မြန်မာ့ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို စစ်တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ဖြုတ်ချပြီးနောက် ပြည်သူ သန်းပေါင်းများစွာဟာ လမ်းမတွေကို ထွက်လာပြီး စစ်အာဏာသိမ်းမှုကို လုံးဝမနှစ်မြို့ကြောင်း ပြသပြီး အပြောင်းအလဲ တောင်းဆိုရာမှာ ညီညွတ်ခဲ့ကြတယ်။
စစ်တပ်က ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ရက်စက်ကြမ်းကြုတ်မှုတွေ၊ အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုတွေနဲ့ ထုံးစံအတိုင်း တုံ့ပြန်ပြီး နိုင်ငံရေးအကျဉ်းသားအရေအတွက် အကြီးအကျယ် များပြားစေတယ်။ သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ အပါအဝင် လူပေါင်း ၂၈,၀၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က မှတ်တမ်းတင်ထားပါတယ်။
မြန်မာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် ကမ္ဘာ့ဆွေးနွေးမှုတွေမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာ အဓိကပြဿနာ ဖြစ်နေတာ ဆယ်စုနှစ် သုံးခုရှိပြီ။
မြန်မာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ အာဆီယံ အပါအဝင် ကမ္ဘာ့ဆွေးနွေးမှုတွေမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးဟာ အဓိကပြဿနာ ဖြစ်နေတာ ဆယ်စုနှစ် သုံးခုရှိပြီ။
၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှု နောက်ပိုင်းမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်တွေမှာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို ဆက်လက် တောင်းဆိုတယ်။ သူတို့ လွတ်မြောက်ရေးဟာ နိုင်ငံရဲ့ တရားမျှတမှုနဲ့ တာဝန်ယူမှုတိုက်ပွဲရဲ့ ဗဟိုချက်မှာ ရှိနေပါတယ်။
ပြဿနာက စစ်တပ်
၂၀၁၀ ပြည့်နှစ်နဲ့ ၂၀၂၀ ပြည့်နှစ်ကြားမှာ မြန်မာဟာ ယှဉ်ကြည့်ရင် နိုင်ငံရေးပွင့်လင်းမှုကာလကို တွေ့ကြုံခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပြီး အစိုးရခေါင်းဆောင်ရာထူး ရတယ်။ ရွေးကောက်ပွဲတွေ ကျင်းပတယ်။ တက်ကြွလှုပ်ရှားသူတွေကို ထောင်က လွှတ်ပေးပြီး သူတို့ရဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဆက်လက် လုပ်ခွင့်ပေးတယ်။
မြန်မာမှာ နိုင်ငံရေးအကျဉ်းသား ပြဿနာဟာ အဆုံးသတ်သွားပြီလို့ ပြည်သူအများအပြား ယုံကြည်ခဲ့တယ်။ ဒီမိုကရေစီ အရိပ်အယောင်ရှိပေမယ့် စစ်တပ်ဟာ အာဏာကို တင်းကျပ်စွာ ချုပ်ကိုင်ထားပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ ဆက်လက်ကျူးလွန်ပြီး နိုင်ငံရေးအကျဉ်းသားတွေကို ဖမ်းဆီးဖိနှိပ်တယ်။ စစ်တပ်က အာဏာသိမ်းတော့ လူတော်တော်များများက မအံ့သြဘူး။
စစ်တပ်ဟာ မြန်မာပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဂရုမစိုက်ဘူး၊ ဘယ်တုန်းကမှလည်း ဂရုမစိုက်ခဲ့ဘူး။ ဒီအချက်ကို စစ်တပ်က နိုင်ငံတဝန်းမှာ ဆက်လက် ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်ဆင်ရေးမှာ အထင်အရှား တွေ့နိုင်ပြီး လူ့အသက်တွေကို လုံးဝ ဂရုမစိုက်ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေတယ်။
အရပ်သား ၂၆ ယောက် သေဆုံးတယ်လို့ AAPP က မှတ်တမ်းတင်ထားတဲ့ ရခိုင်ပြည်နယ်၊ ရမ်းဗြဲကျွန်းကို မကြာသေးမီက လေကြောင်းတိုက်ခိုက်မှုဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အရပ်သားတွေကို တိုက်ခိုက်မှုများစွာအနက် တခုသာဖြစ်တယ်။
စစ်အာဏာသိမ်းကာလနောက် လူ ၆,၂၀၀ ကျော်ကို ဥပဒေမဲ့ သတ်ဖြတ်တယ်လို့ AAPP က မှတ်တမ်းတင်ထားပေမယ့် တကယ် အသတ်ခံရတဲ့ အရေအတွက်က အများကြီး ပိုမိုမြင့်မားနိုင်တယ်။
စစ်အာဏာသိမ်းကာလနောက် လူ ၆,၂၀၀ ကျော်ကို ဥပဒေမဲ့ သတ်ဖြတ်တယ်လို့ AAPP က မှတ်တမ်းတင်ထားပေမယ့် တကယ် အသတ်ခံရတဲ့ အရေအတွက်က အများကြီး ပိုမိုမြင့်မားနိုင်တယ်။
ပြည်သူတွေဟာ လျှပ်စစ်ဓာတ်အား အလုံအလောက် အသုံးမပြုနိုင်ကြဘူး။ သယ်ယူပို့ဆောင်ရေးက အကန့်အသတ်ရှိတယ်။ ကလေးတွေက ကျောင်းမသွားရဲဘူး။ စစ်တပ်ဟာ နိုင်ငံရဲ့ လူသားရင်းမြစ်တွေကို သံတိုင်တွေနောက် ပို့နေပြီး ကျန်းမာရေးဝန်ထမ်း ၂၀၇ ဦး၊ ဆရာ ဆရာမ ၄၈၃ ဦး၊ ကျောင်းသား ၁,၁၆၀ ဦး၊ ရှေ့နေ ၆၈ ဦး၊ မီဒီယာသမား ၁၉၃ ဦးနဲ့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး တော်လှန်ရေးရဲ့ အုတ်မြစ်ဖြစ်တဲ့ အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ဝန်ထမ်းအများအပြားကို ဖမ်းဆီးထောင်ချထားတယ်။
ဒါပေမယ့် အဲဒီလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေဟာ စစ်တပ်ကိုပဲ ထိခိုက်စေပြီး အခုတော့ သမိုင်းတလျှောက် အင်အားအနည်းဆုံး ဖြစ်လာစေတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေက နိုင်ငံအစိတ်အပိုင်း အများအပြားကို ထိန်းချုပ်ထားပြီး ပြည်သူတွေက စစ်တပ်ကို အယုံအကြည် မရှိဘူး။
လွတ်လပ်ပြီး မျှတတဲ့ ဒီမိုကရက်တစ် မြန်မာအတွက် ပြည်သူတွေရဲ့ ကာလကြာမြင့်တဲ့ မျှော်လင့်ချက်တွေဟာ အခုအချိန်မှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဘယ်အချိန်ထက်မဆို ပိုမို ဖြစ်နိုင်ခြေ ရှိလာပုံရတယ်။ အခုအချိန် မြန်မာမှာ ပိုမိုတောက်ပတဲ့ အနာဂတ်အတွက် ဘဝမြှုပ်နှံလုပ်ကိုင်နေတဲ့ စာရေးသူတို့ဟာ တရားမျှတမှုနဲ့ တာဝန်ခံမှုအတွက် အုတ်မြစ်တည်ဆောက်ရေးကို ဆက်လက် အာရုံစိုက်ရမယ်။
နိုင်ငံရေးအကျဉ်းသားများလွှတ်ရန် အရေးပေါ်လိုအပ်
စာရေးသူရဲ့ အဖွဲ့အစည်းဖြစ်တဲ့ AAPP ဟာ မြန်မာက နိုင်ငံရေးအကျဉ်းသား ပြဿနာတွေနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေတာ ၂၅ နှစ်နီးပါး ကြာပြီ ဖြစ်ပါတယ်။
ပထမဆုံးအချက်အနေနဲ့ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ စာရေးသူတို့ တောင်းဆိုတယ်။ ဒီလိုလုပ်တာဟာ တိုးတက်မှုအတွက် ခြေလှမ်းတခု ဖြစ်တယ်။
ဒီတော်လှန်ရေး ပြီးဆုံးသွားရင်တောင် နိုင်ငံရေးအကျဉ်းသားတွေဟာ ရှင်သန်ရေးအတွက် ရုန်းကန်ကြရမယ်။ အကျဉ်းသားတွေ ခံစားရတဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း ညှဉ်းပန်းနှိပ်စက်မှုတွေကြောင့် ထောင်ချခံရတာဟာ ရေရှည်အကျိုးဆက်တွေ ဖြစ်စေတယ်။
သူတို့ရဲ့ ဘဝတွေကို ပြန်လည် တည်ဆောက်ဖို့ သူတို့ကို စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်ဆွေးနွေး ပညာပေးရေး၊ ဆေးဝါးအကူအညီနဲ့ ရုပ်ဝတ္ထုအထောက်အကူ အပါအဝင် ပြန်လည် ထူထောင်ရေးလုပ်ပေးဖို့ လိုတယ်။
သူတို့ကို ခြွင်းချက်မရှိ လွှတ်ပေးရေးနဲ့ အထောက်အပံ့နဲ့တင် မလုံလောက်သေးဘူး။ လွတ်မြောက်ပြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် သူတို့အားလုံး နိုင်ငံရေးနဲ့ အနာဂတ် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုမှာ ပါဝင်နိုင်ဖို့ နေရာပေးရမယ်။
ဒါပေမယ့် သူတို့ကို ခြွင်းချက်မရှိ လွှတ်ပေးရေးနဲ့ အထောက်အပံ့နဲ့တင် မလုံလောက်သေးဘူး။ လွတ်မြောက်ပြီးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် သူတို့အားလုံး နိုင်ငံရေးနဲ့ အနာဂတ် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုမှာ ပါဝင်နိုင်ဖို့ နေရာပေးရမယ်။
လက်ရှိ ပဋိပက္ခအတွင်း လွတ်မြောက်ပြီးသူ အနည်းငယ်ဟာ အခုအခါမှာ စောင့်ကြည့်ခံနေရပြီး ထပ်မံ အဖမ်းခံရမယ့်အန္တရာယ်နဲ့ သူတို့ လူမှုအသိုက်အဝန်းတွေကနေ ခွဲထားမယ့် အန္တရာယ်ကို အမြဲတမ်း ရင်ဆိုင်နေရတယ်။
လွတ်မြောက်လာတဲ့ ခေါင်းဆောင်တွေကို ခရီးသွားဖို့၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပြည်ပ သံတမန်တွေ အပါအဝင် လူမှုအသိုက်အဝန်းတွေနဲ့ ထိတွေ့ဆက်ဆံဖို့၊ မျှတတဲ့ တရားဥပဒေစိုးမိုးမှုနဲ့ ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော် ထူထောင်ရေး အရေးပါတဲ့လုပ်ငန်းတွေ လုပ်ဖို့ ခွင့်ပြုရမယ်။
ဒီမိုကရေစီ အနာဂတ်ကို ချီတက်နိုင်ဖို့ နိုင်ငံဟာ တည်ငြိမ်မှုနဲ့ ယုံကြည်နိုင်မှု လိုအပ်တယ်။ မြန်မာဟာ အနာဂတ်မှာ စစ်တပ်တခု လိုအပ်မှာဖြစ်လို့ ပြည်သူကို အလုပ်အကျွေးပြုတဲ့၊ စစ်တပ်ပီသတဲ့ စစ်တပ်ထူထောင်ရေးဟာ သော့ချက်ဖြစ်တယ်။ ယုံကြည်မှုတည်ဆောက်ခြင်းဟာ အဲဒီလုပ်ငန်းရဲ့ အုတ်မြစ်ဖြစ်ရမယ်။ ကျူးလွန်ခဲ့တဲ့အမှားတွေကို စစ်တပ်က ဝန်ခံရမှာဖြစ်ပြီး နိုင်ငံရေး၊ စီးပွားရေးနဲ့ မပတ်သက်ဖို့ ကတိပြုရမယ်။
ဒေသအတွက် တည်ငြိမ်မှု
တည်ငြိမ်မှုဟာ နိုင်ငံတွင်းက လူတွေအတွက်သာမက ဒေသအတွက်လည်း အရေးပါတယ်။ စစ်တပ်ကသာ အာဏာမသိမ်းခဲ့ရင် မြန်မာနိုင်ငံဟာ တည်ငြိမ်မှုလမ်းကြောင်းပေါ် ရောက်နေလောက်ပြီး ဒီမိုကရေစီနဲ့ စီးပွားရေး တိုးတက်မှုတွေ လုပ်နေနိုင်တယ်။ စာရေးသူတို့ဟာ ဒေသတွင်းစီးပွားရေးကို အကျိုးပြုဖို့ အသိပညာ မျှဝေပြီး တိုးတက်မှုကို အားပေးကာ အခွင့်အလမ်းရနေမှာ ဖြစ်တယ်။
ပြည်သူ့ဆန္ဒကို အမှန်တကယ် ကိုယ်စားပြုနိုင်သူတွေ နိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ဆီကို ချီတက်နိုင်ဖို့ကလွဲလို့ အပေးအယူလုပ်ဖို့ စိတ်မဝင်စားတဲ့ စစ်တပ်နဲ့ စေ့စပ်ညှိနှိုင်းမှုအတုအယောင်တွေကို ကျနော်တို့ မလိုချင်ပါ။
အဲဒီလို ဖြစ်ရမယ့်အစား စာရေးသူတို့ဟာ ဝန်ထုတ်ဝန်ပိုး ဖြစ်နေတယ်။ စစ်အာဏာသိမ်းမှုကြောင့် အိမ်နီးချင်းနိုင်ငံတွေအပေါ် ရိုက်ခတ်မှုအတွက် စာရေးသူတို့ စိတ်မကောင်းပေမယ့် နိုင်ငံကို ပြန်လည် တည်ဆောက်ရာမှာ မြန်မာပြည်သူတွေအတွက်သာမက သူတို့ရဲ့ တည်ငြိမ်မှုနဲ့ ဘုံအနာဂတ်အတွက်ပါ ပါဝင်လှုပ်ရှားကူညီဖို့ သူတို့ကို တိုက်တွန်းတယ်။
စစ်ကောင်စီရဲ့ ညှဉ်းပန်းနှိပ်စက်မှုကနေ ထွက်ပြေးလာသူတွေကို အိမ်နီးချင်းနိုင်ငံတွေက လက်ခံရမယ်။ အရေးကြီးတာက မြန်မာက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံခေါင်းဆောင်တွေကို အာဏာလွှဲပေးဖို့ စစ်တပ်ကို ဖိအားပေးရေးအတွက် သူတို့ရဲ့ ရင်းမြစ်တွေနဲ့ သြဇာကို အသုံးပြုရမယ်။
ပြည်သူ့ဆန္ဒကို အမှန်တကယ် ကိုယ်စားပြုနိုင်သူတွေ နိုင်ငံကို ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်ဆီကို ချီတက်နိုင်ဖို့ကလွဲလို့ အပေးအယူလုပ်ဖို့ စိတ်မဝင်စားတဲ့ စစ်တပ်နဲ့ စေ့စပ်ညှိနှိုင်းမှုအတုအယောင်တွေကို ကျနော်တို့ မလိုချင်ပါ။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ ဘိုကြည်၏ For Federal Democracy to Succeed, Myanmar’s Political Prisoners Need Justice ကို ဘာသာပြန်သည်။ ကိုဘိုကြည်သည် နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဖြစ်သည်။)
You may also like these stories:
နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုပါ၊ စစ်ကောင်စီရဲ့ မသမာတဲ့ အကြံအစည်ကို ပယ်ချပါ
နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးသည် အပေးအယူကိစ္စ မဟုတ်
နိုင်ငံရေးအကျဉ်းသားများကို ကွပ်မျက်မှု တရားဥပဒေနှင့် မညီ
၂၀၂၄ ခုနှစ် အစောပိုင်းတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃ ဦး သေဆုံး
အကြမ်းဖက်မှုရပ်ပြီး နိုင်ငံရေးအကျဉ်းသားလွှတ်ရန် အမေရိကန်က စစ်ကောင်စီကို တောင်းဆို