မြန်မာ့တရားဥပဒေစနစ်ကို ထိန်းချုပ်ထားသူတွေက ဖိနှိပ်ရေးကိရိယာအဖြစ် အသုံးပြုနေတာ ကြာပါပြီ။ ပထမ ကိုလိုနီအင်အားကြီးများက အသုံးပြုပြီး နောက်တော့ စစ်အုပ်စုအဆက်ဆက်က ဆက်လက် အသုံးပြုပါတယ်။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ စစ်အုပ်ချုပ်ရေး ဆန့်ကျင်တော်လှန်မှုဟာ အရင် ဘယ်အချိန်ကထက်မဆို ပြင်းထန်ပါတယ်။ ဒါကြောင့် စစ်တပ်က ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ အရင်စစ်အုပ်ချုပ်ရေး ဆယ်စုနှစ်တွေအားလုံး စုစုပေါင်းထက် ကျော်လွန်သွားပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း နိုင်ငံရေးအကျဉ်းသား ၂၈,၅၂၆ ဦးကို ဖမ်းဆီးခဲ့ပြီး ၂၁,၇၉၂ ဦး ထောင်ထဲမှာ ရှိနေဆဲဖြစ်တယ်လို့ စာရေးသူရဲ့အဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မှတ်တမ်းတင်ထားပါတယ်။ လက်တွေ့မြေပြင်မှာ ဒီအရေအတွက်ထက် များစွာပိုမို မြင့်မားနိုင်ပါတယ်။
ဥပဒေကို လက်နက်သဖွယ်သုံးခြင်း
လူ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့နဲ့ လူ့အခွင့်အရေးကို အားပေးဖို့ တရားဥပဒေစနစ်တခု ရှိရမှာဖြစ်ပြီး တခြားကိစ္စတွေအတွက် မဟုတ်ပါဘူး။ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ နိုင်ငံတခုဟာ နိုင်ငံတကာ သဘောတူစာချုပ်တွေ၊ မူဘောင်တွေမှာ ဖော်ပြထားတဲ့အတိုင်း ပြည်သူအားလုံးအတွက် လူပုဂ္ဂိုလ်တွေကို ကာကွယ်ဖို့ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို အာမခံဖို့ ဥပဒေတွေ ရှိသင့်ပါတယ်။
အဲဒီလိုဖြစ်ရမယ့်အစား မြန်မာမှာတော့ စစ်ကောင်စီက အတိုက်အခံတွေကို နှုတ်ပိတ်ဖို့၊ တော်လှန်ရေးကို ရာဇဝတ်မှုလုပ်ဖို့၊ ထိန်းချုပ်မှုကို ဆက်လက်ခိုင်မြဲစေဖို့ ဥပဒေမူဘောင်တွေကို လိုသလို အသုံးချပါတယ်။ မြန်မာနိုင်ငံမှာ ရာဇသတ်ကြီးဥပဒေနဲ့ အထူးဥပဒေတွေကို ရာဇဝတ်မှုဆိုင်ရာ တရားစွဲဆိုမှုတွေအတွက် ပြဋ္ဌာန်းထားပါတယ်။ ကိုလိုနီခေတ်ကတည်းက ရှိခဲ့တဲ့ ရာဇသတ်ကြီးဥပဒေကို အုပ်ချုပ်သူရဲ့ အကျိုးစီးပွားအတိုင်း ကိုလိုနီပြုခံရတဲ့ ပြည်သူတွေ ငြိမ်ဝပ်ပိပြားဖို့၊ တော်လှန်ရေးကို တားဆီးဖို့နဲ့ အုပ်ချုပ်ရေးလွယ်ကူစေဖို့ အကောင်အထည် ဖော်ပါတယ်။
လူ့ဂုဏ်သိက္ခာကို ကာကွယ်ဖို့နဲ့ လူ့အခွင့်အရေးကို အားပေးဖို့ တရားဥပဒေစနစ်တခု ရှိရမှာဖြစ်ပြီး တခြားကိစ္စတွေအတွက် မဟုတ်ပါဘူး။ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ နိုင်ငံတခုဟာ နိုင်ငံတကာ သဘောတူစာချုပ်တွေ၊ မူဘောင်တွေမှာ ဖော်ပြထားတဲ့အတိုင်း ပြည်သူအားလုံးအတွက် လူပုဂ္ဂိုလ်တွေကို ကာကွယ်ဖို့ တရားမျှတမှု၊ တန်းတူညီမျှမှုနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို အာမခံဖို့ ဥပဒေတွေ ရှိသင့်ပါတယ်။
စစ်အုပ်စုအဆက်ဆက်ဟာ အဲဒီဥပဒေတွေကို လက်နက်သဖွယ်သုံးပြီး နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးဖို့ ဝေါဟာရတွေ၊ ပြစ်မှုတွေ၊ ပြစ်ဒဏ်တွေကို ပြင်ဆင်ပါတယ်။ တချိန်တည်းမှာပဲ စစ်တပ်က အကြီးအကျယ် ထိန်းချုပ်ထားပြီး သူတို့အကျိုးအတွက် အကျင့်ပျက်ခြစားမှုတွေလုပ်တဲ့ တရားစီရင်ရေးနဲ့ တရားဥပဒေ စိုးမိုးရေးဌာနတွေဟာ စစ်ကောင်စီရဲ့ ဖိနှိပ်တဲ့မူဝါဒတွေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ကြပါတယ်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီးနောက် ကိုလိုနီခေတ်ဥပဒေတွေကို ပြုပြင်ပြောင်းလဲမယ့်အစား အစိုးရတွေက ဒီအတိုင်း မပြောင်းမလဲ ထားခဲ့တယ်။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီမူတွေနဲ့ ဒါမှမဟုတ် နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီအောင် အရေးပါတဲ့ပြောင်းလဲမှု ဘာမှမလုပ်ခဲ့ဘူး။
အဲဒီလို လုပ်ရမယ့်အစား အများပြည်သူ ငြိမ်ဝပ်ပိပြားမှုထိန်းသိမ်းရေး အက်ဥပဒေ (၁၉၄၇) လို အစိုးရထိန်းချုပ်မှု ခိုင်မာအောင်နဲ့ နိုင်ငံရေးအတိုက်အခံတွေ၊ လက်နက်ကိုင်တော်လှန်ရေး လှုပ်ရှားမှုတွေရဲ့ ခြိမ်းခြောက်မှုလို့ ယူဆချက်တွေကို တန်ပြန်ဖို့ ဥပဒေတွေကို ပြဋ္ဌာန်းခဲ့ပါတယ်။ စစ်အုပ်စုတွေဟာ ပိုမို တင်းကျပ်စွာ စောင့်ကြည့်ထောက်လှမ်းဖို့၊ အတိုက်အခံကို ဖိနှိပ်ဖို့နဲ့ နိုင်ငံရေးမှာ နိုင်ငံတော်အာဏာ တိုးမြှင့်ဖို့ ဥပဒေမူဘောင်တွေကို တိုးချဲ့ကြပါတယ်။
၁၉၆၂ ခုနှစ်မှာ စစ်အုပ်ချုပ်ရေး စတင်လိုက်တာဟာ နိုင်ငံမှာ ဖိနှိပ်တဲ့ဥပဒေ တိုးလာတယ်လို့သာ အဓိပ္ပာယ်ရပါတယ်။ စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်စေဖို့နဲ့ အတိုက်အခံတွေကို ဖိနှိပ်ဖို့ အခြေခံရည်မှန်းချက်နဲ့ ဥပဒေသစ်အများအပြားကို ပြဋ္ဌာန်းတယ်၊ ပြင်ဆင်တယ်။ အဲဒီဥပဒေတွေထဲမှာ အထူးရာဇဝတ်တရားရုံးဥပဒေ (၁၉၆၂)၊ ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ဥပဒေ (၁၉၆၂)၊ မြန်မာနိုင်ငံသားဥပဒေ (၁၉၈၂) နဲ့ တခြားဥပဒေတွေ ပါဝင်ပါတယ်။
၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ မြန်မာ့ပါတီစုံဒီမိုကရေစီ အသွင်ကူးပြောင်းမှု ရှိပေမယ့် ဒီမိုကရေစီမူဘောင်တွေနဲ့ ကမ္ဘာ့လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီအောင်လို့ ဥပဒေမူဘောင်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ အကောင်အထည် မဖော်ခဲ့ဘူး။
၂၀၁၀ ပြည့်နှစ်နောက်ပိုင်းမှာ မြန်မာ့ပါတီစုံဒီမိုကရေစီ အသွင်ကူးပြောင်းမှု ရှိပေမယ့် ဒီမိုကရေစီမူဘောင်တွေနဲ့ ကမ္ဘာ့လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီအောင်လို့ ဥပဒေမူဘောင်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ အကောင်အထည် မဖော်ခဲ့ဘူး။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အောက်မှာ ဥပဒေ ၈၉ ခုကို ပြဋ္ဌာန်းခဲ့၊ ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် စစ်တပ်က ရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက နိုင်ငံရေးမှာ စစ်တပ်ထိန်းချုပ်မှုကို အကြီးအကျယ် လွမ်းဖွင့်ပေးထားပြီး NLD ရဲ့ ဥပဒေတွေ ပြင်ဆင်ဖို့နဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ရှေ့ဆက်ဖို့ စွမ်းဆောင်နိုင်မှုကို ကန့်သတ်ထားပါတယ်။
၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြောက်တရားကို ဥပဒေလုပ်
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှုနောက်ပိုင်းမှာ စစ်ကောင်စီဟာ လက်ရှိဥပဒေတွေကို ဆက်လက် ပြင်ဆင်ပြီး အတိုက်အခံကို ရာဇဝတ်မှုဖြစ်စေမယ့် ဥပဒေသစ်တွေ ပြဋ္ဌာန်းကာ တော်လှန်တဲ့ လူပုဂ္ဂိုလ်တွေနဲ့ သူတို့မိသားစုတွေကို အငြင်းပွားဖွယ် ဖမ်းဆီးဖို့ စစ်ကောင်စီတပ်တွေကို အာဏာပေးလိုက်ပါတယ်။
အရေးအကြီးဆုံးကတော့ စစ်ကောင်စီက ရာဇသတ်ကြီးဥပဒေမှာ ပုဒ်မသစ်တခု ပေါင်းထည့်လိုက်တယ်။ လူထုထိတ်လန့်မှုဖြစ်စေ ဒါမှမဟုတ် စစ်တပ်နဲ့ပတ်သက်တဲ့ သတင်းမှားတွေ ဖြန့်တာလို့ ယူဆနိုင်တဲ့ ဘယ်ပြောဆိုမှု၊ ရေးသားမှု ဒါမှမဟုတ် လုပ်ရပ်ကိုမဆို ရာဇဝတ်မှုလို့ သတ်မှတ်တဲ့ ပုဒ်မ ၅၀၅ (က) ပဲ ဖြစ်ပါတယ်။ အသုံးပြုထားတဲ့ ကျယ်ပြန့်တဲ့ စကားလုံးတွေဟာ စစ်ကောင်စီအနေနဲ့ ဘယ်သူ့ကိုမဆို စိတ်တိုင်းကျ ဖမ်းခွင့်ပေးပါတယ်။
စစ်အာဏာသိမ်းမှုနောက်မှာ စစ်ကောင်စီဟာ သူတို့အပေါ် ဆန့်ကျင်သူတွေကို ထောင်ချဖို့ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅ (က) ကို စနစ်တကျ အသုံးပြုတယ်။ အခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၇,၆၃၀ ဦးကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဆီးထားတယ်လို့ AAPP က မှတ်တမ်းတင်ထားပါတယ်။
မကြာသေးမီကလည်း စစ်တပ်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးဖို့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မတွေကို အသုံးပြုပြီး နိုင်ငံရေးအကျဉ်းသားတွေကို ပုဒ်မ ၅၀၅ (က) ထက် ပိုမိုရှည်ကြာစွာ ထောင်ချနိုင်ခဲ့ပါတယ်။ အဲဒီ ဥပဒေအရ နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ဒဏ် ၁၀ နှစ်ကျော်အထိ အချခံရပေမယ့် အများအပြားဟာ တသက်တကျွန်းနဲ့ သေဒဏ်အထိ ချခံရပါတယ်။
အကြမ်းဖက်မှုဆိုတာကို ရှင်းလင်းစွာ အဓိပ္ပာယ်မဖွင့်ဆိုဘဲ ဖွင့်ဆိုချက်တွေဟာ ကျယ်ပြန့်ပြီး အဓိပ္ပာယ် အမျိုးမျိုးဖြစ်နေသလို တိုက်တွန်းနှိုးဆော်ခြင်း၊ စည်းရုံးသိမ်းသွင်းခြင်းနဲ့ ဝါဒဖြန့်ချိခြင်းကို မှုန်ဝါးဝါးနဲ့ ဘက်လိုက်တဲ့ အယူအဆတွေ ပါဝင်ပါတယ်။ ဒါကြောင့် အဲဒီစကားလုံးတွေကို လိုသလို ရွေးချယ်ကျင့်သုံးနိုင်ပါတယ်။
အကြမ်းဖက်မှုဆိုတာကို ရှင်းလင်းစွာ အဓိပ္ပာယ်မဖွင့်ဆိုဘဲ ဖွင့်ဆိုချက်တွေဟာ ကျယ်ပြန့်ပြီး အဓိပ္ပာယ် အမျိုးမျိုးဖြစ်နေသလို တိုက်တွန်းနှိုးဆော်ခြင်း၊ စည်းရုံးသိမ်းသွင်းခြင်းနဲ့ ဝါဒဖြန့်ချိခြင်းကို မှုန်ဝါးဝါးနဲ့ ဘက်လိုက်တဲ့ အယူအဆတွေ ပါဝင်ပါတယ်။ ဒါကြောင့် အဲဒီစကားလုံးတွေကို လိုသလို ရွေးချယ်ကျင့်သုံးနိုင်ပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၇,၇၈၀ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဖမ်းဆီးထားတယ်လို့ AAPP က မှတ်တမ်းတင်ထားပေမဲ့ အဲဒီအရေအတွက်ထက် များစွာ ပိုမို မြင့်မားနိုင်ပါတယ်။
စစ်တပ်ရဲ့ လက်စွဲစာအုပ်က ဖိနှိပ်တဲ့ဥပဒေတွေဟာ အရမ်းကျယ်ပြန့်ပြီး ဖိနှိပ်မှုအတွက် အင်အားကြီးမားတဲ့ ယန္တရားဖြစ်အောင် အချိန်နဲ့အမျှ တည်ဆောက်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးရာမှာ စနစ်တကျ အသုံးပြုတဲ့ အခြားဥပဒေတွေမှာ မတရားအသင်းဆက်သွယ်မှုဥပဒေနဲ့ လက်နက်ဥပဒေလည်း ပါဝင်ပါတယ်။
တခြားဥပဒေတွေ အထူးသဖြင့် ဆက်သွယ်ရေးဥပဒေနဲ့ ပုံနှိပ်ထုတ်ဝေရေးဥပဒေတွေဟာ မီဒီယာနဲ့ လူပုဂ္ဂိုလ်တဦးချင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ကန့်သတ်ဖို့ ကြိုးစားပါတယ်။ တချိန်တည်းမှာပဲ လွတ်လပ်ပွင့်လင်းတဲ့ လူမှုနယ်ပယ်ကို အသင်းအဖွဲ့များ မှတ်ပုံတင်ဥပဒေနဲ့ တခြား ဥပဒေတွေကတဆင့် ဖိနှိပ်ပါတယ်။
အရပ်သားတွေဟာ ရပ်ကွက်နဲ့ ကျေးရွားအုပ်စု အုပ်ချုပ်ရေးဥပဒေလို ဥပဒေတွေကနေ စောင့်ကြည့်ထောက်လှမ်းခံရတာနဲ့ လွတ်လပ်မှု ကန့်သတ်ခံရခြင်းကို ရင်ဆိုင်ရပါတယ်။ မကြာသေးမီက ပြဋ္ဌာန်းခဲ့တဲ့ ဆိုက်ဘာလုံခြုံရေးဥပဒေဟာ ဆက်သွယ်ရေးနဲ့ အများပြည်သူ ထင်မြင်ချက်အပေါ် စစ်ကောင်စီရဲ့ ထိန်းချုပ်မှုကို ပိုမိုတင်းကျပ်စေပါတယ်။
အားလုံးကို ခြုံပြောရရင် စစ်တပ်ဟာ လွတ်လပ်မှု၊ ဒီမိုကရေစီ၊ တန်းတူညီမျှမှုနဲ့ လူ့အခွင့်အရေးကို ပစ်မှတ်ထားဖို့ အဲဒီဥပဒေတွေကို ကျင့်သုံးပါတယ်။ အဲဒီဥပဒေတွေမှာ မျှတစွာ ကျင့်သုံးနိုင်ဖို့ ရှင်းလင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုမှု မရှိဘူး။ စာကြောင်းတွေဟာ လုပ်ရပ်နဲ့ မကိုက်ညီဘူး။ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ သေဒဏ်ချမှတ်ခံရသူ ၁၂၅ ဦး ရှိပြီး တခြားသူ ၄၁၄ ဦးကို တသက်တကျွန်း ချမှတ်ထားတယ်လို့ AAPP က မှတ်တမ်းတင်ထားပါတယ်။
တော်လှန်ရေးထိန်းချုပ်နယ်မြေမှာ ဥပဒေပြဋ္ဌာန်းခြင်း
မြန်မာဟာ အရေးပါတဲ့ လမ်းဆုံလမ်းခွကို ရောက်နေပြီး စစ်တပ် အာဏာချုပ်ကိုင်မှု ဆုံးရှုံးနေကာ တနိုင်ငံလုံးမှာ လွတ်မြောက်ဒေသတွေ ကြီးထွားလာနေပါတယ်။ အခုအချိန် လွတ်မြောက်ဒေသတွေမှာ စီမံအုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးမှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေ ထွက်ပေါ်လာနေပါတယ်။
စစ်တပ်ကရေးဆွဲတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျနော်တို့ ပယ်ချတယ်။ ဒါကြောင့် စီမံအုပ်ချုပ်ရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ ဥပဒေအကောင်အထည်ဖော်ရေးတို့ကို လမ်းညွှန်ဖို့ တိကျသော ဥပဒေမူဘောင် မရှိဘူး။ လွတ်မြောက်ဒေသအချို့မှာတော့ ခရိုင်အဆင့် တရားသူကြီးတွေနဲ့ တရားရေး လုပ်ငန်းစဉ်တခု ထူထောင်ပြီး တရားရေးစနစ်တွေကို ချမှတ်ထားပါတယ်။ တချို့နေရာများတွေမှာလည်း သူတို့ရဲ့ သီးခြားဥပဒေမူဘောင်တွေကို အကောင်အထည် ဖော်နေတာ ရှိပါတယ်။
လက်ရှိအခြေအနေမှာ စိန်ခေါ်မှုတွေကြောင့် လုံးဝအသစ်ဖြစ်တဲ့ ဥပဒေတွေ ရေးဆွဲ အကောင်အထည်ဖော်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် စစ်တပ်က ပြဋ္ဌာန်း ပြုပြင်ထားတဲ့ ဥပဒေတွေကို လွတ်မြောက်ဒေသ အများအပြားမှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေတွေကို မကျင့်သုံးမီမှာ ဂရုတစိုက် ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။
လက်ရှိအခြေအနေမှာ စိန်ခေါ်မှုတွေကြောင့် လုံးဝအသစ်ဖြစ်တဲ့ ဥပဒေတွေ ရေးဆွဲ အကောင်အထည်ဖော်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် စစ်တပ်က ပြဋ္ဌာန်း ပြုပြင်ထားတဲ့ ဥပဒေတွေကို လွတ်မြောက်ဒေသ အများအပြားမှာ အသုံးပြုနေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အဲဒီဥပဒေတွေကို မကျင့်သုံးမီမှာ ဂရုတစိုက် ပြန်လည်သုံးသပ်ဖို့ လိုပါတယ်။
တော်လှန်ရေးအဖွဲ့ ထိန်းချုပ်ဒေသတွေမှာ ဥပဒေတွေကို အကောင်အထည် မဖော်မီ နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့ ကိုက်ညီအောင် လုပ်ဖို့လိုပါတယ်။ မှားယွင်းဖွင့်ဆိုတာတွေ ဒါမှမဟုတ် အမြတ်ထုတ်အသုံးချတဲ့ ဝေဝါးပြီး အဓိပ္ပာယ်အမျိုးမျိုး သက်ရောက်တဲ့ ပြဋ္ဌာန်းချက်တွေကို ဖယ်ရှားပစ်ဖို့ လိုပါတယ်။
အာဏာပိုင်တွေကို အလွန်အကျွံ အာဏာပေးထားတဲ့ ဥပဒေတွေနဲ့ ပြစ်မှုရဲ့ ပြင်းထန်မှုနဲ့ မကိုက်ညီတဲ့၊ အချိုးအစား မမျှတတဲ့ ပြစ်ဒဏ်တွေကိုလည်း ရပ်ဆိုင်းရပါမယ်။ ဒါ့အပြင် ဥပဒေတွေကို ပြည်သူလူထု သိရှိနားလည်အောင် လုပ်ရမယ်။
တရားဥပဒေ ပြုပြင်ပြောင်းလဲရေး အရေးကြီး
တရားမျှတတဲ့စနစ်တခုကို လက်ရှိဥပဒေတွေ ပြင်ဆင်ရုံသက်သက်နဲ့ တည်ဆောက်လို့ မရပါဘူး။ ဥပဒေ အကောင်အထည်ဖော်ရေးအတွက် တာဝန်ရှိတဲ့ အင်စတီကျူးရှင်းတွေကို ပြုပြင်ပြောင်းလဲဖို့ လိုပါတယ်။ ဥပဒေ အဖွဲ့အစည်းတွေဖြစ်တဲ့ တရားသူကြီးတွေ၊ အုပ်ချုပ်ရေးအဖွဲ့တွေ၊ ဒေသဆိုင်ရာ ရဲအရာရှိတွေနဲ့ အခြားလက်နက်ကိုင် အုပ်စုတွေက သူတို့ အကောင်အထည်ဖော်တဲ့ဥပဒေကို လေးစားရမယ်။ ဘယ်ရာထူးအဆင့်ဖြစ်ဖြစ် ဘယ်သူမှ ဥပဒေအထက်မှာ မရှိရဘူး။ တဆက်တည်းမှာပဲ ရာဇဝတ်မှုနဲ့ အစွပ်စွဲခံရသူတိုင်းဟာ သူတို့ကိုယ်သူတို့ ခုခံကာကွယ်ဖို့ အခွင့်အရေး ရှိရမယ်။
နွေဦးတော်လှန်ရေး အရှိန်အဟုန် ရလာတာကြောင့် စာရေးသူတို့က တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီမူတွေကို အင်အားဖြည့်ပေးမယ့် ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ပတ်ဝန်းကျင်ကို ပြန်လည်ဖွင့်ဆိုပြီး နိုင်ငံကို ပြန်လည် ပုံဖော်ဖို့၊ စိတ်ကူးစီစဉ်ဖို့ အခွင့်အလမ်းရလာပါတယ်။
လက်ရှိအချိန်မှာ ခရိုင်အဆင့် တရားသူကြီးတဦးဟာ လွတ်မြောက်ဒေသတွေမှာ သေဒဏ်ချမှတ်ဖို့ အခွင့်အာဏာ ရှိပါတယ်။ စွပ်စွဲခံရသူဟာ မျှတတဲ့ ခုခံကာကွယ်ခွင့် မရှိပါဘူး။ ရွေးကောက်ခံအမျိုးသားအစိုးရ ဒါမှမဟုတ် သမ္မတ မရှိတာကြောင့် သူတို့ကို သေဒဏ်ပေးလိုက်ရင် သူတို့ရဲ့ အယူခံခွင့် ဆုံးရှုံးပါတယ်။
နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြန်လည်ထူထောင်ရေး တရားမျှတမှုနဲ့ ပြန်လည်သင့်မြတ်ခြင်းဟာ ကျူးလွန်သူကို လူ့အဖွဲ့အစည်းနဲ့ ထိရောက်စွာ ပြန်လည်ပေါင်းစည်းဖို့ ကြားဝင်ခြင်းနဲ့ ပံ့ပိုးမှုကို အာရုံစိုက်ပြီး ထိရောက်ကြောင်း ပြသနေပါတယ်။ အဲဒီလို အယူအဆတွေကို လက်ခံတယ်ဆိုရင် လွတ်မြောက်ဒေသ တရားရေးစနစ်တွေမှာ သေဒဏ်ရှိနေစရာ မလိုဘူး။
နွေဦးတော်လှန်ရေး အရှိန်အဟုန် ရလာတာကြောင့် စာရေးသူတို့က တရားဥပဒေစိုးမိုးမှု၊ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီမူတွေကို အင်အားဖြည့်ပေးမယ့် ဥပဒေပြုရေးနဲ့ တရားစီရင်ရေး ပတ်ဝန်းကျင်ကို ပြန်လည်ဖွင့်ဆိုပြီး နိုင်ငံကို ပြန်လည် ပုံဖော်ဖို့၊ စိတ်ကူးစီစဉ်ဖို့ အခွင့်အလမ်းရလာပါတယ်။
အဲဒီအမြင်အရ ရေရှည် တည်ငြိမ်မှုနဲ့ ငြိမ်းချမ်းမှုအတွက် အုတ်မြစ်ချပြီး ပြည်သူတွေကို ကာကွယ်ဖို့ရည်ရွယ်တဲ့ အင်စတီကျူးရှင်းတွေမှာ အများပြည်သူ ယုံကြည်မှု ပြန်လည်တည်ဆောက်ဖို့ အဓိပ္ပာယ်ပြည့်ဝတဲ့ ပြုပြင်ပြောင်းလဲရေးဟာ မရှိမဖြစ် အရေးပါ ပါတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ဘိုကြည်၏ Toward a Just Society: Myanmar’s Legal System Being Redrawn in Liberated Zones ကို ဘာသာပြန်သည်။ ဘိုကြည်သည် နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ တွဲဖက်အတွင်းရေးမှူး ဖြစ်သည်။)
You may also like these stories:
နိုင်ငံရေးအကျဉ်းသားတွေအတွက် တရားမျှတမှု လိုအပ်သည်
NUG တာဝန်ယူရမယ့် ကန့်ဘလူ အချုပ်စခန်းက လိင်အကြမ်းဖက်မှု
မုန်လိုင်ခက်ဖြစ်ရပ် တရားမျှတမှုရရှိရေး AA လုပ်ဆောင်မည်
သတင်းမီဒီယာအပေါ် စစ်ကောင်စီကျူးလွန်မှုများ တရားမျှတမှုရရေးကြိုးပမ်းမည်ဟု NUG ဆို
ဆန္ဒပြသူတွေကို NUG လက်အောက်ခံတပ်တွေဖမ်းဆီး (ရုပ်/သံ)
နွေဦးတော်လှန်ရေးအတွက် ကြီးထွားလာနေသော အတွင်းအန္တရာယ်များ












