• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုပါ၊ စစ်ကောင်စီရဲ့ မသမာတဲ့ အကြံအစည်ကို ပယ်ချပါ

by Igor Blazevic
10 January 2025
in Human Rights, သူ့အတွေး သူ့အမြင်
A A
နိုင်ငံရေးအကျဉ်းသားတွေကို ဂုဏ်ပြုပါ၊ စစ်ကောင်စီရဲ့ မသမာတဲ့ အကြံအစည်ကို ပယ်ချပါ

ဇန်နဝါရီလ ၄ ရက်နေ့က လွတ်ငြိမ်းသက်သာခွင့်နှင့် ပြန်လွတ်နိုင်ဖွယ် ရှိသူများကို အင်းစိန်ထောင်ရှေ့တွင် မျှော်လင့်စောင့်ဆိုင်းနေသည့် မိသားစုဝင်များ / ဧရာဝတီ

1.6k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီရဲ့ထောင်တွေထဲက လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတိုင်းအတွက် ဝမ်းသာကြမယ်။ သူတို့ကို ပြုစုစောင့်ရှောက် လေးစားတဲ့လူတွေနဲ့အတူ နေထိုင်ဖို့ ထိုက်တန်တဲ့ သက်ကြီးဝါကြီးနဲ့ ကျန်းမာရေး မကောင်းသူတွေ လွတ်မြောက်လာတာ ဝမ်းသာတယ်။

သူတို့ရဲ့ တရားမျှတမှုအမြင်နဲ့ သူတို့ ရွေးချယ်တဲ့ဘဝကို လျှောက်လှမ်းလိုတဲ့ ဆန္ဒကြောင့် တယောက်တည်းထားတဲ့ အကျဉ်းတိုက်တွေမှာ အားအင်ကုန်ခန်းမနေဘဲ ချစ်ချစ်ခင်ခင်၊ စူးစမ်းလေ့လာ၊ သင်ယူ၊ ကြီးထွား၊ ဆော့ကစားနေသင့်တဲ့ လူငယ်တွေ လွတ်မြောက်လာလို့ ဝမ်းသာရမယ်။

မိသားစုကို ထောက်ပံ့ဖို့၊ သူတို့ရဲ့ ကလေးတွေနဲ့ သက်ကြီးဝါကြီးတွေကို စောင့်ရှောက်ဖို့၊ သူတို့ရဲ့ လူမှုအသိုက်အဝန်းတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ မဏ္ဍိုင်အဖြစ် တာဝန်ယူနေသင့်တဲ့ သက်လတ်ပိုင်းလူတွေ လွတ်မြောက်လာတာ ဝမ်းသာရမယ်။

တချိန်တည်းမှာပဲ စစ်ကောင်စီရဲ့ မသမာတဲ့လှည့်ကွက်နဲ့ လူ့အသက်တွေကို နိုင်ငံရေးကစားပွဲမှာ စစ်တုရင်ရုပ်တွေလို အသုံးပြုတဲ့ ဆိုးရွားသော လုပ်ရပ်ကို ရှုတ်ချရမယ်။ မချီးကျူးပါနဲ့။

အရင်က အကြိမ်ကြိမ်လုပ်ခဲ့တဲ့အတိုင်း စစ်ကောင်စီဟာ အပြစ်မဲ့အရပ်သား ၂ သောင်းကျော်ကို ဖမ်းဆီးအကျဉ်းချထားပြီး နိုင်ငံရေးအကျဉ်းသား အနည်းငယ်ကို နောက်တခါ ထပ်လွှတ်ပေးတယ်။

ဒီလှည့်ကွက်ဟာ သွေးချောင်းစီးမှု၊ ရာဇဝတ်မှုတွေနဲ့ နစ်နေတဲ့ မြန်မာစစ်အာဏာရှင်စနစ်ရဲ့ မကောင်းမှုတွေကို ဖုံးကွယ်ပေးဖို့ စိတ်အားထက်သန်သူတွေအတွက် မှားယွင်းတဲ့အမြင်ကို ဖန်တီးပေးပြီး “လက်ခံနိုင်ဖွယ် မရှိဘူး”။

ဒီလှည့်ကွက်ဟာ သွေးချောင်းစီးမှု၊ ရာဇဝတ်မှုတွေနဲ့ နစ်နေတဲ့ မြန်မာစစ်အာဏာရှင်စနစ်ရဲ့ မကောင်းမှုတွေကို ဖုံးကွယ်ပေးဖို့ စိတ်အားထက်သန်သူတွေအတွက် မှားယွင်းတဲ့အမြင်ကို ဖန်တီးပေးပြီး “လက်ခံနိုင်ဖွယ် မရှိဘူး”။

ဒီလို လုပ်ရပ်မျိုးတွေကို စစ်ဝတ်စုံဝတ် ရာဇဝတ်ကောင် သူခိုးဓားပြတွေဆီက မျှော်လင့်ထားပြီးဖြစ်တယ်။ အမှန်တကယ် ကျက်သရေကင်းမဲ့တာက “အကျဉ်းသားတွေလွှတ်ပေးတဲ့” လမ်းလွှဲတဲ့လုပ်ရပ်ကို အသုံးချပြီး လှည့်ကွက်အမြင်တွေဖြန့်ချိတဲ့ လူအုပ်ပဲဖြစ်တယ်။

“စစ်ကောင်စီဟာ တင်းမာမှု လျှော့ချဖို့ အသင့်ရှိတယ်”၊ “ဒါဟာ မြန်မာရဲ့ အိမ်နီးချင်းတွေနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်းဝင်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်တွေ ဒီဇင်ဘာလက ထိုင်းနိုင်ငံမှာ တွေ့ဆုံပြီးနောက် အပြုသဘော ဖြစ်ပေါ်တိုးတက်မှုဖြစ်တယ်”၊ “ဒီအရှိန်အဟုန်ကို ဆက်လက် အားပေးရမယ်”၊ “စစ်ကောင်စီကို သံသယအကျိုးခံစားခွင့် ပြုသင့်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့နဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်ကောင်စီရဲ့ စိတ်အားထက်သန်မှုကို အားပေးရမယ်” ဆိုတဲ့ လုပ်ဇာတ်ကို ဖြန့်ချိသူတွေကသာ အမှန်တကယ် ကျက်သရေကင်းမဲ့တာ ဖြစ်ပါတယ်။

ဒါတွေအားလုံးဟာ မသမာမှုသက်သက်တွေ ဖြစ်တယ်။ အလိမ်အညာတွေ၊ လုပ်ကြံဇာတ်လမ်းတွေနဲ့ လှည့်ကွက်တွေပဲ။

ဆုံးဖြတ်ချက် ပြတ်သား၊ ပိုမိုညီညွတ်ပြီး တဖြည်းဖြည်း လက်နက်ကောင်းတွေ တပ်ဆင်လာတဲ့ တော်လှန်ရေးအင်အားစုတွေရဲ့လက်မှာ စစ်ကောင်စီဟာ အကြီးအကျယ် ရှုံးနိမ့်နေတယ်။

၂၀၂၄ ခုနှစ်ကုန်တော့ စစ်ကောင်စီဟာ နိုင်ငံပိုင်နက်ရဲ့ ၆၀ ရာခိုင်နှုန်းကို ဆုံးရှုံးတယ်။ စစ်ကောင်စီဟာ ပြန်လည်နာလန်ထဖို့၊ ပြန်လည်စုစည်းဖို့၊ အင်အား ပြန်လည်ဖြည့်တင်းဖို့နဲ့ လူသစ်စုဆောင်းဖို့ ခဏနားဖို့ လိုတယ်။

မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ သူတို့ထိန်းချုပ်ထားတဲ့ နယ်မြေလက်ကျန်မှာ ဆက်လက် ရှင်သန်ဖို့ ရုန်းကန်နေရပေမယ့် သူတို့ အင်အားပြန်လည် ဖြည့်တင်းပြီးရင် ထပ်ပြီး တိုက်ခိုက်ဖို့ အိပ်မက်မက်နေဆဲဖြစ်တယ်။ “ရန်သူကို ချေမှုန်းရေး” နဲ့ “နောက်ဆုံးမှာ အောင်ပွဲခံရေး” အတွက် သူတို့ရဲ့စိတ်ဓာတ်က မပြောင်းမလဲ ရှိနေတယ်။

“အပြုသဘော ဖြစ်ပေါ်တိုးတက်မှုများ” နဲ့ “အခွင့်အလမ်းများ” လုပ်ဇာတ်ကို ဖန်တီးတဲ့သူတွေဟာ ဘယ်သူတွေဖြစ်မလဲ။ အဓိက အုပ်စု သုံးခုရှိပါတယ်။

“အပြုသဘော ဖြစ်ပေါ်တိုးတက်မှုများ” နဲ့ “အခွင့်အလမ်းများ” လုပ်ဇာတ်ကို ဖန်တီးတဲ့သူတွေဟာ ဘယ်သူတွေဖြစ်မလဲ။ အဓိက အုပ်စု သုံးခုရှိပါတယ်။

ပထမအုပ်စုမှာ မြန်မာရဲ့အိမ်နီးချင်းတွေ ပါဝင်တယ်။ အဲဒီအိမ်နီးချင်းတွေဟာ မြန်မာစစ်တပ်နဲ့ အာဏာချုပ်ကိုင်တဲ့စနစ်တွေနဲ့ ဆက်ဆံရေး ထိန်းသိမ်းထားရာကနေ ကာလကြာမြင့်စွာ အကျိုးစီးပွားရှိနေတဲ့ နိုင်ငံတွေဖြစ်တယ်။

စစ်ကောင်စီ ပြိုလဲနိုင်ခြေကြောင့် တုန်လှုပ်ပြီး အဲဒီနိုင်ငံတွေဟာ မြန်မာ့ သဘာဝသယံဇာတတွေနဲ့ စီးပွားရေးပိုင်ဆိုင်မှုတွေက် အမြတ်ထုတ်သွေးစုတ်ဖို့ ခွင့်ပြုတဲ့ စစ်အာဏာရှင်စနစ်ကို ကယ်တင်ဖို့ ကြိုးစားနေကြတယ်။ သူတို့ရဲ့အစီအစဉ်က စစ်ကောင်စီကို အလှဆင်နည်းနဲ့ ပြန်လည်ပြင်ဆင်ပြီး ကျိုးကြောင်းဆီလျော်တယ်၊ လက်ခံနိုင်ဖွယ် ရှိတယ်လို့ တင်ပြဖို့ဖြစ်တယ်။

ဒုတိယအုပ်စုမှာ ကိုယ်ကျိုးရှာတဲ့ ငြိမ်းချမ်းရေလော်ဘီတွေ ပါဝင်တယ်။ အဲဒီလူတွေဟာ ငြိမ်းချမ်းရေး အလှူရှင်တွေနဲ့ အကောင်အထည်ဖော်သူတွေ ဖြစ်တယ်။ မြန်မာနိုင်ငံဟာ သူတို့ရဲ့ ငွေကြေး ကောင်းကောင်း ထောက်ပံ့ထားတဲ့ ဖိုရမ်တွေ၊ ကြားဝင်ဆောင်ရွက်မှုတွေ၊ တိုင်ပင်နှီးနှောမှုတွေ၊ အစီအစဉ်တွေ၊ သင်တန်းတွေနဲ့ လေ့လာရေးခရီးတွေအတွက် အကျိုးအမြတ်များပြီး သာယာတဲ့ ကိုလိုနီလက်သစ် နေရာတခုဖြစ်နေတာ နှစ်ပေါင်းများစွာကြာပြီ။

စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ သူတို့ဟာ ခေတ်ကာလနဲ့ ကိုက်ညီမှု၊ အလှူငွေတွေသုံးဖို့ အခွင့်အလမ်းတွေနဲ့ ဒီဟန်ဆောင်မှုမှာ ပြန်လည် ပါဝင်ဖို့ စိတ်အားထက်သန်တဲ့ မိတ်ဖက်တွေကို ဆုံးရှုံးခဲ့တယ်။ အပစ်အခတ်ရပ်စဲရေးနဲ့ စေ့စပ်ညှိနှိုင်းမှု အလားအလာဟန်ပြတခုကို ဖန်တီးခြင်းဟာ သူတို့ကို နောက်တကြိမ် အလုပ်ရစေပြီး ခေတ်နဲ့ကိုက်ညီစေကာ ငွေကြေးထောက်ပံ့မှု ကောင်းကောင်းရစေတယ်။

တတိယအုပ်စုကတော့ စစ်ကောင်စီက ခွင့်ပြုမှတ်ပုံတင်ပေးထားတဲ့ “နိုင်ငံရေးပါတီတွေ” ပဲ။ သူတို့ဟာ အကန့်အသတ်ရှိတဲ့ နယ်မြေတွေမှာ လုပ်ကြံမဲတွေနဲ့ စစ်တပ်လက်ဝေခံပါတီ အနိုင်ရစေမယ့်၊ အတင်းအကျပ် လုပ်ယူတဲ့ ရလဒ်တွေဖြစ်စေမယ့် လိမ်လည်တဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ စစ်ကောင်စီရဲ့ စီမံချက်မှာ ပါဝင်ပြီး အကျင့်ပျက်ဖို့ စိတ်အားထက်သန်တဲ့အတွက် စစ်ကောင်စီက သူတို့ကို ခွင့်ပြုထားတာဖြစ်တယ်။

အဲဒီ “ပါတီတွေ” ဆိုတဲ့ အုပ်စုဟာ သစ္စာခံအပေါင်းအပါ၊ ထောက်ခံသူအနည်းငယ်နဲ့ ရည်မှန်းချက်ကြီးတဲ့ လူပုဂ္ဂိုလ်တွေထက် သိပ်မပိုဘူး။ သူတို့အတွက် ဆုကြေးကဘာလဲ။ ပါလီမန်နေရာ အတုအယောင် ဒါမှဟုတ် တချို့ အနည်းငယ်အတွက်တော့ အရေးမပါတဲ့ ဝန်ကြီးရာထူးပဲ။

အခု ဒီအုပ်စုတွေဟာ “အပြုသဘော ဖြစ်ပေါ်တိုးတက်မှုတွေ” နဲ့ “လက်မလွှတ်သင့်တဲ့ အခွင့်အလမ်း” ဆိုတဲ့ စကားတွေကို ကျယ်ကျယ်လောင်လောင် အော်ဟစ်နေကြတယ်။

တော်လှန်ရေးအင်အားစုတွေဟာ စိတ်တည်ငြိမ်ရမယ်။ လွတ်မြောက်လာတဲ့ ရဲဘော်တွေကို ကြိုဆိုထောက်ပံ့ပြီး စစ်ကောင်စီထောင်တွေက ထိခိုက်စေခဲ့တဲ့ စိတ်ဒဏ်ရာတွေ ဘေးအန္တရာယ်တွေကို ကူညီကုစားပေးရမယ်။ တချိန်တည်းမှာပဲ ဒီလွတ်ငြိမ်းသက်သာခွင့်ကို အရှိအတိုင်း မသမာတဲ့လှည့်ကွက်နဲ့ လိမ်လည်မှုဖြစ်ကြောင်း သူတို့ရှုတ်ချရမယ်။

မြန်မာရဲ့ အိမ်နီးချင်းတွေနဲ့ နိုင်ငံတကာ ပါဝင်ပတ်သက်သူတွေ သရုပ်ခွဲလေ့လာမှု နောက်တကြိမ် မှားကြောင်းနဲ့ စစ်တပ်ကို တောက်လျှောက် ထောက်ခံရာမှာ လမ်းလွဲကြောင်း တော်လှန်ရေးအင်အားစုတွေက သူတို့ကို ပြောရမယ်။

မြန်မာပြည်သူတွေဟာ သူတို့အစိုးရကို သူတို့ ရွေးချယ်ဖို့ အချုပ်အခြာ အခွင့်အရေးရှိကြောင်းနဲ့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပြီး စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ခြင်းနဲ့သာ ငြိမ်းချမ်ရေးနဲ့ တည်ငြိမ်မှု ရနိုင်ကြောင်း တော်လှန်ရေးအင်အားစုက ခိုင်ခိုင်မာမာ ပြောရမယ်။

တော်လှန်ရေးအင်အားစုဟာ ငြိမ်းချမ်းရေးလော်ဘီတွေနဲ့ စစ်ကောင်စီ မဟာမိတ်ပါတီတွေကို လျစ်လျူရှုသင့်ပြီး သူတို့ကို သူတို့ရဲ့ အရေးမပါတဲ့ နေရာမှာပဲ ထားခဲ့သင့်တယ်။

တော်လှန်ရေးအင်အားစုဟာ ငြိမ်းချမ်းရေးလော်ဘီတွေနဲ့ စစ်ကောင်စီ မဟာမိတ်ပါတီတွေကို လျစ်လျူရှုသင့်ပြီး သူတို့ကို သူတို့ရဲ့ အရေးမပါတဲ့ နေရာမှာပဲ ထားခဲ့သင့်တယ်။

အဲဒီအစား တော်လှန်ရေးအင်အားစုဟာ ကိုယ့်ပူးတွဲတိုက်ပွဲကို အာရုံစိုက်ရမယ်။ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းတွေ (EROs)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေနဲ့ ညီညွတ်တဲ့ မြန်မာပြည်သူတွေဟာ နိုင်ငံရဲ့ထက်ဝက်ကို လွတ်မြောက်စေခဲ့ပြီးဖြစ်တယ်။

မြန်မာပြည်သူတွေ၊ မြန်မာက တိုင်းရင်းသားတွေအတွက် လွတ်မြောက်ဖို့နဲ့ ငြိမ်ချမ်းဖို့ ဗဟိုချက်အတွက် ခက်ခဲတဲ့တိုက်ပွဲတွေကို ဆင်နွှဲအောင်မြင်ဖို့ လိုတယ်ဆိုတာ ရှောင်လွှဲလို့မရတဲ့ကိစ္စပဲ။

ဒါဟာ ၂၀၂၅ ခုနှစ်ရဲ့ အရေးအပါဆုံးကိစ္စ ဖြစ်တယ်။ အောင်ပွဲရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ERO တွေကြားမှာ ခိုင်မာတဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုလိုတယ်။

ကျနော် ယုံကြည်တဲ့လောင်းကြေးကတော့ မဟာမိတ်ခိုင်မြဲမယ်၊ တိုက်ပွဲကို ဆက်လက်ဆင်နွှဲမယ်၊ ၁၀၂၇ စစ်ဆင်ရေးကြောင့် ဖြစ်လာတဲ့ အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းမယ်၊ အောင်ပွဲရပြီး မင်းအောင်လှိုင်နဲ့ စစ်ကောင်စီကို ဖယ်ရှားနိုင်မယ်ဆိုတာပဲ ဖြစ်တယ်။

RelatedPosts

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

7 January 2026
1.2k
ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 January 2026
1.8k

အဲဒီနေ့ကို ရောက်ပြီး မြန်မာ့နိုင်ငံရေးနဲ့ စီးပွားရေး ဆက်လက် မလွှမ်းမိုးနိုင်တော့ဘူးဆိုတာ စစ်တပ်က လက်ခံလာတဲ့အခါ ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုကို ပြန်လည် ထိန်းသိမ်းနိုင်မယ်။ အမျိုးသားနိုင်ငံရေး ဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မယ်။ အပေးအယူတွေကို ပုံဖော်နိုင်ပြီး စီးပွားရေး ပြန်လည် နာလန်ထပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲတွေ ဖြစ်လာနိုင်မယ်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Igor Blazevic ၏ Honor Freed Political Prisoners, Reject Myanmar Junta’s Cynical Schemes ကို ဘာသာပြန်သည်။ အီဂေါ ဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ ဝါရင့် အကြံပေးဖြစ်သည်။ ၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ် ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။)

You may also like these stories:

နိုင်ငံရေးအကျဉ်းသားတွေ ဆေးကုသခွင့်မရဘဲ သေဆုံး (ရုပ်/သံ)

တော်လှန်ရေး အောင်မြင်မှုတွေ ပိုပြီးရရှိလာမှာ ကျနော်မြင်နေတယ် (ရုပ်/သံ)

ဦးရဲထွဋ်၊ ဒေါက်တာနေစိုးမောင်နဲ့ ငါးမင်းဆွေတို့ နိုင်ငံရေးအကျဉ်းသားဖြစ်လား (ရုပ်/သံ)

၂၀၂၄ ခုနှစ် အစောပိုင်းတွင် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး ၁၃ ဦး သေဆုံး

နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေးသည် အပေးအယူကိစ္စ မဟုတ်

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးERONUGPDFငြိမ်းချမ်းရေးစစ်ကောင်စီစစ်အာဏာသိမ်းမှုတိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုနိုင်ငံရေးအကျဉ်းသားရွေးကောက်ပွဲအပစ်အခတ်ရပ်စဲရေး
Igor Blazevic

Igor Blazevic

အီဂေါဗလာဇီဗစ်သည် ချက်သမ္မတနိုင်ငံ၊ ပရာဟာမြို့ The Prague Civil Society Centre ၏ အကြီးတန်း အကြံပေးဖြစ်သည်။ ၂၀၁၁ နှင့် ၂၀၁၆ ခုနှစ်ကာလအတွင်း မြန်မာနိုင်ငံ၌ The Educational Initiatives အစီအစဉ်တွင် ဦးဆောင် ဆရာအဖြစ် တာဝန်ယူခဲ့သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ

ရှေ့သို့လှမ်းချီ ပန်းတိုင်ဆီ

၂၀၂၅ မှာ တွေ့ရမယ့် အနောက်ဘက် စစ်မျက်နှာ (ရုပ်/သံ)

၂၀၂၅ မှာ တွေ့ရမယ့် အနောက်ဘက် စစ်မျက်နှာ (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved