံးလုပ်နည်း အခြေခံအဆောက်အအုံကို လိုက်နာရန် ပြောသည်။ ထိုသို့ လိုက်နာပါက ထိုနည်းပညာကို လက်နက်အဖြစ် ထုတ်လုပ်နိုင်မည့် အလားအလာကို အကြီးအကျယ် အကန့်အသတ်ဖြစ်စေမည် ဖြစ်သည်။
၂၀၀၁ ခုနှစ်တွင် မြန်မာကို အုပ်ချုပ်နေသည့် စစ်အုပ်စု နိုင်ငံတော် အေးချမ်းသာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ (နအဖ) သည် နျူကလီးယားသုတေသန ဓာတ်ပေါင်းဖိုအတွက် ရုရှားနိုင်ငံနှင့် ညှိနှိုင်းဆွေးနွေးသည်။ ၂၀၀၀ ပြည့်နှစ်တွင် မြန်မာက သုတေသနဓာတ်ပေါင်းဖိုတခုကို IAEA သို့ တောင်းဆိုပြီးနောက် ထိုသို့ ဆွေးနွေးခြင်း ဖြစ်သည်။ IAEA က မြန်မာအနေဖြင့် ပုံမှန်စစ်ဆေးခံခြင်း အပါအဝင် ဓာတ်ပေါင်းဖို လုံခြုံရေးဆိုင်ရာ အနိမ့်ဆုံးစံနှုန်းများနှင့် လုပ်ထုံးလုပ်နည်း အခြေခံအဆောက်အအုံကို လိုက်နာရန် ပြောသည်။ ထိုသို့ လိုက်နာပါက ထိုနည်းပညာကို လက်နက်အဖြစ် ထုတ်လုပ်နိုင်မည့် အလားအလာကို အကြီးအကျယ် အကန့်အသတ်ဖြစ်စေမည် ဖြစ်သည်။
ထိုသို့ မလုပ်ဘဲ မြန်မာစစ်တပ်သည် ကြီးကြပ်စစ်ဆေးမှု အနည်းဆုံးနည်းလမ်းကို ရွေးချယ်ပြီး နျူကလီးယားစွမ်းရည် ထူထောင်ရန် ရုရှား၏ အကူအညီရယူသည်။ ထိုလုပ်ရပ်ကို အမေရိကန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ဟောင်း ဦးသောင်းနှင့် အမေရိကန်က လေ့ကျင့်ပေးထားသည့် နျူကလီးယား သိပ္ပံပညာရှင် သိန်းပေါ်စောက ဦးဆောင်သည်။
မြန်မာအာဏာပိုင်များ ရယူရန် ကြိုးစားသည့် ရုရှားလုပ် ဓာတ်ပေါင်းဖိုသည် ၁၉၆၅ ခုနှစ်တွင် ထိုစဉ်က ဆိုဗီယက် ယူနီယံက မြောက်ကိုရီယား၊ ယောင်ဗြွန်းတွင် တပ်ဆင်ပေးခဲ့သည့် ၅ မဂ္ဂါဝပ် သုတေသန ဓာတ်ပေါင်းဖိုနှင့် အလားတူပြီး မြောက်ကိုရီးယားသည် ထိုဓာတ်ပေါင်းဖိုမှ နျူကလီးယား ကိရိယာတခုအတွက် ယူရေနီယံကို နောင်တွင် ထုတ်ယူခဲ့ကြောင်း လေ့လာသူများက ပြောသောကြောင့် ထိုပူးပေါင်းဆောင်ရွက်မှုသည့် စိုးရိမ်စရာ ဖြစ်လာခဲ့သည်။

ရုရှားနျူကလီးယား ဓာတ်ပေါင်းဖို ကိစ္စသည် မကြာမီ ပျက်ပြယ်သွားသော်လည်း မြန်မာသည် ၂၀၀၇ ခုနှစ်တွင် မြောက်ကိုရီးယားနှင့် သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်သောအခါ မြန်မာ၏ နျူကလီးယား ရည်မှန်းချက်များနှင့် ပတ်သက်သည့် စိုးရိမ်မှုများ မြင့်မားလာသည်။ ထိုအချိန်မှ စတင်ပြီး မြန်မာတွင် မြောက်ကိုရီးယား၏ နျူကလီးယား ပူးပေါင်းဆောင်ရွက်မှု၊ ရုရှားနှင့် နျူကလီးယား ဆက်သွယ်မှုတို့နှင့် ပတ်သက်သည့် ခန့်မှန်းပြောဆိုမှု၊ ကောလာဟလ များစွာ ရှိနေသည်။
မြောက်ကိုရီးယား ကိစ္စ
၁၉၈၃ ခုနှစ်က မြို့တော်ရန်ကုန်တွင် တောင်ကိုရီးယားအစိုးရ အရာရှိ ၁၆ ဦး သေဆုံးစေသော ဗုံးဖောက်ခွဲမှုပြီးနောက် မြန်မာသည် မြောက်ကိုရီးယားနှင့် သံတမန် ဆက်ဆံရေး ဖြတ်တောက်ခဲ့သည်။ သို့သော် ရှည်ကြာသော စစ်အုပ်ချုပ်ရေးနှင့် ၁၉၈၈ အရေးတော်ပုံကို အကြမ်းဖက် ဖိနှိပ်မှုများ၏ ရိုက်ခတ်မှုကြောင့် မြန်မာသည် ထိုကာလ တလျှောက်လုံးတွင် အပယ်ခံ နိုင်ငံဖြစ်လာသည်။ ထို့ကြောင့် ဒုဗိုလ်ချုပ်ကြီး သိန်းဌေး၏ အကြံပေးချက်အရ သန်းရွှေစစ်အုပ်စုသည် ၂၀၀၀ ပြည့်နှစ်များ အစောပိုင်းတွင် မြောက်ကိုရီးယားသို့ ဆက်သွယ်ခဲ့သည်။
ကာကွယ်ရေး ထောက်လှမ်းရေးအေဂျင်စီ အရာရှိဟောင်း ဘရုစ် ဘက်ချ်တော၏ အဆိုအရ မြန်မာသည် နျူးကလီးယား ဓာတ်ပေါင်းဖိုနည်းပညာ လေ့လာရန် မြောက်ကိုရီးယားသို့ ပညာရှင် ၃၀ ကို ၂၀၀၃ ခုနှစ်တွင် စေလွှတ်ခဲ့သည်။
ကာကွယ်ရေး ထောက်လှမ်းရေးအေဂျင်စီ အရာရှိဟောင်း ဘရုစ် ဘက်ချ်တော၏ အဆိုအရ မြန်မာသည် နျူးကလီးယား ဓာတ်ပေါင်းဖိုနည်းပညာ လေ့လာရန် မြောက်ကိုရီးယားသို့ ပညာရှင် ၃၀ ကို ၂၀၀၃ ခုနှစ်တွင် စေလွှတ်ခဲ့သည်။
၂၀၀၃ ခုနှစ်နှင့် ၂၀၀၆ ခုနှစ်အကြားတွင် မြောက်ကိုရီးယား ပညာရှင်များသည် နေပြည်တော်တွင် လိုဏ်ခေါင်း တည်ဆောက်ရေး ကူညီရန် ရောက်နေကြသည်ဟု ဖော်ပြကြသည်။ ထိုအချိန်ခန့်တွင် ဧရာဝတီ သတင်းဌာနကလည်း မြောက်ကိုရီးယားနှင့် အဆက်အသွယ်များကို ဖော်ပြခဲ့သည်။ ၂၀၀၇ ခုနှစ်တွင် မြောက်ကိုရီးယားက မြန်မာ၌ သံရုံး ပြန်လည်ထူထောင်လိုက်သောအခါ ဆက်ဆံရေး တရားဝင်ဖြစ်လာသည်။
၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလတွင် စစ်အုပ်စု နအဖ ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားသို့ သွားရောက်သည့် စာရွက်စာတမ်း ပေါက်ကြားလာသောအခါ ထိုလျှို့ဝှက်ဆက်ဆံရေးအကြောင်း ပိုမိုသိလာကြသည်။ ထိုခရီးစဉ်အတွင်း မြန်မာ ဗိုလ်ချုပ်များသည် စစ်ဘက်ဆိုင်ရာနေရာ အများအပြားသို့ သွားရောက်ခဲ့ပြီး စစ်ဘက်ဆက်ဆံရေး ခိုင်မာစေရန် မြောက်ကိုရီးယား စစ်ဦးစီးချုပ် ကင်ကီအော့ဆစ်နှင့် တွေ့ဆုံခဲ့သည်။ စစ်တပ်ခေတ်မီရေးနှင့် လိုဏ်ခေါင်း နည်းပညာ လွှဲပြောင်းပေးရေးအတွက် နှစ်ဖက် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ထိုပေါက်ကြားမှုကြောင့် နောက်ပိုင်းခရီးစဉ်များအတွင်း မြောက်ကိုရီးယားက လုံခြုံရေးတိုးမြှင့်ပြီး မြန်မာအရာရှိ နှစ်ဦးကို ကွပ်မျက်သည်အထိ ဖြစ်ခဲ့သည်။
နှစ်နိုင်ငံအကြား တရားမဝင် လက်နက်ရောင်းချသည်ဆိုသည့် စွပ်စွဲချက်များ နောက်ထပ် ဆယ်စုနှစ်တခု ကြာသည်အထိ ဖြစ်ပေါ်ခဲ့သည်။ မြောက်ကိုရီးယား၏ Il-62 လေယာဉ်တစီး မန္တလေးမှ အီရန်သို့ သွားရောက်စဉ် အိန္ဒိယက ၂၀၀၈ ခုနှစ်၊ သြဂုတ်လတွင် ပစ်ချလိုက်သောအခါ နိုင်ငံတကာ အသိုက်အဝန်းက သတိထားမိလာသည်။
၂၀၀၉ ခုနှစ်နှင့် ၂၀၁၁ ခုနှစ်က တောင်တရုတ်ပင်လယ်တွင် အမေရိကန်ရေတပ်က မြန်မာသို့ ဦးတည်သည့် မြောက်ကိုရီးယား သင်္ဘောတစီးကို လိုက်လံတားဆီးသည့် သီးခြားဖြစ်ရပ် နှစ်ခုရှိသည်။
နျူကလီးယား ရည်မှန်းချက်သည် ငြိမ်းချမ်းသော ကိစ္စအတွက်သာ ဖြစ်သည်ဟု မြန်မာအစိုးရအရာရှိတဦးက ပြောသော်လည်း မြန်မာနိုင်ငံ၏ နျူကလီးယား တိုးတက်မှုတွင် ရုရှားက ဆော့ဖ်ဝဲလ်နှင့် လေ့ကျင့်ရေးပိုင်းတွင်သာ ပါဝင်ပြီး စက်ပစ္စည်းပိုင်းတွင် မြောက်ကိုရီးယား ပါဝင်ကြောင်း အတည်ပြုပြောကြားခဲ့သည်ဟု ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ် မစ်ရှဲလီ ချန်းက မှတ်ချက်ပေးခဲ့သည်။
နျူကလီးယား ရည်မှန်းချက်သည် ငြိမ်းချမ်းသော ကိစ္စအတွက်သာ ဖြစ်သည်ဟု မြန်မာအစိုးရအရာရှိတဦးက ပြောသော်လည်း မြန်မာနိုင်ငံ၏ နျူကလီးယား တိုးတက်မှုတွင် ရုရှားက ဆော့ဖ်ဝဲလ်နှင့် လေ့ကျင့်ရေးပိုင်းတွင်သာ ပါဝင်ပြီး စက်ပစ္စည်းပိုင်းတွင် မြောက်ကိုရီးယား ပါဝင်ကြောင်း အတည်ပြုပြောကြားခဲ့သည်ဟု ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံအမတ် မစ်ရှဲလီ ချန်းက မှတ်ချက်ပေးခဲ့သည်။ ၂၀၀၉ ခုနှစ်က Sydney Morning Herald မှ သတင်းတပုဒ်တွင် မြန်မာသည် နျူကလီးယား ဓာတ်အားပေး စက်ရုံများနှင့် လက်နက် အစီအစဉ်များအတွက်ဟု ယူဆရသည့် အကူအညီများ ရုရှားနှင့် မြောက်ကိုရီးယားထံမှ ရနေကြောင်း ဖော်ပြခဲ့သည်။

ထိုသို့သော သတင်းများကို အမေရိကန် ပြည်ထောင်စုက အာရုံစိုက်လာသည်။ ၂၀၀၉ ခုနှစ်တွင် ကနဦး စိုးရိမ်ပူပန်မှုများ ပြသခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်တွင် ထိုစဉ်က နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် မြန်မာသို့ လာရောက်သောအခါ မြောက်ကိုရီးယားထံမှ စစ်ဘက်နည်းပညာများရရန် မြန်မာ၏ အားထုတ်မှုများကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။
သို့သော် အမေရိကန် နိုင်ငံခြားရေးဌာနသည် ဒုံးကျည်များ ရောင်းချမှုကို အဓိက စိုးရိမ်ပူပန်ကြောင်း အလေးထားပြောပြီး ပြောခွင့်ရသူတဦးက “အခုအချိန်အထိ ကြီးကြီးမားမား နျူကလီးယား အားထုတ်မှု လက္ခဏာ ကျနော်တို့ မတွေ့ဘူး” ဟု ပြောကြားခဲ့သည်။
မြန်မာမှ နျူကလီးယား လက်နက်အစီအစဉ်တခုအကြောင်း အစိုးရဆန့်ကျင်သည့် အဖွဲ့များနှင့် အစိုးရ မဟုတ်သည့် အဖွဲ့အစည်းများက ၂၀၁၀ ပြည့်နှစ်များအတွင်း တင်ပြခဲ့ကြသည်။ မှတ်သားစရာ အကောင်းဆုံးမှာ ရုရှားတွင် သက်ဆိုင်ရာသင်တန်းများ တက်ခဲ့သည်ဆိုသည့် မြန်မာစစ်တပ်မှ ဘက်ပြောင်းလာသူ ဗိုလ်မှူး စိုင်းသိန်းဝင်းထံမှ စာရွက်စာတမ်းများနှင့် ဓာတ်ပုံများကို ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) က ၂၀၁၀ ပြည့်နှစ်တွင် ကိုးကားပြီး မန္တလေးနှင့် မကွေး အနီး နျူကလီးယား အဆောက်အအုံများ ရှိကြောင်း ဖော်ပြခဲ့သည်။ သို့သော် သိပ္ပံနှင့် နိုင်ငံတကာလုံခြုံရေး အင်စတီကျု (ISIS) မှ သီးခြားလွတ်လပ်သော ဓာတ်ပုံများကို သရုပ်ခွဲ လေ့လာမှုအရ ထိုစက်ရုံသည် ဘိလပ်မြေစက်ရုံ ဖြစ်နိုင်ခြေများသည်ဟု အကဲဖြတ်ခဲ့သည်။
ထိုသို့သော သံသယများအကြား ၂၀၁၂ ခုနှစ်တွင် ထိုစဉ်က အမေရိကန် သမ္မတ မစ္စတာ ဘားရက် အိုဘားမား မြန်မာသို့ လာရောက်ပြီးနောက် မြန်မာက မြောက်ကိုရီးယားနှင့် မည်သည့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုမှ မရှိကြောင်း ငြင်းပြီး နျူကလီးယားသုတေသန အစီအစဉ်ကို ဖျက်သိမ်းကြောင်း တရားဝင်ကြေညာသည်။ ထို့နောက် ၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသည် IAEA ၏ နောက်ဆက်တွဲ သဘောတူစာချုပ်ကို လက်မှတ်ထိုးသည်။ သို့သော် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ထိုစဉ်က စစ်အုပ်စုသည် ရုရှားအကူအညီဖြင့် နျူကလီးယားဓာတ်ပေါင်းဖိုများ တည်ဆောက်ရန် အားထုတ်မှုများ ဆက်လက် ပြုလုပ်ခဲ့သည်။
ကိုရီးယား သတ္တုတူးဖော်မှု တိုးတက်ရေး ကုန်သွယ်ရေး ကော်ပိုရေးရှင်း (KOMID) မှတဆင့် မြန်မာနှင့် လက်နက်ကုန်သွယ်မှုအတွက် မြောက်ကိုရီးယား သံအမတ် ကင်မ်ဆော့ချိုကို အမေရိကန် ပြည်ထောင်စုက အရေးယူပြီးနောက် သူ့နေရာတွင် လူစားထိုး ခန့်အပ်ခဲ့သည်။
၂၀၁၃ ခုနှစ်က လက်နက်ရောင်းဝယ်မှု အပါအဝင် မြန်မာနှင့် မြောက်ကိုရီးယားအကြား ဆက်ဆံမှုသည်လည်း ဆက်လက်ရှိနေသည်။ ကိုရီးယား သတ္တုတူးဖော်မှု တိုးတက်ရေး ကုန်သွယ်ရေး ကော်ပိုရေးရှင်း (KOMID) မှတဆင့် မြန်မာနှင့် လက်နက်ကုန်သွယ်မှုအတွက် မြောက်ကိုရီးယား သံအမတ် ကင်မ်ဆော့ချိုကို အမေရိကန် ပြည်ထောင်စုက အရေးယူပြီးနောက် သူ့နေရာတွင် လူစားထိုး ခန့်အပ်ခဲ့သည်။ မြန်မာနှင့် မြောက်ကိုရီးယား လက်နက်ကုန်သွယ်ရေးသည် အနည်းဆုံး ၂၀၁၆ ခုနှစ်အထိ ဆက်လက် တည်ရှိနေသည့်သဘောအား ထိုဖြစ်ရပ်က ပြသနေသည်။
သို့သော် ထိုနှစ်တွင်ပင် မြန်မာစစ်အုပ်စုသည် တစိတ်တပိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ခွင့်ပြုထားသောကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် အစိုးရဖွဲ့ခွင့် ရခဲ့သည်။ NLD အစိုးရလက်ထက်တွင် မြန်မာ့ နျူကလီးယား အစီအစဉ်နှင့် ထိုသို့သော ရည်မှန်းချက်များအပေါ် နိုင်ငံတကာ စိုးရိမ်ပူပန်မှု မှေးမှိန်လာသည်။ မြန်မာသည် သက်ဆိုင်ရာ နိုင်ငံတကာ သဘောတူညီချက် နောက်ဆက်တွဲများကိုလည်း လက်မှတ်ရေးထိုးခဲ့သည်။
မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂ အရေးယူပိတ်ဆို့ရေး အားထုတ်မှုတွင် မြန်မာသည် တစိတ်တပိုင်းအားဖြင့် ၂၀၁၇ ခုနှစ်မှ စတင်ပါဝင်လာသည်။ သို့သော် မြန်မာနှင့် မြောက်ကိုရီးယားအကြား လက်နက်ကုန်သွယ်မှုသည် ၂၀၁၇ ခုနှစ် နောက်ပိုင်းတွင်ပင် KOMID မှတဆင့် ဆက်လက်ရှိနေကြောင်း ၂၀၁၈ ခုနှစ် ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့ အစီရင်ခံစာက ဖော်ပြသည်။
အာဏာသိမ်းပြီးနောက်ပိုင်း စိုးရိမ်ပူပန်မှုများ

၂၀၂၁ ခုနှစ်က စစ်ကောင်စီ၏ လွန်စွာဆိုးရွားသည့် အာဏာသိမ်းမှု နောက်ပိုင်းတွင် မြောက်ကိုရီးယားနှင့် မြန်မာစစ်ကောင်စီတို့သည် ဆက်ဆံရေးကို ဗြောင်ကျကျ ပြန်လည် စတင်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလတွင် ဦးတင်မောင်ဆွေကို မြောက်ကိုရီးယားဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်သည်။ မြောက်ကိုရီးယား လက်နက်များကို စစ်ကောင်စီ အသုံးပြုနေကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) က ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် မှတ်တမ်းတင်ခဲ့သည်။
၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ စတင်ပြီး နျူကလီးယား မပြန့်ပွားရေး ကတိကဝတ်ကို ပြန်လည် မေးခွန်းထုတ်စရာ ဖြစ်လာသည်။ ၂၀၂၃ ခုနှစ် တနှစ်တည်းတွင်ပင် စစ်ကောင်စီသည် တရုတ်၊ ရုရှားတို့နှင့် ဆက်သွယ်ပြီး နျူကလီးယားစွမ်းရည် ရရှိရေး အားထုတ်မှုများတွင် ကြိုတင်ပြင်ဆင် လက်ဦးမှုရအောင် လုပ်လာသည်။
စစ်ကောင်စီ၏ နျူကလီးယားစွမ်းအင် စိတ်ဝင်စားမှုသည် လျှပ်စစ်ဓာတ်အား ဖြန့်ချိမှု တည်ငြိမ်ရေးအတွက် ဖြစ်နိုင်သည်ဆိုသည့် အချက်ကိုလည်း လုံးဝပယ်ချနိုင်ခြင်း မရှိပေ။ သို့သော် ရုရှား၏ နျူကလီးယားဓာတ်ပေါင်းဖိုမှ မြောက်ကိုရီးယားသည် ၎င်းတို့၏ ပထမဆုံး ပလူတိုနီယံ ရခဲ့သည့် ဖြစ်ရပ်ကိုလည်း လျစ်လျူမရှုသင့်ပေ။
စစ်ကောင်စီသည် ၎င်းတို့ အမြဲတမ်း ပြောနေသည့် ထုံးစံအတိုင်း နျူးကလီးယားစွမ်းအင်ကို အကောင်အထည် ဖော်ခြင်းသည် ငြိမ်းချမ်းစွာ အသုံးပြုရန်သာ ဖြစ်ကြောင်း ပြောသည်။ လက်တွေ့တွင်လည်း စစ်ကောင်စီ၏ နျူကလီးယားစွမ်းအင် စိတ်ဝင်စားမှုသည် လျှပ်စစ်ဓာတ်အား ဖြန့်ချိမှု တည်ငြိမ်ရေးအတွက် ဖြစ်နိုင်သည်ဆိုသည့် အချက်ကိုလည်း လုံးဝပယ်ချနိုင်ခြင်း မရှိပေ။ သို့သော် ရုရှား၏ နျူကလီးယားဓာတ်ပေါင်းဖိုမှ မြောက်ကိုရီးယားသည် ၎င်းတို့၏ ပထမဆုံး ပလူတိုနီယံ ရခဲ့သည့် ဖြစ်ရပ်ကိုလည်း လျစ်လျူမရှုသင့်ပေ။
မြန်မာတွင် ယူရေနီယံ သန့်စင်သည့်စွမ်းရည် ရှိ၊ မရှိကို လက်ရှိအချိန်တွင် ရှင်းလင်းစွာ မသိရသေးပေ။ မြန်မာ၏ နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် သတင်းအများစုကို အတည်မပြုနိုင်ဘဲ ပကတိအတိုင်း ကြည့်မည် ဆိုပါက လွန်စွာ အကန့်အသတ်ရှိသည့် နျူကလီးယား စွမ်းရည်သာ ရှိသည်။
ထိုအချက်ကို စဉ်းစားသောအခါ လက်နက်မှောင်ခိုတဦး မြန်မာမှ ရသည့် နျူကလီးယားလက်နက် ထုတ်နိုင်သည့် ဓာတ်သတ္တုများ ပိုင်ဆိုင်သည်ဆိုသည့် မကြာသေးမီက တရားစွဲဆိုမှုကို ထပ်မံ မေးခွန်းထုတ်စရာ ဖြစ်လာသည်။
မှတ်သားစရာ ကောင်းသည်မှာ ထိုဂျပန်နိုင်ငံသားသည် မြန်မာစစ်ကောင်စီအတွက် အလုပ်လုပ်နေခြင်း မဟုတ်ဘဲ အမည် မဖော်ပြထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တခုအတွက် အလုပ်လုပ်နေခြင်း ဖြစ်သည်။ မြန်မာနိုင်ငံမှ ရှမ်းပြည်နယ်တွင် ယူရေနီယံ တူးဖော်သည့် နေရာတခုရှိသည်ဟု ယခင်က စွပ်စွဲခဲ့ကြသော်လည်း ထိုပြည်နယ်မှ တိုင်းရင်းသားလက်နက်ကိုင်များက နျူကလီးယားမှောင်ခိုမှုနှင့် မည်သည့် ဆက်စပ်မှုမှ မရှိကြောင်း ပြောသည်။
ကမ္ဘာ့နိုင်ငံရေးတင်းမာမှု မြင့်မားလာခြင်းနှင့် မြန်မာတွင် နိုင်ငံတော် လွန်စွာထိခိုက်လွယ်နေခြင်းတို့အကြား နိုင်ငံတော် မဟုတ်သော အဖွဲ့အစည်းများက နျူကလီးယားပစ္စည်း သုံးနိုင်ခြေသည် နိုင်ငံတကာလုံခြုံရေးအတွက် အရေးပါသည်။ မြန်မာမှ လက်ရှိအခြေအနေကို အထူးဂရုစိုက် ကိုင်တွယ်သင့်သည်။
(The Diplomat ပါ Jong Min Lee ၏ Will Myanmar Become the Next North Korea? ကို ဘာသာပြန်သည်။)
You may also like these stories:
ယာကူဇာနဲ့ ယူရေနီယမ် မှောင်ခိုမှုက ပေးတဲ့အတွေးများ
နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ
မြန်မာစစ်တပ်၏ နျူကလီးယား ရည်မှန်းချက်မှတ်တမ်း
ယခင်စစ်အုပ်စုကဲ့သို့ စစ်ကောင်စီလည်း နျူလက်နက် ပိုင်ဆိုင်လို