• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

by Ankit K
18 March 2025
in သူ့အတွေး သူ့အမြင်
A A
မြန်မာ့လုံခြုံရေးစည်းအတွင်း တရုတ်စစ်တပ် ကိုယ်ယောင်ဖျောက် ထိုးဖောက်ဝင်ရောက်

၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၃ ရက်နေ့က ဟန်ကျိုးတွင် ကျသ်းပသည့် အာရှိ အားကစားပွဲတော် ဖွင့်ပွဲတွင် တွေ့ရသည့် တရုတ်စစ်သားများ / AFP

11k
VIEWS
Share on FacebookShare on Twitter

မြန်မာနိုင်ငံသည် ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှုဥပဒေကို ဖေဖော်ဝါရီလ ၁၈ ရက်နေ့တွင် ပြဋ္ဌာန်းပြီး ပုဂ္ဂလိက လုံခြုံရေးလုပ်ငန်း အရေခြုံထားသည့် တရုတ်စစ်သားများအတွက် မြန်မာနယ်စပ်ကို ဖွင့်ပေးလိုက်သည်။

ထိုဥပဒေသည် တရုတ်အတွက် ထိခိုက်လွယ် အိမ်နီးချင်း မြန်မာနိုင်ငံတွင် သြဇာပိုမိုနက်ရှိုင်းစေပြီး ၎င်း၏သေနင်္ဂဗျူဟာ အကျိုးစီးပွားများ ကာကွယ်ရန် တွက်ချက်လှုပ်ရှားမှုဖြစ်ကာ ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) နိုင်ငံအများအပြားတွင် တရုတ်က အသုံးပြုနေသည့် ထုံးစံဖြစ်သည်။

မြန်မာကို ဖြတ်သန်းမည့် တရုတ်နိုင်ငံ၏ ရည်မှန်းချက်ကြီးသော စီးပွားရေးစင်္ကြံသည် တရုတ်အတွက် လုံခြုံရေး အိပ်မက်ဆိုးအဖြစ် ကိုယ့်ရှူးကိုယ်ပတ်စေသည်။ တရုတ်၏ အရေးပါသော အခြေခံအဆောက်အအုံများ ပါဝင်သည့် နယ်မြေများကို တော်လှန်ရေးအင်အားစုနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များက ထိန်းချုပ်လိုက်သောအခါ တရုတ်နိုင်ငံ၏ သေနင်္ဂဗျူဟာသည် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမှ စစ်ရေးခြေကုပ်ရေးသို့ ပြောင်းလဲသွားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် လာရောက်ပြီးနောက် ထိုဥပဒေ ထွက်လာသည်။ ထိုခရီးစဉ် အပြီးတွင် “ဖက်စပ်လုံခြုံရေးကုမ္ပဏီ” အဆိုပြုချက်သည် မြန်မာမူဝါဒ ဆွေးနွေးမှုများတွင် ထူးဆန်းစွာ အကောင်အထည်ပေါ်လာသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ ၂၀၂၄ ခုနှစ်၊ သြဂုတ်လတွင် လာရောက်ပြီးနောက် ထိုဥပဒေ ထွက်လာသည်။ ထိုခရီးစဉ် အပြီးတွင် “ဖက်စပ်လုံခြုံရေးကုမ္ပဏီ” အဆိုပြုချက်သည် မြန်မာမူဝါဒ ဆွေးနွေးမှုများတွင် ထူးဆန်းစွာ အကောင်အထည်ပေါ်လာသည်။

နိုဝင်ဘာလ ရောက်သောအခါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီခွဲနှင့် တရုတ်၏ CITIC Group တို့သည် ရခိုင်ပြည်နယ်မှ သေနင်္ဂဗျူဟာကျသည့် ကမ်းရိုးတန်းဒေသ ကျောက်ဖြူတွင် ထူထောင်ရန် သဘောတူညီချက် သတင်းများ ထွက်လာသည်။ ထိုအချိန်ဇယားသည် တရုတ်က အကျိုးစီးပွားအတွက် ထိုဥပဒေကို ကြံစည်ရာတွင် စွက်ဖက်မှုကို ပြသနေသည်။

တရုတ်၏ မြန်မာကို ချဉ်းကပ်ပုံနည်းလမ်းသည် ပါကစ္စတန်နှင့် အခြား BRI နိုင်ငံများဖြစ်သည့် သီရိလင်္ကာနှင့် အာဖရိက နိုင်ငံအများအပြားတွင် လုပ်သည့်နည်းလမ်းကို ထင်ဟပ်နေသည်။ ထိုနိုင်ငံများတွင် ထိန်းချုပ်မရသည့် အခြေခံအဆောက်အအုံ ကြွေးမြီများမှတဆင့် ဖန်တီးထားသော စီးပွားရေးအရ မှီခိုမှုသည် နောက်ဆုံးတွင် နိုင်ငံ၏လွတ်လပ်မှုကို အပေးအယူ လုပ်ရအောင် ဖြစ်စေသည်။

မြန်မာတွင် ပြည်တွင်းစစ် ပြင်းထန်လာသောအခါ အိန္ဒိယသမုဒ္ဒရာကမ်းခြေမှ ယူနန်ပြည်နယ်အထိ ကီလိုမီတာ ၈၀၀ ရှည်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ ပါဝင်သော တရုတ်-မြန်မာ စီးပွားရေးစင်္ကြံသည် ပိုမိုထိခိုက်လွယ်လာသည်။ မြန်မာ၏ ပြည်တွင်းနိုင်ငံရေးအရွေ့များကို မလေးစားဘဲ တရုတ်သည် မြန်မာနယ်နိမိတ်အတွင်း တရုတ်လုံခြုံရေးတပ်များ လှုပ်ရှားရန် ဥပဒေလမ်းကြောင်းများ ဖန်တီးရေးအတွက် စစ်ကောင်စီကို ဖိအားပေးသည်။

ထိုဥပဒေ၏ အသေးစိတ်များက တရုတ်အစိုးရ၏ ရည်ရွယ်ချက်များကို ဖော်ပြနေသည်။ လုံခြုံရေးဝန်ထမ်းများ၏ ၇၅ ရာခိုင်နှုန်းသည် မြန်မာနိုင်ငံသားများ ဖြစ်ရန်လိုအပ်ပြီး “ပြည်ပလက်နက်ကိုင် တပ်ဖွဲ့ဝင်များ” ကို ပိတ်ပင်ထားသော်လည်း ထိုပြဋ္ဌာန်းချက်များတွင် ရည်ရွယ်ချက်ရှိရှိ လုပ်ထားသည့် ဟာကွက်များ ပါဝင်သည်။

တရုတ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) မှ စစ်သားများသည် မြန်မာတွင် လုံခြုံရေးတာဝန်ယူရန် တာဝန်မှ နုတ်ထွက်နိုင်ပြီး တရားဝင်တပ်များ ဖြန့်ကြက်မှု၏ သံတမန်ရေး ရှုပ်ထွေးမှုများ မလိုအပ်ဘဲ တရုတ်စစ်တပ်သည် မြန်မာတွင် တပ်စွဲနိုင်ပြီ ဖြစ်သည်။

တရုတ်၏ မြန်မာအပေါ် သဘောထားသည် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး စံနမူနာပုံစံ၏ အမြတ်ထုတ် အသုံးချသည့် သဘောသဘာဝကို ပြသနေသည်။ လက်ခံသောနိုင်ငံက ပြန်လည်ပေးဆပ်ရန် ရုန်းကန်ရသည့် ကြွေးမြီများဖြင့် ငွေကြေးထောက်ပံ့သည့် BRI စီမံကိန်းများသည် စီးပွားရေးမှီခိုမှုဖြစ်စေပြီး ထိုမှတဆင့် လုံခြုံရေးမှီခိုမှု ဖြစ်စေသည်။

မြန်မာတွင် တရုတ် အခြေခံအဆောက်အအုံ စီမံကိန်းများကို ဆန့်ကျင်မှုသည် ကျယ်ပြန့်ပြီး လူမှုအသိုက်အဝန်းများသည် သဘာဝပတ်ဝန်းကျင် ပျက်စီးမှု၊ မြေယာသိမ်းဆည်းမှုနှင့် ဒေသခံပြည်သူများအတွက် စီးပွားရေး အကျိုးအမြတ် နည်းခြင်းတို့ကို ဆန့်ကျင်ကြသည်။

RelatedPosts

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
383
စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

10 January 2026
606
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
185

ထိုသို့ တရားဝင်သော စိုးရိမ်ပူပန်မှုများကို မဖြေရှင်းဘဲ တရုတ်အစိုးရသည် စီးပွားရေးအခင်းအကျင်းကို စစ်ရေးအခင်းအကျင်း ဖြစ်စေရန် ရွေးချယ်သည်။ ထိုပုံစံသည် BRI နိုင်ငံအများအပြားတွင် မုန်းတီးမှုများ ဖြစ်စေပြီး ပါကစ္စတန်၏ အတွေ့အကြုံသည် သတိပေးသည့် အဖြစ်အပျက်ဖြစ်သည်။

ထိုသို့ တရားဝင်သော စိုးရိမ်ပူပန်မှုများကို မဖြေရှင်းဘဲ တရုတ်အစိုးရသည် စီးပွားရေးအခင်းအကျင်းကို စစ်ရေးအခင်းအကျင်း ဖြစ်စေရန် ရွေးချယ်သည်။ ထိုပုံစံသည် BRI နိုင်ငံအများအပြားတွင် မုန်းတီးမှုများ ဖြစ်စေပြီး ပါကစ္စတန်၏ အတွေ့အကြုံသည် သတိပေးသည့် အဖြစ်အပျက်ဖြစ်သည်။

ပါကစ္စတန်တွင် အမြတ်ထုတ် သွေးစုတ်သော စီမံကိန်းများကို ဒေသခံဆန့်ကျင်မှု ကြီးထွားနေသောကြောင့် တရုတ်အလုပ်သမားများနှင့် ရင်းနှီးမြှုပ်နှံမှုများအတွက် လုံခြုံရေးအစီအမံ ပိုမိုလိုအပ်လာသည်။

ပြည်တွင်းဆန့်ကျင်မှု အများအပြားအကြား နိုင်ငံတကာထောက်ခံမှု ဆိုးဆိုးရွားရွား လိုအပ်နေသော မြန်မာစစ်ကောင်စီသည် အချုပ်အခြာအာဏာ၏ အဓိကအရေးကြီးကိစ္စများကို တရုတ်ထံ ထိုးအပ်ရသည်။ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ပြည်ပတပ်များ မြန်မာနိုင်ငံအတွင်း လှုပ်ရှားခြင်းကို အတိအလင်း ပိတ်ပင်သည်။ သို့သော် လုံခြုံရေးကုမ္ပဏီများသည် “ပြည်ပတပ်များ” မဟုတ်ဘဲ “စစ်သားဟောင်းများ” ကို ခန့်ထားသောကြောင့် ထူးမခြားနားပင် ဖြစ်သည်။

စိုးရိမ်စရာ အကောင်းဆုံးမှာ ထိုပြဋ္ဌာန်းချက်တွင် လုံခြုံရေးလုပ်ငန်းများသည် မြန်မာလုံခြုံရေးဌာနများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းဖြစ်ပြီး တရုတ်အနေဖြင့် ထောက်လှမ်းရေးသတင်း စုဆောင်းခြင်းနှင့် မြန်မာလုံခြုံရေး ယန္တရားအတွင်း လုပ်ငန်းများအပေါ် သြဇာသက်ရောက်စေနိုင်သည်။

ထိုကိစ္စသည် အချုပ်အခြာ အာဏာပိုင်နိုင်ငံတခု၏ လုံခြုံရေးအခြေခံ အဖွဲ့အစည်းအတွင်း ပြည်ပ ထိုးဖောက်ဝင်ရောက်မှုတွင် ယခင် မကြုံဖူးသည့် အဆင့်ဖြစ်ပြီး စစ်ကောင်စီသည် ၎င်း၏ တရားမဝင် အုပ်ချုပ်ရေးကို တရုတ်က ထောက်ခံလာစေရန်အတွက် အပြန်အလှန်အားဖြင့် စိတ်ပါလက်ပါ ပူးပေါင်းကြံစည်သူ ဖြစ်စေသည်။

တရုတ်၏ လုံခြုံရေးများ မြန်မာတွင် ရှိခြင်းသည် မြန်မာ၏ ရှုပ်ထွေးနေပြီးဖြစ်သော ပြည်တွင်းပဋိပက္ခတွင် အန္တရာယ်များသော အရွေ့သစ်များကို ဖြစ်စေသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ သို့မဟုတ် တော်လှန်ရေးအင်အားစုများနှင့် တရုတ်လုံခြုံရေးများ ရင်ဆိုင်တွေ့သောအခါ တရုတ်သည် ၎င်း၏လုံခြုံရေးများ မြန်မာတွင် ရှိရန်လိုကြောင်း ထပ်မံ အမြတ်ထုတ် အသုံးချနိုင်သည့် နိုင်ငံတကာဖြစ်ရပ်များ ဖြစ်စေနိုင်သည်။

ထိုကိစ္စသည် မြန်မာ ပြည်တွင်းပဋိပက္ခကို နိုင်ငံတကာ ပြဿနာဖြစ်အောင်လုပ်ပြီး နိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးအတွက် ရှုပ်ထွေးမှု အခြေအနေတခု ဖြစ်စေသည်။

ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်ရေးအောက်တွင် ဒုက္ခရောက်နေပြီးဖြစ်သည့် မြန်မာပြည်သူများအတွက် ထိုဥပဒေသည် ၎င်းတို့နိုင်ငံ၏ လွတ်လပ်ရေးကို တရုတ်အကျိုးစီးပွားနှင့် လဲလှယ်သည်ကို တွေ့ရသည့် ဂုဏ်သိက္ခာကျဆင်းမှု ဖြစ်သည်။

ရက်စက်ကြမ်းကြုတ်သော စစ်အုပ်ချုပ်ရေးအောက်တွင် ဒုက္ခရောက်နေပြီးဖြစ်သည့် မြန်မာပြည်သူများအတွက် ထိုဥပဒေသည် ၎င်းတို့နိုင်ငံ၏ လွတ်လပ်ရေးကို တရုတ်အကျိုးစီးပွားနှင့် လဲလှယ်သည်ကို တွေ့ရသည့် ဂုဏ်သိက္ခာကျဆင်းမှု ဖြစ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုတွင် ဒီမိုကရေစီအခွင့်အရေးများ ဆုံးရှုံးသွားပြီးနောက် မြန်မာပြည်သူများသည် လူမှုအသိုက်အဝန်းများတွင် တရုတ်လုံခြုံရေးတပ်များ လှုပ်ရှားနေမည့် အလားအလာကို ရင်ဆိုင်ရပြီး မြန်မာ့ဥပဒေများ သို့မဟုတ် အကျိုးစီးပွားများအတွက် မဟုတ်ဘဲ တရုတ်၏ သေနင်္ဂဗျူဟာ လိုအပ်ချက်များအရသာဖြစ်ကြောင်း တွေ့ရမည်ဖြစ်သည်။

ထို ပုဂ္ဂလိက လုံခြုံရေးဝန်ဆောင်မှု ဥပဒေသည် မြန်မာတွင် တရုတ်၏ အမြတ်ထုတ် သွေးစုပ်မှု အန္တရာယ် ကြီးမားစွာ မြင့်မားလာခြင်း ဖြစ်သည်။ ပုံမှန် လုပ်ထုံးလုပ်နည်း မူဘောင်အဖြစ် တင်ပြခဲ့သော်လည်း ထိုဥပဒေသည် မြန်မာ၏ ရေရှည်အချုပ်အခြာနှင့် လုံခြုံရေးကို ဆုံးရှုံးစေပြီး တရုတ်၏ သေနင်္ဂဗျူဟာ ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို တရုတ်၏ အခွင့်ကောင်းယူ အမြတ်ထုတ် သွေးစုပ်မှုသာဖြစ်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Ankit K ၏ Chinese Military Infiltrates Myanmar in Security Guise ကို ဘာသာပြန်သည်။ အန်ကစ် ကေသည် အိန္ဒိယ အမျိုးသားကာကွယ်ရေးတက္ကသိုလ်မှ တွဲဖက် ပါမောက္ခ ဖြစ်သည်။)

You may also like these stories:

တရုတ်အလိုကျ အရှက်မရှိ လိုက်လုပ်နေတဲ့ မြန်မာစစ်ကောင်စီ

မြန်မာ့အရေးမှ ထရမ့် ဆုတ်ခွာခြင်းက တရုတ်လက် ဝကွက်အပ်ရာရောက်

တရုတ်လုံခြုံရေးတပ်များ ချထားနိုင်မည့် ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

အမေရိကန် အဆုတ် တရုတ် လက်ခုပ်ထဲက မြန်မာ့အရေး

၂၀၂၄ ခုနှစ် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပေါ်လစီ ရီဗျူး

တရုတ်ဩဇာ မြန်မာကို လွှမ်းမိုးမှု အနောက်တိုင်းက ချိန်ခွင်လျှာညှိရန် အချိန်ကျပြီ

Your Thoughts …
Tags: BRICITICPLASliderစစ်ကောင်စီစစ်အာဏာသိမ်းမှုစီးပွားရေးစီးပွားရေးစင်္ကြံတရုတ်တိုင်ရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတော်လှန်ရေးအင်အားစုပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီပြည်တွင်းစစ်ဖွဲ့စည်းပုံအခြေခံဥပဒေမြေယာသိမ်းဆည်းမှုရင်းနှီးမြှုပ်နှံမှုရပ်ဝန်းနှင့်လမ်းအစီအစဉ်ရေနံနှင့် သဘာဝဓာတ်ငွေ့လုံခြုံရေးဝန်ဆောင်မှုဥပဒေသဘာဝပတ်ဝန်းကျင်အချုပ်အခြာအာဏာ
Ankit K

Ankit K

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ပြည်ပရောက်လုပ်သားတွေ ပြည်တွင်းပြန်မဝင်ဖို့ သတိပေး (ရုပ်/သံ)

ပြည်ပရောက်လုပ်သားတွေ ပြည်တွင်းပြန်မဝင်ဖို့ သတိပေး (ရုပ်/သံ)

VOA နဲ့ RFA အခန်းကဏ္ဍက အင်မတန်မှ အရေးပါတယ် (ရုပ်/သံ)

VOA နဲ့ RFA အခန်းကဏ္ဍက အင်မတန်မှ အရေးပါတယ် (ရုပ်/သံ)

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved