စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်အတွက် ဖမ်းဝရမ်းကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (ICC) က မကြာမီ ထုတ်ပေးနိုင်သော်လည်း ထိုစစ်ရာဇဝတ်ကောင်သည် တရားခွင်မှ တရားခံနေရာသို့ ရောက်မည် မဟုတ်ပေ။
မည်သို့ဆိုစေ ရိုဟင်ဂျာမွတ်ဆလင်များကို အကြမ်းဖက်သော ၂၀၁၇ ခုနှစ်က နယ်မြေရှင်းလင်းသည့် စစ်ဆင်ရေးများတွင် သူ၏ အခန်းကဏ္ဍအတွက် ဖမ်းဝရမ်းထုတ်ရန် ICC က စဉ်းစားသုံးသပ်သည့် သတင်းကို ကြေညာလိုက်သောအခါ မြန်မာပြည်သူ အများအပြားအကြား စိတ်လှုပ်ရှားသွားစေသည်။
မင်းအောင်လှိုင်အတွက် သတင်းဆိုးသည် မြန်မာပြည်သူများအတွက် သတင်းကောင်း ဖြစ်သည်။ ထိုသတင်းသည် ပြည်သူများ၏ ယာယီ စိတ်ချမ်းသာစရာ အနည်းငယ်အနက် တခုဖြစ်သည်။
ပြည်သူများအနေဖြင့် မင်းအောင်လှိုင် ထောင်နန်းစံရမည် သို့မဟုတ် ကြိုးကွင်းစွပ်ခံရမည်ကို မြင်လိုကြမည်မှာ အငြင်းပွားစရာ မဟုတ်ပေ။
ဗိုလ်ချုပ်များ၏ အလွန်ဆိုးရွားသော ရာဇဝတ်မှုများကို အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချပြီး နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုသည်ကို လှိုင်းတိုရေဒီယိုများမှ နားထောင်ခဲ့ရသည့် ယခင်စစ်အုပ်စုများ ခေတ်ဟောင်းက ထိုသို့သောသတင်းများကို ပြည်သူများ ကြိုဆိုကြသည်။
ဗိုလ်ချုပ်များ၏ အလွန်ဆိုးရွားသော ရာဇဝတ်မှုများကို အမေရိကန် ပြည်ထောင်စုနှင့် ကုလသမဂ္ဂက ပြစ်တင်ရှုတ်ချပြီး နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် တောင်းဆိုသည်ကို လှိုင်းတိုရေဒီယိုများမှ နားထောင်ခဲ့ရသည့် ယခင်စစ်အုပ်စုများ ခေတ်ဟောင်းက ထိုသို့သောသတင်းများကို ပြည်သူများ ကြိုဆိုကြသည်။
သို့သော် ပြည်သူများသည် ရိုးအသူများ၊ မသိနားမလည်သူများ မဟုတ်ကြပေ။ ပြစ်တင်ရှုတ်ချမှုသည် တရားမျှတမှုကို ဆောင်ယူမပေးသလို မြေပြင်တွင် စစ်မှန်သော အပြောင်းအလဲဖြစ်စေမည် မဟုတ်ကြောင်း သိကြသော်လည်း ဝမ်းမြောက်ကြသည်။
ပေးလိုသည့် သတင်းစကားမှာ ထင်ရှားသည်။ “မင်းတို့ဟာ ရာဇဝတ်ကောင်တွေဆိုတာ ငါတို့သိတယ်” ဟူသည့် သတင်းစကားဖြစ်သည်။
ထို့ကြောင့် ယခု နောက်ဆုံးဖြစ်ပေါ်တိုးတက်မှုအတွက် မည်သူ မပျော်ဘဲနေမည်နည်း။
သို့သော် မြန်မာစစ်ကောင်စီ၏ ဆွေမျိုး ပေါက်ဖော် အကိုကြီးဖြစ်သူ တရုတ်က မပျော်နိုင်ဘဲ ICC သည် မင်းအောင်လှိုင်ကို ဖမ်းဆီးခွင့် မရှိကြောင်း သတိပေးသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မစ္စ မော်နင်က မင်းအောင်လှိုင်ကို ကာပေးသည်။
ရိုဟင်ဂျာ ပြဿနာသည် “ရှုပ်ထွေးကြောင်း”၊ ICC အနေဖြင့် “ဓမ္မဓိဋ္ဌာန်ကျပြီး ဘက်မလိုက်ဘဲ ရပ်တည်သင့်ကာ ဖြည့်ဆည်းပေးခြင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မူများကို အသေအချာ လိုက်နာသင့်ပြီး လုပ်ငန်းဆောင်တာများနှင့် အာဏာများကို ဥပဒေနှင့်အညီ စဉ်းစားသုံးသပ် ကျင့်သုံးသင့်သည်” ဟု သူက AFP သတင်းထောက်ကို ဘေဂျင်းတွင် လွန်ခဲ့သောလက ပြောသည်။
“ရောမ သဘောတူညီချက်အရ ဒီတရားရုံးဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီက လွှဲပေးတာ မဟုတ်ရင် အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံပိုင်နက်မှာ အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံတွေရဲ့ နိုင်ငံသားတွေ ကျူးလွန်တဲ့ လုပ်ရပ်တွေကို စီရင်ပိုင်ခွင့် မရှိဘူး” ဟုလည်း ၎င်းကပြောသည်။ မြန်မာသည် ထိုသဘောတူညီချက်ကို လက်မှတ်ရေးထိုးထားသည့်နိုင်ငံ မဟုတ်ပေ။
ICC တရားစွဲရှေ့နေက ဖမ်းဝရမ်းထုတ်ရန် တောင်းဆိုမှုကို စစ်ကောင်စီက ရှုတ်ချပြီး မြန်မာသည် ထိုတရားရုံးကို မည်သည့်အခါမှ အသိအမှတ်ပြုမည် မဟုတ်ကြောင်း ပြောသည်။
“မြန်မာဟာ ICC အဖွဲ့ဝင်နိုင်ငံ မဟုတ်လို့ ICC ရဲ့ ပြောကြားချက်တွေကို ဘယ်တော့မှ အသိအမှတ် မပြုဘူး” ဟု စစ်ကောင်စီပြန်ကြားရေးအဖွဲ့က ပြောသည်။
မှတ်သားစရာကောင်းသည်။
စစ်ကောင်စီ ခေါင်းဆောင်အဖြစ် တရုတ်သို့ မင်းအောင်လှိုင် သွားရောက်ပြီး သုံးပတ်သာ ကြာသေးချိန်တွင် ICC က သူသည် စစ်ရာဇဝတ်ကောင်ဖြစ်သောကြောင့် အလားအလာရှိသော ICC ဖမ်းဝရမ်းကို ရင်ဆိုင်ရနိုင်ကြောင်း ကမ္ဘာကို သတိပေးခဲ့သည်။
စစ်ကောင်စီ ခေါင်းဆောင်အဖြစ် တရုတ်သို့ မင်းအောင်လှိုင် သွားရောက်ပြီး သုံးပတ်သာ ကြာသေးချိန်တွင် ICC က သူသည် စစ်ရာဇဝတ်ကောင်ဖြစ်သောကြောင့် အလားအလာရှိသော ICC ဖမ်းဝရမ်းကို ရင်ဆိုင်ရနိုင်ကြောင်း ကမ္ဘာကို သတိပေးခဲ့သည်။
သို့သော် တရုတ်သည် ထိုအချက်ကို ဂရုစိုက်ပုံ မရပေ။ တရုတ်သည် တောင်ဘက် အိမ်နီးချင်း မြန်မာမှ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) အပါအဝင် ရပ်ဝန်းနှင့်လမ်းအစီအစဉ် (BRI) နှင့် ပတ်သက်သော စီမံကိန်းများ လုံခြုံရေးနှင့် ပြန်လည်စတင်ရေးကို ပိုမိုစိတ်ဝင်စားသည်။
CMEC တွင် စီးပွားရေးဇုန်များ၊ အဝေးပြေးလမ်းများ၊ ရထားလမ်းများနှင့် တရုတ်၏ စီမံကိန်းဖြစ်သော ယူနန်ပြည်နယ်၊ ကူမင်းမှ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းကို ဆက်သွယ်သော ပိုက်လိုင်းများ ပါဝင်သည်။
၂၀၂၃ ခုနှစ်တွင် တရုတ်နှင့်စစ်ကောင်စီသည် ရပ်ဆိုင်းနေသည့် BRI စီမံကိန်း ပြန်လည်စတင်ရန် ကြိုးစားသည့် အနေဖြင့် ထိုဆိပ်ကမ်းအတွက် နောက်ဆက်တွဲ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးကြသည်။
ရခိုင်ပြည်နယ်တွင် စစ်ရေးပဋိပက္ခ ကျယ်ပြန့်လာသောကြောင့် တရုတ်သည် “စီးပွားရေးကိစ္စများအတွက်သာ” ဖြစ်သည်ဆိုသည့် ထိုစီမံကိန်းအတွက် စိုးရိမ်မှု ကြီးထွားနေသည်။ အမေရိကန် ပြည်ထောင်စု၊ အိန္ဒိယနှင့် ဂျပန်တို့သည် ထိုစီမံကိန်းအတွက် စိုးရိမ်ကြောင်း ယခင်က ရိုးတိုးရိပ်တိပ် ဖော်ပြခဲ့ကြသည်။
စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် ဒီမိုကရေစီလိုလားသည့် အတိုက်အခံအင်အားစုက “ပြည်သူ့ကာကွယ်ရေးစစ်” ကို ၂၀၂၁ ခုနှစ်တွင် ကြေညာပြီးနောက် တရုတ်သည် စစ်အာဏာသိမ်းမှုကို ရှုတ်ချရန် ပျက်ကွက်ပြီး ကမ္ဘာ့ဇာတ်ခုံတွင် စစ်ကောင်စီနှင့် သွေးစည်းခိုင်မာမှု ပြသသောကြောင့် မြန်မာမှ တရုတ်စီမံကိန်းများသည် ခြိမ်းခြောက်မှုအောက် ပိုမိုရောက်လာသည်။
နိုဝင်ဘာလက တရုတ်တွင် တရုတ်ဝန်ကြီးချုပ် မစ္စတာ လီချန်းနှင့် တွေ့ဆုံစဉ် မင်းအောင်လှိုင်က တရုတ်ရင်းနှီးမြှုပ်နှံမှုများ၊ ရပ်ဝန်းနှင့်လမ်းအစီအစဉ်နှင့် ပတ်သက်သည့် စီမံကိန်းများကို ကာကွယ်မည်ဟု ကတိပေးသော်လည်း စစ်ကောင်စီသည် အင်အားချိနဲ့ပြီး မြန်မာမှ တရုတ်စီမံကိန်းများကို မကာကွယ်နိုင်ကြောင်း တရုတ်အစိုးရက သိသည်။
ထို့ကြောင့် မင်းအောင်လှိုင် တရုတ်သို့ မသွားမီ ဘေဂျင်းက မြန်မာရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ဝန်ထမ်းများကို ကာကွယ်ရန် ဖက်စပ်လုံခြုံရေးကုမ္ပဏီ ထူထောင်ရေး အဆိုပြုခြင်းဖြစ်သည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် စစ်ကောင်စီသည် ထိုလုပ်ငန်းအတွက် နားလည်မှုစာချွန်လွှာ မူကြမ်းရေးဆွဲရန် လုပ်ငန်းကော်တီတခု ထူထောင်ပြီး ၎င်း၏စီမံကိန်းများ၊ အထူးသဖြင့် CMEC အတွက် တရုတ်၏ စိုးရိမ်ပူပန်မှု မြင့်တက်နေခြင်းကို ထင်ဟပ်သည်။ ထို စီးပွားရေးစင်္ကြံသည် အိန္ဒိယသမုဒ္ဒရာကို တိုက်ရိုက် အသုံးပြုနိုင်သောကြောင့် တရုတ်အတွက် အရေးပါသော်လည်း လက်ရှိအချိန်တွင် CMEC စီမံကိန်းများသည် မြန်မာ၏ မတည်ငြိမ်ဆုံး ပဋိပက္ခဇုန်အချို့ထဲ ရောက်နေသည်။
လက်တွေ့တွင်လည်း ဖက်စပ်လုံခြုံရေးကုမ္ပဏီ ထူထောင်မည့် ကြေညာချက်သည် မြန်မာတွင် အငြင်းပွားမှုများ ဖြစ်စေပြီး ထိုအစီအစဉ်သည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် ချိုးဖောက်သည်ဟု ဝေဖန်သူများက ပြောသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာ့မြေတွင် ပြည်ပတပ်များ ဖြန့်ကြက်ခြင်းကို ပိတ်ပင်ထားသည်။
လက်တွေ့တွင်လည်း ဖက်စပ်လုံခြုံရေးကုမ္ပဏီ ထူထောင်မည့် ကြေညာချက်သည် မြန်မာတွင် အငြင်းပွားမှုများ ဖြစ်စေပြီး ထိုအစီအစဉ်သည် နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် စစ်တပ်က ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပင် ချိုးဖောက်သည်ဟု ဝေဖန်သူများက ပြောသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရ မြန်မာ့မြေတွင် ပြည်ပတပ်များ ဖြန့်ကြက်ခြင်းကို ပိတ်ပင်ထားသည်။
မြန်မာ့မြေတွင် နိုင်ငံခြားတပ်များ လှုပ်ရှားသည်ကို စစ်ကောင်စီ ခွင့်ပြုနိုင်ပါသလား။ စစ်တပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို လေးစားကြောင်း ပြသရန် လုပ်ဆောင်မှုအဖြစ် တရုတ် “ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ” ကို နိုင်ငံတွင်လုပ်ကိုင်ရန် ခွင့်ပြုနိုင်ကြောင်း ဆုံးဖြတ်ခဲ့သည်။
ပါကစ္စတန်တွင် တရုတ်နိုင်ငံသားများကို အကြမ်းဖက်တိုက်ခိုက်မှု မြင့်မားလာပြီးနောက် တရုတ်အစိုးရသည် ပါကစ္စတန်မှ ထောင်ပေါင်းများစွာသော တရုတ်နိုင်ငံသားများကို တရုတ်လုံခြုံရေးဝန်ထမ်းများက လုံခြုံရေးပေးခွင့်ပြုရန် ပါကစ္စတန်ကို တွန်းအားပေးနေသည်။ သို့သော် မြန်မာမှ တရုတ်စီမံကိန်းများကို ကြီးကြီးမားမား တိုက်ခိုက်မှု လက်ရှိအချိန်အထိ မရှိသေးပေ။
ယခင်က မြောက်ကိုရီးယား ပညာရှင်များသည် အရေးပေါ် အကာအကွယ်ဖြစ် ကျယ်ပြန့်သော ဥမင်လှိုဏ်ခေါင်းကွန်ရက် တည်ဆောက်ရန်နှင့် ဒုံးကျည်နည်းပညာ လွှဲပြောင်းပေးရန် မြန်မာတွင် စခန်းချ နေထိုင်ဖူးသည်။
မကြာသေးမီနှစ်များအတွင်းကလည်း ရုရှားစစ်ဘက်အကြံပေးများနှင့် လေယာဉ်မောင်း နည်းပြများ နေပြည်တော်နှင့် မန္တလေးပတ်ဝန်းကျင်တွင် စခန်းချ နေထိုင်သည်။ တရုတ်နှင့်ရုရှားတို့သည် မြန်မာသို့ လက်နက်ရောင်းချသည့် ထိပ်တန်းနိုင်ငံများ ဖြစ်သည်။ ထို့ကြောင့် ပြည်ပစစ်ဘက် အကြံပေးများနှင့် ပညာရှင်များကို လက်ခံထားခြင်းသည် မြန်မာအတွက် အထူးအဆန်း မဟုတ်ပေ။
တရုတ်သည် မြန်မာတွင် ဩဇာထူထောင်မှု အရှိန်မြှင့်လာသောအခါ အခင်းအကျင်းများကို ပြောင်းလဲရေးနှင့် တရုတ်ကို ရင်ဆိုင်ရေးတွင် ပိုမို နိုးကြားလာသော အနောက်တိုင်းအတွက် အရေးပါသောကာလ ဖြစ်လာသည်။
အမေရိကန် ပြည်ထောင်စုနှင့် အခြား အနောက်နိုင်ငံများသည် မြန်မာအတိုက်အခံများကို ပိုမို ထိတွေ့ဆက်ဆံပြီး အစီအစဉ်ရှိရှိ ထောက်ခံရန် ပိုလုပ်ဆောင်သင့်သည်၊ ဘားမားအက်ကို အသက်သွင်းသင့်သည်၊ မြန်မာနှင့်ပတ်သက်သည့် မူဝါဒကို ညှိနှိုင်းရန်နှင့် အစီအစဉ်များကို ဦးဆောင်ရန် အမေရိကန် အဆင့်မြင့်အရာရှိတဦး ခန့်သင့်သည်ဟု သုတေသီများနှင့် လေ့လာသူများက ပြောသည်။
အမေရိကန် ပြည်ထောင်စုနှင့် အခြား အနောက်နိုင်ငံများသည် မြန်မာအတိုက်အခံများကို ပိုမို ထိတွေ့ဆက်ဆံပြီး အစီအစဉ်ရှိရှိ ထောက်ခံရန် ပိုလုပ်ဆောင်သင့်သည်၊ ဘားမားအက်ကို အသက်သွင်းသင့်သည်၊ မြန်မာနှင့်ပတ်သက်သည့် မူဝါဒကို ညှိနှိုင်းရန်နှင့် အစီအစဉ်များကို ဦးဆောင်ရန် အမေရိကန် အဆင့်မြင့်အရာရှိတဦး ခန့်သင့်သည်ဟု သုတေသီများနှင့် လေ့လာသူများက ပြောသည်။
ဘားမားအက်ကို သမ္မတ ဘိုင်ဒင်က ၂၀၂၃ ခုနှစ်တွင် လက်မှတ်ရေးထိုး အတည်ပြုသော်လည်း လက်ရှိအချိန်အထိ အကောင်အထည်ဖော်ခြင်း မရှိသေးပေ။
ထိုသို့သော အမေရိကန် အရာရှိတဦးသည် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယအပါအဝင် မြန်မာ၏ အိမ်နီးချင်းများနှင့် ထိတွေ့ဆက်ဆံနိုင်မည် ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုနှင့် အနောက်နိုင်ငံများအနေဖြင့် မင်းအောင်လှိုင် ခေါင်းဆောင်သည့် စစ်ကောင်စီကို ကျော်လွန်ပြီး နိုင်ငံသားများ ဘဝသာယာစိုပြေမှုနှင့် ကြွယ်ဝချမ်းသာမှုကို ထိပ်တန်းဦးစားပေးသည့် မြန်မာ၏ အနာဂတ်ကို ကြည့်ရမည်ဖြစ်သည်။
အဓိကအချက်မှာ မြန်မာနိုင်ငံ၏ ဖရိုဖရဲအခြေအနေများနှင့် ပြည်တွင်းစစ်အတွင်း ရုရှားမှ အမည်ဆိုးကျော်ကြားသည့် ဝဂ္ဂနာကြေးစားတပ်ပုံစံမျိုး တရုတ်က ထူထောင်ပြီး စိတ်တိုင်းကျလုပ်ကာ မြန်မာတွင် လွတ်လပ်စွာ လုပ်ကိုင်ခွင့်မပေးရေး ဖြစ်သည်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ Time for the West to Counterbalance China’s Influence in Myanmar ကို ဆီလျော်အောင် ဘာသာပြန်ဆိုသည်။)
You may also like these stories:
ICC ရှေ့နေချုပ်က မင်းအောင်လှိုင်ကို ဘာကြောင့် ဖမ်းဝရမ်းထုတ်စေချင်သလဲ
တရုတ်ဖိအားအောက် စစ်ကောင်စီ ဘယ်လို အသွင်ပြောင်းမလဲ
မင်းအောင်လှိုင်ကို ICC ဖမ်းဝရမ်း တောင်းဆိုမှု နောက်ဆက်တွဲ ဘာတွေ အသုံးချသင့်သလဲ
တရုတ် အဆိုပြု လုံခြုံရေးအစီအစဉ် မြန်မာမှာ အလုပ်ဖြစ်မလား
တရုတ်လုံခြုံရေးအဖွဲ့တွေ မြန်မာနိုင်ငံဝင်နိုင်သလား (ရုပ်/သံ)