• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးနေဝင်း မိသားစုပိုင်နေအိမ်အား EU သံအမတ်ကြီးများ ငှားရမ်းနေထိုင်မှု အဆုံးသတ်

by ဧရာဝတီ
8 December 2021
in သတင်း
A A
ဥရောပသမဂ္ဂအဖွဲ့၏ သံအမတ်ကြီးများ ငှားရမ်းနေထိုင်ခဲ့သည့် ရန်ကုန်မြို့  မရမ်းကုန်းမြို့နယ် မေခလမ်းရှိ အာဏာ ရှင် ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း မိသားစုပိုင်နေအိမ် / ဧရာဝတီ

ဥရောပသမဂ္ဂအဖွဲ့၏ သံအမတ်ကြီးများ ငှားရမ်းနေထိုင်ခဲ့သည့် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မေခလမ်းရှိ အာဏာ ရှင် ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း မိသားစုပိုင်နေအိမ် / ဧရာဝတီ

13.9k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံတွင် တာဝန်ထမ်းဆောင်မည့် ဥရောပသမဂ္ဂအဖွဲ့ (EU) ၏ သံအမတ်ကြီး နေထိုင်ရန် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်း မိသားစုပိုင် နေအိမ်အား ၈နှစ်ခန့် ငှားရမ်းထားခြင်းကို နိုဝင်ဘာ ၃၀ရက်တွင် EU က အဆုံးသတ် လိုက်ကြောင်း သံတမန်အသိုင်းအဝိုင်းက သိရသည်။

၂၀၁၃ ခုနှစ် သမ္မတ ဦးသိန်းစိန် လက်ထက် မြန်မာအစိုးရနှင့် EU အဖွဲ့တို့အကြား ဆက်ဆံရေး ပြန်စချိန် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အေဒီလမ်း ဟု လူသိများသော မေခလမ်းရှိ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်း မိသားစုပိုင် ခြံဝင်းအတွင်းရှိ နေအိမ် အမှတ် ၁၉ နေအိမ်ကို EU ၏ သံအမတ်ကြီး နေရန် ငှားရမ်းထားခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီပေးရန် ရောက်လာသည့် EU အနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင် စနစ်ကို ပထမဆုံးမျိုးစေ့ချခဲ့သည့် ဗိုလ်ချုပ်ကြီး နေဝင်းမိသားစုအား အိမ်ငှားခအဖြစ် နှစ်စဉ် အမေရိကန် ဒေါ်လာသန်းနှင့်ချီ ၍ ထောက်ပံ့နေသကဲ့သို့ ဖြစ်နေသည့်အပေါ် ထိုစဉ်က ပြည်တွင်း၊ ပြည်ပရှိ အရပ်ဘက်အဖွဲ့အစည်း များက ပြစ်တင်ဝေဖန်ခဲ့ သည်။

ထိုသို့ ၈နှစ်ခန့် ငှားရမ်းနေထိုင်ပြီးနောက် ယခုလိုပြောင်းရွှေ့မှု ဖြစ်ပေါ်လာခြင်းဖြစ်ပြီး ရန်ကုန်ရှိ မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂသံရုံးကလည်း သံအမတ်ကြီးနေအိမ် အပြောင်းအရွှေ့နှင့် ပတ်သက်၍ ဧရာဝတီသို့ အတည်ပြုပြောကြားခဲ့သလို အသေးစိတ်သိလိုပါက သံအမတ်ကြီး အားလပ်ရက် ခွင့်ယူထားသဖြင့် နောက် ၁လခန့်အကြာမှ ပြန်ဆက်သွယ်ရန် ဆိုသည်။

ဥရောပသမဂ္ဂ ရန်ကုန်ရုံးက တာဝန်ရှိသူတဦးက “သံအမတ်ကြီးက အဲဒီနေအိမ်ကနေ ပြောင်းရွှေ့ နေထိုင်တော့မှာပါ ” ဟု ဧရာဝတီသို့ ပြောသည်။

EU အနေဖြင့် ထိုနေအိမ်ကို တနှစ် ငှားရမ်းမှု တန်ဖိုးမှာ အမေရိကန်ဒေါ်လာ သန်းနှင့်ချီ ပေးခဲ့ရပြီး၊ စတင်ငှားရမ်းချိန်တွင် မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်သူမှာ ဘယ်လ်ဂျီ ယံနိုင်ငံသား Mr. Rolan Kobia ဖြစ်သည်၊ ထို့နောက် ဒိန်းမတ် နိုင်ငံသား Mr Kristian Schmidt က တာဝန်ယူခဲ့ကာ၊ လက်ရှိအချိန်တွင်မူ အီတလီနိုင်ငံသား Mr Ranieri Sabatucci က မြန်မာနိုင်ငံဆိုင်ရာ EU သံအမတ် ကြီးအဖြစ် တာဝန်ယူလျက်ရှိသည်။

ယခုအခါ ဥရောပသမဂ္ဂ (EU) အနေဖြင့် ထိုနေအိမ်ကို ဆက်လက်မငှားတော့ဘဲ တက္ကသိုလ် ရိပ်သာလမ်းရှိ တောင် ကိုရီးယား သံရုံးအနီးအနားရှိ နေအိမ်တခုသို့ ပြောင်းရွှေ့သွားရန် စီစဉ်ထားကြောင်း ဧရာဝတီ၏ သတင်းရင်းမြစ် တဦးက ပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
101
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
142
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
45

အဆိုပါ နေအိမ်အသစ်ကိုလည်း စစ်ဗိုလ်ချုပ်များ၊ ခရိုနီများနှင့် မပတ်သက်သည့် နေအိမ်ဖြစ်ရန်အတွက် ၁ နှစ်ကျော် အချိန် ယူပြီး ရှာဖွေခဲ့ရကြောင်း သိရသည်။

ဥရောပသမဂ္ဂ (EU)အနေဖြင့် စစ်တပ်က ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက် ငြိမ်းချမ်းစွာဆန္ဒပြသူများကို အကြမ်း ဖက်နှိမ်နင်းမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင် အပါ အဝင် လူပုဂ္ဂိုလ် ၁၁ ဦးကို မတ်လ ၂၂ ရက်နေ့က အရေးယူဒဏ်ခတ်လိုက်ကြောင်း ကြေညာထားပြီး ဖြစ်သည်။

အရေးယူ ဒဏ်ခတ်လိုက်သည့် လူစာရင်းတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ ဒုဗိုလ်ချုပ်မှူး ကြီးမြင့်ဆွေ၊ ဒုဗိုလ်ချုပ်မှူး ကြီးစိုးဝင်း၊ ဒုဗိုလ်ချုပ်ကြီးစိန်ဝင်း၊ စစ်ကောင်စီက ခန့်အပ်သည့် ပြည် ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး၊ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ဒုဗိုလ်ချုပ်ကြီး မိုးမြင့် ထွန်းနှင့် ဒုဗိုလ်ချုပ်ကြီး သန်းလှိုင်တို့၏ အမည်များ ပါဝင်သည်။

အရေးယူခံရသူ ၁၁ ဦးနှင့် ပတ်သက် ဆက်နွယ်နေသည့် စီးပွားရေး လုပ်ငန်းများအား EU အဖွဲ့ဝင် နိုင်ငံသားပိုင် ကုမ္ပဏီ များမှ ငွေကြေးလွှဲပြောင်းပေးမှု အားလုံးကိုပါ တားမြစ်လိုက်ပြီး ဥရောပသမဂ္ဂ နယ်နိမိတ် အတွင်း ခရီးသွားလာခွင့်၊ ဖြတ် သန်း ခွင့်ကိုလည်း ပိတ်ပင်ခံလိုက်သလို ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများရှိ ၎င်းတို့၏ ပိုင်ဆိုင်မှု ငွေကြေးနှင့် စီးပွားရေးများ ကိုလည်း ထိန်းချုပ် ထားမည်ဖြစ်ကြောင်း EU က ဆိုသည်။

၂၀၁၀ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံက တံခါးဖွင့် ဝါဒ ပြန်လည် ကျင့်သုံးလိုက်ပြီးနောက် ကမာ္ဘ့ကုလသမဂ္ဂနှင့် နိုင်ငံတကာ အဖွဲ့အစည်းများက ပြည်တွင်းသို့ ပြန်လည် အခြေချခဲ့ကြပြီး ၎င်းတို့၏ ရုံးခန်းနေရာကို ယခင် စစ်အာဏာရှင် လက်ထက် များက ဗိုလ်ချုပ်များ၏ ဆက်နွယ်သည့် နေအိမ်များကို အမေရိကန်ဒေါ်လာ သန်းနှင့် ချီပေးကာ နှစ်ရှည် ငှားရမ်းခဲ့ကြသည်။

ထိုအထဲတွင် ကမာ္ဘ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ အဖွဲ့ (UNICEF) နှင့် ကမာ္ဘ့ကျန်းမာရေးအဖွဲ့(WHO) တို့လည်း ပါဝင် သည်။

UNICEF က ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့သော စစ်အစိုးရ လက်ထက်က လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဗိုလ်ချုပ်ညွန့်တင် ပိုင်ဆိုင်သော ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြား ၂ ရပ်ကွက် အင်းလျားမြိုင်လမ်း ခြံအမှတ် ၂၃/အေ ကို တလ အမေရိကန်ဒေါ်လာ ၈၇၀၀၀ (မြန်မာငွေသိန်း ၈၈၀ ခန့် (ယခင်နှုန်း ထား)) ပေးရပြီး ၇ နှစ် စာချုပ် ချုပ်ဆိုထားသည်။ (လက်ရှိအချိန်အထိ ငှားရမ်းထားဆဲ ဖြစ်သည်။)

အလားတူ WHO အဖွဲ့့ကလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဆွေမျိုး ပိုင်ဆိုင်သော ရန်ကုန်မြို့ ၇ မိုင် ပြည်လမ်းဘေးရှိ အိမ်အမှတ် ၂ ကို ရုံးခန်းအဖြစ် တနှစ်ကို အမေရိကန်ဒေါ်လာ သန်းနှင့်ချီ ပေးပြီး ငှားရမ်းခဲ့သေးသည်။ (ထိုအချိန်က ဝန် ထမ်း လစာ၊ အဆောက်အအုံ ငှားရမ်းခအပါအဝင် တနှစ် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၉ သန်းကျော် ရှိသည်။)

ယခု နောက်ပိုင်းနှစ်များတွင် WHO သည် ၎င်း၏ ရုံးခန်းနေရာကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်းရှိ အမှတ် ၄၀၃ (A1) သို့ ပြောင်းရွှေ့ ဖွင့်လှစ်ထားသည်ဟု သိရသည်။

You may also like these stories:

ဦးနေဝင်းရဲ့ အိမ်နီးချင်းသစ်

UNICEF လိုပဲ WHO လည်း ရန်ကုန်ရုံးငှားခ တလ ဒေါ်လာ ၈ သောင်းခန့် ပေးရ

ယူနီဆက်ဖ် ရန်ကုန်ရုံး ငှားရမ်းခ သတင်း နောက်ကွယ်

သူ့အရပ်နဲ့ သူ့ဇာတ်

Your Thoughts …
Tags: EU သံအမတ်စစ်ကောင်စီဗိုလ်ချုပ်ကြီးနေဝင်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၂၀၁၇ မှာ ရခိုင်ပြည်မြောက်ပိုင်း မွတ်စလင် လူနည်းစုတွေ စစ်တပ်ရဲ့ ရက်စက်မှုတွေကို ကြောက်ပြီး ဘင်္ဂလားဒေ့ရှ်ဘက် အစုလိုက်အပြုံလိုက် ထွက်ပြေးကြစဉ်

ဒေါ်လာ ၁၅၀ ဘီလီယံ နစ်နာကြေးပေးရန် ရိုဟင်ဂျာ ဒုက္ခသည်များ Facebook ကို တရားစွဲ

ယခုအခါ ရပ်ဆိုင်းထားပြီဖြစ်သည့် ဂျပန်အကူအညီဖြင့် ဆောက်လုပ်နေသော ပဲခူးမြစ်ကူးတံတားစီမံကိန်းကို ၂၀၂၀ ဒီဇင်ဘာလအတွင်း သာကေတဘက်မှ မြင်ရစဉ်

အသိအမှတ်ပြုရန် ဂျပန်ကို NUG တောင်းဆို၊ စစ်ကောင်စီကလည်း အကူအညီများ ပြန်ရရန် သွေးဆောင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved