မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ထဲက မြစ်သားမြို့နယ်မှာ စက်တင်ဘာ ၁၂ရက်နေ့ကတည်းက မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီး၊ ရေလျှံမှုတွေဖြစ်ခဲ့တာကြောင့် မြို့လုံးကျွတ်နီးပါး ရေနစ်မြုပ်ခဲ့ပါတယ်။
မြစ်သားမြို့ပေါ် ရပ်ကွက်တွေနဲ့ စမုံ၊ ပန်းလောင်မြစ်တလျှောက်မှာရှိတဲ့ ရွာတွေမှာတော့ အဆိုးရွားဆုံးရေနစ်မြုပ်ခဲ့ပြီး လက်တလောရရှိထားတဲ့ စာရင်းတွေအရ သေဆုံးသူ ၅ဦးထက်မနည်း နဲ့ ပျောက်ဆုံးသူ ၃၀ကျော်ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
လက်ရှိမှာတော့ မြစ်သားမြို့နယ်ထဲက ကျေးရွာအများစုမှာ ရေပြန်ကျနေပြီ ဖြစ်ပေမယ့် သေဆုံးသူနဲ့ ပျောက်ဆုံးသူတွေ ကိုရှာဖွေနေဆဲလို့ ကူညီ၊ ကယ်ဆယ်ရေး လုပ်ဆောင်သူတွေက ပြောပါတယ်။
#မြန်မာ #ဧရာဝတီ #မြစ်သား #ကျောက်ဆည် #Environment #သဘာဝပတ်ဝန်းကျင်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR