• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကင်းတားဆည်ရေလွှတ်၍ ကျေးရွာများပြောင်းရွှေ့ရန် သတိပေး

by ဧရာဝတီ
2 October 2024
in သတင်း
A A
ကင်းတားဆည်ရေလွှတ်၍ ကျေးရွာများပြောင်းရွှေ့ရန် သတိပေး

ကင်းတားဆည်/ ကျောက်ဆည် သဘာဝဘေးစီမံအဖွဲ့

1.1k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း၊ သာစည်မြို့နယ် ယင်းမာပင်အနောက်မြောက်ဘက် ဘုရားငါးဆူရွာအရှေ့ဘက် ၄ မိုင်ခန့်အကွာတွင် မြစ်ဖျားခံပြီး မိုင် ၁၂၀ ခန့်ထိ ရှည်လျားသည့်ကင်းတားဆည် ရေပိုလွှဲ ရေတံခါး ၄ ပေါက်မှ ရေထုတ်လွှတ်မှုကြောင့် ဆည်အောက်နှင့် ပန်းလောင်မြစ်ဘေးကျေးရွာများ ပြောင်းရွှေ့ရန် သတိပေးထားကြောင်း သိရသည်။

ကင်းတားဆည်တည်ရှိသည့် မြစ်သားမြို့နယ်အတွင်း၌ အောက်တိုဘာ ၁ ရက်က မိုးရေချိန် ၃ ဒသမ ၉ လက်မထိ ရွာသွန်းခဲ့သောကြောင့် ပန်းလောင်မြစ်ပေါ် တည်ဆောက်ထားသော ကန်ရေပြည့်မှတ် ၂၀၇ ဒသမ ၂၅ မီတာရှိ ကင်း တားဆည်မှ ယနေ့တွင် ရေပိုလွှဲရေတံခါး ၄ ပေါက်မှ ၁ ပေခွဲစီ ဖွင့်၍ ရေများ လွှတ်ထားကြောင်း ဆည်ဘက်က အသိ ပေး ကြေညာထားသည်။

ထို့ကြောင့် ပန်းလောင်မြစ်ကမ်းဘေး ကျေးရွာအုပ်စုများအနေဖြင့် ရေထပ်မံ မြင့်တက်လာမည်ဖြစ်၍ ကုန်းမြင့်ရာဒေသ သို့ ပြောင်းရွှေ့နေထိုင်ရန်လည်း သတိပေးထားသည်။

ကင်းတားဆည်အနီး နေထိုင်သူတဦးက “အခု ကင်းတားက ရေထပ်လွှတ်တော့ အရင်တက်ထားပြီး ပြန်ကျသွားတာ မကြာသေးတဲ့ ရွာအချို့ ရေပြန်ဝင်တာ။ ပန်းလောင်ကလည်း ရေပြည့်နေတာမို့ အဲဒီဘက်ကလည်း အခုလို မိုးတအား ဆက်ရွာနေမယ်ဆိုရင်တော့ ရေကျော်တာတွေ ဖြစ်လာနိုင်တယ်။ အခုတခေါက်တော့ ရေဝင်နိုင်တဲ့ ရွာတွေဘက်ကို လိုက်ပြီးကြေညာတာမျိုးတွေ ရှိတယ်။ ကင်းတာက ရေလွှတ်တယ်၊ ဘယ်နှပေါက်လွှတ်ထားတယ် ဆိုတာမျိုးကအစ အသိပေးတယ်။ ပြီးတော့ လိုင်းပေါ်ကနေလည်း တောက်လျှောက်အသိပေးတာတွေ ဆက်တိုက်လုပ်ပေးနေတာ ရှိ တယ်။ အဲဒီလိုဆိုတော့ လူတွေက သတိထားပြီးတော့ ရွှေ့တာတွေ တန်းလုပ်ကြတော့ပါပဲ” ဟု ပြောသည်။

ယခုအခါ ပန်းလောင်မြစ်မှလည်း ရေကျော်ပြီး ဝင်ရောက်နေသောကြောင့် မန္တလေးဘက်မှ ကူမဲမြို့အဝင် ပန်းလောင် မြစ်ဘေးရှိ ကျေးရွာများ အောက်တိုဘာ ၁ ရက် နေ့လယ်ပိုင်းကတည်းက ပြောင်းရွှေ့နေကြောင်း သိရသည်။

ကူမဲ မြို့ခံတဦးက “အခုက ရေစလွှတ်ပြီး ရေနည်းနည်းလေး တိုးလာတဲ့အတွက် လူတွေက နေရာပြောင်းတာတွေ လုပ်ကြလို့ အရမ်းကြီးတော့ စိုးရိမ်ရတာမျိုး မရှိပါဘူး။ မြစ်ဆုံရွာဘက်မှာတော့ ရေတွေက ပြည့်နေတယ်၊ လမ်းဘေး ရွာတွေကတော့ ရေမရှိတော့ဘူး၊ အခု ရေထပ်ဝင်လာမယ်ဆိုရင်တော့ ကုန်းတွေရှိရာကို ပြန်တက်ကြရမှာပေါ့၊ ကုန်းတွေကတော့ လွတ်နေပါသေးတယ်” ဟု ပြောသည်။

ကင်းတားဆည်ရေလွှတ်၍ ရေဝင်နေသည့် ဆည်အောက်ဘက်ရွာမှ ဒေသခံများအား ပြောင်းရွှေ့ပေးနေစဉ်/ကျောက်ဆည် သဘာဝဘေးစီမံ

ကင်းတားဆည်ရေများကို ပန်းလောင်မြစ်အတွင်း ထုတ်လွှတ်နေခြင်းဖြစ်ကာ ကင်းတားရေလှောင်တမံနှင့် ရေလွှဲဆည် ၃ ခု ထိရှိသော ပန်းလောင်မြစ်သည် တံတားဦးလေဆိပ်၏ အရှေ့တောင်ဘက်၊ ကျောက်ဆည်မြို့ အနောက်တောင် ဘက်တွင် စမုံမြစ်တွင်း စီးဝင်၍ အင်းဝအနီး မြစ်ငယ်မြစ် (ဒုဋ္ဌဝတီ) အတွင်း စီးဝင်ကြောင်း သိရသည်။

“ကူမဲကတော့ ဒီနေ့ နေ့လယ်ပိုင်းထိကို မိုးက တအားကောင်းနေတုန်းပဲ။ မြစ်သား ပန်းလောင်ဘက်ကနေ ကျော်ပြီးတော့ ရေပြန်တက်လာပါတယ်။ မိုးက အခုလိုမျိုး ထပ်ပြီးရွာနေမယ်ဆိုရင်တော့ အရင်လိုပဲ ရေပြန်မြုပ်သွားနိုင်မယ့် အခြေ အနေ ရှိတယ်။ အချို့ရွာတွေဆိုရင် ပြီးခဲ့တဲ့ ရေက အခုအချိန်ထိ ပြန်မကျသေးတာတွေ ရှိသေးတယ်” ဟု မြို့ခံတဦးက ပြောသည်။

ထို့အတူ ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အနောက်ခြမ်း ရွာငံမြို့နှင့် ၄၈ မိုင်ခန့်အကွာ မန္တလေးတိုင်း ကျောက်ဆည် မြို့နယ် ရန်ကုန်- မန္တလေးလမ်းဟောင်း ဟံမြင့်မိုရ်ကျေးရွာနှင့် ၁၀ မိုင်ခန့်အကွာရှိ ဇော်ဂျီမြစ်ပေါ်တွင် တည်ဆောက် ထားသည့် မြို့ကြီးဆည်နှင့် ငပြောင်ဆည်တို့မှလည်း ဆည်ရေများ လွှတ်နေသဖြင့် သံရွာ၊ မြို့ကြီး၊ ဟံမြင့်မိုရ် ကျေးရွာ များအတွင်း ရေ ပြန်လည်ဝင်ရောက်နေကြောင်း ဒေသခံများထံက သိရသည်။

စက်တင်ဘာ ၁၁ ရက်တွင်လည်း ကင်းတားဆည် ရေပိုလွှဲရေတံခါး ၄ ပေါက်မှ ရေဖောက်ချခဲ့မှုနှင့်အတူ ဝမ်းတွင်းနှင့် သာစည်မြို့နယ်အစပ်ရှိ စမုံဆည် စက်တင်ဘာ ၁၁ ရက် ည ၇ နာရီခွဲဝန်းကျင်က ကျိုးပေါက်ပြီးနောက် ဆည်အောက် ဘက်နှင့် စမုံမြစ်ရိုးတလျှောက်ရှိ မြစ်သားမြို့နယ် အနောက်ခြမ်းနှင့် ကူမဲမြို့တောင်ဘက်ခြမ်းရှိ ကျေးရွာများ၊ စိုက်ခင်း များ စက်တင်ဘာ ၁၃ ရက်ကစ၍ ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့သေးသည်။

အဆိုပါ ရေကြီးနစ်မြုပ်ခဲ့သည့် ကျေးရွာများမှာ စက်တင်ဘာတတိယပတ်အတွင်းက ရေများ ပြန်လည်ကျဆင်းစပြုခဲ့ ပြီးနောက် ရေဘေးသင့်ပြည်သူများအား ယနေ့အထိ ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်ပေးနေရကြောင်း သိရသည်။

RelatedPosts

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
41
PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

PPP ပါတီဥက္ကဋ္ဌ ဒေါ်သက်သက်ခိုင် ဖမ်းဆီးခံရ

14 January 2026
72
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
681

မြစ်သားမြို့နယ်တွင် ၂၀၀၆ ခုနှစ်အတွင်းကလည်း ကင်းတားဆည်ရေလွှတ်ခဲ့မှုကြောင့် တမြို့လုံး ရေကြီးနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ရာ မြစ်သားမြို့လယ်လမ်းမပေါ် ရေအမြင့် ၆ ပေကျော်ထိ ဝင်ရောက်ခဲ့ကြောင်း၊ ကင်းတား ရေလွှတ်မှု ကြောင့် ယခုတကြိမ် ရေကြီးနစ်မြုပ်မှုသည် ၂၀၀၆ ခုနှစ်ထက် ပိုများခဲ့ကာ မြစ်သားမြို့လယ် လမ်းမပေါ် ရေ အမြင့် ၁၁ ပေခန့်ထိ ရှိခဲ့ကြောင်း၊ စက်တင်ဘာလအတွင်း မြစ်ရေမြင့်တက်မှုနှင့်အတူ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယခင် က ရေဝင်ရောက်ခြင်း မရှိခဲ့သောနေရာများတွင်လည်း ရေများ ဝင်ရောက်ခဲ့ကြောင်း ဒေသခံများက ဆို သည်။

မြစ်သားမြို့နယ်တွင် မြို့ ၂ မြို့၊ ရပ်ကွက် ၁၁ ခု၊ ကျေးရွာအုပ်စု ၈၁ အုပ်စု၊ ကျေးရွာပေါင်း ၂၂၇ ရွာ လူဦးရေ ၂ သိန်းခန့် ရှိကာ မြောက်ဘက်တွင် ကျောက်ဆည်မြို့နယ်၊ အနောက်ဘက်၌ နွားထိုးကြီးမြို့နယ်၊ အနောက်မြောက်ဘက်တွင် တံတားဦးမြို့နယ်၊ အနောက်တောင်ဘက်တွင် ဝမ်းတွင်းမြို့နယ်၊ အရှေ့ဘက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့ နယ်တို့နှင့် နယ်နိမိတ်ထိစပ်နေသည်။

You may also like these stories:

လောပိတထဲရေဝင်၍ စက်ရုံနှစ်ရုံ လည်ပတ်မှု ရပ်နားထား

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်

မိုးထိမိုးမိကပေးတဲ့ သယံဇာတ ကျိန်စာ

Your Thoughts …
Tags: ကင်းတားဆည်ကူမဲပန်းလောင်မြစ်မြစ်သားရေပိုလွှဲ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်

by ဧရာဝတီ
12 September 2024
4.4k

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်များ မြစ်ရေမြင့်တက်နေမှုနှင့်အတူ ယင်းမြစ်များပေါ်တွင်တည်ဆောက်ထားသော ဆည်ကြီးများမှ ရေလွှတ်ခြင်း၊ ရေဖောက်ချခြင်းနှင့် ဆည်ကျိုးခြင်းများကြောင့် ကျေးရွာများရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်နေ

မြစ်သားနှင့်ကူမဲရှိ ရေဘေးသင့်ဒေသခံတို့ အကူအညီများလိုအပ်နေ

မြစ်သားနှင့်ကူမဲရှိ ရေဘေးသင့်ဒေသခံတို့ အကူအညီများလိုအပ်နေ

by ဧရာဝတီ
18 September 2024
914

မြစ်သားမြို့နယ် အနောက်ခြမ်းနှင့် ကူမဲမြို့တောင်ဘက်ခြမ်းရှိကျေးရွာများမှာ စက်တင်ဘာ ၁၃ ရက်ကစ၍ ရေကြီးနစ်မြုပ်ခဲ့ရာမှ လက်ရှိ ရေပြန်လည်ကျဆင်းစပြုနေပြီဖြစ်သော်လည်း ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ် အကူအညီများ လိုအပ်

အင်းဝရှေးဟောင်းနယ်မြေအတွင်း ရေများဝင်ရောက်

အင်းဝရှေးဟောင်းနယ်မြေအတွင်း ရေများဝင်ရောက်

by ဧရာဝတီ
13 September 2024
606

အင်းဝရှေးဟောင်းဇုန် မြို့ဟောင်း မြို့ရိုးဝင်ပေါက်များ၌ သဲအိတ်များ ဆင့်ကာနိုင်ရန်အတွက် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူများက တအိမ်တယောက် ကူညီပေးရန် လော်စပီကာဖြင့် အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်နေကြောင်း

မြစ်သားရေကြီးမှု ပျောက်ဆုံးသူတွေ ပြန်ရှာမတွေ့သေး (ရုပ်/သံ)

မြစ်သားရေကြီးမှု ပျောက်ဆုံးသူတွေ ပြန်ရှာမတွေ့သေး (ရုပ်/သံ)

by စောမေရီ
16 September 2024
131

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ထဲက မြစ်သားမြို့နယ်မှာ စက်တင်ဘာ ၁၂ရက်နေ့ကတည်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုတွေဖြစ်ခဲ့တာကြောင့် မြို့လုံးကျွတ်နီးပါး ရေနစ်မြုပ်ခဲ့ပါတယ်။

Next Post
ချီဖွေနှင့် ဆော့လော်ကို သိမ်း၍ ပြည်သူ့စစ်တို့ ဘက်ပြောင်းရန်  KIA ပြော

ချီဖွေနှင့် ဆော့လော်ကို သိမ်း၍ ပြည်သူ့စစ်တို့ ဘက်ပြောင်းရန် KIA ပြော

အာရှလမ်း ပြန်ဖွင့်နိုင်တော့မလား

အာရှလမ်း ပြန်ဖွင့်နိုင်တော့မလား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.2k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved