• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အရပ်သားသတ်ဖြတ်မှု သတင်းတွေ “သတင်းတု” လို့ မင်းအောင်လှိုင် ပြော

by မောင်ကဝိ
27 March 2025
in ဆောင်းပါး
A A
အရပ်သားသတ်ဖြတ်မှု သတင်းတွေ “သတင်းတု” လို့ မင်းအောင်လှိုင် ပြော

နေပြည်တော်မှာ မတ်လ ၂၁ ရက်နေ့က ကျင်းပတဲ့ ‘၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ’ မှာ မိန့်ခွန်းပြောနေတဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် / MOI

3.4k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီက အရပ်သားတွေကို သတ်ဖြတ်တဲ့သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနေကြပေမယ့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြည်တွင်းနဲ့ နိုင်ငံတကာမီဒီယာတွေဟာ အာဏာသိမ်းပြီးနောက် မြန်မာနဲ့ပတ်သက်တဲ့ အမှန်တရားတွေကို ပုံဖျက်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

နေပြည်တော်မှာ မတ်လ ၂၁ ရက်နေ့က ကျင်းပတဲ့ ‘၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ’ မှာ မိန့်ခွန်းပြောတဲ့အခါ စစ်ခေါင်းဆောင်က “တက်ရောက်လာကြသည့် နိုင်ငံတကာက ပညာရှင်ကြီးများအနေဖြင့်လည်း ယခုဆွေးနွေးပွဲကြီးကို တက်ရောက်လာစဉ် မြန်မာနိုင်ငံ၏ ပကတိအခြေအနေများကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရကြမည်၊ သတင်းတု၊ သတင်းမှားများဖြင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကို အမျိုးမျိုးဖျက်နေကြသည့် မီဒီယာအတုများ၊ လွတ်လပ်မှုကင်းသည့် မီဒီယာများက ဖော်ဆောင်နေသည့် မြန်မာ့ပုံရိပ်နှင့် ပညာရှင်ကြီးများ ယခုကိုယ်တိုင် ထိတွေ့မြင်တွေ့ရသည့် မြန်မာ့ပုံရိပ်သည် လွန်စွာကွာခြားမှုများ၊ ခြားနားမှုများ ရှိနေသည်ကို ခံစားကြရလိမ့်မည်ဟု မိမိတို့အနေဖြင့် မျှော်လင့်ပါကြောင်း” ပြောပါတယ်။

အဲဒီ ဖိုရမ်ကို “နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏ အခြေအနေမှန်ကို ကမ္ဘာကသိရှိစေပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန် စွပ်စွဲပြောဆိုမှုများကို တန်ပြန်ချေဖျက်၍ နိုင်ငံ့ပုံရိပ်မြှင့်တင်ရန်” ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီ ဖိုရမ်ကို “နိုင်ငံရေးအပြောင်းအလဲနှင့်အတူ နိုင်ငံတော်၏ အခြေအနေမှန်ကို ကမ္ဘာကသိရှိစေပြီး မြန်မာနိုင်ငံအပေါ် နားလည်မှု၊ စာနာမှုများဖြင့် ပူးပေါင်းဆောင်ရွက်လာစေရန်၊ မဟုတ်မမှန် စွပ်စွဲပြောဆိုမှုများကို တန်ပြန်ချေဖျက်၍ နိုင်ငံ့ပုံရိပ်မြှင့်တင်ရန်” ပြန်ကြားရေးဝန်ကြီးဌာနက ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ ထိုင်း၊ အီတလီနဲ့ နီပေါနိုင်ငံတို့က ကျွမ်းကျင်သူတွေနဲ့ ပြည်တွင်းပညာရှင်တွေက “၂၀၂၅ ခုနှစ်အလွန် ပြောင်းလဲလာနေသည့် ကမ္ဘာ့အခင်းအကျင်းဖြစ်သော ဗဟုဝင်ရိုးကမ္ဘာ (Multipolar World) တွင် ပေါ်ပေါက်လာမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများအား သိရှိပြီး ကြိုတင်ပြင်ဆင်နိုင်မည့် နည်းလမ်းများရရှိစေရန်” ဆွေးနွေးဖို့ တက်ရောက်တယ်လို့ စစ်ကောင်စီ မီဒီယာတွေက ဖော်ပြတယ်။

စစ်ကောင်စီ ဂျက်တိုက်လေယာဉ်တစင်းက ရှမ်းပြည်နယ်၊ နောင်ချိုရှိ ဘုန်းကြီးကျောင်းတကျောင်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတခုကို ဗုံး လေးလုံးကြဲချလို့ အရပ်သား ၁၄ ယောက် သေဆုံးပြီးနောက် ငါးရက်အကြာမှာ အဲဒီဖိုရမ်ကို ကျင်းပတာဖြစ်တယ်။ အဲဒီ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကို ပြည်တွင်းပြည်ပ သတင်းဌာတွေက ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့တယ်။ အဲဒီမတိုင်ခင် နှစ်ရက်ကလည်း မန္တလေးတိုင်းအတွင်း လူစည်ကားတဲ့ ဈေးတခုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတခုမှာ ကလေး ခြောက်ဦးအပါအဝင် အရပ်သား ၂၇ ဦး သေဆုံးခဲ့တယ်။

မတ်လ ၂၁ ရက်နေ့က ကျင်းပတဲ့ အဲဒီဖိုရမ်ဟာ အာရက္ခတပ်တော် (AA) ချီတက်လာနေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်က ညောင်ကျိုးရွာကို စစ်ကောင်စီက လေကြောင်းကနေ အကြီးအကျယ် တိုက်ခိုက်နေချိန်နဲ့ တိုက်ဆိုင်နေတယ်။ အဲဒီ လေကြောင်းတိုက်ခိုက်မှုတွေကို မြန်မာနဲ့ပြည်ပက မီဒီယာတွေ ဖော်ပြခဲ့တယ်။

ဒါပေမယ့် အကုန်သိမ်းကျုံးပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ တခြား ရက်စက်ကြမ်းကြုတ်မှုတွေဟာ သတင်းတုတွေလို့ မင်းအောင်လှိုင်က အဲဒီဖိုရမ်မှာပြောပြီး အဲဒီသတင်းတွေဖော်ပြတဲ့ မီဒီယာတွေဟာ အတုတွေလို့ ပြောတယ်။

ဒါပေမယ့် အကုန်သိမ်းကျုံးပြီး လေကြောင်းတိုက်ခိုက်မှုနဲ့ တခြား ရက်စက်ကြမ်းကြုတ်မှုတွေဟာ သတင်းတုတွေလို့ မင်းအောင်လှိုင်က အဲဒီဖိုရမ်မှာပြောပြီး အဲဒီသတင်းတွေဖော်ပြတဲ့ မီဒီယာတွေဟာ အတုတွေလို့ ပြောတယ်။

တက်ရောက်နေတဲ့ ပြည်ပ ပညာရှင်တွေဟာ မြန်မာပြည်သူတွေရဲ့ ကံကြမ္မာဆိုးကို ကိုယ်တိုင်သွားကြည့်ဖို့ ပဋိပက္ခဇုန်တွေကို မသွားနိုင်လို့ အိမ်ရှင်နိုင်ငံနဲ့ သဘောထားကွဲဖို့ အခြေအနေ မရှိဘူး။ အဲဒီပညာရှင်ဆိုသူတွေ ရောက်လာတဲ့အချိန်မှာ ဟိုတယ်တွေကို အမြန်ခေါ်သွားပြီး နေပြည်တော်က ကျောက်မျက်ရတနာပြပွဲ၊ ပုဂံနဲ့ ရန်ကုန်က ရွှေတိဂုံစေတီတော်တို့ကို စစ်ကောင်စီ စီစဉ်တဲ့ခရီးအတိုင်း ခေါ်သွားပါတယ်။ တချို့ကလည်း ဖိုရမ်ပြီးပြီးချင်း သူတို့နိုင်ငံကို ပြန်ကြတယ်။

အဲဒီဖိုရမ်ဟာ ဖုံးကွယ်မှု၊ လိမ်လည်မှုတွေကို ဖော်ထုတ်တဲ့အတွက် လွတ်လပ်တဲ့မီဒီယာတွေကို စစ်ကောင်စီရဲ့ လောလောလတ်လတ် တိုက်ခိုက်မှု ဖြစ်ပါတယ်။

နေပြည်တော်မှာ မတ်လ ၂၁ ရက်နေ့က ကျင်းပတဲ့ ‘၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံ ကြုံတွေ့လာရမည့် စိန်ခေါ်မှုနှင့် အခွင့်အလမ်းများ သုံးသပ်ဆွေးနွေးပွဲ’ သို့ တက်ရောက်သည့် ပြည်တွင်း ပြည်ပ ပညာရှင်ဆိုသူများ / MOI

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ စစ်ကောင်စီက အင်တာနက်နဲ့ သတင်းလွတ်လပ်ခွင့်ကို ဖြိုခွဲပြီး မီဒီယာရုံးတွေကို ဝင်ရောက်စီးနင်းကာ သတင်းသမားတွေကို ဖမ်းဆီး ထောင်ချပါတယ်။ လွတ်လပ်တဲ့သတင်းဌာန အများအပြား ပြည်ပကို ထွက်ပြေးရပါတယ်။

အဲဒီလို ဖြိုခွဲပေမယ့် မြန်မာ အဝေးရောက်မီဒီယာတွေဟာ အရပ်သားတွေအပေါ် စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ၊ လူမျိုးစုတွေကို ဗုံးကြဲမှုတွေ၊ ရွာတွေကို မီးရှို့တာတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ၊ ကြီးမားတဲ့ နေရပ်စွန့်ခွာမှုတွေ၊ စီးပွားရေးကျဆင်းမှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အတင်းအကျပ် စစ်သားစုဆောင်းမှုတွေနဲ့ အတင်းအကျပ် စစ်သားစုဆောင်းတာ မခံရအောင် လူငယ်တွေ ပြည်ပကို အလုံးအရင်း ထွက်ပြေးတာတွေကို ဆက်လက်ဖော်ပြနေကြတယ်။

အဓိကမြို့ကြီးတွေမှာ ရာဇဝတ်မှု များပြားလာတာ၊ စစ်ကောင်စီထဲက အကျင့်ပျက်ခြစားတာ၊ လျှပ်စစ်မီး ဆိုးဆိုးရွားရွား ပြတ်တောက်တာနဲ့ ကုန်ဈေးနှုန်း အကြီးအကျယ် မြင့်တက်တာတွေကိုလည်း မီဒီယာတွေ ဖော်ပြကြတယ်။

စစ်ကောင်စီနဲ့ သူ့ရဲ့ဝါဒဖြန့်ချိရေး ယန္တရားဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဒေါသတကြီး တုံ့ပြန်ပြီး အဝေးရောက်နဲ့ နိုင်ငံတကာမီဒီယာဟာ သတင်းတုနဲ့ သိက္ခာကျအောင် လုပ်တဲ့နည်းတွေ သုံးတယ်လို့ စွပ်စွဲပါတယ်။

စစ်ကောင်စီနဲ့ သူ့ရဲ့ဝါဒဖြန့်ချိရေး ယန္တရားဖြစ်တဲ့ ပြန်ကြားရေးဝန်ကြီးဌာနက ဒေါသတကြီး တုံ့ပြန်ပြီး အဝေးရောက်နဲ့ နိုင်ငံတကာမီဒီယာဟာ သတင်းတုနဲ့ သိက္ခာကျအောင် လုပ်တဲ့နည်းတွေ သုံးတယ်လို့ စွပ်စွဲပါတယ်။

ဒါပေမယ့် ပြည်ပအဖွဲ့အစည်းတွေက ပကတိအခြေအနေကို ဖော်ပြနေတာ ကြာပြီဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှုနောက်မှာ အများစုက ဒီမိုကရေစီတောင်းဆိုတဲ့ အရပ်သားတွေကို သတ်ဖြတ်ဖို့ လက်မရွံ့တဲ့ တရားမဝင် စစ်ကောင်စီနဲ့ အလုပ် မလုပ်ချင်လို့ မြန်မာက သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ရုပ်သိမ်းသွားတယ်။

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကြောင့် ပြည်ပအစိုးရတွေက စီးပွားရေး ပိတ်ဆို့အရေးယူမှုလုပ်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂတို့က စစ်တပ်အုပ်ချုပ်တဲ့ မြန်မာကို ခရီးမသွားဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားတယ်။

မတ်လ ၂၁ ရက်နေ့က ဖိုရမ်ကို မင်းအောင်လှိုင် အခုလ အစောပိုင်းက ရုရှားနဲ့ ဘယ်လာရုစ်ကို သွားရောက်၊ ရင်းနှီးမြှုပ်မှုတွေ ဖိတ်ခေါ်ပြီး မကြာခင် ကျင်းပတာဖြစ်တယ်။ မြန်မာ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေဟာ ယာယီသာဖြစ်တယ်၊ စိတ်ပူစရာမလိုဘူးလို့ မော်စကိုမှာ စီးပွားရေးလုပ်ငန်းရှင်တွေကို သူကပြောပါတယ်။ အခုဖိုရမ်ဟာ အဲဒီ စီးပွားရေးသမားတွေ ယုံကြည်မှုရအောင် နောက်ဆက်တွဲအဖြစ် သူအသုံးချချင်တာ ဖြစ်ပုံရပါတယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Myanmar Junta Boss Brands Global Reports of Civilian Slaughter ‘Fake News’ ကို ဘာသာပြန်သည်။)

You may also like these stories:

ပညာရှင်လား စစ်ကောင်စီလော်ဘီလား

စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ကလေးငယ်များအပါ ၁၁ ဦး သေဆုံး

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
91
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
380
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
183

ဇန်နဝါရီတလအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၇၀ ကျော်သေဆုံး

ရမ်းဗြဲ ကျောက်နီမော်ရွာဗုံးကြဲခံရမှု အရပ်သား ၄၀ ကျော်သေဆုံး (ရုပ်/သံ)

နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၀ နီးပါးရှိ (ရုပ်/သံ)

မြန်မာစစ်တပ်က အရပ်သားများကို ဖမ်းဆီးသတ်ဖြတ်မှု အရှိန်မြှင့်ဟု ကုလ အစီရင်ခံ

Your Thoughts …
Tags: AAစစ်ကောင်စီစစ်ဘေးရှောင်စခန်းစစ်ရာဇဝတ်မှုစစ်အာဏာသိမ်းမှုပိတ်ဆို့အရေးယူမှုလူ့အခွင့်အရေး ချိုးဖောက်မှုလေကြောင်းတိုက်ခိုက်မှုသတင်းလွတ်လပ်ခွင့်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတင်းအကျပ် စစ်သားစုဆောင်းမှုအရပ်သားပစ်မှတ်
မောင်ကဝိ

မောင်ကဝိ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပင်လယ်နှင့် စွမ်းအင်ပစ်မှတ်များ တိုက်ခိုက်မှု ရပ်ရန် ရုရှားနှင့် ယူကရိန်းသဘောတူ

ပင်လယ်နှင့် စွမ်းအင်ပစ်မှတ်များ တိုက်ခိုက်မှု ရပ်ရန် ရုရှားနှင့် ယူကရိန်းသဘောတူ

လွတ်မြောက်မှု ရောင်စုံပူဖောင်းများ

လွတ်မြောက်မှု ရောင်စုံပူဖောင်းများ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved