• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အမှောင်ကမ္ဘာထဲက မြန်မာ့သတင်းမီဒီယာ

by ဝါနုဖူးသစ်
4 December 2021
in ဆောင်းပါး
A A
ဖေဖော်ဝါရီ စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်ဆန္ဒပြပွဲများအား မှတ်တမ်းယူနေသော သတင်းဓာတ်ပုံသမားတဦး / ဧရာဝတီ

ဖေဖော်ဝါရီ စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်ဆန္ဒပြပွဲများအား မှတ်တမ်းယူနေသော သတင်းဓာတ်ပုံသမားတဦး / ဧရာဝတီ

11.7k
VIEWS
Share on FacebookShare on Twitter

“ဘာအလုပ်လုပ်လဲ မေးရင် အမှန်တိုင်းပြန်မဖြေရဲဘူး။ တကယ်တော့ ကိုယ့်ရဲ့ ပရော်ဖက်ရှင်နယ် ကို ဂုဏ်ယူဝင့်ကြွားပြီး ပြောရမှာလေ။ ခုတော့ ခိုးကြောင်ခိုးဝှက်နဲ့ မဟုတ်တာဘဲ လုပ်နေသလိုလို မပြောရဲမဆိုရဲတွေ ဖြစ်နေတယ်”

ဒီစကားကို တရားစွဲဆို ပိတ်သိမ်းခံထားရတဲ့ သတင်းဌာနက ရန်ကုန်မှာ အလုပ်လုပ်နေတဲ့ သတင်းအယ်ဒီတာ တဦးပြောလိုက်တာပါ။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
174
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
561
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
131

စစ်တပ်အာဏာသိမ်းလိုက်တဲ့ ဖေဖော်ဝါရီ လနောက်ပိုင်းကစတင်ပြီး ပြည်တွင်း သတင်း မီဒီယာ ၉ ခု ပိတ်သိမ်းခံထားရသလို သတင်းမီဒီယာသမား ၁၀၀ ကျော်ဟာ ဖမ်းဆီးထိန်းသိမ်း ခံခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတဝန်း သတင်းသမား ၁၀၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ဇွန် ၃၀ ရက်နေ့က တကြိမ် ၊ အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေတုန်းက တကြိမ် ပြန်လွှတ်ပေးမှုမှာ ၇၆ ဦးလွတ်မြောက်ခဲ့ပြီး ၃၁ ဦးဟာ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးချိန်ကစလို့ နိုင်ငံတဝန်း သတင်းသမား ၁၀၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ဇွန် ၃၀ ရက်နေ့က တကြိမ် ၊ အောက်တိုဘာ ၁၉ ရက်နဲ့ ၂၀ ရက်နေ့တွေတုန်းက တကြိမ် ပြန်လွှတ်ပေးမှုမှာ ၇၆ ဦးလွတ်မြောက်ခဲ့ပြီး ၃၁ ဦးဟာ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

ပြည်တွင်းသတင်း မီဒီယာတွေ ပိတ်သိမ်းခံရပြီး သတင်းထောက်တွေ ဖမ်းဆီးခံနေရပေမယ့် ပြည်တွင်းအခြေစိုက် နိုင်ငံခြားသတင်းဌာနတွေ ကတော့ ပြည်တွင်းမှာ ဆက်လက်လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။ ဒီလိုဖမ်းဆီးမှုတွေ၊ ပိတ်သိမ်းမှုတွေရှိနေပေမယ့် ပြည်တွင်း အခြေစိုက် နိုင်ငံခြားသတင်းဌာနတွေက ပေါ်ပေါ်ထင်ထင် ဆက်လက်လုပ်ကိုင်နေခွင့်ရနေတာ ဘာ့ကြောင့်ပါလဲ။

စစ်ကောင်စီဟာ CRPH၊ NUG တို့နဲ့ ပတ်သက်တဲ့ သတင်းတွေကို ဘယ်လောက်ထိဖော်ပြနေလဲ၊ ဘယ်လိုဖော်ပြနေလဲဆိုတဲ့အပေါ်မူတည်ပြီး ပြည်တွင်းသတင်းမီဒီယာတွေကို ပိတ်သိမ်းတာ၊ အမှုဖွင့်တရားစွဲဆိုတာတွေ လုပ်နေပေမယ့် ပြည်တွင်းအခြေစိုက် နိုင်ငံတကာသတင်းမီဒီယာတွေကို တော့ အဲ့ဒီလို ဆောင်ရွက်မှုတွေမရှိတာဟာ ခွဲခြားဆက်ဆံနေမှုပဲ ဖြစ်တယ်လို့ သတင်းမီဒီယာ အသိုင်းအဝိုင်းက သုံးသပ်ကြပါတယ်။

ဘယ်လိုခွဲခြားဆက်ဆံနေလဲ

“စစ်ကောင်စီဟာ သတင်းမီဒီယာတွေကို သေချာပေါက် ခွဲခြားဆက်ဆံတယ်။ ဘယ်လိုခွဲခြားလဲဆိုရင် သူ့အတွက် အကျိုးစီးပွားရှိနိုင်မယ့်အပေါ် မူတည်ပြီးခွဲခြားတာ” လို့ စစ်ကောင်စီ ဖမ်းဆီးတာ ခံရပြီး ပြန်လည်လွတ်မြောက်လာခဲ့တဲ့ ကမာရွတ်သတင်းဌာန တည်ထောင်သူ ဦးနေသန်မောင်က ပြောပါတယ်။

ပြည်တွင်းသတင်းမီဒီယာတွေကို ပိတ်သိမ်းရာမှာ သတင်းဌာနကြီးတွေ ပါဝင်သလို ဒေသခံ သတင်းမီဒီယာတွေကိုပါမချန် ပိတ်သိမ်းတာဖြစ်ပါတယ်။

သတင်းဌာနကြီးတွေဖြစ်ကြတဲ့ မဇ္စျိမ ၊ ရန်ကုန်ခေတ်သစ်၊ DVB၊ Myamar Now၊ 7 Day News သတင်းဌာနတွေအပြင် ဒေသတွင်းနဲ့ တိုင်းရင်းသားမီဒီယာတွေဖြစ်ကြတဲ့ တာချီလိတ်သတင်း အေဂျင်စီ၊ မြစ်ကြီးနားသတင်းဂျာနယ်၊ The 74 Media ၊ Delta News Agency စတဲ့ သတင်းဌာန ၉ ခု ဟာ ပိတ်သိမ်းခံထားရပြီး ဧရာဝတီသတင်းဌာနကတော့ ပုဒ်မ ၅၀၅ (က) တပ် တရားစွဲဆိုခံထားရပါတယ်။

ဒီလို ပိတ်သိမ်းတာတွေကို တဖက်မှာလုပ်နေပေမယ့်လည်း ပြည်တွင်းမှာ အခြေစိုက်တဲ့ နိုင်ငံခြားသတင်းဌာနတွေဖြစ်တဲ့ BBC ၊ VOA၊ RFA ၊ တရုတ် ဆင်ဟွာ၊ ဂျပန် NHK စတဲ့သတင်းဌာနတွေကိုတော့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲကို ဖိတ်ကြားတာ စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက အင်တာဗျူး ဖြေဆိုတာမျိုးတွေနဲ့ အသိအမှတ်ပြု လုပ်ကိုင်ခွင့်ပေးထားပါတယ်။

တဖက်မှာလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေကို ရေးသားပေးနေတဲ့ မီဒီယာတွေဟာ အချိန်ကိုက်ပေါ်ထွက်လာတာမျိုးရှိနေပြီး တချို့ ပြည်တွင်းသတင်းဌာနတွေဟာလည်း စစ်ကောင်စီနဲ့ လိုလိုလားလား ပူးပေါင်းဆောင်ရွက်တာတွေ ရှိလာတာကို မြင်တွေ့ရပါတယ်။

တဖက်မှာလည်း စစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းတွေကို ရေးသားပေးနေတဲ့ မီဒီယာတွေဟာ အချိန်ကိုက်ပေါ်ထွက်လာတာမျိုးရှိနေပြီး တချို့ ပြည်တွင်းသတင်းဌာနတွေဟာလည်း စစ်ကောင်စီနဲ့ လိုလိုလားလား ပူးပေါင်းဆောင်ရွက်တာတွေ ရှိလာတာကို မြင်တွေ့ရပါတယ်။

“နိုင်ငံခြားသတင်းဌာနတွေက သူ့လက်ခုပ်ထဲက ရေမဟုတ်ဘူး။ သူဖမ်းချင်တိုင်း ဖမ်းလို့မရဘူး။ တကယ်လို့ ဖမ်းလိုက်ရင် သူ့နောက်ကွယ်က အင်္ဂလန်တို့၊ အမေရိကန်တို့ရဲ့ ဖိအားတွေကို သူ မလွန်ဆန်နိုင်ဘူး။ အဲ့ဒီလို မထိရဲ မတို့ရဲတဲ့ သတင်းဌာနတွေကို အင်တာဗျူးပေးတယ်ဆိုတာကလည်း သူ့အတွက် ဝါဒဖြန့်ချိရေး လက်နက်ကောင်းဖြစ်မယ်လို့ ယူဆလို့ ပေးတာ” လို့ ဦးနေသန်မောင်က ဆိုပါတယ်။

ပိတ်သိမ်းခံလိုက်ရတဲ့ သတင်းမီဒီယာ ၉ ခုမှာ 7 Day News သတင်းဌာနကလွဲပြီး ကျန်တဲ့ သတင်းဌာနတွေဟာ ဆက်လက်လုပ်ကိုင်နေကြဆဲ ဖြစ်ပါတယ်။

ပိတ်သိမ်းခံထားရတဲ့ ပြည်တွင်းသတင်းဌာနတွေမှာ လုပ်ကိုင်နေကြတဲ့ သတင်းထောက်တွေဟာ သတင်းအလုပ်ကို လုပ်ကိုင်နေပါတယ်ဆိုတာမျိုးကို လူသိမခံဝံ့တဲ့အခြေအနေ ရောက်ရှိနေပါတယ်။

“အပြင်ထွက် သတင်းယူတာမျိုး လုပ်မရတော့ဘူး။ ဖုန်းနဲ့ပဲ သတင်းယူတာ များတယ်။ မဖြစ်မနေဆိုတာမျိုးဆိုရင် အန္တရာယ်ကို ကြည့်ရှောင်ပြီး သွားရပါတယ်။ စိတ်လုံးဝမလုံခြုံဘူး။ အခက်အခဲတွေက အများကြီးပဲ။ ဒီအလုပ် လုပ်နေတယ်ဆိုတာ လူသိမခံရဲဘူး” လို့ ပိတ်သိမ်းခံထားရတဲ့ သတင်းမီဒီယာတခုမှာ လုပ်ကိုင်နေတဲ့ ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက လက်ရှိ သတင်းရယူနေရတဲ့အခြေအနေကို ပြောပြပါတယ်။

ဧပြီလ ၂၉ ရက်နေ့က သတင်းလုပ်ကိုင်ခွင့် ပိတ်သိမ်းခံလိုက်ရတဲ့ မြစ်ကြီးနားအခြေစိုက် The 74 Media ဟာ လက်ရှိအချိန်ထိ ဆက်လက်လုပ်ကိုင်နေဆဲဖြစ်ပါတယ်။

“ပိတ်သိမ်းခံရတာက ဧပြီလကပါ။ ဒီမတိုင်ခင် ကျနော်တို့ သတင်းထောက်တဦး မတ်လ ၂၉ ရက်နေ့မှာ အဖမ်းခံရတယ်။ ပြီးတော့ တရုံးလုံးနီးပါးကို ဝရမ်းကပ်လိုက်တယ်။ ကျနော်တို့ ထွက်ပြေးတိမ်းရှောင်နေရတယ်။ ကျနော်တို့ သတင်းထောက်တွေဟာ အင်တာနက် ရတဲ့နေရာတွေကနေ သတင်းတွေကိုဆက်ပြီး ရယူလုပ်ကိုင်နေရပါတယ်”လို့ The 74 Media တာဝန်ရှိသူတဦးက ပြောပါတယ်။

ပိတ်သိမ်းခံထားရတဲ့ သတင်းဌာနတွေဟာ ရုံးခန်းရယ်လို့မရှိတော့ဘဲ နေရာအနှံ့မှာ ပြန့်ကျဲနေတဲ့ သတင်းထောက်တွေနဲ့ သတင်းခန်းတာဝန်ရှိသူတွေဟာ အခက်အခဲမျိုးစုံ ကြားထဲကပဲ သတင်းတွေကိုအဆက်မပြတ်တင်ဆက်ဖို့ ကြိုးစားနေကြရတယ်လို့ ဆိုပါတယ်။

ဓားစာခံလုပ်ထားခံရတဲ့ ဖမ်းဆီးခံ သတင်းသမားတွေ

မကြာသေးခင်ရက်ပိုင်းဖြစ်တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က ဖရန်တီးယား Frontier သတင်းဌာန သတင်းခန်း အုပ်ချုပ်မှုအယ်ဒီတာ ဒန်နီဖန်စတာကို စစ်ကောင်စီက ထောင်ဒဏ် ၁၁ နှစ်ချမှတ်ပြီးနောက် ၃ ရက်အကြာမှာ ပြည်နှင်ဒဏ်ပေး လွှတ်ပေးလိုက်ပါတယ်။

အာဆီယံအဖွဲ့အစည်းအပါအဝင် နိုင်ငံတကာမျက်နှာစာမှာ ဝင်ဆံ့မှု အသိမှတ်ပြုခံရမှု ကင်းမဲ့နေတဲ့ စစ်ကောင်စီဟာ သူတို့တည်ရှိမှုကို အသိအမှတ် ပြုစေရေးအတွက် ဖမ်းဆီးထားတဲ့သူတွေထဲက နိုင်ငံတကာ အာရုံစိုက်တောင်းဆိုသူတွေကို အပေးအယူအနေနဲ့ ပြန်လွှတ်ပေးတာမျိုးတွေ လုပ်ဆောင်ပါတယ်။

အာဆီယံအဖွဲ့အစည်းအပါအဝင် နိုင်ငံတကာမျက်နှာစာမှာ ဝင်ဆံ့မှု အသိမှတ်ပြုခံရမှု ကင်းမဲ့နေတဲ့ စစ်ကောင်စီဟာ သူတို့တည်ရှိမှုကို အသိအမှတ် ပြုစေရေးအတွက် ဖမ်းဆီးထားတဲ့သူတွေထဲက နိုင်ငံတကာ အာရုံစိုက်တောင်းဆိုသူတွေကို အပေးအယူအနေနဲ့ ပြန်လွှတ်ပေးတာမျိုးတွေ လုပ်ဆောင်ပါတယ်။

အမေရိကန်နိုင်ငံဆိုင်ရာ ကုလသံအမတ်ဟောင်း ဘီလ်ရစ်ချက်ဆန်ဟာ မြန်မာနိုင်ငံကို လာရောက်ပြီး စစ်ကောင်စီ တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ပြီးနောက်မှာ ဒန်နီဖန်စတာကို ပြန်လွှတ်ပေးခဲ့တာပါ။

ဖမ်းဆီးခံထားရသူတွေကို ဓားစာခံသဘောမျိုးနဲ့ နိုင်ငံတကာ အသိမှတ်ပြုစေဖို့ အပေးအယူ သဘောမျိုး ပြန်လွှတ်ပေးလိုက်တာဖြစ်တယ်လို့ သတင်းမီဒီယာ အသိုင်းအဝိုင်းက ဝေဖန်ကြပေမယ့် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ အမေရိကန်နိုင်ငံသား ဒန်နီဖန်စတာကို ပြန်လွှတ်ပေးတာဟာ အမေရိကန်နဲ့ ဆက်ဆံရေး တိုးတက်အောင် ကြိုးပမ်းတာမဟုတ်ဘူးလို့ BBC သတင်းဌာနကိုဖြေကြားထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့က ဖမ်းဆီးခံထားရသူ ၁၃၂၆ ဦးနဲ့ အမှုရင်ဆိုင်နေရဆဲ ၄၃၂၀ ဦး စုစုပေါင်း ၅၆၃၆ ဦးကို အမှုပိတ်သိမ်းပြီး လွှတ်ပေးမယ်လို့ စစ်ကောင်စီက ကြေငြာခဲ့ပါတယ်။

အာဆီယံ ထိပ်သီးအစည်းအဝေးတက်ခွင့် ပိတ်ပင်ခံရပြီးနောက်မှာ အခုလို ဖမ်းဆီးခံထားရသူတွေကို ပြန်လည် လွှတ်ပေးခဲ့တာဖြစ်ပြီး အဖမ်းခံထားရသူတွေကို အခုလိုပြန်လွှတ်ပေးတာဟာ နိုင်ငံတကာအစိုးရတွေကို အာရုံလွှဲစေချင်တာကြောင့်သာဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က အဲဒီနေ့မှာပဲ ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

အဲ့ဒီလိုပြန်လွှတ်ပေးတဲ့အထဲမှာ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၃၀ ကျော်လည်း ပါဝင်ခဲ့ပြီး အကြမ်းဖက် သတင်းဌာနလို့ တံဆိပ်ကပ်ခံထားရတဲ့ မဇ္စျိမ သတင်းဌာနက ပူးတွဲတည်ထောင်သူ မသင်းသင်းအောင်နဲ့ ရုံးဝန်ထမ်း ဂျိမ်းပူထောင်းတို့ လွတ်မြောက်တဲ့အထဲ ပါလာပါတယ်။

မသင်းသင်းအောင်ကို ပြန်လွှတ်ပေးဖို့ နိုင်ငံတကာနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေက အစဉ်တစိုက် တောင်းဆိုတာမျိုးတွေရှိသလို သတင်းမီဒီယာတွေမှာလည်း မကြာခဏ ဖော်ပြမှုတွေရှိခဲ့ပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတကာနဲ့ အရပ်ဖက် အဖွဲ့အစည်း တွေရဲ့ အာရုံစိုက်တောင်းဆိုမှုများတဲ့ သူတွေကို သူတို့အပေါ်ဖိအားလျော့အောင်ရည်ရွယ်ပြီး လွှတ်ပေးတာဖြစ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ဟောင်း ဦးမြင့်ကျော်က သုံးသပ်ပါတယ်။

“သူတို့ကိုအစဉ်တစိုက်တောင်းဆိုနေတဲ့သူမျိုးဆိုရင် သူတို့ ဖိအားနည်းအောင် လွှတ်ပေးတာ မျိုးတွေရှိတယ်။ လူသိပ်မသိတဲ့သတင်းဌာနက လူမသိတဲ့သတင်းထောက်တွေဟာ တောင်းဆိုမှု ဖော်ပြမှု နည်းတော့ ဇွန်လက လွှတ်ပေးတုန်းကရော အောက်တိုဘာက လွှတ်ပေးတုန်း ကရော ပါမလာခဲ့ဘဲ ဖမ်းဆီးခံထားရဆဲ သတင်းထောက်တွေ ရှိနေတုန်းပဲ”

“သူတို့ကိုအစဉ်တစိုက်တောင်းဆိုနေတဲ့သူမျိုးဆိုရင် သူတို့ ဖိအားနည်းအောင် လွှတ်ပေးတာ မျိုးတွေရှိတယ်။ လူသိပ်မသိတဲ့သတင်းဌာနက လူမသိတဲ့သတင်းထောက်တွေဟာ တောင်းဆိုမှု ဖော်ပြမှု နည်းတော့ ဇွန်လက လွှတ်ပေးတုန်းကရော အောက်တိုဘာက လွှတ်ပေးတုန်း ကရော ပါမလာခဲ့ဘဲ ဖမ်းဆီးခံထားရဆဲ သတင်းထောက်တွေ ရှိနေတုန်းပဲ”လို့ သူကဆိုပါတယ်။

အာဏာသိမ်းပြီးချိန်ကတည်းက စစ်ကောင်စီဟာ သတင်းထောက်တွေကို ပုဒ်မအမျိုးမျိုးတပ် ဖမ်းဆီးနေတာပါ။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၈ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်က အလွတ်တန်း သတင်းထောက် ဒေါ်ယဉ်ယဉ်သိန်းကို စစ်ကောင်စီက ဖမ်းဆီးသွားပါသေးတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာလည်း စစ်တပ်က ရခိုင်အခြေစိုက် သတင်းသမားတွေကို လိုက်လံဖမ်းဆီး နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

စစ်ကောင်စီဟာ သတင်းမီဒီယာလုပ်ငန်းတွေ ‌လျော့နည်းလာဖို့၊ မီဒီယာလုပ်ငန်းကို စွန့်လွှတ်လာဖို့ ဦးတည်ချက်နဲ့ လုပ်ကိုင်နေတာဖြစ်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်ဟောင်း ဦးမြင့်ကျော်က ပြောပါတယ်။

“တခုလုံးကို ခြုံကြည့်လိုက်မယ်ဆို လည်ပတ်နေတဲ့ မီဒီယာအရေအတွက်တွေ လျော့ကျသွားအောင် လုပ်ကိုင်တဲ့သူတွေလျော့နည်းသွားအောင် လုပ်နေတာလို့ ယူဆရတယ်” လို့ သူက ဆိုပါတယ်။

“စစ်ကောင်စီအနေနဲ့ သူမှန်တယ်ယူဆရင် ဘယ်သတင်းဌာနကိုမှပိတ်သိမ်းစရာမလို၊ ဘယ်သတင်းထောက်ကိုမှ ထောင်ချစရာမလိုဘူး။ ဒီလိုဖမ်းဆီးထောင်ချနေတာကို လုပ်တယ် ဆိုကတည်းက သူ့ကိုယ်သူ အမှန်တရားကို လုပ်နေတယ်လို့ မယူဆတာကြောင့်”

The 74 Media တာဝန်ရှိသူတဦးကတော့ စာနယ်ဇင်းလုပ်ငန်းဟာ ရာဇဝတ်မှုမဟုတ်ဘူး လို့ ခပ်ပြတ်ပြတ် ဆိုပါတယ်။

“စစ်ကောင်စီအနေနဲ့ သူမှန်တယ်ယူဆရင် ဘယ်သတင်းဌာနကိုမှပိတ်သိမ်းစရာမလို၊ ဘယ်သတင်းထောက်ကိုမှ ထောင်ချစရာမလိုဘူး။ ဒီလိုဖမ်းဆီးထောင်ချနေတာကို လုပ်တယ် ဆိုကတည်းက သူ့ကိုယ်သူ အမှန်တရားကို လုပ်နေတယ်လို့ မယူဆတာကြောင့်” လို့ သူကဆက်ပြောပါတယ်။

You may also like these stories:

ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမယ့် ကျူးကျော် ပြဿနာ

မြန်မာ့လူဦးရေထက်ဝက် တနေ့လျှင် တဒေါ်လာအောက်သာ ဝင်ငွေရှိတော့မည်

ဆိုင်ကယ် မစီးရ ကန့်သတ်ချက် အခြေခံလူတန်းစား အကျပ်ရိုက်နေ

စစ်ကောင်စီ၏ သတ်ဖြတ်ခံရသူ ၁၂၈၁ ဦးအထိ ရှိလာ

Your Thoughts …
Tags: ပြည်တွင်းသတင်း မီဒီယာတွေမြန်မာ့သတင်းမီဒီယာသတင်းလွတ်လပ်ခွင့်အမှောင်ကမ္ဘာအာဏာသိမ်း စစ်ကောင်စီ
ဝါနုဖူးသစ်

ဝါနုဖူးသစ်

Similar Picks:

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည် 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ

by ပေါ်ထွန်း
26 March 2022
53.4k

အဖွဲ့အစည်းတခု၏ ပုံရိပ်သည် ယင်းအဖွဲ့အစည်း၏ ခေါင်းဆောင်မှု ပုံရိပ်လည်း ဖြစ်သည်။

အရပ်သားသတ်ဖြတ်မှု သတင်းတွေ “သတင်းတု” လို့ မင်းအောင်လှိုင် ပြော

အရပ်သားသတ်ဖြတ်မှု သတင်းတွေ “သတင်းတု” လို့ မင်းအောင်လှိုင် ပြော

by မောင်ကဝိ
27 March 2025
3.4k

တက်ရောက်နေတဲ့ ပြည်ပ ပညာရှင်တွေဟာ မြန်မာပြည်သူတွေရဲ့ ကံကြမ္မာဆိုးကို ကိုယ်တိုင်သွားကြည့်ဖို့ ပဋိပက္ခဇုန်တွေကို မသွားနိုင်လို့ အိမ်ရှင်နိုင်ငံနဲ့ သဘောထားကွဲဖို့ အခြေအနေ မရှိဘူး။

တောင်ကိုရီးယား ၆ နာရီကြာ စစ်အုပ်ချုပ်ရေးနှင့် နောက်ဆက်တွဲ ဂယက်

တောင်ကိုရီးယား ၆ နာရီကြာ စစ်အုပ်ချုပ်ရေးနှင့် နောက်ဆက်တွဲ ဂယက်

by Alexander M. Hynd
4 December 2024
2.7k

မစ္စတာ ယွန်းကို ၂၀၂၂ ခုနှစ်တွင် မဲအနည်းငယ်အသာဖြင့် ရွေးကောက်သည်။ သူသည် နိုင်ငံရေး အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံများ ရင်ဆိုင်ရပြီး ထောက်ခံမှု ပိုမိုကျဆင်းသည်။

မီဒီယာလုပ်ငန်းက မတရားမှုတွေကို တိုက်ဖျက်နိုင်မယ်

မီဒီယာလုပ်ငန်းက မတရားမှုတွေကို တိုက်ဖျက်နိုင်မယ်

by ဧရာဝတီ
14 January 2024
2.2k

မြန်မာနိုင်ငံ ဖယ်ဒရယ်ဒီမိုကရေစီနိုင်ငံရေးစနစ် အသွင်ပြောင်းဖို့ လွတ်လပ်တဲ့သတင်းမီဒီယာတွေဟာ တထောင့်တနေရာကနေ တွန်းအားပေး ပံ့ပိုးပေးနိုင်တယ်လို့ ယုံကြည်ထားတဲ့ သျှမ်းသံတော်ဆင့် သတင်းဌာန အယ်ဒီတာချုပ် စိုင်းမိဏ်းကို ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

ဇွန်လ ၈ ရက် ချုံချင့်မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် စစ်ကောင်စီခန့် မြန်မာနိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ တွေ့ဆုံစဉ်

တရုတ်က မြန်မာကို ဝင်မစွက်ဖက်ဘူးတဲ့လား

by Bertil Lintner
12 June 2021
34.3k

မြန်မာနိုင်ငံသည် တရုတ်၏ အရှင်းလင်းဆုံးနှင့် အပြင်းထန်ဆုံး အခြားနိုင်ငံပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှု ဥပမာတခုဖြစ်နိုင်သည်။

အာဏာသိမ်း စစ်ကောင်စီ အတွင်းရေးမှူးတာဝန် ထမ်းဆောင်နေသော ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေး 

စစ်ကောင်စီအတွင်းရေးမှူး အောင်လင်းဒွေး အရန်အင်အား အပို့ခံရ

by ဧရာဝတီ
10 January 2022
22.2k

ဒုတိယ ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးအား တပ်မတော်အရန်အင်အားအဖြစ်သို့ ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

Next Post
ရန်ကုန်တိုင်းအတွင်းက စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများကို အကြမ်းဖက် ဖြိုခွင်းခဲ့သည့် အာဏာသိမ်းတပ်  / ဧရာဝတီ

သေနတ်ပျောက်သည့် စွပ်စွဲချက်ဖြင့် ကော့မှူးမှ ပြည်သူအချို့ ဓားစာခံအဖြစ် ဖမ်းဆီးခံရ

အာဏာသိမ်း စစ်တပ်ကို စွန့်ခွာခဲ့ကြသည့် CDM တပ်မတော်သားများ

CDM စစ်သားတွေ ဘာလုပ်နေသလဲ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved