• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရသည့် သတင်းသမား ၂၀၀ ကျော်ရှိ

by နေ့သစ် နှင့် ခွာညို
11 March 2024
in သတင်း
A A
အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးခံရသည့် သတင်းသမား ၂၀၀ ကျော်ရှိ

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှုကို ရန်ကုန်တွင် ဆန့်ကျင်ဆန္ဒပြမှုအား သတင်းယူနေသည့် သတင်းသမားတဦး / ဧရာဝတီ

402
VIEWS
Share on FacebookShare on Twitter

မြန်မာသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် သတင်းသမားများကို ဖမ်းဆီးမှုကြောင့် ကမ္ဘာတွင် အဆိုးရွားဆုံး နိုင်ငံတခုဖြစ်လာပြီး လွန်ခဲ့သော သုံးနှစ်အတွင်း သတင်းသမား ၂၀၀ ကျော်ကို ဖမ်းဆီးခဲ့သည်ဟု International Center for Not-For-Profit Law (ICNL) ၏ နောက်ဆုံး အစီရင်ခံစာအရ သိရသည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှ ယခုနှစ် ဖေဖော်ဝါရီလအထိ မြန်မာရှိ သတင်းဌာန ၁၀၀ နီးပါးမှ အမျိုးသမီး ၃၁ ဦး အပါအဝင် သတင်းသမား စုစုပေါင်း ၂၀၆ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ကြောင်း ICNL ကဖော်ပြသည်။

၎င်းတို့အနက် သတင်းသမား ၁၄၇ ဦးသည် ပျမ်းမျှအားဖြင့် ထောင် ၆ လ ချခံရပြီး ပြန်လည် လွှတ်ပေးခံရသည်။ အခြား သတင်းသမား ၅၉ ဦးကို စစ်ကောင်စီက ဆက်လက် ဖမ်းဆီးထားသည်။ သတင်းသမား သုံးဦးကို စစ်ကောင်စီက ဖမ်းဆီးထားစဉ် သတ်ဖြတ်ခဲ့သည်။

သို့သော် သတ်ဖြတ်ခံရသည့် သတင်းသမား အရေအတွက်သည် ထို့ထက် ပိုမိုများပြားကြောင်း နယ်စည်းမခြား သတင်းထောက်များအဖွဲ့က ပြောကြားပြီး စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း သတ်ဖြတ်ခံရသည့် သတင်းသမား အနည်းဆုံး ငါးဦးရှိကြောင်း ဖော်ပြသည်။

ဖမ်းဆီးခံရသည့် သတင်းသမား ၂၀၀ ကျော်အနက် ၁၆၀ ကို စစ်ကောင်စီက သီးခြားဥပဒေ ၉ ခုဖြင့် တရားစွဲပြီး အဓိကအားဖြင့် လှုံ့ဆော်မှု၊ သတင်းမှား ဖြန့်ဝေမှုနှင့် စစ်ကောင်စီက လက်နက်သဖွယ်သုံးနေသည့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေဖြင့် စွဲဆိုသည်ဟု ICNL အစီရင်ခံစာက ဖော်ပြသည်။

စစ်ကောင်စီ၏ ဘောင်မဝင်သော တရားရုံးများသည် ပြည်တွင်းနှင့် နိုင်ငံတကာ ဥပဒေကို လျစ်လျူရှုပြီး လုပ်ထုံးလုပ်နည်းများကို ဂရုမစိုက်ဘဲ သတင်းသမားများကို ထောင်နှစ် ၂၀ အထိ ချကြောင်းလည်း ထိုအစီရင်ခံစာက ထောက်ပြသည်။

စစ်တပ်သည် နိုင်ငံ၏ သတင်းလည်ပတ်မှုစနစ်ကို ထိန်းချုပ်ရန်၊ ဖြိုခွင်းမှုများကို ပြည်သူလူထု မသိစေရန်နှင့် ပိုမို ကျယ်ပြန့်သည့် ဆန့်ကျင်မှု၊ ပုန်ကန်မှုများကို တာဆီးရန် အားထုတ်မှုအနေဖြင့် သတင်းသမား အများအပြားကို ဖမ်းဆီးခြင်းဖြစ်ကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော် မြန်မာသတင်းသမားများနှင့် သတင်းဌာနများသည် စစ်တပ်ဖိနှိပ်မှု အမှန်တရားကို လွန်စွာသိလိုသည့် ပြည်သူလူထုအတွက် တောင့်တင်းကြံ့ခိုင်သည့် သတင်းအချက်အလက် လည်ပတ်မှုစနစ်ကို တည်ဆောက်ရန် ရဲဝံ့စွာ ဆုံးဖြတ်ထားသည်ဟုလည်း ထိုအစီရင်ခံစာတွင် ဆက်လက်ဖော်ပြသည်။

သောကြာနေ့သည် စစ်ကောင်စီက မြန်မာတွင် သတင်းလွတ်လပ်ခွင့်ကို ဖိနှိပ်သည့် စစ်ဆင်ရေး စတင်သော တတိယ နှစ်ပတ်လည်နေ့ ဖြစ်သည်။ ထိုဖြိုခွင်းမှုတွင် စစ်ကောင်စီသည် သတင်းဌာနများ၏ ရုံးခန်းများကို ဝင်ရောက်စီးနင်းခဲ့ပြီး ထုတ်ဝေခွင့် လိုင်စင်များ ရုပ်သိမ်းကာ သတင်းသမားများကို ဖမ်းဆီးသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် စစ်ကောင်စီသည် ပြည်တွင်းသတင်းဌာန ငါးခုဖြစ်သော 7Day သတင်းဌာန၊ Myanmar Now သတင်းဌာန၊ မဇ္ဈိမ သတင်းဌာန၊ ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) နှင့် ခေတ်သစ် မီဒီယာတို့၏ ထုတ်ဝေခွင့်လိုင်စင်များကို အကြောင်းပြချက်မပေးဘဲ ရုတ်သိမ်းခဲ့သည်။

တချိန်တည်းတွင်လည်း စစ်ကောင်စီတပ်များသည် ထိုနှစ် မတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့များတွင် ရန်ကုန်မှ သတင်းဌာန သုံးခု၏ ရုံးများကို ဝင်ရောက်စီးနင်းခဲ့သည်။

ထိုနှစ် မတ်လ ၉ ရက်နေ့က ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်မှ ကမာရွတ် မီဒီယာ ရုံးခန်းကို ဝင်ရောက်စီးနင်းစဉ် စစ်ကောင်စီတပ်များသည် ထိုသတင်းဌာနကို ပူးတွဲတည်ထောင်သူ ကိုဟန်သာငြိမ်းနှင့် အယ်ဒီတာချုပ် ကိုနေသန်မောင်တို့ကို ဖမ်းဆီးခဲ့သည်။ စစ်ကောင်စီက ပိတ်ပင်ခဲ့သော်လည်း 7Day မှအပ ကျန်သတင်းဌာနများသည် သတင်းများ ဆက်လက် တင်ပြနေသည်။

သတင်းမီဒီယာ ရုံးခန်များကို မဖြိုခွင်းမီ စစ်ကောင်စီသည် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ငြိမ်းချမ်းသော ဆန္ဒပြပွဲများကို သတ်ဖြတ်နှိမ်နင်းမှုအတွင်း သတင်းသမား ၃ဝ နီးပါးကို ဖမ်းဆီးထားပြီးဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က စစ်ကောင်စီ၏ ပထမဆုံးသတင်းစာ ရှင်းလင်းပွဲ မတိုင်မီ နာရီအနည်းငယ်အလိုတွင် ဧရာဝတီသတင်းဌာနကို စစ်ကောင်စီက ပုဒ်မ ၅၀၅ အရ တရားစွဲကြောင်း ဧရာဝတီက သိရသည်။ စစ်တပ်အရာရှိတဦးက သတင်းပေးသောကြောင့် ဧရာဝတီမှ သတင်းသမားတဦးသည် ထိုသတင်းစာရှင်းလင်းပွဲ မတက်ဘဲ ဖမ်းဆီးခံရမည့် အန္တရာယ်မှ ပွတ်ကာသီကာ လွတ်မြောက်ခဲ့သည်။

သို့သော် စစ်ကောင်စီသည် ဧရာဝတီသတင်းဌာန၏ ရန်ကုန်ရုံးကို အရေးယူမှု၊ ဝင်ရောက်စီးနင်းမှု အများအပြား လုပ်ပြီးနောက် ဧရာဝတီသတင်းဌာနကို ပိတ်ရန် တရားဝင် အမိန့်ထုတ်ပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ နှောင်းပိုင်းတွင် ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းသည်။ ဧရာဝတီသတင်းဌာန၏ အင်တာနက်စာမျက်နှာကိုလည်း စစ်ကောင်စီက မြန်မာနိုင်ငံအတွင်းတွင် ပိတ်ပင်ထားသည်။

ဧရာဝတီ သတင်းဌာနကို စစ်ကောင်စီက တရားဝင် မပိတ်ပင်မီ ရက်သတ္တပတ်များစွာ အလိုတွင် စစ်ကောင်စီသည် ဧရာဝတီသတင်းဌာန၏ ထုတ်ဝေသူ ဦးသောင်းဝင်းကို ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ ချုပ်နှောင်ထားဆဲ ဖြစ်သည်။ တချိန်က ဧရာဝတီသတင်းဌာနအတွက် လုပ်ကိုင်ပေးခဲ့သည့် ဓာတ်ပုံသတင်းသမား ကိုဇော်ဇော်ကိုလည်း ၂၀၂၂ ခုနှစ်၊ သြဂုတ်လတွင် ထောင် ၃ နှစ် ချခဲ့သည်။

၂၀၂၂ ခုနှစ် အစောပိုင်းတွင် ဧရာဝတီ၏ ဝန်ထမ်းတဦးကို ခေတ္တဖမ်းဆီးခဲ့ပြီး အယ်ဒီတာတဦး၏ နေအိမ်ကိုလည်း ဝင်ရောက်စီးနင်းသည်။

မြန်မာတွင် လွန်ခဲ့သောနှစ်က မီဒီယာနှင့် ဆက်စပ်လုပ်ကိုင်သူ ၄၃ ဦးကို ဖမ်းဆီးပြီး တရုတ်နိုင်ငံပြီးလျှင် သတင်းသမားများကို ဖမ်းဆီးမှု အများဆုံးနိုင်ငံဖြစ်သည်ဟု အကျဉ်းသားစာရင်းကို ကိုးကားပြီး သတင်းသမားများ ကာကွယ်စောင့်ရှောက်ရေးကော်မတီ (CPJ) က မကြာသေးမီတွင် ကြေညာသည်။

ကုလသမဂ္ဂ အပါအဝင် သက်ဆိုင်သူအားလုံးအနေဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ပြန်လည်လုပ်ဆောင်ရန် လက်ရှိ လှုပ်ရှားမှု၏ အသက်သဖွယ်ဖြစ်သော မီဒီယာ၏ အခန်းကဏ္ဍကို ထင်ဟပ်ပြီး ဖမ်းဆီးခံ သတင်းသမားများနှင့် မီဒီယာများအတွက် ထောက်ခံမှု အားကောင်းခိုင်မာအောင်လုပ်ရန် ICNL က တိုက်တွန်းလိုက်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Over 200 Myanmar Journalists Jailed Since 2021 Coup, Says Watchdog ကို ဘာသာပြန်သည်။)

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
1
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
56
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
838

You may also like these stories:

လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ ဖွဲ့စည်း

အာဏာရှင်ကြောက်တဲ့ သတင်းမီဒီယာ (ရုပ်/သံ)

သတင်းမီဒီယာအပေါ် စစ်ကောင်စီကျူးလွန်မှုများ တရားမျှတမှုရရေးကြိုးပမ်းမည်ဟု NUG ဆို

အမှောင်ကမ္ဘာထဲက မြန်မာ့သတင်းမီဒီယာ

ဧရာဝတီ ထုတ်ဝေသူ နာမည်ခံပေးသူကို ထောင်ဒဏ် ၅ နှစ်ချ

ဧရာဝတီသတင်းဌာနအပေါ် စစ်ကောင်စီ ခြိမ်းခြောက်မှု CPJ ရှုတ်ချ

Your Thoughts …
Tags: CPJICNLဂျာနယ်လစ်စစ်ကောင်စီစစ်အာဏာသိမ်းမှုနယ်စည်းမခြား သတင်းထောက်များအဖွဲ့သတင်းမီဒီယာသတင်းသမားအကြမ်းဖက်မှု တိုက်ဖျက်ရေး
နေ့သစ် နှင့် ခွာညို

နေ့သစ် နှင့် ခွာညို

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဦးတေဇသမီးကို အရေးယူရန် အီတလီကို JFM တောင်းဆို

ဦးတေဇသမီးကို အရေးယူရန် အီတလီကို JFM တောင်းဆို

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၁)

ကိုးကန့် အင်ပါယာနှင့် ပျောက်ကွယ်နေသည့် မျိုးဆက်များ (၁)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved