ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိတာ စစ်ကြောရေးကနေ ရရှိလာတဲ့ ဒဏ်ရာတွေကို ကောင်းမွန်စွာ ဆေးကုသခွင့် မရရှိခဲ့တာတွေကြောင့် ၉ လအတွင်း နိုင်ငံရေး အကျဉ်းသား ၁၂ ဦး သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက်(PPNM) က ထုတ်ပြန်ထားပါတယ်။
၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအထိ ၉ လအတွင်း ကျိုက်မရော၊ မကွေး၊ ကလေး၊ မန္တလေးအိုးဘို၊ ဒိုက်ဦး၊ သရက်၊ အင်းစိန်၊ ပြည်နဲ့ သထုံ အစရှိတဲ့ အကျဉ်းထောင် ၉ ခုမှာ အကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၁၂ ဦး သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူ ၁၂ ဦးထဲမှာ ၅ ဦးကတော့ စစ်ကြောရေးအတွင်း ရရှိထားတဲ့ ဒဏ်ရာတွေကို အကျဉ်းထောင်တွေထဲမှာ ကောင်းမွန်စွာ ကုသခွင့်မရှိတာကြောင့် သေဆုံးခဲ့တာဖြစ်ပြီး၊ ၄ဦးကတော့ အရေးပေါ်ဖြစ်နေချိန် ဆရာဝန်လုံလောက်စွာ မရှိတာကြောင့် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ ကျန် ၃ ဦးကတော့ နာတာရှည်ရောဂါသည်တွေ ဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #နိုင်ငံရေးအကျဥ်းသား #ဆေးကုသခွင့် #PPNM
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













