အဓိက အင်အားကြီးနိုင်ငံများအကြား ပထဝီသေနင်္ဂဗျူဟာ ဦးတည်ဘက်ပြောင်းခြင်းနှင့် ပြန်လည်ချိန်ညှိခြင်းတို့သည် ဗဟိုချက်သို့ ရောက်နေသောကြောင့် စစ်အာဏာသိမ်းမှု နောက်ဆက်တွဲ ပြည်တွင်းစစ် လေးနှစ်ပြည့်သောအခါ ကမ္ဘာ့သတင်းခေါင်းစဉ်များတွင် မြန်မာ့အရေးအပေါ် အာရုံစိုက်မှု ဆက်လက် မှေးမှိန်နေသည်။
ကြီးမားလျင်မြန်သော နိုင်ငံခြားရေးမူဝါဒ အပြောင်းအလဲများသည် သမ္မတ ဒေါ်နယ်ထရမ့်၏ ဒုတိယအကြိမ် အစိုးရအောက် အမေရိကန် ပြည်ထောင်စုတွင် ဖြစ်ပွားနေသည်။ ဥရောပသမဂ္ဂသည် ယူကရိန်းတွင် ရုရှားကျူးကျော်မှု၏ သေရေးရှင်ရေး ခြိမ်းခြောက်မှုကို ခံနေရသည်။ ဂျပန်တွင်လည်း ပြည်တွင်းနိုင်ငံရေး ပြောင်းလဲမှုကို အပြင်းအထန် ဆန့်ကျင်မှု ဖြစ်နေသည်။
မြန်မာ၏ ကံကြမ္မာနှင့် အနာဂတ်ကို ပြည်တွင်းစစ်၏ လမ်းကြောင်း၊ ရလဒ်နှင့် မြန်မာတွင် ကျယ်ပြန့်လာသော တရုတ်သြဇာက ဆုံးဖြတ်မည်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများ၏ လှုပ်ရှားမှုသည် သက်ရောက်မှု အနည်းငယ်သာ ရှိမည်ဖြစ်သည်။
ထို့ကြောင့် မြန်မာ၏ ကံကြမ္မာနှင့် အနာဂတ်ကို ပြည်တွင်းစစ်၏ လမ်းကြောင်း၊ ရလဒ်နှင့် မြန်မာတွင် ကျယ်ပြန့်လာသော တရုတ်သြဇာက ဆုံးဖြတ်မည်ဖြစ်ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်နိုင်ငံများ၏ လှုပ်ရှားမှုသည် သက်ရောက်မှု အနည်းငယ်သာ ရှိမည်ဖြစ်သည်။
အမေရိကန် နိုင်ငံခြားရေးမူဝါဒ လမ်းညွှန်ချက်များ၏ ရှေ့တော်ပြေးအဖြစ် အမေရိကန် အကူအညီ စုစုပေါင်း၏ အလွန်သေးငယ်သော အစိတ်အပိုင်းဖြစ်သည့် အမေရိကန်ဒေါ်လာ ၄၅ သန်းရှိ မြန်မာပညာသင်ဆုများကို သမ္မတ ထရမ့်က ရုတ်တရက် ဆိုင်းငံ့လိုက်သည်။
ထိုအချက်က စစ်ကောင်စီကို ဆန့်ကျင်သော မြန်မာတော်လှန်ရေးအင်အားစုသည် အရေးပါသည့် ဝါရှင်တန် အကူအညီကို ဆက်လက် မမှီခိုနိုင်တော့ကြောင်း ပြသနေသည်။
ရုရှား-ယူကရိန်းစစ်ပွဲကို ဗဟိုပြုသည့် ဥရောပ စစ်မျက်နှာသည် ပကတိ အခြေအနေသစ်များကို သိရှိရန် လှုပ်နှိုးခံရပြီး ထရမ့်က မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (NATO) အဖွဲ့ဝင်နိုင်ငံများ ကာကွယ်ရေး အသုံးစရိတ် နှစ်ဆတိုးပြီး စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှု (GDP) ၏ ၅ ရာခိုင်နှုန်းသို့ တိုးရန် တောင်းဆိုနေသည်။
နိုင်ငံတကာစနစ်ကို ကျားကန်ရန် ထိုသို့ ကမ္ဘာ့ခေါင်းဆောင်မှု ကင်းမဲ့ခြင်းသည် ဂျပန်အနေဖြင့် အာရှတွင် သြဇာထူထောင်ရန် ဖြစ်စေသော်လည်း ဝန်ကြီးချုပ် ရှီဂဲရု အီရှီဘာသည် ကွယ်လွန်သူ ရှင်ဇိုအာဘေးကဲ့သို့ မဟုတ်ဘဲ သီးခြားဆန်ကာ ပြည်တွင်းရေးကို အာရုံစိုက်ပုံရသည်။ မစ္စတာ ရှင်ဇိုအာဘေးသည် ထရမ့်၏ ပထမအကြိမ် အစိုးရနှင့် ဂျပန်၏ နိုင်ငံတကာအခန်းကဏ္ဍကို များစွာ ပိုမို ထက်ထက်မြက်မြက် ကိုင်တွယ်ခဲ့သည်။
ထို့ကြောင့် မြန်မာတွင် မည်သို့ဖြစ်မည်ဆိုသည့်ကိစ္စသည် ပြည်တွင်းစစ် အရွေ့အပေါ် မူတည်သည်။ လေးနှစ်ကြာပြီးနောက် စစ်ကောင်စီသည် အရပ်သားဦးဆောင်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်များ (PDF) နှင့် အမျိုးမျိုးသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ (EAOs) ပါဝင်သည့် တပ်ပေါင်းစုကို ရှုံးနိမ့်နေကြောင်း ထင်ရှားသည်။
ထို EAO များသည် ချင်း၊ ကချင်နှင့် ရှမ်းမှသည် ကရင်နီ၊ ကရင်နှင့် မွန်ပြည်နယ်မှ နယ်စပ်ဒေသများကို အကြီးအကျယ် လွှမ်းမိုးထားသည်။ ယခုအခါ စစ်ကောင်စီသည် နိုင်ငံပိုင်နက်၏ ထက်ဝက်အောက်သာ ထိန်းချုပ်ထားကြောင်း အများအားဖြင့် ခန့်မှန်းကြသည်။
ထို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကြား စစ်ကောင်စီဆန့်ကျင်ရေး ညီနောင်မဟာမိတ် သုံးဖွဲ့က ရှေ့ရောက်သည်။ ညီနောင်မဟာမိတ်အဖွဲ့တွင် ကိုးကန့်ဟုလည်း လူသိများသည့် မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် အာရက္ခတပ်တော် (AA) တို့ ပါဝင်သည်။
မြန်မာနိုင်ငံ အခြေအနေသည် ကန့်လန့်ကာနောက်ကွယ်နှင့် မြေပြင်တွင်ပါ အပြောင်းအလဲ မြန်နေသည်။ မြေပြင်တွင် AA သည် EAO များအကြား အထိရောက်ဆုံး တိုက်ခိုက်ရေးတပ်ဖွဲ့ ဖြစ်သည်။
ပြည်တွင်းစစ်၏ အရွေ့သည် စစ်ကောင်စီနှင့် ဆန့်ကျင်ဘက်တွင်ရှိပြီး EAO များ သြဇာပိုမိုထူထောင်လာသည်။ EAO များ အရှိန်မြင့်လာလေလေ၊ NUG နှင့် PDF များသည် ထိုအရှိန်အဟုန်ကို အမီလိုက်ရလေလေပင် ဖြစ်သည်။
ပြည်တွင်းစစ်၏ အရွေ့သည် စစ်ကောင်စီနှင့် ဆန့်ကျင်ဘက်တွင်ရှိပြီး EAO များ သြဇာပိုမိုထူထောင်လာသည်။ EAO များ အရှိန်မြင့်လာလေလေ၊ NUG နှင့် PDF များသည် ထိုအရှိန်အဟုန်ကို အမီလိုက်ရလေလေပင် ဖြစ်သည်။
ပိုမို ကောင်းမွန်စွာ လေ့ကျင့်လာပြီး လက်နက် ပိုကောင်းစွာ တပ်ဆင်လာစေကာမူ လူငယ်များ ဦးဆောင်သည့် PDF တပ်ဖွဲ့များကို ယေဘုယျအားဖြင့် မြို့နယ်များတွင် ခြွေစစ်များနှင့် အောက်ခြေစစ်ရေးအတွက်သာ ရည်ရွယ်ပြီး EAO တို့လုပ်နိုင်သည့် ပိုမိုကြီးမားသော တိုက်ပွဲများတွင် ကျွမ်းကျင်မှုနည်းသေးသည်။
ထိုအချက်ကြောင့် NUG သည် တဖြည်းဖြည်း နောက်တွင် ကျန်ရစ်သည့်သဘော ဖြစ်သည်။ NUG အနေဖြင့် ထိုအမြန်နှုန်းကို အမီလိုက်နိုင်သည့် နည်းလမ်းတခုမှာ PDF များကို EAO များကဲ့သို့ ညီညွတ်စုစည်းသည့် အမိန့်ပေးစနစ်တခုတည်းအောက်တွင်ရှိသော တိုက်ခိုက်ရေးတပ်ဖွဲ့အဖြစ် အဆင့်မြှင့်တင်ရန် ဖြစ်သည်။
သို့သော် NUG ခေါင်းဆောင်များသည် စိတ်ပျက်စရာကောင်းနေပြီး အဆင့်မမီပေ။ ၎င်း၏ခေါင်းဆောင်မှုသည် မှုန်ဝါးဝါးနှင့် စမ်းသပ်နေပုံရကာ ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို ခေါင်းဆောင်သည့် ရွှေခေတ်က အသက်ကြီးသော မျိုးဆက်များသာ လွှမ်းမိုးနေပုံရသည်။ ဒေါ်အောင်ဆန်းစုကြည်သည် အာဏာသိမ်းကတည်းက ဖမ်းဆီးခံရကာ အကျဉ်းကျနေသည်။
NUG သည် စွမ်းရည်နှင့် ဆွဲဆောင်မှုရှိသည့် သစ်လွင်ပြီး ပိုမိုယုံကြည်ရသော၊ ခေါင်းဆောင်မှုရှိသော အရပ်သားအစိုးရဖြစ်လာရန် အရေးပေါ် အပြောင်းအလဲ လိုအပ်နေသည်။
EAO များ အထူးသဖြင့် ညီနောင်မဟာမိတ်များသည် အပေါ်စီး ပိုမိုရလာပြီး စစ်ကောင်စီ နောက်ဆုတ်နေရချိန်တွင် တရုတ်သည် မြန်မာမှ ၎င်း၏ အကျိုးစီးပွားများ လုံခြုံအောင် လုပ်ရမည်ဟု ခံစားရသည်မှာ သဘာဝကျသည်။
ထိုအကျိုးစီးပွားများတွင် တောင်ပိုင်းမှ ဆိပ်ကမ်းတခုနှင့် မြန်မာကို ဖြတ်ပြီး ယူနန်ပြည်နယ်အထိ သွယ်တန်းသည့် ဓာတ်ငွေ့ပိုက်လိုင်းတခုပါဝင်ကာ အလုပ်သမားများနှင့် စီးပွားရေးလုပ်ငန်းများကို ထည့်ပြောရန် မလိုပေ။ ကချင်နှင့် ရှမ်းနယ်စပ် ပြည်နယ်များတွင် တရုတ်လွှမ်းမိုးမှုကို အခိုင်အမာ ထူထောင်ထားပြီးဖြစ်ကာ အထူးသဖြင့် MNDAA နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အပေါ် ထူထောင်ထားပြီးဖြစ်သည်။ သို့သော် တရုတ်အစိုးရသည် ထိုင်းနှင့် အိန္ဒိယနယ်စပ် ပြည်နယ်များအပေါ် လွတ်လွတ်လပ်လပ် လုပ်ကိုင်နိုင်စွမ်း နည်းသည်။
စစ်ကောင်စီသည် နယ်မြေများကို ပိုမိုဆုံးရှုံးနေစဉ် တရုတ်သြဇာကင်းသည့် နိုင်ငံငယ်များအဖြစ် မြန်မာပြိုကွဲခြင်းသည် တရုတ်အတွက် လုံခြုံရေးအန္တရာယ် မြင့်မားစေသည်။ တည်ငြိမ်မှုနှင့် နိုင်ငံရေးစနစ်ရှိသည့် ပုံစံ တစုံတရာဖြစ်စေရန် တရုတ်သည် မြန်မာတွင် ရွေးကောက်ပွဲတမျိုးမျိုး ဖြစ်စေချင်သည်။ နိုင်ငံတကာ တရားဝင်မှု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ရွေးကောက်ပွဲ ဖြစ်စေချင်သည်။
စစ်ကောင်စီသည်လည်း ရွေးကောက်ပွဲကို ကျင်းပပြီး ပယ်ဖျက်မရအောင် အလွန်လုပ်ချင်နေသည်။ ပြဿနာရှိသည်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရွေးကောက်ပွဲအတွင်းနှင့် နောက်ပိုင်းတွင် မည်သို့ အာဏာဆက် ရမည် သို့မဟုတ် မရ ဆိုသည့် ပြဿနာဖြစ်သည်။ တရုတ်သည် စစ်အာဏာသိမ်းပြီး ကပ်ဆိုက်အောင်လုပ်သူ မင်းအောင်လှိုင် ထွက်သည်ကို မြင်လိုပုံရသော်လည်း ယခုတိုင် သူသည် အာဏာကို ထိန်းချုပ်ထားဆဲ ဖြစ်သည်။
မြန်မာ၏ ဒေသတွင်း အိမ်နီးချင်းများတွင် ဝန်ကြီးချုပ် အန်နဝါအီဗရာဟင်သည် ပြည်တွင်းတွင် ပြန်လည် ရွေးကောက်ခံရပြီး ပြည်ပတွင် တိုင်းပြုပြည်ပြုနိုင်ငံရေးသမားဟူသော သမိုင်းကို ချန်ခဲ့ချင်သောကြောင့် ယခုနှစ် အာဆီယံ ဥက္ကဋ္ဌအဖြစ် မလေးရှားက မူလအခြေအနေကို ပြောင်းလဲစေလိုသည်။
စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ တက်ရောက်သည့် လွန်ခဲ့သော ဒီဇင်ဘာလက ဘန်ကောက်တွင် ကျင်းပသော ဝန်ကြီးအဆင့် အစည်းအဝေးနှင့် မစ္စတာ သက်ဆင်ရှင်နာဝပ်ကို မစ္စတာ အန်နဝါက အကြံပေးအဖြစ် ခန့်ထားခြင်းသည် ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် လမ်းခင်းပေးလိုသည့် အာဆီယံ၏ အသုံးချလိုမှုကို ဖော်ပြနေသည်။
မြန်မာအကျပ်အတည်းကို ကိုင်တွယ်ရန် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ဘုံသဘောတူညီချက် ငါးချက်ကို ကြားဝင် ဆောင်ရွက်ပြီးနောက် မကျွမ်းကျင် မထိရောက်သော အာဆီယံ၏ အခန်းကဏ္ဍမှ ထွက်ပေါက်ရှာခြင်းဖြစ်သည်။
သို့သော် အာဆီယံဥက္ကဋ္ဌအနေဖြင့် သတိထားဆောင်ရွက်ရန် လိုသည်။ ထိုသို့သော ရွေးကောက်ပွဲကို NUG နှင့် မြန်မာပြည်သူအများစုက မုန်းတီးဆန့်ကျင်မည် ဖြစ်သည်။ ၂၀၁၃ ခုနှစ်၊ ဧပြီလက မင်းအောင်လှိုင်နှင့် သင်္ကြန်ပွဲ ဆင်နွှဲခဲ့သော မစ္စတာ သက်ဆင်က မင်းအောင်လှိုင်ကို ဖယ်ထုတ်ပြီး နောက်ဆုံးတွင် ဘေးကင်းသော ထွက်ပေါက်ပေးဖွယ်ရှိသည့် အသုံးဝင်သော ရလဒ်တခုကို ရှာဖွေနေသည့် သဘောမျိုး ဖော်ပြနေသည်။
တော်လှန်ရေးတပ်ပေါင်းစုမှ အဓိက ပါဝင်ပတ်သက်သူများ လက်ခံနိုင်သည့် မူလအခြေအနေကို ပြောင်းလဲမှု မရှိပါက ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုကို အားပေးသည့် အာဆီယံ၏ အဓိက အခန်းကဏ္ဍကို မြန်မာက ဆက်လက် ဖိစီးနေမည်ဖြစ်သည်။
အမေရိကန်က ၎င်း၏ထောက်ခံမှုကို ဆက်လက် ရုပ်သိမ်းထားပါက NUG, PDF နှင့် တရုတ်သြဇာပြင်ပမှ EAO အချို့သည် ၎င်းတို့၏ လက်ရှိ အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းနိုင်မည့် အလားအလာ မရှိပေ။ ပြိုကွဲခြင်း သို့မဟုတ် ဘော်လ်ကန်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ဖြစ်နိုင်ခြေ ခြိမ်းခြောက်မှု ရှိနေသောကြောင့် မြန်မာ၏ အနာဂတ်ကို တရုတ်သို့ ပေးအပ်ရမည့် အန္တရာယ်ရှိနေသည်။
အထက်ပါ အခြေအနေများအရ မြန်မာသည် အကောင်အထည်ဖော်နိုင်သော ပွဲသိမ်းကစားကွက် တမျိုးမျိုးကို ယခုနှစ်အတွင်း တွေ့နိုင်သည်။ အမေရိကန်က ၎င်း၏ထောက်ခံမှုကို ဆက်လက် ရုပ်သိမ်းထားပါက NUG, PDF နှင့် တရုတ်သြဇာပြင်ပမှ EAO အချို့သည် ၎င်းတို့၏ လက်ရှိ အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းနိုင်မည့် အလားအလာ မရှိပေ။ ပြိုကွဲခြင်း သို့မဟုတ် ဘော်လ်ကန်ကဲ့သို့ အစိတ်စိတ်အမွှာမွှာ ဖြစ်နိုင်ခြေ ခြိမ်းခြောက်မှု ရှိနေသောကြောင့် မြန်မာ၏ အနာဂတ်ကို တရုတ်သို့ ပေးအပ်ရမည့် အန္တရာယ်ရှိနေသည်။
(Bangkok Post ပါ Thitinan Pongsudhirak ၏ Myanmar’s Civil War After Four Years ကို ဘာသာပြန်သည်။ ချုလာလောင်ကွန်းတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံမဟာဌာနမှ ခွင့်ယူထားသော ဒေါက်တာ သီတီနန် ပေါင်ဆူဒီရက်သည် လန်ဒန်စီးပွားရေးကျောင်းတွင် ဧည့်ပါမောက္ခဖြစ်သည်။)
You may also like these stories:
အာဏာသိမ်း ၄ နှစ်အကြာ စစ်တပ် ချောက်ထဲထိုးဆင်းနေသည်
အာဏာသိမ်း ၄ နှစ်အတွင်း တိုင်းပြည် ဘယ်လောက် ဆုတ်ယုတ်သွားလဲ (ရုပ်/သံ)
လေးနှစ်အတွင်း ဝင်လာသော စစ်အာဏာသိမ်းမှု အကျပ်အတည်း
စစ်အာဏာသိမ်းဆန့်ကျင်သူ မြို့ကြီးသားများ ခုခံတော်လှန်ရေး ထိုးစစ်ကို မျှော်နေ












