• English
Wednesday, July 16, 2025
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

လေးနှစ်အတွင်း ဝင်လာသော စစ်အာဏာသိမ်းမှု အကျပ်အတည်း

by AFP
2 February 2024
in ဆောင်းပါး
A A
လေးနှစ်အတွင်း ဝင်လာသော စစ်အာဏာသိမ်းမှု အကျပ်အတည်း

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က “အသံတိတ် သပိတ်” ပြုလုပ်ထားသည့် ရန်ကုန်မြင်ကွင်း / AFP

3.4k
VIEWS
Share on FacebookShare on Twitter

စစ်အာဏာသိမ်းမှု စတုတ္ထမြောက်နှစ်သို့ ဝင်ရောက်လာချိန် စစ်ကောင်စီက ၎င်းတို့အုပ်ချုပ်ရေးကို ဆန့်ကျင် သူများအား ချေမှုန်းရန် မည်သည့်အရာမဆို လုပ်မည်ဟု သတိပေးနေသည်။

စစ်ကောင်စီသည် အာဏာသိမ်း နှစ်ပတ်လည် မတိုင်မီ အရေးပေါ်အခြေအနေကို နောက်ထပ် ခြောက်လ သက်တမ်း ထပ်တိုးကာ ၎င်းတို့ အုပ်ချုပ်ရေးအပေါ် တော်လှန်မှု ကြီးထွားနေခြင်းအား နှိမ်နင်ရင်း ရွေးကောက်ပွဲကတိကို ထပ်မံ နှောင့်နှေးစေသည်။

RelatedPosts

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

16 July 2025
161
စစ်ကောင်စီ ရွေးကောက်ပွဲက ပြည်တွင်းငြိမ်းချမ်းရေးကို မသယ်ဆောင်လာနိုင်

ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

15 July 2025
1.4k
မြန်မာ့ဖက်ဒရယ်အနာဂတ်ကို စစ်ကောင်စီ၏ အုတ်မြစ်တွင် မတည်ဆောက်နိုင်

မြန်မာ့ဖက်ဒရယ်အနာဂတ်ကို စစ်ကောင်စီ၏ အုတ်မြစ်တွင် မတည်ဆောက်နိုင်

14 July 2025
569

အတိုက်အခံများက ပြည်သူများအား အာဏာသိမ်းမှု အပေါ် အသံတိတ် သပိတ်မှောက်၍ အိမ်၌သာ နေကြရန် ပြောထားသဖြင့် ဖေဖော်ဝါရီလ ၁ နေ့နံနက်က စီးပွားရေးမြို့တော် ရန်ကုန်သည် ယခင်ကထက် တိတ်ဆိတ်နေ သည်ဟု AFP သတင်းထောက်က ပြောသည်။

နံနက်ခင်း အလုပ်သွားချိန် အမြဲပြည့်ကျပ်နေတတ်သည့် ဘတ်စ်ကားများသည် ဟာလာဟင်းလင်း နီးပါး ဖြစ်နေပြီး ဈေးတဈေးတွင်မူ ဈေးသည်များက ဆိုင်ပိတ်ပြီး အိမ်စောစောပြန်ကြသည်။

“ဒီနေ့မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း ကျမ အပြင်မထွက်ဘူး” ဟု ရန်ကုန်မှ ရုံးဝန်ထမ်းတဦးက အသံတိတ် သပိတ်မှောက်သည့်အချိန်ကို ရည်ညွှန်းပြီး AFP သို့ ပြောသည်။

“ဒီနေ့မနက် ၁၀ နာရီကနေ ညနေ ၄ နာရီအတွင်း ကျမ အပြင်မထွက်ဘူး” ဟု ရန်ကုန်မှ ရုံးဝန်ထမ်းတဦးက အသံတိတ် သပိတ်မှောက်သည့်အချိန်ကို ရည်ညွှန်းပြီး AFP သို့ ပြောသည်။

“လမ်းတွေမှာ လူနည်းနည်းပဲတွေ့ရတာကို ကျေနပ်တယ်” ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသည့် ထိုရုံးဝန်ထမ်းက ပြောသည်။

“ဒါဟာ စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ကျမတို့ညီညွတ်မှုကို ပြတယ်” သူက ဆက်ပြောသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က “အသံတိတ် သပိတ်” ပြုလုပ်သည့် ရန်ကုန်တွင် ကင်းလှည့်နေသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ / AFP

မကြာသေးမီက တိုက်ပွဲများဖြစ်ပွားရာ မြောက်ပိုင်းမှ ကျောက်မျက်ရတနာမြို့တော် မိုးကုတ်တွင်လည်း လမ်းများတွင် လူသူကင်းမဲ့နေသည်။

“တိုက်ပွဲတွေကြောင့် တချို့မြို့သူမြို့သားတွေက တခြားမြို့ကို ထွက်သွားကြပြီ။ ပြည်သူတွေက ကြောက်လန့်နေတယ်။ ဒါပေမယ့် သွေးစည်းညီညွတ်မှုကို ပြသချင်ကြတယ်” ဟု ဒေသခံတဦးက ပြောသည်။

သွေးချောင်းစီး အကျပ်အတည်း

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ အန်တိုနီယို ဂူတာရက်က မြန်မာတွင် အကြမ်းဖက်မှု ရပ်ဆိုင်းပြီး ဒီမိုကရေစီစနစ်သို့ ပြန်သွားရန် အာဏာသိမ်း နှစ်ပတ်လည်နေ့တွင် တောင်းဆိုသလို အမေရိကန်နိုင်ငံကလည်း ဇန်နဝါရီလ ၃၁ ရက်နေ့တွင် အရေးယူပိတ်ဆို့မှုသစ်များ ထပ်မံချမှတ်သည်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်များသည် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ လွှတ်တော်ကိုယ်စားလှယ်များ လွှတ်တော်တက်ရန် ပြင်ဆင်နေစဉ် ၎င်းတို့ကို ဖမ်းဆီးသည်။

အများအားဖြင့် လွတ်လပ်မျှတသည်ဟု လေ့လာသူများပြောသည့် ရွေးကောက်ပွဲတွင် NLD က စစ်တပ် ကျောထောက် နောက်ခံပြု ပြိုင်ဘက်ကို ပြတ်ပြတ်သားသား အနိုင်ရပြီးနောက် ထိုရွေးကောက်ပွဲများတွင် မသမာမှုများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ခဲ့ကြောင်း စစ်တပ်က စွပ်စွဲသည်။

တနိုင်ငံလုံးမှ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ချီတက်ပွဲကြီးများကို ရက်စက်ကြမ်းကြုတ်သည့် ဖြိုခွဲမှုများကြောင့် ထောင်ပေါင်းများစွာသော ဆန္ဒပြသူများသည် ပြန်လည်တိုက်ခိုက်ရန် နည်းလမ်းရှာကြသည်။

စစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သူများအား ဖြိုခွဲမှုများကြောင့် ပြည်သူ ၄,၄၀၀ ကျော် သတ်ဖြတ်ခံရပြီး အခြားသူ ၂၅,၀၀၀ ကျော် အဖမ်းခံရသည်ဟု ပြည်တွင်း လေ့လာစောင့်ကြည့်သည့် အဖွဲ့တခုက ပြောသည်။

အဓိကကျသည့် မြို့ပြများတွင် လူသိရှင်ကြား ဆန့်ကျင်ကန့်ကွက်မှုများကို ကျည်ဆံများ၊ နံပါတ်တုတ်များ၊ လျှို့ဝှက်ရဲနှင့် သတင်းပေးများက လုံးဝနီးပါး နှိမ်နင်းလိုက်သည်။

သို့သော် တနိုင်ငံလုံးမှ ကျယ်ပြန့်လှသော ဒေသများတွင် စစ်တပ်သည် ၎င်းတို့ အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအား ချေမှုန်းရန် ရုန်းကန်နေရသည်။

သို့သော် တနိုင်ငံလုံးမှ ကျယ်ပြန့်လှသော ဒေသများတွင် စစ်တပ်သည် ၎င်းတို့ အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအား ချေမှုန်းရန် ရုန်းကန်နေရသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် သွေးစွန်းဟန် သရုပ်ဖော်၍ ဆန္ဒဖော်ထုတ်သူတဦး / AFP

ထိုသို့သော ဖြိုခွဲမှုများနောက်တွင် ပေါ်ပေါက်လာသည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ပြည်သူ့ကာကွယ်ရေးတပ်များ (PDFs) သည် ထိရောက်မှုရှိသဖြင့် စစ်ကောင်စီတပ်များကို သွေးချောင်းစီးသည့် အကျပ်အတည်းတွင် အငိုက်မိစေ သည်ဟု သရုပ်ခွဲလေ့လာသူများက ပြောသည်။

အောက်တိုဘာလ နှောင်းပိုင်းတွင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ မဟာမိတ်အဖွဲ့တခုက ရှမ်းပြည် မြောက်ပိုင်းတွင် ရုတ်တရက် ထိုးစစ်ဆင်ပြီး ကျယ်ပြန့်သော ဒေသများကို သိမ်းပိုက်ကာ အကျိုးအမြတ်များသည့် တရုတ်သို့ ကုန်သွယ်ရေးလမ်းကြောင်းများကို ထိန်းချုပ်လိုက်သည်။

ပဋိပက္ခများနှင့် လက်စားချေ တိုက်ခိုက်မှုများ မြန်မာနိုင်ငံ အနှံ့အပြားတွင် ဖြစ်နေပြီး လူ ၂ သန်းကျော် အိုးအိမ် စွန့်ခွာ ထွက်ပြေးရသည်ဟု ကုလသမဂ္ဂက ပြောသည်။

တရုတ်က ကြားဝင်ဆောင်ရွက်ပေးသည့် အပစ်အခတ်ရပ်စဲရေးကြောင့် မြောက်ပိုင်းမှ တိုက်ပွဲများ ရပ်နားသွား သော်လည်း ထိုညီနောင်မဟာမိတ်အဖွဲ့သည် အောင်ပွဲများကို ဆက်လက်ထိန်းသိမ်းကာ အခြားနေရာများတွင် တိုက်ပွဲများ ဆက်ဖြစ်ပွားနေသည်။

ဆုံးရှုံးမှုအများအပြားသည် စစ်တပ်၏ အဆင့်နိမ့်နှင့် အလယ်အလတ် အရာရှိများအကြား စိတ်ဓာတ် ကျဆင်းစေ ကြောင်း AFP က ဆက်သွယ်ခဲ့သည့် အမည်မဖော်လိုသော စစ်တပ်သတင်းရင်မြစ် အများအပြားက ပြောသည်။

ဇန်နဝါရီလ ၃၁ ရက်နေ့တွင် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က စစ်တပ်သည် ၎င်းတို့အုပ်ချုပ်ရေးကို ဆန့်ကျင်သူများအား ချေမှုန်းရန် မည်သည့်အရာမဆို လုပ်ကိုင်မည်ဟု ပြောသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့တွင် မြန်မာစစ်အာဏာသိမ်းမှု သုံးနှစ်ပြည့် ဆန္ဒပြကြစဉ် / AFP

အကြမ်းဖက်သမားများကို တိုက်ဖျက်မည့် လုပ်ငန်းများ ဆက်လုပ်ရန် ကုန်ဆုံးသည့် အရေးပေါ်အခြေအနေကို ဆက်လက်ချမှတ်သည်ဟု ဇန်နဝါရီလ ၃၁ ရက်တွင် စစ်ကောင်စီက ကြေညာချက်တစောင်တွင် ဖော်ပြသည်။

သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲတို့၏ ပူးတွဲကြေညာချက်တွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန်နှင့် အရပ်သားများကို အကြမ်းဖက်မှု ရပ်စဲရန် စစ်တပ်ကို တောင်းဆိုသည်။

သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စုမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲတို့၏ ပူးတွဲကြေညာချက်တွင် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်နှင့် အရပ်သားများကို အကြမ်းဖက်မှု ရပ်စဲရန် စစ်တပ်ကို တောင်းဆိုသည်။

ခြေလွတ်လက်လွတ်ကျနေ

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေသည် ခြေလွတ်လက်လွတ် အထိန်းအကွပ်မဲ့ ကျဆင်းနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အကြီးအကဲက ယခုအပတ်အတွင်း ပြောသည်။

၎င်းတို့ အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် လူမှုအသိုက်အဝန်းများကို ဒဏ်ခတ်ရန် စစ်ကောင်စီတပ်များက ကျေးရွာများ ကို မီးရှို့ပြီး ဥပဒေမဲ့ သတ်ဖြတ်မှုများ ကျူးလွန်ကာ လေကြောင်းတိုက်ခိုက်မှုများနှင့် အမြောက်များဖြင့် ပစ်ခတ်မှုများ ပြုလုပ်သည်ဟု အတိုက်အခံများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောသည်။

စစ်ကောင်စီသည် ၎င်းတို့ကိုဝေဖန်သည်ဟု ယူဆသည် မီဒီယာများကို ပစ်မှတ်ထားပြီး နောက်ဆက်တွဲ ဖြိုခွဲမှုများ အတွင်း လိုင်စင်များ ရုတ်သိမ်းကာ သတင်းသမား ဒါဇင်ပေါင်းများစွာကို ဖမ်းဆီးထောင်ချသည်။

လွန်ခဲ့သောနှစ်တွင် သတင်းသမား ၄၃ ဦး ထောင်သွင်းအကျဉ်းချခံရပြီး မြန်မာသည် ၂၀၂၃ ခုနှစ်တွင် တရုတ်ပြီးလျှင် သတင်းသမားများကို ထောင်ချမှု ဒုတိယအများဆုံးနိုင်ငံ ဖြစ်လာသည်ဟု သတင်းသမားများ ကာကွယ်စောင့် ရှောက် ရေး ကော်မတီ (CPJ) က ဖော်ပြသည်။

ပဋိပက္ခအဆုံးသတ်ရန် ကုလသမဂ္ဂနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) က ဦးဆောင်သည့် သံတမန်ရေး အားထုတ်မှုများသည် တိုးတက်မှု မရှိပေ။

(AFP ၏ Myanmar enters fourth year of post-coup crisis ကို ဘာသာပြန်သည်။)

You may also like these stories:

အိမ်စောင့်အစိုးရ၊ ကြားဖြတ်အစိုးရ လုပ်တာမျိုး လက်မခံနိုင်ဘူး

ခေတ်ဆိုး စနစ်ဆိုးနဲ့ ၃ နှစ်တာ

နေပြည်တော် အာဏာသိမ်း ညမှ ၃ နှစ်တိုင်သော်

အာဏာရှင်က စတုတ္ထမဏ္ဍိုင်ကို ပြိုလဲအောင်လုပ်တာ

Your Thoughts …
Tags: ၁၀၂၇ စစ်ဆင်ရေးPDFစစ်ကောင်စီစစ်အာဏာသိမ်းမှုညီနောင်မဟာမိတ်အဖွဲ့တိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံရွေးကောက်ပွဲလေကြောင်းတိုက်ခိုက်မှုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အရေးယူပိတ်ဆို့မှုအသံတိတ် သပိတ်အာဆီယံ
AFP

AFP

Agency

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.4k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.7k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

၆ လတကြိမ် သက်တမ်း သြဂုတ်လတွင် စစ်ကောင်စီ ထပ်မံတိုးဦးမည်

၆ လတကြိမ် သက်တမ်း သြဂုတ်လတွင် စစ်ကောင်စီ ထပ်မံတိုးဦးမည်

No Result
View All Result

Recommended

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

1 week ago
8.8k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

5 days ago
4.4k

Most Read

  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား

    shares
    Share 0 Tweet 0
  • နောင်ချိုမှ တပ်မဆုတ်သေးဟု TNLA ပြော

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate