၂၀၂၂ နှစ်ကုန် တရုတ်အထူးသံ မစ္စတာ တိန့်ရှီကျွင်းကို ခန့်အပ်ပြီးနောက် တရုတ်နယ်စပ် တည်ငြိမ်ရေး၊ တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် စစ်ကောင်စီကြား တွေ့ဆုံဆွေးနွေးရေးတို့အတွက် တိန့်ရှီကျွင်းသည် ၂၀၂၃ ခုနှစ် တနှစ်လုံး အကြိမ်အရေအတွက်များစွာ လှုပ်ရှားခဲ့သည်ကို တွေ့ရ၏။
သို့သော်လည်း ၂၀၂၃ အောက်တိုဘာ ၂၇ ရက်တွင် မြောက်ပိုင်းသုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်လာခဲ့ပြီး ပြင်းထန်သော တိုက်ပွဲများ ပေါ်ပေါက်လာကာ ထင်မှတ်မထားကြသည့် မြန်မာစစ်တပ်၏ ရှုံးပွဲများကို မြင်တွေ့လာခဲ့ရ၏။
မစ္စတာ တိန့်ရှီကျွင်းသည် မြောက်ပိုင်းသုံးဖွဲ့ကို အပစ်ရပ်ရန် စစ်ကောင်စီနှင့် ဆွေးနွေးရန် ခေါ်ယူပြောဆိုသော်လည်း မြောက်ပိုင်းသုံးဖွဲ့က လက်မခံခဲ့ပေ။ ထင်တိုင်း မပေါက်ခဲ့သော တရုတ်အထူးသံ တိန့်ရှီကျွင်းသည် ၂၀၂၄ နှစ်ဆန်း ဇန်နဝါရီတွင် ဘီလူးဆိုင်းတီး၍ ထွက်လာသည်ကို တွေ့ရ၏။
ထိုတိုက်ပွဲများ စတင်ပြီးနောက် မစ္စတာ တိန့်ရှီကျွင်းသည် မြောက်ပိုင်းသုံးဖွဲ့ကို အပစ်ရပ်ရန် စစ်ကောင်စီနှင့် ဆွေးနွေးရန် ခေါ်ယူပြောဆိုသော်လည်း မြောက်ပိုင်းသုံးဖွဲ့က လက်မခံခဲ့ပေ။ ထင်တိုင်း မပေါက်ခဲ့သော တရုတ်အထူးသံ တိန့်ရှီကျွင်းသည် ၂၀၂၄ နှစ်ဆန်း ဇန်နဝါရီတွင် ဘီလူးဆိုင်းတီး၍ ထွက်လာသည်ကို တွေ့ရ၏။
မြောက်ပိုင်းသုံးဖွဲ့ ကိုယ်စားလှယ်များနှင့် မြန်မာစစ်ကိုယ်စားလှယ်များ တွေ့ဆုံသည့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလဆန်း၌ တရုတ်တို့၏ ဇွတ်အတင်း စီမံမှုအောက်တွင် ကျင်းပခဲ့၏။ ရှမ်းမြောက်မြို့ အများအပြား ကျသွားပြီး လားရှိုး အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အား တိုက်ခါနီးဆဲဆဲ အခြေအနေအောက်တွင် တရုတ်တို့ စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်၏။
တရုတ်တို့က ထိုဆွေးနွေးပွဲကာလအတွင်း မြောက်ပိုင်းသုံးဖွဲ့ အပစ်ရပ်လက်မှတ်မထိုးပါက နယ်စပ်တလျှောက် ပိတ်ဆို့ပြီး ဖြတ်ငါးဖြတ် ပြုလုပ်မည်ဟု ခြိမ်းခြောက်ခဲ့၏။ တရုတ်ပြည်၊ ကူမင်းမြို့တွင် ပြုလုပ်သည့် ဆွေးနွေးပွဲသည် မြောက်ပိုင်းသုံးဖွဲ့နှင့် စစ်ကောင်စီကိုယ်စားလှယ် ဆွေးနွေးသည့် ဆွေးနွေးပွဲ မဟုတ်ဘဲ မြောက်ပိုင်းသုံးဖွဲ့နှင့် တရုတ်အထူးသံ တိန့်ရှီကျွင်းအကြား အပြင်းအထန် ငြင်းခုံခဲ့ရသည့် ဆွေးနွေးပွဲဖြစ်သကဲ့သို့ တိန့်ရှီကျွင်းက မြောက်ပိုင်းသုံးဖွဲ့အား ခြိမ်းခြောက် အကျပ်ကိုင် အပစ်ရပ်ခိုင်းသည့် ဆွေးနွေးပွဲဖြစ်ခဲ့၏။
နိုင်ငံရေးအရ မည်သည့် သဘောတူညီမှုများ မရှိဘဲ အပစ်ရပ်ရန် လက်မခံသည့် မြောက်ပိုင်းသုံးဖွဲ့အား နယ်စပ်တလျှောက် ဖြတ်တောက်ပိတ်ဆို့ပြီး ဖြတ်ငါးဖြတ် ပြုလုပ်မည်ဟု အတင်းအဓမ္မ ခြိမ်းခြောက် အကျပ်ကိုင်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ဟိုင်ဂင်သဘောတူညီချက်ဆိုသည့် ရှမ်းမြောက် အပစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးစေခဲ့၏။

ဤသည်မှာ ၂၀၂၄ ခုနှစ် နှစ်ဆန်းတွင် တရုတ်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီ၏ ပထမခြေလှမ်းဖြစ်၏။ စစ်ရေးအရ လားရှိုး တိုင်းစစ်ဌာနချုပ်တခုသာ ကျသွားပါက ပြင်ဦးလွင်အထိပါ ခြိမ်းခြောက်ခံရပြီး မြန်မာစစ်တပ်အတွင်း ပြင်းပြင်းထန်ထန် သက်ရောက်မည်ဖြစ်ရာ တရုတ်အစိုးရက မြန်မာစစ်တပ်ကို အသက်ဆက်ပေးရန် လက်တွေ့ကြိုးပမ်းခြင်းဖြစ်၏။
သို့သော် ထိုစဉ်က တရုတ်အစိုးရ၏ ပေါ်လစီကို မြန်မာစစ်တပ်အား အသက်ဆက်ပေးရန် ကြိုးစားသည်ဟု ကြည့်မြင်ကြခြင်း မရှိသေးပေ။ တရုတ်အစိုးရအနေဖြင့် နယ်စပ်ကုန်သွယ်ရေးအတွက် တရုတ်နယ်စပ် တည်ငြိမ်ရေး ကြိုးပမ်းနေသည်၊ အာဆီယံ မူငါးချက်ကို လက်ခံသည်ဟု ကြေညာထားသည့် တရုတ်အစိုးရအနေဖြင့် အားလုံးပါဝင်သည့် ဆွေးနွေးပွဲတရပ်ကို ကျင်းပရန် တွန်းအားပေးနိုင်မည်ဟု မျှော်လင့်ချက်ဖြင့် နားလည်မှု ပေးထားကြသေး၏။
သို့သော် ထိုမျှော်လင့်ချက်များသည် ရှမ်းမြောက်၌ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ပြန်လည်စတင်လာခဲ့ပြီး လားရှိုးမြို့ကျပြီးနောက် ပျောက်ကွယ်သွား၏။ ရှမ်းမြောက်၌ ၁၀၂၇ ဒုတိယလှိုင်း ပြန်လည် စတင်လာပြီးနောက် တရုတ်အစိုးရသည် မြန်မာစစ်တပ်နှင့်ပူးပေါင်း၍ တရုတ်နယ်စပ်တလျှောက် မြန်မာစစ်တပ်နည်းတူ ဖြတ်ငါးဖြတ် ပြုလုပ်လာသည်ကို တွေ့ရ၏။
ဩဂုတ်လဆန်းတွင် လားရှိုးကျသွားပြီးနောက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ မြန်မာပြည်သို့ လာရောက်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံကာ စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ထောက်ခံခဲ့၏။
ဩဂုတ်လဆန်းတွင် လားရှိုးကျသွားပြီးနောက် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ မြန်မာပြည်သို့ လာရောက်ပြီး စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံကာ စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်နှင့် စစ်ကောင်စီ၏ ရွေးကောက်ပွဲကို ထောက်ခံခဲ့၏။
ထို့ပြင် တရုတ်အစိုးရက စစ်ကောင်စီကို ဘဏ္ဍာရေးအကူအညီ ပေးသည်ဟု သတင်းပေါ်ထွက်ခဲ့သော်လည်း တရားဝင် ထုတ်ပြန်မှု မပြုခဲ့ပါ။ သို့သော် တရုတ်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်အပြီး မြန်မာငွေကြေးတန်ဖိုး ကျဆင်းနေခြင်း ရပ်တန့်သွားသည်ကို တွေ့ရသဖြင့် တရုတ်၏ ဘဏ္ဍာရေးဆိုင်ရာ အကူအညီကြောင့် ဖြစ်နိုင်သည်ဟု သုံးသပ်ကြ၏။
ထို့နောက်ပိုင်းတွင် နယ်စပ်လုံခြုံရေး အကြောင်းပြချက်ဖြင့် တရုတ်စစ်တပ်များ တရုတ်နယ်စပ်တလျှောက် ကျည်အစစ်ဖြင့် လေ့ကျင့်ခဲ့၏။ တရုတ်နယ်စပ်သာမက ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက် စစ်ကောင်စီတပ်များ ထိန်းချုပ်နိုင်ခြင်း မရှိသော်လည်း မည်သည့်နိုင်ငံမှ တရုတ်အစိုးရကဲ့သို့ ပြုမူခဲ့ခြင်း မရှိပါ။
တရုတ်အစိုးရ၏ ဤသို့ ဆောင်ရွက်ချက်မှာ နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များအား ခြိမ်းခြောက်ခြင်း ဖြစ်သည်ဟု အားလုံးက သုံးသပ်ခဲ့ကြ၏။
ထို့ပြင် တရုတ်အထူးသံ တိန့်ရွှီကျွင်းကလည်း တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်ကိုင် တပ်ဖွဲ့များအား အမေရိကန်အပါအဝင် နိုင်ငံခြားတိုင်းပြည်များနှင့် မဆက်ဆံရန် ပြောကြားမှုရှိသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များနှင့် ဆက်ဆံခြင်း မပြုရန် တားဆီးခြင်းများ ရှိလာသကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သို့မဟုတ် NUG သည် စစ်တပ်၏ ပြိုင်ဘက် မဟုတ်ကြောင်း ပြောဆိုသည်များကို တွေ့ရ၏။

ဤသို့ ပြောဆိုချက်များပါသည့် တရုတ်အထူးသံ တိန့်ရှီကျွင်းတို့ ဆွေးနွေးပွဲမှတ်တမ်း ပေါက်ကြားလာခဲ့၏။ ဤပေါက်ကြားမှုမှာ တမင်ပေါက်ကြားစေခဲ့ခြင်း ဖြစ်သည်ဟု သုံးသပ်ရ၏။
ထို့ပြင် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ထံမှ သံလွင်အနောက်ခြမ်း တော်လှန်ရေးအင်အားစုများထံ လက်နက်ခဲယမ်း မရောက်စေရန် မြန်မာပြည်တွင်းရှိ ဝနယ်နှင့် ကိုးကန့်ကြား UWSA ဂိတ်များတွင် တရုတ်ရဲနှင့် ထောက်လှမ်းရေးတို့က အရပ်ဝတ်ဖြင့် ဝင်ရောက် စောင့်ကြည့်သည်ကို တွေ့လာရ၏။
တရုတ်တို့သည် မြန်မာစစ်တပ်နှင့်အတူ နယ်စပ်ဒေသ ပြည်သူများအား ဖြတ်ငါးဖြတ် ပြုလုပ်ခြင်း၊ တော်လှန်ရေးအင်အားစုများအား သွေးခွဲခြင်း၊ လက်နက်ခဲယမ်း ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ခြင်း စသည်ဖြင့် မြန်မာပြည် ပြည်တွင်းရေးကို ဗြောင်အတိအလင်း ဝင်ရောက်စွက်ဖက်ပြီး မြန်မာစစ်တပ် အသက်ဆက်ရေးကို အသည်းအသန် ကြိုးပမ်းနေသည်ကို တွေ့ရ၏။
ဤအချက်များကို ကြည့်ပါက တရုတ်တို့သည် မြန်မာစစ်တပ်နှင့်အတူ နယ်စပ်ဒေသ ပြည်သူများအား ဖြတ်ငါးဖြတ် ပြုလုပ်ခြင်း၊ တော်လှန်ရေးအင်အားစုများအား သွေးခွဲခြင်း၊ လက်နက်ခဲယမ်း ထောက်ပို့လမ်းကြောင်းများကို ဖြတ်တောက်ခြင်း စသည်ဖြင့် မြန်မာပြည် ပြည်တွင်းရေးကို ဗြောင်အတိအလင်း ဝင်ရောက်စွက်ဖက်ပြီး မြန်မာစစ်တပ် အသက်ဆက်ရေးကို အသည်းအသန် ကြိုးပမ်းနေသည်ကို တွေ့ရ၏။
ထို့ပြင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလဆန်းတွင် တရုတ်ပြည် ကူမင်းမြို့တွင် ပြုလုပ်သည့် မဟာမဲခေါင်ဆွေးနွေးပွဲ၌ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ပွဲထုတ်ပြီး မဲခေါင်ဒေသ အာဆီယံနိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်တို့နှင့် မိတ်ဆက်ပေးခဲ့၏။
တရုတ်အစိုးရသည် အာဆီယံ မူငါးချက်ကို ထောက်ခံသည်ဟု ကြေညာထားသော်လည်း အာဆီယံ မူငါးချက်အား သွေဖည်၍ စစ်ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးခုနှင့် ရွေးကောက်ပွဲအား ဒေသတွင်းနိုင်ငံများ ထောက်ခံလာရန် ရည်ရွယ်လာခြင်းဖြစ်သကဲ့သို့ အာဆီယံ ဆုံးဖြတ်ချက်ကို မလိုက်နာ၍ အာဆီယံ ထိပ်သီးဆွေးနွေးပွဲသို့ တက်ရောက်ခွင့် ပိတ်ပင်ခံထားရသည့် စစ်ကောင်စီခေါင်းဆောင်အား လူရာသွင်းရန် ကြိုးစားခြင်းလည်း ဖြစ်၏။
၂၀၂၄ ခုနှစ်အတွင်း ကျင့်သုံးလာသည့် တရုတ်၏ မြန်မာနိုင်ငံပေါ်လစီသည့် စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသော မြန်မာစစ်တပ်အား ကာကွယ်၍ အသက်ဆက်ပေးရန် ဗြောင်အတိအလင်း ကြိုးပမ်းလာခြင်းဖြစ်သည်။ စစ်ရေး အရှုံးကြီးရှုံးလာနေပြီး ပြိုကျနိုင်သည့်အန္တရာယ် မြင်နေရပြီဖြစ်သည့် မြန်မာစစ်တပ်အား အသက်ဆက်ပေးရန် ကြိုးစားခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်၏။
မြန်မာနိုင်ငံရေးတွင် မြန်မာစစ်တပ်ကို ဖယ်ထုတ်၍မရ ဟူသည့် အနောက်တိုင်းမှ အချို့ စဉ်းစားကြည့်မြင်သကဲ့သို့ စဉ်းစားသုံးသပ်သည်လည်း ဖြစ်နိုင်၏။ မြန်မာပြည်ရှိ တရုတ်အရင်းအနှီးများအား ကာကွယ်ရန် ဖြစ်နိုင်သကဲ့သို့ မြန်မာစစ်တပ် ပြိုကွဲပါက မြန်မာပြည် ဗရမ်းဗတာဖြစ်ပြီး တရုတ်စီးပွားရေးလုပ်ငန်းများ ထိခိုက်နိုင်သည်ဟု ယူဆ၍လည်း ဖြစ်နိုင်သည်။
NUG နှင့် တော်လှန်ရေးအင်အားစုများသည် အနောက် ဒီမိုကရေစီယိမ်းသူများ ဖြစ်ကြ၍ စစ်အေးအမြင်ဖြင့် ကြည့်ရှုခြင်း ဖြစ်နိုင်သကဲ့သို့ အားကိုးရာမဲ့နေသော စစ်ကောင်စီကို အသက်ဆက်ပေးလိုက်ပါက စစ်ကောင်စီအား ရုပ်သေးအစိုးရအဖြစ် ထားနိုင်သည့် အခွင့်အလမ်းကြောင့်လည်း ဖြစ်နိုင်၏။
မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူများကမူ တိုင်းပြည်ကို နှစ်ပေါင်း ၆၀ ကျော် အုပ်ချုပ်ခဲ့သော်လည်း တိုးတက်အောင် စွမ်းဆောင်နိုင်ခြင်း မရှိသော အရည်အချင်းမရှိသည့် မြန်မာစစ်တပ်၏ အုပ်ချုပ်မှုကို လက်မခံနိုင်ကြတော့ပေ။
မည်သို့ပင်ဖြစ်စေ မြန်မာပြည်သူများကမူ တိုင်းပြည်ကို နှစ်ပေါင်း ၆၀ ကျော် အုပ်ချုပ်ခဲ့သော်လည်း တိုးတက်အောင် စွမ်းဆောင်နိုင်ခြင်း မရှိသော အရည်အချင်းမရှိသည့် မြန်မာစစ်တပ်၏ အုပ်ချုပ်မှုကို လက်မခံနိုင်ကြတော့ပေ။
ထို့ပြင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေသည့် စစ်တပ်အား ကမ္ဘာမကြေဖြစ်နေပေရာ စစ်တပ်ကို အသက်ဆက်ပေးရန် ကြိုးစားသည့် တရုတ်အစိုးရ၏ ပေါ်လစီအား မြန်မာပြည်သူများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြ၏။
ကမ္ဘာအနှံ့ရှိ တရုတ်သံရုံးရှေ့များတွင်လည်း မြန်မာများ ဆန္ဒပြကြသည်။ ဤသို့ဆန္ဒပြခြင်းသည် တရုတ်ကို ဆန့်ကျင်ခြင်းမဟုတ်ဘဲ တရုတ်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီကို ဆန့်ကျင်ခြင်းဖြစ်ကြောင်း တိကျစွာ သတင်းစကားပါးခဲ့ကြ၏။
အလားတူပင် နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့အများစုသည် တရုတ်၏ဖိအားကို ပျော့ပျောင်းစွာ တုံ့ပြန်ခဲ့ကြသော်လည်း မူကိုမူ အလျှော့မပေးခဲ့ကြပေ။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၏ ခရီးစဉ်နောက်ပိုင်း တရုတ်အထူးသံ တိန့်ရှီကျွင်းကလည်း တရုတ်နယ်စပ်ရှိ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များကို တဖွဲ့ပြီးတဖွဲ့ ခေါ်တွေ့ပြီး ဆက်တိုက် ဖိအားပေးခဲ့သည်ကို တွေ့ရ၏။

၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း KIA ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးရာတွင် မစ္စတာ တိန့်ရှီကျွင်းနှင့် တင်းတင်းမာမာ ဖြစ်ခဲ့ကြ၏။
နယ်စပ်ရှိ မြန်မာစစ်စခန်းကို တိုက်ပါက တရုတ်ဘက်သို့ ကျည်ကျနိုင်သဖြင့် မတိုက်ဘဲထားသည်မှာ ပေါ်လစီကိစ္စဖြစ်၍ ၎င်းတို့ လိုက်လျော၍ ရသော်လည်း စစ်ကောင်စီအား ဆက်မတိုက်ဘဲ အပစ်ရပ်ရန် အတင်းဖိအားပေးနေသော အထူးသံအား KIA ကိုယ်စားလှယ်က စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးသည် KIA အတွက် အရေးကြီသည့် မူဝါဒဖြစ်သည်၊ ထိုမူဝါဒကို ထိပါးပါက ဆက်လက် ဆွေးနွေးစရာ မရှိ၊ နယ်စပ်ဂိတ် အားလုံးပိတ်လိုပါကလည်း ပိတ်နိုင်ကြောင်း ပြောဆိုခဲ့ရာ ဆက်ဆွေးနွေး၍မရဘဲ ဆွေးနွေးပွဲ ရပ်တန့်သွားခဲ့၏။
ဤသို့ ဆွေးနွေးခဲ့သကဲ့သို့ စစ်ရေးအရလည်း မိမိအစီအစဉ်အတိုင်း KIA သည် စစ်ဆင်ရေးများကို ဆက်လက် လုပ်ဆောင်ခဲ့သည်။ တရုတ်နယ်စပ်ဂိတ်များဖြစ်သည့် ကန်ပိုက်တီ (ကံပိုင်တည်)၊ ပန်ဝါ၊ ဖီမော်၊ ကန်ဖန်တို့ကိုလည်း သိမ်းပိုက်ခဲ့သည်။ KIA ၏ ဗန်းမော်စစ်ဆင်ရေးစပြီး တပတ်ခန့်အကြာတွင် KIA ခေါင်းဆောင်များကို တရုတ်တို့က ထပ်မံ ဖိတ်ခေါ်ဆွေးနွေးမှု ပြုပြန်သည်။
ဤအကြိမ်တွင် တရုတ်အထူးသံတမန် တိန့်ရှီကျွင်းနှင့်မဟုတ်ဘဲ လူပြောင်း၍ တွေ့သည်ကိုတွေ့ရ၏။ ထိုသူမှာ ဂျာမနီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဟောင်းဖြစ်ပြီး လက်ရှိ တရုတ်ပြည်သူနိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၊ နိုင်ငံခြားရေးကော်မတီမှ မစ္စတာ ဝူကင် ဖြစ်၏။
ဤအကြိမ်တွင် တရုတ်အထူးသံတမန် တိန့်ရှီကျွင်းနှင့်မဟုတ်ဘဲ လူပြောင်း၍ တွေ့သည်ကိုတွေ့ရ၏။ ထိုသူမှာ ဂျာမနီနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ဟောင်းဖြစ်ပြီး လက်ရှိ တရုတ်ပြည်သူနိုင်ငံရေး အတိုင်ပင်ခံကွန်ဖရင့်၊ နိုင်ငံခြားရေးကော်မတီမှ မစ္စတာ ဝူကင် ဖြစ်၏။
ဆွေးနွေးပွဲသတင်းများကို ထုတ်ပြန်ခြင်း မရှိသော်လည်း အပစ်ရပ်၍ ဆွေးနွေးဖြေရှင်းရန် တိုက်တွန်းသည့်တိုင် ဦးစားပေးပြဿနာ မဟုတ်တော့ဘဲ KIO ထိန်းချုပ်ထားပြီဖြစ်သည့် ပန်ဝါဒေသရှိ မြေရှားသတ္တုက အဓိကဖြစ်သည်ဟု နီးစပ်သူများက ဆိုပါသည်။
ထို့ပြင် အဆိုပါဆွေးနွေးပွဲအပြီးတွင် တရုတ် – ကချင် နယ်စပ်ဂိတ်များကို တရုတ်တို့ဘက်က ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ကို တွေ့ရ၏။ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ဆွေးနွေးပွဲတွင် တိန့်ရှီကျွင်းနှင့် တင်းမာခဲ့ပြီး ဆက်ဆွေးနွေး၍ မရသည့်အခြေအနေကို လူလဲ၍ ဆွေးနွေးပြီး ဖြေလျော့မှု ပြုလုပ်ခဲ့သည်ဟု သုံးသပ်ရ၏။
တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ၏ ခရီးစဉ်အပြီး တရုတ်တို့၏ မြန်မာနိုင်ငံ ပေါ်လစီကို မြန်မာလူထုက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကြသည်ကို တရုတ်တို့ ကောင်းစွာသိကြ၏။ သို့သော် တရုတ်တို့ ထိုကိစ္စကို သတိကြီးစွာထား၍ ကိုင်တွယ်သည်ကို တွေ့ရ၏။ မြန်မာလူထု၏ ဆန့်ကျင်မှုကို တုံ့ပြန်တိုက်ခိုက်ခြင်းမပြုဘဲ သင့်တော်သည့်အချိန်တွင် ဖြေရှင်းချက်ထုတ်ခြင်းကိုသာ ပြုလုပ်သည်ကို တွေ့ရ၏။
တရုတ်အထူးသံ တိန့်ရှီကျွင်းက တရုတ်နယ်စပ်ရှိ တိုင်းရင်းသားအဖွဲ့များကို အလွန်အကျွံ ဖိအားပေးရာ ဆွေးနွေးပွဲများ မပြေလည်သည်သာမက တိန့်ရှီကျွင်းနှင့် တိုင်းရင်းသားအဖွဲ့များကြား ဆက်ဆံရေးလည်း မကောင်းတော့ပေ။ ဤသည်မှာ တရုတ်အစိုးရ ပေါ်လစီကြောင့်သာမကဘဲ ပေါ်လစီကို တာဝန်ယူ အကောင်အထည်ဖော်သည့် သံတမန်၏ လုပ်ဟန်နှင့်လည်း ဆိုင်ပုံရ၏။
၂၀၁၈ ခုနှစ် တတိယအကြိမ် ပင်လုံညီလာခံသို့ တက်သော မြောက်ပိုင်းအဖွဲ့အား တာဝန်ယူသည့် တရုတ်သံတမန် နှစ်ဦးတွေ့ရ၏။ တဦးမှာ တရုတ်အထူးသံ ဆွန်ကော့ရှန်ဖြစ်ပြီး နောက်တဦးမှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ် မစ္စတာ ဟုန်လျန် ဖြစ်၏။
KIA ကိုယ်စားလှယ် ဗိုလ်ချုပ် ဂွန်မော်က ကုလသမဂ္ဂ အတွင်းရေးမှူးကိုယ်စားလှယ်နှင့် တွေ့သည့်ကိစ္စနှင့် ပတ်သက်၍ မစ္စတာ ဆွန်ကော့ရှန်က ဘာမှ မပြောသော်လည်း မစ္စတာ ဟုန်လျန်က တွေ့ခွင့်မပြုဟုဆို၍ ဗိုလ်ချုပ် ဂွန်မော်က တရုတ်တို့က တာဝန်ယူလာ၍ အသိပေး အကြောင်းကြားခြင်းသာဖြစ်ကြောင်း၊ ခွင့်ပြုချက် တောင်းနေခြင်းမဟုတ်ကြောင်း ပြန်ပြောခဲ့သဖြင့် ဗိုလ်ချုပ် ဂွန်မော်နှင့် အချေအတင်ဖြစ်ခဲ့၏။
ကာလကြာ အထူးသံအဖြစ် တာဝန်ယူခဲ့သူ ဆွန်ကော့ရှန်နှင့် မြောက်ပိုင်း တိုင်းရင်းသားအဖွဲ့များကြား ပြဿနာဖြစ်ဖူးသည်ကို မကြားဘူးသော်လည်း ခေတ္တတာဝန် တွဲဖက်ယူသည့် သံအမတ် ဟုန်လျန်နှင့် ပြဿနာဖြစ်ခဲ့သည်။
မစ္စတာ တိန့်ရှီကျွင်းသည် တောက်လျှောက် ဖိအားပေး ခြိမ်းခြောက်နေသည့်အပြင် ဟိုင်ဂင်သဘောတူညီချက် လက်မှတ်ထိုးသည့်နေ့က မြောက်ပိုင်းသုံးဖွဲ့ ကိုယ်စားလှယ်အဖွဲ့ကို နေ့လည် ၁၂ နာရီမှ လက်မှတ်ထိုးပြီးသည့် ည ၈ နာရီအထိ ဆွေးနွေးပွဲကို အနားမပေး၊ ထမင်းမကျွေးဘဲ အတင်းဖိအားပေးခဲ့သူဖြစ်၏။
ထို့အတူ မစ္စတာ တိန့်ရှီကျွင်းသည် တောက်လျှောက် ဖိအားပေး ခြိမ်းခြောက်နေသည့်အပြင် ဟိုင်ဂင်သဘောတူညီချက် လက်မှတ်ထိုးသည့်နေ့က မြောက်ပိုင်းသုံးဖွဲ့ ကိုယ်စားလှယ်အဖွဲ့ကို နေ့လည် ၁၂ နာရီမှ လက်မှတ်ထိုးပြီးသည့် ည ၈ နာရီအထိ ဆွေးနွေးပွဲကို အနားမပေး၊ ထမင်းမကျွေးဘဲ အတင်းဖိအားပေးခဲ့သူဖြစ်၏။
ရှစ်နာရီလုံးလုံး ထမင်းပင်မကျွေးဘဲ လက်မှတ်ထိုးရန် ဖိအားပေးနေသူ တိန့်ရှီကျွင်းအား မြောက်ပိုင်းသုံးဖွဲ့ ကိုယ်စားလှယ်အဖွဲ့ အတော်ပင် စိတ်ပျက်သွားကြပြီး ထပ်၍ပင် တွေ့ချင်စိတ် မရှိကြတော့ပေ။
တကယ်တော့ အရမ်းတင်းမာနေလျှင် ခဏနား၊ အပန်းဖြေ၊ အပြင်၌ အလွတ်သဘောပြောပြီး ပျော့ပျောင်းစွာ ဖြေရှင်းရမည့် သံတမန်ကျင့်ဝတ်ကို ကျင့်သုံးခြင်းမရှိ၊ နယ်စပ်တိုင်းရင်းသား အဖွဲ့ငယ်များဟု သဘောထားပြီး မောက်မာသည့် လူပုဂ္ဂိုလ်တဦးချင်း၏ သဘောထားနှင့် လုပ်ဟန်ကြောင့်လည်း ဖြစ်နိုင်၏။
တရုတ်အစိုးရ၏ မြန်မာနိုင်ငံ ပေါ်လစီအား မြန်မာလူထုနှင့် တိုင်းရင်းသားအဖွဲ့များ ပြင်းပြင်းထန်ထန် ဆန့်ကျင်နေချိန်တွင် ဆီးရီးယား၌ ရုရှားတို့ အားပေးကူညီသည့် အာဆတ်အစိုးရ ပြုတ်ကျပြီး တော်လှန်ရေးတပ်ဖွဲ့များက အောင်ပွဲခံသွားသည်။ အာဆတ်အစိုးရ ပြုတ်မကျနိုင်ဟု တွက်ဆထားသည့်ကြားက ပြုတ်သွားသည်ဖြစ်ရာ ထိုကိစ္စသည်လည်း တရုတ်တို့အတွက် စဉ်းစားဖွယ်ဖြစ်ခဲ့၏။ ထို့ပြင် မြန်မာစစ်တပ်ကလည်း စစ်မြေပြင်တွင် နာလန်မထူဘဲ ရှုံးပွဲဆက်နေ၏။
ထို့ကြောင့် ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့ ယူနန်ပြည်၊ ကူမင်းမြို့တွင် တရုတ်ပညာရှင် Think Tank များ ပါဝင်သည့် တံခါးပိတ်အစည်းတရပ် ပြုလုပ်ပြီး မြန်မာပြည် ဆီးရီးယားကဲ့သို့ ဖြစ်နိုင်ခြေ ရှိ၊ မရှိ ဆွေးနွေးခဲ့သည်ဟု သိရ၏။
ဆွေးနွေးပွဲရလဒ်ကို မသိသေးရသော်လည်း ဖြစ်နိုင်ခြေအားလုံးကို ထည့်သွင်းတွက်ချက်ကြမည်မှာ သေချာသလောက်ဖြစ်၏။ တရုတ်အစိုးရအတွက် ထည့်သွင်းစဉ်းစားရမည့်အချက်များ ဖြစ်လာပေလိမ့်မည်။
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှစ၍ မြန်မာစစ်တပ် အသက်ဆက်ရေးအတွက် တရုတ်အထူးသံ တိန့်ရှီကျွင်းဖြင့် တနှစ်လုံး ပွဲကြမ်းလာခဲ့သည့် တရုတ်တို့သည့် နှစ်ကုန် ဒီဇင်ဘာလတွင် သံတမန်တဦး ပြောင်းလဲ၍ ပျော့ပျောင်းမှု ပြလာသည်ကို တွေ့ရ၏။ သို့သော် တိန့်ရှီကျွင်း၏ အထူးသံတမန်နေရာတွင် အစားထိုးခန့်အပ်သည်တော့ မဟုတ်သေးပေ။
စစ်ကောင်စီ အသက်ဆက်ရေးအတွက် ရပ်ခံသည့် တရုတ်ပေါ်လစီ ပြောင်း၊ မပြောင်းတော့ ပြော၍မရသေးပေ။ တိန့်ရှီကျွင်းနေရာတွင် အသစ်တယောက် အစားထိုးခန့်အပ်ပါက တမျိုးဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ်ဘဲ အပျော့၊ အမာ နှစ်ဦးထား၍ ပေါ်လစီကို အကောင်အထည် ဖော်နိုင်သည်။
သို့ဖြစ်ရာ စစ်ကောင်စီ အသက်ဆက်ရေးအတွက် ရပ်ခံသည့် တရုတ်ပေါ်လစီ ပြောင်း၊ မပြောင်းတော့ ပြော၍မရသေးပေ။ တိန့်ရှီကျွင်းနေရာတွင် အသစ်တယောက် အစားထိုးခန့်အပ်ပါက တမျိုးဖြစ်ကောင်းဖြစ်မည်။ သို့မဟုတ်ဘဲ အပျော့၊ အမာ နှစ်ဦးထား၍ ပေါ်လစီကို အကောင်အထည် ဖော်နိုင်သည်။
၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင် မြောက်ပိုင်းသုံးဖွဲ့နှင့် UWSA တို့မှ တဖွဲ့ချင်း အပစ်ရပ်ပြီး နိုင်ငံရေးအရ ဆွေးနွေးဖြေရှင်းရန် ကြေညာချက်များ ထုတ်ပြန်ခြင်းသည် တရုတ်တို့၏ ဖိအားကြောင့်ဟု သေချာပေါက် ပြော၍ရ၏။
အာဆီယံ၏မူကဲ့သို့ သက်ဆိုင်သူအားလုံး ပါဝင်ဖြေရှင်းရေးထက် စစ်ကောင်စီအား အထိနာအောင် တိုက်ခိုက်နေသည့်အဖွဲ့များကို ဖိအားပေး၍ စစ်ကောင်စီအား အသက်ဆက်ပေးရန် ကြိုးစားနေဆဲဖြစ်ရာ မြန်မာလူထု၏ ဆန့်ကျင်မှု ခံရမည်ဖြစ်ပြီး အကယ်၍ တရုတ်အစိုးရ မျှော်လင့်သကဲ့သို့ မဟုတ်ဘဲ မြန်မာစစ်အစိုးရ ပြုတ်သွားပါက မြန်မာလူထုနှင့် တရုတ်အစိုးရကြား ဆက်ဆံရေးဆိုးရွားသွားနိုင်သည်ကို တရုတ်တို့ ထည့်သွင်းတွက်ချက်ရန် လိုပေလိမ့်မည်။
ချုပ်၍ဆိုလျှင် ၂၀၂၄ ခုနှစ် တနှစ်လုံးတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပေါ်လစီသည် မြန်မာစစ်အာဏာရှင်များကို အသက်ဆက်ရေးဖြစ်၏။ တရုတ်တို့၏ ပေါ်လစီကြောင့် မြောက်ပိုင်းအဖွဲ့များ၏ ထိုးနှက်မှုကို နှောင့်နှေးစေပြီး မြန်မာစစ်ကောင်စီတပ်အတွက် အတန်ငယ် သက်သာရာ ရစေခဲ့သည်။
သို့သော်လည်း မြန်မာလူထုနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များက တရုတ်ပေါ်လစီအား လက်မခံဘဲ ဆန့်ကျင်ကြမှုကြောင့်လည်းကောင်း၊ စစ်ကောင်စီအနေနှင့် စစ်ရေးအရ ရှုံးပွဲဆက်နေသောကြောင့်လည်းကောင်း၊ တရုတ်နယ်စပ်ရှိ အဖွဲ့များ အပစ်ရပ်ရုံမျှနှင့် မြန်မာပြည်အခြေအနေ တည်ငြိမ်နိုင်မှု မရှိနိုင်သည်ကို ၂၀၂၄ နှစ်ကုန်တွင် ရှင်းလင်းစွာမြင်တွေ့ရ၍လည်းကောင်း၊ ဆီးရီးယား သင်ခန်းစာကြောင့်လည်းကောင်း ၂၀၂၅ ခုနှစ်တွင် တရုတ်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာပေါ်လစီ အပြောင်းအလဲ ရှိ၊ မရှိ၊ အထူးသံတမန် အပြောင်းအလဲ ရှိ၊ မရှိကို ဂရုတစိုက် စောင့်ကြည့်သွားရန် လိုအပ်ပေမည်။
(သက်ထားမောင်သည် မြန်မာ့နိုင်ငံရေး လေ့လာသူတဦး ဖြစ်သည်။)
You may also like these stories:
တရုတ်ဖိအား၊ လက်တွေ့ရလဒ်နှင့် စစ်တပ်၏ကံကြမ္မာ
တရုတ်ဖိအားအောက် စစ်ကောင်စီ ဘယ်လို အသွင်ပြောင်းမလဲ
တရုတ်က စစ်ကောင်စီကို ထောက်ခံမှုကြောင့် မုန်းတီးမှုနှင့် ဆန့်ကျင်မှုများ ဖြစ်စေ
မြေရှားသတ္တုအရေးပါမှု၊ ပထဝီနိုင်ငံရေး အပြောင်းအလဲနှင့် မြန်မာ့တော်လှန်ရေး
ဆီးရီးယားနှင့် မြန်မာ တော်လှန်ရေး ၂ ခုကို နှိုင်းယှဉ်ကြည့်ခြင်း














