• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

လွတ်မြောက်မှု ရောင်စုံပူဖောင်းများ

by မသီတာ(စမ်းချောင်း)
27 March 2025
in သူ့အတွေး သူ့အမြင်
A A
လွတ်မြောက်မှု ရောင်စုံပူဖောင်းများ

၂၀၂၁ ဖေဖော်ဝါရီ စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်လူထုက ဆန္ဒပြခဲ့စဉ်/ AP

1.1k
VIEWS
Share on FacebookShare on Twitter

လွတ်မြောက်မှုတိုင်းဟာ လွတ်လပ်မှုကို အာမခံနိုင်တာမျိုး မဟုတ်ဘူးလို့ တချို့ဒေသတွေရဲ့ ဒေသခံတွေက သဘောပေါက်သထက် ပေါက်လာနေကြပါတယ်။

စကစလက်အောက်က လွတ်မြောက်တယ်လို့ ဆိုရာမှာ စကစရဲ့အမှုတော်ထမ်း လက်နက်ကိုင်တွေရဲ့ ရန်ကနေ လွတ်မြောက်သွားတာအထိပဲ အနက်အဓိပ္ပါယ်ဆောင်ပြီး ကျန်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်တဲ့ လွတ်လပ်မှုဆိုင်ရာ လူ့ရပိုင်ခွင့်တွေ ဆိတ်သုဉ်းနေဆဲ (ပိုပြီးဆိတ်သုဉ်းလာတာမျိုးထိ) ဖြစ်နေတာကို ကြားသိရမှာပါ။

စကစရဲ့ စစ်မှုမထမ်းမနေရ အဓမ္မမှုကနေ လွတ်မြောက်ကြပေမဲ့ လွှမ်းမိုးနယ်မြေကို တိုက်ခိုက်ရယူထားနိုင်တဲ့ လက်နက်ကိုင်အစုအဖွဲ့များရဲ့ စစ်မှုထမ်းဖို့ ဆင့်ခေါ် ဖိအားပေး ခြိမ်းခြောက်ခိုင်းစေတာကို ဒေသခံလူထုက ခံနေကြရတာတွေ ပိုပြီးကြားသိလာကြရပါတယ်။

ပိုဆိုးတာက စကစအမှုတော်ထမ်းတွေကို စခတွေလို့ ချိုးနှိမ်ခေါ်ပြီး သူတို့ လုပ်နေတာတွေကို ဗြောင်ဖွင့်ချကျိန်ဆဲသလိုမျိုး လုပ်မရဘဲ ဒေသခံတွေက ကြိတ်ခံနေကြရတာပါ။ ဒီ့ထက် ဆိုးတာက “ငါတို့ ဘုန်းမီးနေလ တောက်နေချိန်ပဲ။ ငါတို့ကို အာမခံနဲ့။ ငါတို့က အသက်ပေးပြီး အနစ်နာခံထားရတဲ့သူတွေ”လို့ ပြောပြောပြီး ဒေသခံတွေအပေါ် သူရဲကောင်းစတိုင်လ် ချိုးပြကြတာ ဖြစ်ပါမယ်။ နေရာတိုင်းမှာ ဖြစ်တာ မဟုတ်ပေမဲ့ ဒီလိုအဖြစ်မျိုး လုံးဝမရှိဘူးလို့ မပြောနိုင်တာကို သတိထားမိကြမှာပါ။ ဒါကြောင့် လွတ်မြောက်မှုဆိုတိုင်း လွတ်လပ်မှုကို အာမ မခံနိုင်ဘူးလို့ ဆိုရတာပါ။

ဒီတခါမှာ ပိုဆိုးတာက စကစအမှုတော်ထမ်းတွေကို စခတွေလို့ ချိုးနှိမ်ခေါ်ပြီး သူတို့ လုပ်နေတာတွေကို ဗြောင်ဖွင့်ချကျိန်ဆဲသလိုမျိုး လုပ်မရဘဲ ဒေသခံတွေက ကြိတ်ခံနေကြရတာပါ။ ဒီ့ထက် ဆိုးတာက “ငါတို့ ဘုန်းမီးနေလ တောက်နေချိန်ပဲ။ ငါတို့ကို အာမခံနဲ့။ ငါတို့က အသက်ပေးပြီး အနစ်နာခံထားရတဲ့သူတွေ”လို့ ပြောပြောပြီး ဒေသခံတွေအပေါ် သူရဲကောင်းစတိုင်လ် ချိုးပြကြတာ ဖြစ်ပါမယ်။ နေရာတိုင်းမှာ ဖြစ်တာ မဟုတ်ပေမဲ့ ဒီလိုအဖြစ်မျိုး လုံးဝမရှိဘူးလို့ မပြောနိုင်တာကို သတိထားမိကြမှာပါ။ ဒါကြောင့် လွတ်မြောက်မှုဆိုတိုင်း လွတ်လပ်မှုကို အာမ မခံနိုင်ဘူးလို့ ဆိုရတာပါ။

ဒါဟာ အာဏာလေဟာနယ်ကို ကောင်းမွန်တဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးများနဲ့ အစားမထိုးနိုင်တဲ့အတွက် ဖြစ်လာတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေသာ ဖြစ်ပါတယ်။ ဒီလိုဖြစ်လာတာတွေဟာ အာဏာသိမ်းပြီး လူထုကို နှိပ်စက်ညှင်းပန်းအကြမ်းဖက်တဲ့နည်းနဲ့ အုပ်ချုပ်ရေး တည်မြဲဖို့ အားထုတ်တဲ့ စကစမှာသာ တာဝန်အရှိဆုံးဆိုတာလည်း သတိပြုကြရပါမယ်။

ဘယ်တုန်းကမှ ဖက်ဒရယ်ဒီမိုကရေစီအုပ်ချုပ်ရေး၊ တရားစီရင်ရေးမျိုးကို မကြုံတွေ့ဖူးလေတော့ လက်နက်နဲ့ တိုက်ခိုက်သိမ်းပိုက်ထားတဲ့မြေမှာ ဘယ်လိုလုပ် ဖက်ဒရယ်ဒီမိုကရေစီနည်းကျ အုပ်ချုပ်စီရင်နိုင်မှာပါလိမ့်။ ဒီတော့ ရှေ့က စကစများရဲ့ လုပ်နည်းကားကို ကိုးကားပြီး ဆက်လုပ်တဲ့ အပြုအမူ၊ အပြောအဆိုမျိုးတွေကို တွေ့ကြရတာ မထူးဆန်းဘူးလို့ ဆိုရမှာပါ။

ထူးဆန်းတာကတော့ အဲဒီလို လွတ်မြောက်နယ်မြေတွေမှာ ကောင်းမွန်တဲ့ အုပ်ချုပ်စီမံရေးကို ပေါ်ပေါက်လာအောင် လုပ်မယ်၊ တနိုင်တပိုင် နယ်မြေအပိုင်းအခြားတခုမှာ ကိုယ့်လူနဲ့ကိုယ် အုပ်ချုပ်စီမံမယ်၊ ဗဟိုအစိုးရဆိုတာ အလိုမရှိ၊ ဘာမှ လာမစွက်ဖက်နဲ့လို့ နယ်မြေအခြေစိုက် မာန်မာနတွေ တပွေ့တပိုက်နဲ့ အနာဂတ်ဖက်ဒရယ်ဒိမိုကရေစီဆိုတာကို တည်ဆောက်ဖို့ တွေးတောလာကြတာပါ။ ဒေသအလိုက် သိမ်းပိုက်နယ်မြေတွေ အတည်ပြုနိုင်ပြီးရင် ဒေသအလိုက် စိတ်ကူးစီစဉ်ထားတဲ့ အုပ်ချုပ်စီရင်မှုတွေကို ဒေသအလိုက် စုဖွဲ့ထားသူတွေနဲ့ စိတ်တိုင်းကျ အုပ်ချုပ်စီရင်နိုင်ရင် အောက်ခြေကနေ အပေါ်ကို တက်တဲ့ ဖက်ဒရယ်ဖြစ်လာမယ်လို့ တွေးကြတာပေါ့။

ဒီနေရာမှာ စကစအမှုတော်ထမ်း၊ စကစဘက်တော်သားတွေက ရုရှ၊ ဘယ်လာရုခရီးစဉ်အပြီး ဘင်းမ်စတက်ကို ဖိတ်ခံလာရတာကို ကြည့်ပြီး နိုင်ငံတကာနဲ့ ဆက်ဆံရေး ကျယ်ပြန့်လာအောင် နေပြည်တော်မှာ ငြိမ်းချမ်းရေးအမည်ခံ ဆွေးနွေးပွဲတွေ ကျင်းပလာတာ၊ အဲဒီပုံစံမျိုး ဆက်ရွေ့ဖို့ အားထုတ်လာတာတွေရဲ့ တွေးပုံတွေးနည်းအခြေခံကို သတိရစရာပါ။

သူတို့ တွေးနေတာက နိုင်ငံတကာမှာ လူရာဝင်လာအောင် လုပ်နိုင်လာရင် သူတို့ ဖြစ်ချင်သလို ရွေးကောက်ပွဲကို လုပ်နိုင်မယ်၊ အသိအမှတ် ပြုမှုတွေ ရလာနိုင်မယ်၊ ဒါဆို ၂၀၂၁ ကတည်းက စပြီး သူတို့ လုပ်ခဲ့သမျှ ရာဇဝတ်မှုတွေဆိုတာ ပျောက်ကွယ်သွားမယ်။ အာဏာကိုလည်း ဆက်ထိန်းထားနိုင်မယ်ဆိုတာမျိုးပေါ့။

သူတို့ တွေးနေတာက နိုင်ငံတကာမှာ လူရာဝင်လာအောင် လုပ်နိုင်လာရင် သူတို့ ဖြစ်ချင်သလို ရွေးကောက်ပွဲကို လုပ်နိုင်မယ်၊ အသိအမှတ် ပြုမှုတွေ ရလာနိုင်မယ်၊ ဒါဆို ၂၀၂၁ ကတည်းက စပြီး သူတို့ လုပ်ခဲ့သမျှ ရာဇဝတ်မှုတွေဆိုတာ ပျောက်ကွယ်သွားမယ်။ အာဏာကိုလည်း ဆက်ထိန်းထားနိုင်မယ်ဆိုတာမျိုးပေါ့။

တကယ့်လက်တွေ့မှာတော့ တကမ္ဘာလုံးက နိုင်ငံတွေက အသိအမှတ်ပြုချင်ရင်တောင် ပြည်တွင်း လူထုက အသိအမှတ်မပြုရင် ဘာမှ ဆက်ရွေ့အောင် မလုပ်နိုင်ပါဘူး။ ကိုယ့်ဘာသာ တွက်ရေးနဲ့ စက်သူဌေး ဖြစ်ချင်တဲ့ အတွေးမျိုးပေါ့။

ဒီလိုပါပဲ။ ဒေသအလိုက် စိုးမိုးလွှမ်းမိုးထားနိုင်တယ်ဆိုဦး၊ တတ်သိသူများနဲ့ သေချာဖွဲ့စည်းပြီး အုပ်ချုပ်စီမံဖို့ အားထုတ်တယ်ဆိုဦး၊ စကစရဲ့ လေကြောင်းတိုက်ခိုက်မှုတွေလည်း မခံရဘူးလို့ တွက်လိုက်ပစေဦး အဲဒီရထားတဲ့ လွတ်မြောက်မှုဆိုတာ ပူဖောင်းထဲက လွတ်မြောက်နေမှုမျိုးပဲ ဖြစ်နေမှာပါ။

အရပ်ဘက်အုပ်ချုပ်စီရင်ရေးမျိုးထိ မသွားနိုင်ရင် ဒါမှမဟုတ် ဒေသတွင်း အခွန်ကောက်တာမျိုး (ဒေသခံလူထုဆီက ဖျစ်ညှစ်ယူတာမျိုး) လောက်နဲ့ အုပ်ချုပ်စီရင်သူ ဒေသန္တရအစိုးရဆိုတာတွေရဲ့ စီးပွါးအခြေခံကို တည်ဆောက်မယ်ဆိုရင် အဲဒီပူဖောင်းဟာ အချိန်မရွေး ပေါက်ထွက်သွားနိုင်လောက်အောင် အာမခံချက် ရှိမနေပါဘူး။ လက်ရှိအနေအထားမရောက်ခင် အခြေအနေမှာ အဲဒီလိုဒေသအလိုက် ပူဖောင်းတွေလို သီးခြားရပ်တည်ရှင်သန်နိုင်အောင် အခြေခံအဆောက်အအုံတွေမှ မရှိနေခဲ့ဘဲ။

ဒါကြောင့် စစ်ရေးအရ သိမ်းပိုက်ဖို့ ကြိုးစားတဲ့အခါ စစ်ကိုသာ အနိုင်ရပေမဲ့ ဒေသခံလူထုကို ကိုယ့်ဒေသအပြင်ဘက်ထိ စစ်ရှောင်နိုင်ဖို့ လုပ်ပေးရတာပါပဲ။ တချို့ဒေသတွေမှာ မူလဒေသခံတွေဟာ နေရင်းအရပ်ကို ပြန်မလာနိုင်ဘဲ စစ်ရှောင်တွေကို ကြည်ဖြူစွာ လက်ခံပေးတဲ့ တခြား(မလွတ်မြောက်သေးတဲ့)ဒေသတွေဆီ ပြောင်းရွှေ့အခြေချလာရပါတယ်။ တနည်းအားဖြင့် လက်နက်ကိုင်မတိုက်နိုင်သူတွေဟာ မလွတ်မြောက်ရာအရပ်ဆီ ခိုလှုံမှ လုံခြုံရမယ့် အခြေအနေမျိုးကို စကစက လုပ်ထားနေပြီးဖြစ်ပါတယ်။

ပူဖောင်းထဲမှာ လွတ်မြောက်တယ်ဆိုတာ လက်နက်ကိုင်တွေက နယ်မြေသိမ်းပိုက်ပြီး အဲဒီနယ်မြေထဲက လူထုတချို့က တခြားနေရာဒေသမှာ သွားနေနေရတာကို လွတ်လပ်မှုလို့ ထင်နေကြတာမျိုးပေါ့။ ဒါ့အပြင် ပြည်သူ့ဝန်ဆောင်မှုကိစ္စတွေအတွက် ကုန်သွယ်စီးပွါးကိစ္စတွေအတွက် ကိုယ်ပိုင်ဘဏ်စနစ်၊ အခြေခံအဆောက်အအုံစတဲ့ သီးခြားလုပ်ဆောင်နိုင်တဲ့ အနေအထားမျိုးက မရှိသေးလေတော့ နယ်မြေအခွံသာသာပဲ လွတ်မြောက်နေသလိုပါ။

ပူဖောင်းထဲမှာ လွတ်မြောက်တယ်ဆိုတာ လက်နက်ကိုင်တွေက နယ်မြေသိမ်းပိုက်ပြီး အဲဒီနယ်မြေထဲက လူထုတချို့က တခြားနေရာဒေသမှာ သွားနေနေရတာကို လွတ်လပ်မှုလို့ ထင်နေကြတာမျိုးပေါ့။ ဒါ့အပြင် ပြည်သူ့ဝန်ဆောင်မှုကိစ္စတွေအတွက် ကုန်သွယ်စီးပွါးကိစ္စတွေအတွက် ကိုယ်ပိုင်ဘဏ်စနစ်၊ အခြေခံအဆောက်အအုံစတဲ့ သီးခြားလုပ်ဆောင်နိုင်တဲ့ အနေအထားမျိုးက မရှိသေးလေတော့ နယ်မြေအခွံသာသာပဲ လွတ်မြောက်နေသလိုပါ။

အဝေးရောက်နေသူတွေနဲ့ မလှမ်းမကမ်း ရောက်နေသူတွေရဲ့ စိတ်ကူးပုံဖော်ထားတဲ့ ဦးဆောင်သူအစုအဖွဲ့ဆိုတာမျိုးရဲ့ စီမံခန့်ခွဲမှုကို ပူဖောင်းထဲ ကြိတ်မှိတ်တောင့်ခံနေကြတဲ့ လူထုက လက်ခံလိုက်နာရမှာမျိုးလည်း ဖြစ်လာနိုင်တာပါ။ အဲဒါကို အောက်ခြေက ဖြစ်တည်လာတဲ့ လွတ်လပ်မှုပဲ၊ ဖက်ဒရယ်အခြေခံယူနစ် တည်ဆောက်မှုပဲလို့ ခံယူမယ်ဆိုရင် ဘယ်လောက်လက်တွေ့ကျမလဲဆိုတာလည်း ထည့်တွက်ကြရမှာပါ။

ဒေသခံလူထုအားလုံးကို တပြေးညီ (နိုင်ငံရေး၊ လူမှုစီးပွါးရေးဆိုင်ရာ) လွတ်လပ်မှုမျိုး မပေးနိုင်ဘဲနဲ့ ငါတို့ အုပ်ချုပ်လို့ ရပြီ၊ အုပ်ချုပ်စရာ နယ်နမိတ်တခု ရှိနေပြီ၊ အဲဒီအပေါ် အခြေခံပြီး ကျန်တဲ့ တခြားလွတ်မြောက်နေတဲ့ ပူဖောင်းတွေနဲ့ ပေါင်းမလား၊ မပေါင်းဘူးလားဆိုတာ ငါတို့ဘဲ ဆုံးဖြတ်မယ်လို့ တွက်ရေးနဲ့ စက်သူဌေး ဖြစ်နေကြသလိုပေါ့။

ခုချိန်မှာ လွတ်မြောက်မှုနဲ့ လွတ်လပ်မှုကို ခွဲခြားနားလည်ဖို့ အရေးကြီးပါတယ်။ ဒေသအလိုက် လွတ်မြောက်ဖို့အတွက် စစ်ရေးဟာ အရေးကြီးကောင်းကြီးမှာဖြစ်ပေမဲ့ တော်လှန်ရေးရဲ့ပန်းတိုင်ဖြစ်တဲ့ စစ်အာဏာရှင်အပါအဝင် အာဏာရှင်မှန်သမျှရဲ့ လက်အောက်က လွတ်မြောက်ပြီး ကိုယ့်ကြမ္မာကိုယ်ဖန်တီးနိုင်ခွင့်ကို လူတဦးချင်းအဆင့်ထိ ရပြီး လွတ်လပ်သွားဖို့ကတော့ စစ်အနိုင်ရရုံနဲ့၊ တတ်သိပညာတွေ ရှိတဲ့သူတွေက စိတ်ကူးထားတဲ့ အုပ်ချုပ်စီရင်မှုတွေ ပေါ်ပေါက်လာရုံနဲ့ မရနိုင်ပါဘူး။

စကစနေရာကနေ ဗျူဟာချကြည့်ရင် ပူဖောင်းတွေ များသထက်များလာလေ သူတို့အတွက် အလုပ်ဖြစ်လေပါ။ နဂိုကတည်းက တိုင်းပြည်ကြီး ပြိုကွဲမှာစိုးလို့ တပ်မတော်ဟာ နိုင်ငံရေးမှာ ပါနေရတာလို့ ဆိုသကိုး။ နိုင်ငံတကာကို စည်းရုံးတဲ့အခါလည်း သက်သေတွေ ရတာပေါ့။ ကြည့်ပါလား၊ ဟိုမှာဒီမှာ ပူဖောင်းတွေ များလာပြီး ပူဖောင်းချင်းတောင် ပွတ်တိုက်နေတာလို့ လက်ညှိုးထိုးလိုက်ရုံပဲ။

နှစ်ခြောက်ဆယ်ကျော် ဝါရင့်သမ္ဘာရင့် ဝါဒဖြန့်ချိရေးသမား စကစအဖို့ကတော့ အဲဒီလို ပူဖောင်းတွေ အများကြီး ဖြစ်လာအောင် ထူထောင်ချင်လာအောင် (အထူးသဖြင့်) ဆိုရှယ်မီဒီယာပလက်ဖောင်းမှာ ကစားကွက်တွေ ဖန်တီးလိုက်ရုံပေါ့။ သူ့ကို အခြိမ်းခြောက်နိုင်ဆုံး အစုအဖွဲ့ရဲ့ ဂုဏ်သရေညှိုးပြီး ပြည်တွင်းပြည်ပ ထောက်ခံမှု ကျဆင်းအောင် နည်းပေါင်းစုံနဲ့ လုပ်မယ်။ ဒလန်သူလျှိုတွေကတဆင့် အပုပ်ချမှုတွေကို အားစိုက်မယ်။ အဲဒီလိမ်လုံးညာလုံးကို မီဒီယာတတ်မြောက်မှုကိုယ်ခံအားနည်းတဲ့ လူတွေက ယုံရင် သူ အလုပ်ဖြစ်ပြီ။

အဲဒါအပြင် နှစ်ခြောက်ဆယ်ကျော် ဝါရင့်သမ္ဘာရင့် ဝါဒဖြန့်ချိရေးသမား စကစအဖို့ကတော့ အဲဒီလို ပူဖောင်းတွေ အများကြီး ဖြစ်လာအောင် ထူထောင်ချင်လာအောင် (အထူးသဖြင့်) ဆိုရှယ်မီဒီယာပလက်ဖောင်းမှာ ကစားကွက်တွေ ဖန်တီးလိုက်ရုံပေါ့။ သူ့ကို အခြိမ်းခြောက်နိုင်ဆုံး အစုအဖွဲ့ရဲ့ ဂုဏ်သရေညှိုးပြီး ပြည်တွင်းပြည်ပ ထောက်ခံမှု ကျဆင်းအောင် နည်းပေါင်းစုံနဲ့ လုပ်မယ်။ ဒလန်သူလျှိုတွေကတဆင့် အပုပ်ချမှုတွေကို အားစိုက်မယ်။ အဲဒီလိမ်လုံးညာလုံးကို မီဒီယာတတ်မြောက်မှုကိုယ်ခံအားနည်းတဲ့ လူတွေက ယုံရင် သူ အလုပ်ဖြစ်ပြီ။

နောက်ထပ် ပညာခန်းကတော့ ပူဖောင်းလေးတွေနဲ့မှ နေသာပျော်ရှာတဲ့ လူထုထဲ ပူဖောင်းတွေ ဖောင်းပွသထက် ဖောင်းပွအောင် လုပ်တာမျိုးပေါ့။ ဒီတော့ လူမျိုးရေးအခြေခံပြီး ပူဖောင်းတွေ ပွါးကြတယ်။ ဗမာမှာတောင် ဗမာပြည်နယ်တခုထဲဆိုတာမျိုး မဖြစ်အောင် တိုင်းဒေသအလိုက် ပူဖောင်းတွေ ပေါ်လာအောင် ဘေးတီးတာတွေထဲ ဝင်ပါရတယ်။

အဲဒီထက် ပိုပြီးလိုအပ်လာတော့ အသက်မွေးဝမ်းကျောင်းအလိုက် ဘာအလိုက် ညာအလိုက် ပူဖောင်းရောင်စုံကြီးသေး မပေါ်ပေါ်အောင် အားထုတ်ရတာပေါ့။ ခက်တာက သူ့ဗျူဟာကို တချိန်လုံး ခံလာရတဲ့တိုင် အမှတ်အသား မရှိရှာတဲ့လူတွေဟာ သေးသေးကြီးကြီး ပူဖောင်းတခုခုထဲ ဝင်နေမှ အဆင်ပြေမယ်လို့ ထင်ကြတုန်းပဲ။

ဒီလိုနဲ့ပဲ စကစလည်း တော်လှန်ရေးရောင်စုံပူဖောင်းတွေ ကြည့်ပြီး ပျောက်ဆုံးလုဖြစ်နေတဲ့ သူ့ကိုယ်သူ ယုံကြည်ချက်ကို ပြန်ယူနေပုံပေါ်ပါတယ်။ တော်လှန်ရေးဘက်သားတွေကတော့ ဘေးက၊ ပြင်ပက၊ ပြည်ပက ဘာပယောဂမှ ဝင်မလာနိုင်တော့မယ့်အတိုင်း ပူဖောင်းတွေထဲကနေ ကိုယ့်စိတ်ကူးထဲက ပန်းတိုင်ကိုပဲ ခေါင်းစိုက်ဦးတည်နေပြီး ကိုယ့်စိတ်တိုင်းကျ ဦးဆောင်မှုတွေ မရမချင်း ဝေဖန်လေကန်ငြင်းခုန်ကြအံ့ဆိုတဲ့ သတ္တိတွေ ကောင်းနေလေရဲ့။

(စာရေးဆရာမ မသီတာ(စမ်းချောင်း)သည် ဂျာမဏီနိုင်ငံတွင် ယာယီနေထိုင်နေပြီး ၂၀၂၁ စစ်အာဏာသိမ်းဆန့်ကျင်ရေး နွေဦးတော်လှန်ရေးအကြောင်း မှတ်တမ်းတင် ရေးသားထားသော “အံ့စရာဝင်္ကပါ” စာအုပ်ကို မကြာသေးမီက ထုတ်ဝေဖြန့်ချိထားသည်။)

You may also like these stories:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k

ပြစ်ဒဏ်မှ ကင်းလွတ်နေသည့် ဝက်လက် ပ သုံးလုံး

မိုးကုတ်မှာ TNLA အတင်းအကျပ် စစ်သားစုဆောင်းနေဟု ဒေသခံများပြော

မျက်ရည်နဲ့ ရင်းပြီး ရေးထားတဲ့ အံ့စရာ ဝင်္ကပါ

ဒေါ်အောင်ဆန်းစုကြည် အကြောင်းတွေးရင် စိတ်မကောင်းဖြစ်ရတယ် (ရုပ်/သံ)

လွတ်မြောက်ဒေသတွေမှာ လွတ်လပ်မျှတတဲ့ တရားရေး လိုက်နာကျင့်သုံးပါ

Your Thoughts …
Tags: စစ်ကောင်စီစစ်မှုထမ်းတိုင်းရင်းသားတော်လှန်ရေးဒီမိုကရေစီဖက်ဒရယ်လက်နက်ကိုင်လူ့အခွင့်အရေး
မသီတာ(စမ်းချောင်း)

မသီတာ(စမ်းချောင်း)

ဧရာဝတီ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
အာစရိယဂုဏော အနန္တော

အာစရိယဂုဏော အနန္တော

မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အရပ်သား ၁၀၀ ကျော် သေဆုံး

မတ်လအတွင်း လေကြောင်းတိုက်ခိုက်မှု အရပ်သား ၁၀၀ ကျော် သေဆုံး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved