• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အင်းဝရှေးဟောင်းနယ်မြေအတွင်း ရေများဝင်ရောက်

by ဧရာဝတီ
13 September 2024
in သတင်း
A A
အင်းဝရှေးဟောင်းနယ်မြေအတွင်း ရေများဝင်ရောက်

အင်းဝမြို့အတွင်း ရေများ ဝင်ရောက်နေပုံ / CJ

606
VIEWS
Share on FacebookShare on Twitter

ဒုဋ္ဌဝတီမြစ်ရေသည် မန္တလေးတိုင်း တံတားဦးမြို့နယ်ရှိ အင်း၀ရှေးဟောင်းနယ်မြေအတွင်းသို့ ယနေ့နံနက်မှစ၍ ဝင်ရောက် လာသဖြင့် ရပ်ကွက်များနှင့် ကျေးရွာတချို့ ရေကြီးနစ်မြုပ်နေမှုများ ဖြစ်ပေါ်နေသည်။

အင်း၀မြို့ဟောင်းသည် ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီမြစ်ဆုံရာတွင် တည်ရှိပြီး ဒုဋ္ဌဝတီမြစ်အတွင်း ဝင်သည့် ပန်းလောင်နှင့် စမုံမြစ်ရေတို့ မြင့်တက်မှုနှင့်အတူ ထိုမြစ်များပေါ်တွင် ဆောက်ထားသော ကင်းတားဆည်မှ ရေလွှတ်ခြင်း၊ စမုံဆည် ကျိုးခြင်းတို့ ကြောင့် ရေဝင်ခြင်းဖြစ်သည်။

ထို့အတွက် အင်းဝ မြို့ဟောင်း မြို့ရိုးဝင်ပေါက်များ၌ သဲအိတ်များ ဆင့်ကာနိုင်ရန် အုပ်ချုပ်ရေးပိုင်း တာဝန်ရှိသူ များက တအိမ်တယောက် ကူညီပေးဖို့ အသံချဲ့ စက်ဖြင့် လိုက်လံ အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်နေသည်။

အင်းဝမြို့ဟောင်းအနီး နေထိုင်သူတဦးက “မြစ်သာဘက်ကနေ ရေကျော်လာတာ၊ အပြင်မြို့ရိုးကြီးကနေ အတွင်းထဲ ရေမဝင် သေးတာပဲရှိတယ်၊ ရှေးဟောင်းဇုန်လို့ သတ်မှတ်ထားတဲ့ နယ်မြေ ရပ်ကွက်တွေ ရွာတွေထဲတော့ ရေ စဝင်နေပြီ၊ မြို့ရိုးကြီး ပတ်ချာလည်က‌ ရေတွေ ဝိုင်းသွားပြီ၊ ကျုံးထဲမှာလည်း ပြီးခဲ့တဲ့ ရေဝင်ထားလို့ ရေကအပြည့်ဖြစ်‌နေပြီ မြို့ဟောင်းထဲ ဝင်တဲ့ တံခါးပေါက်တွေက ချိုင့်တော့ ကျုံးထဲရေဝင်တာများတယ်၊ အဲဒီကနေ မြို့ဟောင်းထဲ ဝင်ရင် ရှေးဟောင်းနယ်မြေဖြစ်တော့ စေတီတွေ ပုထိုးတွေနဲ့ အခြား အဆောက်အဦတွေ ထိခိုက်နိုင်တဲ့အခြေအနေမှာ ရှိတယ်”ဟု ပြောသည်။

ယခုအခါ အင်းဝရှေးဟောင်းဇုန်အတွင်းရှိ ဈေးချို၊ မြစ်သာ၊ မုန့်တီစု၊ ရွှေရပ်တော်စသည့်ရပ်ကွက်များနှင့်အတူ မဟာဇေယျ ပထတံတား (မောင်အိုတံတား) အင်းဝမြို့ဟောင်း အပြင်မြို့ရိုးပတ်လည်တို့ ရေကျော်နေပြီဟု ဆိုသည်။

“နာရီဝက်လောက်အတွင်းမှာပဲ ကျနော့်အိမ် ရေမြုပ်သွားပြီ၊ အရင်တခေါက်မြစ်ရေကြီးတုန်းကတည်းက ပစ္စည်းတွေကို အိမ် အပေါ်ထပ် တင်ထားလို့တော်သေးတယ်၊ အခုရေကများပြီး အိမ်အပေါ်ထပ်ထိ ရေဝင်ရင်တော့ အများသူငှာလို ငုတ်တုတ် ထိုင်ကြည့်နေရုံပဲပေါ့၊ ရေက အရင်နဲ့မတူဘဲ တအားများတာဆိုတော့လေ”ဟု အင်းဝဈေးချိုရပ်ကွက်နေ သူတဦးက ပြောသည်။

ဒုဋ္ဌဝတီမြစ်ရေတို့ ဝင်ရောက်နေသည့် အင်း၀မြို့ဟောင်းနှင့် တံတားဦးဒေသပြ မြေပုံ (ဧရာဝတီ)

အင်း၀ ရှေးဟောင်းဒေသသည် အင်း၀ခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်ရှေးဟောင်းလက်ရာ ဘုရား၊ စေတီ၊ ပုထိုးများစွာရှိသော ဧရာဝတီမြစ်နှင့် ဒုဋ္ဌဝတီ(မြစ်ငယ်မြစ်)တို့ ဆုံရာအရပ်တွင် တည်ရှိကာ တံတားဦးမြို့နှင့် ၃ မိုင်ခန့်၊ မန္တလေးမြို့နှင့် ၁၃ မိုင်ခန့် ကွာဝေးသည်။

အင်း၀ဒေသခံ သုတေသီတဦးက “ရှေးဟောင်းဇုန်ထဲ ရေရောက်နေပြီဆိုပေမယ့် ကျုံးဘေးပတ်လည်နဲ့ ရပ်ကွက်တွေ ရွာတွေထဲပဲ ဝင်သေးတာပါ၊ မြို့ဟောင်းထဲကတော့ မြို့ရိုးကိုကျော်ပြီးမှ ရောက်မှာပါ၊ ဒီထက်များလာရင်တော့ ကျော် နိုင်တဲ့ အနေအထားပေါ့၊ မိုးကလည်း အဆက်မပြတ် အများကြီးရွာမယ်၊ ရေကလည်း မတော်တဆသာ မြို့ဟောင်းထဲ ပေါက်ဝင်ခဲ့ ရင် အပေါ်က မိုးရေအောက်က အစိုဓာတ်နဲ့ စေတီပုထိုးတွေ အများကြီး ပြိုနိုင်တယ်လေ၊ ရှေးဟောင်းအဆောက်အအုံတွေ ပြိုကျနိုင်တာပေါ့ ”ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ဧရာဝတီနှင့် ဒုဋ္ဌဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် အင်းဝရှေးဟောင်းဇုန်ရှိ ဈေးချို၊ မုန့်တီစု၊ ရွှေရပ်တော်စသည့်ရပ်ကွက်များနှင့်အတူ မောင်အိုတံတား (မဟာဇယေပထတံတား) အင်းဝမြို့ဟောင်း အပြင် မြို့ရိုးပတ်လည်၊ ကျိုင်းရုံး (စန္ဒပူရီ) ရေတံခါးများ ရေကျော်ခဲ့သလို ဆင်ကျုံးခံတပ်တခုလုံး ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

“အင်းဝက အပြင်ဘက်ဇုန်ထဲကို ဝင်တာကတော့ ဖြစ်ရိုးဖြစ်စဉ်ပါပဲ၊ အတွင်းထဲရေဝင်ရင်တော့ တော်တော်လေးကို ထိခိုက် မှု တွေ ရှိလာနိုင်တယ်၊ တခုရှိတာက အခုရေက တိုးရေမဟုတ်ဘူး၊ ရေက စမုံတို့ ပန်းလောင်တို့ကနေ လှိမ့်ဆင်းလာတယ် ဆိုပေမယ့် ဧရာဝတီနဲ့ မြစ်ငယ်မြစ်တွေက ရေက ကျထားလို့ ကံကောင်းသွားတယ်၊ မြစ်ထဲရေမရှိတဲ့အတွက် တိုးရေတွေက မြစ်ထဲရောက်လာရင် ပြန့်သွားတဲ့သဘောရှိတာမို့ အင်းဝထဲအထိဝင်ဖို့ အလားအလာမရှိသေးတာမို့ ဆိုးဆိုးရွားရွား ဖြစ် မလာနိုင်ဘူးလို့တော့ ခန့်မှန်းရတာပေါ့”ဟု ထိုအင်း၀ဒေသခံ သမိုင်းသုတေသီက ဆက်လက် ပြောသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
72
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
86
တံတားဦး အမြန်လမ်း ရေကျော်နေ၍ ပိတ်ထားရစဉ်/ မြင့်ဦး မြင့်ဦး’s Facebook

လက်ရှိ တံတားဦးမြို့အရှေ့ခြမ်း ပန်းလောင်မြစ်ကမ်းဘေး လူနေရပ်ကွက်များနှင့် မြို့နယ်တောင်ခြမ်း ကျေးရွာများ ဖြစ်သော အောင်သာ၊ ဘလဲဘ၊ ချောင်းခွ၊ ချောင်းဆုံ၊ ရွှေပေါ်ကျွန်းစသော ရွာ ၂၀ခန့်တွင် ရေများ စတင်ဝင်ရောက်နေပြီး ဒေသခံများ ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေကြောင်း သိရသည်။

“တံတားဦးမြို့ထဲမှာ ရဲစခန်းအရှေ့ထိ သွားလို့ လာလို့ မရတော့ဘူး၊ ရေက ခါးကျော်နေပြီ၊ ချက်ချင်းကြီး အရေးပေါ်ဖြစ်တာ၊ မွေးကတည်းက တံတားဦးမှာ နေလာတာ အခု အသက် ၆၀ နားကပ်နေပြီ အခုလိုမျိုး တခါမှ မကြုံဖူးဘူး၊ တာဝန်ရှိတဲ့ ခရိုင်မှူးတို့ ဆရာဝန်ကြီးတို့လည်း ရောက်နေပြီ၊ လိုအပ်တာတွေနဲ့ ဆေးဝါးကုသမှုတို့ ကယ်ဆယ်ရေးအပိုင်းတွေကို လုပ်ပေး နေကြတာ တွေ့ရတယ်၊ အရပ်ဘက်အဖွဲ့တွေလည်း အရေးပေါ်ရသလောက် လုပ်နေကြတယ်”ဟု တံတားဦး မြို့ခံတဦးက ပြောသည်။

ထို့အတူ တံတားဦးအရှေ့ဘက် စကားအင်းအဝိုင်းနှင့် တံတားဦးအဝိုင်းကြား အမြန်လမ်း၊ ရထားသံလမ်းတို့တွင် ရေကျော် နေပြီဖြစ်၍ ရန်ကုန်-မန္တလေးအမြန်လမ်းအား ယာယီပိတ်ထားသလို ပလိပ်မြို့နှင့် တံတားဦးမြို့ကြား တံတားဦးမြို့သို့အဝင် လမ်းပေါ်ရှိ စဉ့်ကိုင်မြို့နယ်မှ တဘက်ဆွဲကျေးရွာအနီးမှ တံတားတစင်း ကျိုးပြတ်သွားပြီး ကျေးရွာအတွင်းသို့လည်း ရေများ ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။

တံတားဦးဒေသခံတဦးကလည်း “ ရေက တောက်လျှောက် တရှိန်ထိုးဝင်လာတာ၊ ဘလဲဘရွာဆိုရင် ဘာမှသိမ်းဆည်းချိန် မရလိုက်ဘဲ ကုန်းပေါ် အကုန်တက်ပြေးကြရတာ၊ ပုံမှန် တိုးရေမဟုတ်တော့ ချက်ချင်း မြန်တယ်၊ မိုးကလည်း ဆက်တိုက် ရွာနေတော့ ပိုဆိုးတယ်၊ ဘလဲဘဆိုတာ အမြန်လမ်းကြီးရဲ့တောင်ဘက်ခြမ်းမှာရှိတာ” ဟုပြောသည်။

မန္တလေးတိုင်းအတွင်း ကယ်ဆယ်ရေး ဆောင်ရွက်နေကြပုံ/ Hlaing Min Oo’s Facebook

လက်ရှိတွင် စမုံမြစ်နှင့် ပန်းလောင်မြစ်ဘေးရွာများအားလုံးနီးပါး ရေဝင်နစ်မြုပ်နေပြီဖြစ်ကာ တံတားဦး လေယာဉ်ကွင်း၏ အရှေ့တောင်ဘက်ခြမ်း ရွာများအားလုံး နစ်မြုပ်နေပြီဖြစ်ကြောင်း သိရသည်။

“ပန်းလောင်တို့ စမုံတို့ မြစ်ငယ်တို့ဘေးမှာ မွေးကတည်းက နေလာကြတဲ့သူတွေဆိုတော့ ဆိုးဆိုးရွားရွားကြီး သေတယ် ပျောက် တယ်ဆိုတာမျိုးတော့ ရှိမှာမဟုတ်ဘူး၊ မြစ်တွေ ရေတိုးတာ ရေဝင်တာနဲ့ နေသားကျပြီးသားသူတွေမို့ ယဉ်ပါး နေကြတာမျိုးပေါ့၊ ရှေးဟောင်းအဆောက်အအုံတွေကတော့ ရေဝင်ရင်တော့ မကောင်းဘူးပေါ့၊ ဆွေးတာတွေ ပြိုကျတာ တွေ မိုးများလို့ အိတာတွေ ဆိုတာက အထက်က မိုးရွာ အောက်ကလည်း ရေဝင်အစိုဓာတ်နဲ့ဆိုတော့ ရှေးဟောင်း အဆောက်အအုံ တွေ အများကြီး ပြိုကျ နိုင်တာမို့ အချိန်မီ ကြိုတင်ကာကွယ်တာမျိုတွေ လုပ်ထားသင့်တယ်လို့ မြင်တယ်” ဟု တံတားဦးမြို့ခံတဦးက ပြောသည်။

အင်းဝမြို့သက်တမ်းဟာ နှစ်ပေါင်း ၂၀၀ နီးပါး ရှိပြီး သတိုးမင်းဖျားက တည်ကာ နောက်ဆုံးစိုးစံသည့်မင်းမှာ ကုန်းဘောင်မင်းဆက် သာယာဝတီမင်းဖြစ်ကာ နောက်ပိုင်း မင်းနေပြည်တော်မှ လျောကျကာ မြို့ဟောင်း အဖြစ် သာတည်ရှိတော့သည်။ ၁၉၈၈ ခု၊ ၂၀၀၄ ခုနှစ်များက မြို့ဟောင်းအတွင်း ရေဝင်ရောက်ခဲ့မှုကြောင့် ရှေးဟောင်း စေတီပုထိုးများ ထိခိုက် ပြိုကျမှုများရှိခဲ့ကြောင်း သိရသည်။

ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းနှင့် အရှေ့တောင်ပိုင်းတို့တွင်မုတ်သုံလေ ဆက်လက် အားကောင်းနိုင်ခြင်းကြောင့် မြန်မာနိုင်ငံတဝှမ်းတွင် ယနေ့နံနက်မှ စက်တင်ဘာ ၁၅ ရက်အတွင်း မိုးထစ်ချုန်းရွာပြီး မိုးကြီးနိုင်ကြောင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တပြက်ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီး နေထိုင် ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီး နေထိုင်ကြသူများလည်း ရေကြီး ရေလျှံမှုများကို ကြိုတင်သတိပြုကြရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

You may also like these stories:

ဇော်ဂျီ၊ ပန်းလောင်၊ စမုံမြစ်တို့ရှိ ဆည်များကျိုး၍ ရေဖောက်ခြင်းကြောင့် ရွာများနစ်မြုပ်

နေပြည်တော်ရေကြီးမှု ကယ်ဆယ်ရေး မလုံလောက် လူထောင်ချီပိတ်မိနေ

နိုင်ငံအနှံ့ ရေကြီးရေလျှံ ကုန်စည်ပို့ဆောင်ရေး ယာယီရပ်တန့်

Your Thoughts …
Tags: တံတားဦးပန်းလောင်မြစ်မြို့ဟောင်းအင်းဝ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

ဗိုလ်မင်းအောင်လှိုင် အကြွေးရှိရင် ဆပ်ရလိမ့်မယ်

by စံရိပ်ငြိမ်
23 June 2025
6.4k

လက်ရှိ မြန်မာ ပြည်သူများ ရဲ့ အသက်အိုးအိမ် စည်းစိမ်ကြွေး၊ ညှဉ်းပန်းနှိပ်စက်မှုကြွေး၊ သမိုင်းကြွေး များကို ပြန်ဆပ်ရမယ့် သူကတော့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်မင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။

ဝင်းနိမ္မိတာဆရာတော်အား စစ်တပ် ပစ်ခတ်ဟု အတူလိုက်ပါသည့် ဆရာတော် မိန့်

ဝင်းနိမ္မိတာဆရာတော်အား စစ်တပ် ပစ်ခတ်ဟု အတူလိုက်ပါသည့် ဆရာတော် မိန့်

by ဧရာဝတီ
20 June 2024
4.2k

လက်ရှိ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အနေဖြင့် ၎င်းတို့၏ အဖွဲ့ဝင်ဟောင်း ပဲခူး ဝင်းနိမ္မိတာရုံ ဆရာတော် ဘဒ္ဒန္တမုနိန္ဒာ ဘိဝံသအား စစ်ကောင်စီတပ်ဖွဲ့များက ပစ်ခတ်သတ်ဖြတ်လိုက်ခြင်းနှင့် ပတ်သက်၍ မည်သို့မျှ တုံ့ပြန် ပြောဆိုမှု မတွေ့ရပေ။

ပဲခူးမြို့၊ ပဲခူးရိုးမတောင်

ပဲခူးမြို့၊ ပဲခူးရိုးမတောင်

by ဧရာဝတီ
9 March 2025
3.4k

ပဲခူးဟာ သမိုင်းအရ ဟံသာဝတီ အမည် နဲ့ ဟံသာဝတီ မင်းဆက် နဲ့ တောင်ငူ မင်းဆက်တို့ရဲ့ မင်းနေပြည်တော် အဖြစ် ထင်ရှားခဲ့တဲ့ မြို့တော် ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။

ဖခင်စကားကို ပယ်သူ မောင်ရွ ခေါ် ဆင်ဖြူရှင်

ဖခင်စကားကို ပယ်သူ မောင်ရွ ခေါ် ဆင်ဖြူရှင်

by ညိုမြ
28 September 2024
2.8k

သွေးထွက်သံယို နန်းလုပွဲများ ပေါ်ပေါက်ဖွယ် ဟောကိန်းများ ရှိခဲ့၏။…ထိုအတိုင်း ကြုံရသော ကုန်းဘောင်ခေတ် နန်းတွင်း သွေးချောင်း စီးမှုများသည် ဆင်ဖြူရှင် ခေတ်၌ မြစ်ဖျားခံ၏။

ယုန်လေး စပွန်ဆာ ကျားမှုန် တံတားဦးမှ ရွေးကောက်ပွဲ ဝင်မည်

ယုန်လေး စပွန်ဆာ ကျားမှုန် တံတားဦးမှ ရွေးကောက်ပွဲ ဝင်မည်

by ဧရာဝတီ
30 November 2025
2.1k

“ငါတို့အားလုံးရဲ့မြေ” MTV အတွက် စပွန်ဆာပေးခဲ့သူ ဗိုလ်မှူးချုပ် ကျော်မိုးသက်သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ် မန္တလေးတိုင်း တံတားဦးမြို့နယ်မှ ရွေးကောက်ပွဲဝင်မည်

မန္တလေး

မန္တလေး

by တိုက်စိုး
10 August 2024
1.7k

သည်တဖက်တွင် စစ်ကိုင်းမြို့နှင့် မင်းဝံတောင် မှိုင်းညို့ညို့၊ ဟိုတဖက်တွင် ရွှေကြက်ယက်နှင့် ရွှေကြက်ကျ စေတီ ဖြူဖြူ၊ အလယ်ကောင်တွင် ဧရာဝတီမြစ် ရေယဉ်ဖွေးဖွေး ကြည်နူးစရာ ရှုခင်းပါပေတည်း။

Next Post
ရမည်းသင်းမှာ လူ ၁၀၀ ကျော်ပျောက်၊ ရုပ်အလောင်း ၃၀ ကျော်ပြန်တွေ့ (ရုပ်/သံ)

ရမည်းသင်းမှာ လူ ၁၀၀ ကျော်ပျောက်၊ ရုပ်အလောင်း ၃၀ ကျော်ပြန်တွေ့ (ရုပ်/သံ)

အနီး အဝေး

အနီး အဝေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved