• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ရွှေတောင်ကြားလမ်း ရောဂါ (သို့မဟုတ်) မြန်မာ့နိုင်ငံရေးပြဿနာ၏ ဇာစ်မြစ်တခု

by ဇုန်းရိန်
27 August 2025
in သူ့အတွေး သူ့အမြင်
A A
ရွှေတောင်ကြားလမ်း ရောဂါ (သို့မဟုတ်) မြန်မာ့နိုင်ငံရေးပြဿနာ၏ ဇာစ်မြစ်တခု

ရွှေတောင်ကြားလမ်းသည် ရန်ကုန်မြို့၏ သူဌေးရပ်ကွက်ဆိုသည်ကို ရန်ကုန်လူထုတိုင်း သိကြပါသည်။

6.4k
VIEWS
Share on FacebookShare on Twitter

“ရွှေတောင်ကြားလမ်း ရောဂါ” ဟုဆိုရာတွင် မြန်မာနိုင်ငံ၏ အုပ်ချုပ်သူလူတန်းစားနှင့် ၎င်းတို့၏ အပေါင်းအပါ ရေပေါ်ဆီ လူတန်းစားတို့၏ အထိန်းအကွပ်မဲ့ အတ္တကြီးမှု၊ တကိုယ်ကောင်းဆန်လွန်းမှုကို ဆိုလိုပါသည်။ ဤ “ရောဂါ” သည် မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ခေတ်အဆက်ဆက် ရင်ဆိုင် ကြုံတွေ့ ခံစားနေခဲ့ကြရသည့်၊ လက်ရှိလည်း ခံစားနေကြရသည့် နိုင်ငံရေးပြဿနာ၏ ဇာစ်မြစ်ကြီး တခုဟုဆိုရင်လည်း မှားမည်မထင်ပါ။

ယနေ့ ပြည်သူလူထုအားလုံး ဆိုင်ရင် ကြုံတွေ့ ခံစားနေကြရသည် ဒုက္ခအမျိုးမျိုးတို့သည်လည်း ထို “ရွှေတောင်ကြားလမ်း ရောဂါ” ၏ နောက်ဆက်တွဲ ပြဿနာကြောင့်ဟု ဆိုနိုင်ပါသည်။ ပြည်သူလူထုသည်လည်း ဤ “ရောဂါ” ကို သွယ်ဝိုက်သောအားဖြင့် အားပေး၊ လက်ခံနေကြဆဲ ဖြစ်သောကြောင့် ထိုရောဂါ ဆက်လက် ရှင်သန်နေနိုင်သည်ကို စာရေးသူ၏ အတွေ့အကြုံနှင့် လေ့လာမှုကို အခြေခံပြီး တင်ပြလိုပါသည်။

အိမ်ငှားခဈေးကြီးသော ရွှေတောင်ကြားလမ်း

ရွှေတောင်ကြားလမ်းသည် ရန်ကုန်မြို့၏ သူဌေးရပ်ကွက်ဆိုသည်ကို ရန်ကုန်လူထုတိုင်း သိကြပါသည်။ အမြင့်ပေ ၇ ပေ၊ ၈ ပေရှိ ခံတပ်သဖွယ် တည်ဆောက်ထားသည့် အုတ်တံတိုင်း ခြံဝန်းကြီးများနှင့်အတူ အိမ်ကြီးအိမ်ကောင်းများ ရှိသည့်နေရာဖြစ်သည်။

ဤရွှေတောင်ကြားလမ်းရှိ အိမ်ကြီးအိမ်ကောင်းများ၏ ပိုင်ရှင်အများစုသည် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ကြသည့် စစ်ဗိုလ်ချုပ်ကြီးများ၊ အစိုးရအရာရှိကြီးများ၊ အငြိမ်းစားအရာရှိကြီးများ၊ စစ်အစိုးရနှင့် ပလဲနံပသင့်သူ ခရိုနီများဖြစ်ကြောင်း သိရသည်။ တနည်းအားဖြင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်သူ လူတန်းစားဖြစ်သည့် တိုင်းပြည်ကို လိုသလို ခြယ်လှယ်နေကြသူများ၊ ဂုတ်သွေးစုပ်နေကြသူများ ဖြစ်ကြသည်။

ဤရွှေတောင်ကြားလမ်းရှိ အိမ်ကြီးအိမ်ကောင်းများ၏ ပိုင်ရှင်အများစုသည် မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့ကြသည့် စစ်ဗိုလ်ချုပ်ကြီးများ၊ အစိုးရအရာရှိကြီးများ၊ အငြိမ်းစားအရာရှိကြီးများ၊ စစ်အစိုးရနှင့် ပလဲနံပသင့်သူ ခရိုနီများဖြစ်ကြောင်း သိရသည်။ တနည်းအားဖြင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်သူ လူတန်းစားဖြစ်သည့် တိုင်းပြည်ကို လိုသလို ခြယ်လှယ်နေကြသူများ၊ ဂုတ်သွေးစုပ်နေကြသူများ ဖြစ်ကြသည်။

ထိုအိမ်ကြီးအိမ်ကောင်းများကို ကုလသမဂ္ဂ အေဂျင်စီများ၊ နိုင်ငံတကာ အရပ်ဖက်အဖွဲ့အစည်းများထံ လစဉ် အမေရိကန် ဒေါ်လာ ထောင်ချီ၊ သောင်းချီယူပြီး ငှားရမ်းပေးထားကြသည်။ အိမ်ငှားခ စရိတ်ကြီးသည့် ရွှေတောင်ကြားလမ်းသည် အုပ်ချုပ်သူလူတန်းစားနှင့် ရေပေါ်ဆီ လူတန်းစားတို့၏ ဝင်ငွေကြီး စီးဝင်နေဆဲ သူဌေးရပ်ကွက်ကြီးတခုဟု ဆိုရပါမည်။

၂၀၁၅ ခုနှစ်က မြင်တွေ့ခဲ့ရသည့် ရွှေတောင်ကြားလမ်း အခြေအနေ

စာရေးသူသည် ၂၀၁၅ ခုနှစ်ကစပြီး ရန်ကုန်မြို့တွင် အလုပ်လုပ်ပါသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်သည့် အရပ်သားတပိုင်း အစိုးရသက်တမ်း နောက်ဆုံးနှစ်၏ ရန်ကုန်မြို့ အခြေအနေ တစိတ်တပိုင်းကို ရှုမြင်ခွင့် ရရှိခဲ့ပါသည်။ အလုပ်၏ လိုအပ်ချက်အရ ရွှေတောင်ကြားလမ်းကို တလလျှင် အနည်းဆုံး တကြိမ်သွားဖြစ်ခဲ့သည်။ ယခုလည်း နှစ်လ တကြိမ်၊ သုံးလ တကြိမ် သွားဖြစ်သည်။ အလှုူရှင်အဖွဲ့အစည်းများနှင့် အစည်းအဝေး တက်ရသောကြောင့်ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် မြင်တွေ့ခဲ့ရသည့် ရွှေတောင်ကြား၏ လမ်းမအခြေအနေကို ပြန်ပြောရလျှင် သူဌေးရပ်ကွက်နှင့် မတူဘဲ ဆင်းရဲသားရပ်ကွက်သဖွယ် ဖြစ်နေခဲ့သည်။ ချိုင့်ခွက်များကို တန်းစီပြီး တွေ့ရသည့်အပြင် လမ်းမ နှစ်ဖက်ရှိ စွန့်ပစ်ရေနုတ်မြောင်းသည်လည်း ချုံပုတ်များက စိုးမိုးနေသည်။ ပို၍ဆိုးရွားသည်မှာ ရေနုတ်မြောင်းကပိတ်ပြီး စွန့်ပစ်ရေဆိုးက လမ်းမပေါ်သို့ ရောက်လာသည့် ပြဿနာဖြစ်သည်။ မိုးရွာလျှင် ပိုဆိုးသည်။

ကားစီးနိုင်သည့် လူတန်းစားအတွက် ထိုစွန့်ပစ်ရေဆိုး လမ်းမပေါ်ရောက်သည့်ကိစ္စသည် ပြဿနာတခု မဟုတ်သော်လည်း ထိုရွှေတောင်ကြားလမ်းရှိ အိမ်ကောင်းကြီးများတွင် အောက်ခြေသိမ်း အလုပ်လုပ်ကြသည့် အခြေခံလူတန်းစားများအတွက်က နေ့စဉ် ရင်ဆိုင်ရသည့် ဒုက္ခကြီးတခုပင်။ ဘတ်စ်ကားလိုင်းရှိသည့်လမ်း မဟုတ်သောကြောင့် လမ်းလျှောက်၊ စက်ဘီးစီးပြီး နေ့စဉ်အသွားအပြန် လုပ်ကြရသည်။

မိုးရွာလျှင် လမ်းလျှောက်၊ စက်ဘီးစီးပြီး အလုပ်ဆင်းကြရသူများအတွက် ပိုဆိုးနိုင်ပါသည်။ ဥပမာ မိုးရွာသောတနေ့တွင် အစည်းအဝေးအပြီး စာရေးသူသည် လမ်းဘေး၌ တက္ကစီငှားရန် ရပ်စောင့်နေစဉ် ဆင်ခြင်တုံတရားကင်းမဲ့စွာ ကားမောင်းသူများကြောင့် ညှစ်ပတ်သည့် လမ်းမရေ ပက်စင်ခံရသည့် အခိုက်အတန့်ကိုလည်း ကိုယ်တိုင် ကြုံခဲ့ဖူးပါသည်။ ရွှေတောင်ကြားလမ်းမ အခြေအနေ မြင်ကွင်းသည် အိမ်ကြီးအိမ်ကောင်းများ၏ဂုဏ်ကို ပြက်ရယ် ပြုနေသဖွယ်ပင်။

၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် အစိုးရတက်လာပြီး နောက်ပိုင်းတွင် ထိုရွှေတောင်ကြားလမ်းမ တိုးတက်လာခဲ့ပါသည်။ ချိုင့်ခွက်များကို ဖာထေးပြင်ဆင်မှု၊ ရေနှုတ်မြောင်းများ ပြုပြင်မှုကို တွေ့ရပါသည်။ သူဌေးကြီးများသည် အစိုးရဘဏ္ဍာ၊ ပြည်သူ့ဘဏ္ဍာကိုသုံးပြီး သူတို့နေထိုင်သည့် ရပ်ကွက်လမ်းမကို ပြင်ဆင်သည့် သဘောပင်ဖြစ်သည်။

၂၀၁၆ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် အစိုးရတက်လာပြီး နောက်ပိုင်းတွင် ထိုရွှေတောင်ကြားလမ်းမ တိုးတက်လာခဲ့ပါသည်။ ချိုင့်ခွက်များကို ဖာထေးပြင်ဆင်မှု၊ ရေနှုတ်မြောင်းများ ပြုပြင်မှုကို တွေ့ရပါသည်။ သူဌေးကြီးများသည် အစိုးရဘဏ္ဍာ၊ ပြည်သူ့ဘဏ္ဍာကိုသုံးပြီး သူတို့နေထိုင်သည့် ရပ်ကွက်လမ်းမကို ပြင်ဆင်သည့် သဘောပင်ဖြစ်သည်။

အထိန်းအကွပ်မဲ့ ရွှေတောင်ကြားလမ်း ရောဂါ

အထက်ဖော်ပြပါအတိုင်း ရွှေတောင်ကြားလမ်းရှိ အိမ်ကောင်းကြီးများကို ကုလသမဂ္ဂအေဂျင်စီများ၊ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်းများထံ အမေရိကန် ဒေါ်လာ ထောင်ချီ၊ သောင်းချီ ယူပြီး ငှားရမ်းပေးထားကြပါသည်။ ထို့ကြောင့် ရွှေတောင်ကြားလမ်းမကို ပြုပြင်ထိန်းသိမ်းရန် ဆန္ဒရှိကြမည်ဆိုလျှင် အိမ်ငှားခ တလစာဖြင့် ပြုပြင်နိုင်သည့် အနေအထားရှိပါသည်။

သို့သော် အများသူငါ၊ အထူးသဖြင့် ရွှေတောင်ကြားရပ်ကွက်နေလူထု အသုံးပြုသည့် ထိုလမ်းမကို ပြုပြင်ရန် မည်သည့်အိမ်ပိုင်ရှင်မှ စိတ်ကူး၊ ဆန္ဒရှိပုံ မရပါ။ ကိုယ့်အိမ်ဝန်းကိုမူ ခံတပ်သဖွယ် အုတ်တံတိုင်းမြင့်ကြီးများနှင့် ကာကြသည်။ နေ့စဉ် ဝိုင်းဝန်း အသုံးပြုသည့် လမ်းမကိုမူ လျစ်လျှူရှုထားကြသည်။

လူတိုင်းလူတိုင်း၏ အကျိုးစီးပွားသည် မည်သူ့ အကျိုးစီးပွားမှ မဟုတ် (Every-body’s Business is No-body’s Business) ဆိုသလို သူတပါးအကျိုးအတွက်၊ အများအတွက် မစဉ်းစားဘဲ ကိုယ်ကျိုးအတွက်သာ အလွန်အမင်း ရှေးရှုသည့် စိတ်ဓါတ်ကို ပြသနေကြသည်။

ဤ “ရွှေတောင်ကြားလမ်း ရောဂါ” ကို စာရေးသူရောက်ဖူးသည့် မြန်မာနိုင်ငံ နေရာအတော်များများတွင်လည်း တွေ့ရသည်။ ဥပမာ ကချင်ပြည်အတွင်းတွင် စက်ယန္တရားကြီးများနှင့် ရွှေတူးဖော်မှု၊ ကျောက်စိမ်းတူးဖော်မှု၊ မြေရှားသတ္ထုတူးဖော်မှု တို့သည် သက်ဆိုင်ရာအာဏာပိုင်များနှင့် ပလဲနံပသင့်သူများသာ လုပ်ကိုင်ခွင့်ရှိသည့် လုပ်ငန်းများ ဖြစ်သည်။

သာမန်ပြည်သူများက အနည်းငယ်သော လုပ်အားခဖြင့် အလုပ်သမားအဖြစ်သာ ဝင်ရောက်လုပ်ကိုင် နေကြရသည်။ ဤလုပ်ငန်းရှင်များသည် သူတို့၏ လုပ်ရပ်များကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှု၊ ရေကြီးရေလျှံမှု စသည်ဖြင့် အများပြည်သူက ဒုက္ခရောက်ရမည့်အရေးကို လုံးဝ သတိရပုံ၊ စဉ်စားပုံ၊ စိုးရိမ်ပုံ မပေါ်ပါ။

မြန်မာနိုင်ငံတွင် အုပ်ချုပ်နေကြသည့် အုပ်ချုပ်သူ လူတန်းစားနှင့် ၎င်းတို့၏အပေါင်းပါတို့၏ အတ္တ၊ လောဘသည် လွန်ကဲလွန်းသည်ဟု ဆိုရမည်။ ဤအတ္တစိတ်၊ လောဘစိတ်ကြီးဖြင့် တိုင်းပြည်ကို ချယ်လှယ်နေကြသောကြောင့် ကျနော်တို့နိုင်ငံသည် လက်ရှိ ပြည်ပျက်အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်ဟု ယူဆမိပါသည်။

စာရေးသူအပါအဝင် ပုထုဇဉ်လူသားများဖြစ်ကြသည်နှင့်အညီ အတ္တ၊ လောဘသည် အားလုံးတွင် အတိုင်းအတာ တခုအထိ ရှိကြသည်ကို လက်ခံအသိအမှတ်ပြုသည်။ သို့သော် မြန်မာနိုင်ငံတွင် အုပ်ချုပ်နေကြသည့် အုပ်ချုပ်သူ လူတန်းစားနှင့် ၎င်းတို့၏အပေါင်းပါတို့၏ အတ္တ၊ လောဘသည် လွန်ကဲလွန်းသည်ဟု ဆိုရမည်။ ဤအတ္တစိတ်၊ လောဘစိတ်ကြီးဖြင့် တိုင်းပြည်ကို ချယ်လှယ်နေကြသောကြောင့် ကျနော်တို့နိုင်ငံသည် လက်ရှိ ပြည်ပျက်အခြေအနေသို့ ရောက်ရှိနေခြင်း ဖြစ်သည်ဟု ယူဆမိပါသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်တွင် မြင်ရသည့် ရွှေတောင်ကြားလမ်း ရောဂါ

၂၀၂၁ ခုနှစ်တွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ဆီကားများ တင်သွင်းခွင့်ကို ပိတ်ပင်ထားပြီး လျှပ်စစ်ကားကိုသာ တင်သွင်းခွင့်ပြုထားသည်မှာ အားလုံး အသိပင်။

လျှပ်စစ်ကားသည် စစ်ကောင်စီလက်ထက် ပြည်ပမှ တင်သွင်းသော ကုန်စည်များထဲတွင် အထူးအခွင့်အရေး ရနေသည့် ကုန်စည်တမျိုး ဖြစ်ပါသည်။ အထူးအခွင့်အရေးရသည့်နည်းတူ အမြတ်ကြီးကြီးရသော လုပ်ငန်းဖြစ်ကြောင်းလည်း သိရသည်။

ဤလျှပ်စစ်ကားတင်သွင်းမှု လုပ်ငန်းကို အထူးအခွင့်အရေး ပေးရခြင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သားနှင့်သမီး လုပ်ကိုင်သောလုပ်ငန်း ဖြစ်ခြင်းကြောင့် ဖြစ်ကြောင်းသိရသည်။ တခြားသူများ မရနိုင်သည့် စီးပွားရေးအခွင့်အရေးများကို စစ်ကောင်စီနှင့် ဆက်နွယ်သူများသာ ရရှိကြောင်းကိုလည်း သတင်းများတွင် ဖတ်ရသည်။ ဤသည်မှာ သိသာထင်ရှားသည့် ဥပမာတခုသာ ဖော်ပြခြင်းဖြစ်သည်။

လျှပ်စစ်မီးကို ပုံမှန်မပေးနိုင်ဘဲနှင့် ဆီကားတင်သွင်းမှုကို ပိတ်ပင်ကာ လျှပ်စစ်ကားတမျိုးတည်းကိုသာ တင်သွင်းခွင့်ပြုပြီး မိသားစု စီးပွားရှာခြင်းမှာ ရုပ်ဆိုးလွန်းလှသည်။ မသုံးချင်သည့်အရာကို အတင်းအဓမ္မ ဝယ်ယူသုံးစွဲစေခြင်းဖြစ်သည်။

RelatedPosts

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

အီလွန်မတ်စ် Grok က အမျိုးသမီးနဲ့ ကလေးငယ် ပုံတွေ မဖွယ်မရာ ပြုပြင်မှု EU စစ်ဆေး တွေ့ရှိလို့ ဆို

11 January 2026
163
ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

ပို့ကုန်ရငွေဖြတ်တောက်မှု ၁၀ ရာခိုင်နှုန်း ထပ်လျှော့ချ

9 January 2026
162
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 January 2026
3k

တနည်းအားဖြင့် သုံးစွဲသူတို့၏ ရွေးချယ်ပိုင်ခွင့်ကို ကန့်သတ်ပြီး တဖက်သတ် စီးပွားရှာခြင်းဖြစ်သည်။ ရွှေတောင်ကြားလမ်းက အိမ်ကြီးသခင်များကဲ့သို့ ကိုယ်ကျိုးစီးပွားကို အလွန်အမင်း ရှေ့တန်းတင်သည့် အတ္တ၊ လောဘရောဂါ စွဲကပ်နေသည်ဟု ဆိုရမည်။

တနည်းအားဖြင့် သုံးစွဲသူတို့၏ ရွေးချယ်ပိုင်ခွင့်ကို ကန့်သတ်ပြီး တဖက်သတ် စီးပွားရှာခြင်းဖြစ်သည်။ ရွှေတောင်ကြားလမ်းက အိမ်ကြီးသခင်များကဲ့သို့ ကိုယ်ကျိုးစီးပွားကို အလွန်အမင်း ရှေ့တန်းတင်သည့် အတ္တ၊ လောဘရောဂါ စွဲကပ်နေသည်ဟု ဆိုရမည်။

ရွှေတောင်ကြားလမ်း ရောဂါ ရှင်သန်စေသည့်အကြောင်းရင်းများ

ပထမဦးဆုံး “Whitewashing” ဆိုသည့် သဘောတရားကို ရှင်းပြပြီး တင်ပြလိုပါသည်။ “Whitewashing” ကို အဖြူရောင်ခြယ်ခြင်း (ထုံးဖြူသုတ်ခြင်း) ဟု ဘာသာပြန်နိုင်မည် ထင်ပါသည်။ မကောင်းသောအရာကို အမြင်ကောင်းအောင် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ မတရားသော နည်းလမ်းဖြင့် ရရှိသည့် ငွေကြေးကို အလှူလုပ်ခြင်းဖြင့် သန့်ရှင်းသော ငွေကြေးအဖြစ် ရှုမြင်လာအောင် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။

ဥပမာ မြန်မာနိုင်ငံတွင် သက်ဆိုင်ရာ ကိုးကွယ်ယုံကြည်မှုအလိုက် ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများတွင် အလှူကြီးကြီး လုပ်နိုင်သူ၊ စေတီပုထိုးများ တည်နိုင်သူ၊ လှူဒါန်းနိုင်သူ အားလုံးနီးပါးသည် အုပ်ချုပ်သူ အာဏာပိုင်များနှင့်ပေါင်းပြီး သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက်ဖျက်ဆီးကာ စီးပွားရှာ ကြီးပွားကြသူများ ဖြစ်ကြသည်။ ဥပမာ ကျောက်စိမ်း၊ ရွှေ၊ ပယင်း၊ ပတ္တမြား၊ မြေရှားသတ္တု၊ သစ်တော စသည့် သဘာဝအရင်းအမြစ်များကို စည်းမဲ့ကမ်းမဲ့ ထုတ်ယူပြီး ကြီးပွားကြသူများ ဖြစ်ကြသည်။

သူတို့ရရှိသည့် အကျိုးအမြတ်များစွာထဲမှ အနည်းငယ်သော ပမာဏကိုသာ လှူဒါန်းကြသည်။ ထိုလှူဒါန်းမှုကို ကြည့်ပြီး သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များက သူတို့ကို သူတော်စင်များအဖြစ် ပုံဖော်၍ ချီးကျူး ဂုဏ်ပြုကြသည်။ သက်ဆိုင်ရာ ဘာသာအလိုက် ယုံကြည်သူများသည်လည်း ထိုအလှူရှင်များကို ပုဂ္ဂိုလ်ထူးများ၊ သဒ္ဓါတရား ထက်သန်သူများ၊ စေတနာရှင်များအဖြစ် မြင်ကြသည်။

အမှန်မှာ ထိုစေတနာရှင်များ လှူဒါန်းသည့် ငွေကြေးသည် ညစ်ပေသောငွေ၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီး၍ ရရှိလာသောငွေ၊ အလုပ်သမားများ၏ လုပ်အားခကို ခေါင်းပုံဖြတ်၍ ရရှိလာသောငွေ၊ အာဏာပိုင်များကို လာဘ်ပေးခြင်းဖြင့် အကျင့်ဖျက်ပြီး ရရှိသည့်ငွေဆိုသည်ကို မေ့နေကြသည်။ လှူဒါန်းငွေ၏ အရည်အသွေး၊ အနှစ်သာရကို စဉ်းစားတွေးခေါ်ရန် ပျက်ကွက်ကြသည်။ အုပ်ချုပ်သူလူတန်းစားတို့၏ လုပ်ရပ်များကို မေးခွန်းထုတ်ရန်၊ ဝေဖန်စမ်းစစ်ရန် တွန့်ဆုတ်လာကြသည်။

အမှန်မှာ ထိုစေတနာရှင်များ လှူဒါန်းသည့် ငွေကြေးသည် ညစ်ပေသောငွေ၊ သဘာဝပတ်ဝန်းကျင်ကို ဖျက်ဆီး၍ ရရှိလာသောငွေ၊ အလုပ်သမားများ၏ လုပ်အားခကို ခေါင်းပုံဖြတ်၍ ရရှိလာသောငွေ၊ အာဏာပိုင်များကို လာဘ်ပေးခြင်းဖြင့် အကျင့်ဖျက်ပြီး ရရှိသည့်ငွေဆိုသည်ကို မေ့နေကြသည်။ လှူဒါန်းငွေ၏ အရည်အသွေး၊ အနှစ်သာရကို စဉ်းစားတွေးခေါ်ရန် ပျက်ကွက်ကြသည်။ အုပ်ချုပ်သူလူတန်းစားတို့၏ လုပ်ရပ်များကို မေးခွန်းထုတ်ရန်၊ ဝေဖန်စမ်းစစ်ရန် တွန့်ဆုတ်လာကြသည်။

အကျိုးဆက်အားဖြင့် ရွှေတောင်ကြားလမ်း ရောဂါသည် ဆက်လက်၍ ရှင်သန်ခွင့် ရရှိနေပြီး ပြည်သူလူထုသည် ထိုရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများကို ခါးစည်း ခံစားနေကြရဆဲ ဖြစ်ကြောင်း သုံးသပ်တင်ပြ လိုက်ရပါသည်။

(ဇုန်းရိန်သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။)

You may also like these stories:

ဦးနေဝင်း မိသားစုပိုင်နေအိမ်အား EU သံအမတ်ကြီးများ ငှားရမ်းနေထိုင်မှု အဆုံးသတ်

အာဏာသိမ်းမိသူတဦး၏ နိုင်ငံရေး သံဝေဂတရား

လေတပ်ဦးစီးချုပ် မိသားစု စီးပွားရှာသော နည်းလမ်း

USAID ရုံး ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် မိသားစုပိုင်အိမ်ကို ငှားရမ်းထား

ယူနီဆက်ဖ် ရန်ကုန်ရုံး ငှားရမ်းခ သတင်း နောက်ကွယ်

ဗိုလ်ချုပ်ဟောင်း တဦးအိမ် ရုံးခန်းငှားမိတဲ့ ကုလသမဂ္ဂ အဖွဲ့ မေးခွန်းထုတ်ခံရ

Your Thoughts …
Tags: NLDSliderUSDPခရိုနီစီးပွားရေးရွှေတောင်ကြားသဘာဝပတ်ဝန်းကျင်
ဇုန်းရိန်

ဇုန်းရိန်

Zung Ring သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

by ဧရာဝတီ
23 September 2023
58.9k

ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနေရာ အစားထိုးဝင်ရောက်လာသူ ဗိုလ်ချုပ်ကြီး မြထွန်းဦးသည် လက်ရှိ စစ်ခေါင်းဆောင်က မျက်နှာသာမပေးဘဲ ချောင်ထိုးထားသူဖြစ်သည်။

Next Post
ကူမင်း၌ ဆွေးနွေးနေချိန် စစ်တပ်နှင့် TNLA တိုက်ပွဲပြင်း

ကူမင်း၌ ဆွေးနွေးနေချိန် စစ်တပ်နှင့် TNLA တိုက်ပွဲပြင်း

မြောက်ဦး နာရေးအိမ်ဗုံးကြဲခံရမှု ကလေးငယ်တွေပါသေဆုံး (ရုပ်/သံ)

မြောက်ဦး နာရေးအိမ်ဗုံးကြဲခံရမှု ကလေးငယ်တွေပါသေဆုံး (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved