မြန်မာပြည်သူတွေ အဓိက အားထားနေကြရတဲ့ သတင်းဌာနတွေထဲက သတင်းဌာနကြီး ၂ ခုဖြစ်တဲ့ အမေရိကန်အသံ (Voice of America – VOA) နဲ့ လွတ်လပ်တဲ့ အာရှအသံ (Radio Free Asia – RFA) တို့ ပိတ်သိမ်းခံရနိုင်တဲ့ အခြေအနေ ကြုံတွေ့နေရပါတယ်။
မတ်လ ၁၅ ရက်နေ့က ဒီသတင်းဌာနကြီးတွေမှာ လုပ်ကိုင်နေတဲ့ တရားဝင်အစိုးရ ဝန်ထမ်းတွေနဲ့ စာချုပ်ဝန်ထမ်းတွေဆီကို လစာ အကျိုး ခံစားခွင့်တွေနဲ့ အနားပေးလိုက်တယ်ဆိုတဲ့ အကြောင်းကြားစာတွေကို အစိုးရဘက်က ပေးပို့လာခဲ့ပြီး ၁၆
ရက်မှာတော့ အလုပ်ကနေ တရားဝင် ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ အကြောင်းကြားစာတွေ ထပ်မံ ရရှိခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာရှင် ခေတ်အဆက်ဆက် သတင်းအမှောင်ချခံခဲ့ရတဲ့ မြန်မာပြည်သူတွေဟာ VOA နဲ့ RFA တို့ရဲ့ ရေဒီယိုသတင်းတွေကို အားကိုးခဲ့ကြရသလို လက်ရှိ အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာလည်း အားကိုး အားထားပြုနေကြရတာဖြစ်ပါတယ်။
ဒါကြောင့် နှစ်ပေါင်းများစွာ အခိုင်အမာထုတ်လွှင့်ခဲ့ပြီး ရေဒီယိုတင်ဆက်မှု အားကောင်းတဲ့ သတင်းဌာနကြီး ၂ ခု ရပ်ဆိုင်းခံလိုက်ရတာဟာ မြန်မာလူထုတွေအတွက် ကြီးမားတဲ့ နစ်နာမှုတရပ်လို့လည်း ဆိုကြပါတယ်။
#မြန်မာ #ဧရာဝတီ #သတင်းအမှောင်ချ #VOA #RFA #အမေရိကန်
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













