• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အိန္ဒိယနယ်စပ် ဖြတ်ခွင့်တင်းကျပ် ဒေသခံများ အခက်အခဲဖြစ်

by မေရီခိုင်
14 January 2025
in သတင်း
A A
အိန္ဒိယနယ်စပ် ဖြတ်ခွင့်တင်းကျပ် ဒေသခံများ အခက်အခဲဖြစ်

၂၀၂၄ ဖေဖော်ဝါရီလအတွင်း ရိခေါ်ဒါရ် နယ်စပ်ဂိတ်ကို မြင်တွေ့ရစဉ်/ဧရာဝတီ

640
VIEWS
Share on FacebookShare on Twitter

အိန္ဒိယအစိုးရက လွတ်လပ်စွာနယ်စပ်ဖြတ်သန်းသွားလာခွင့် (FMR) စနစ်ကို ဖျက်သိမ်း၍ လူဦးရေ အကန့်အသတ်ဖြင့်သာ ဝင်ခွင့်ပြုသဖြင့် မြန်မာဘက်မှ မီဇိုရမ်၊ မဏိပူရ်ပြည်နယ်များသို့ ဒေသခံများ ကူးသန်းရောင်းဝယ်ရေးနှင့် သွားလာရေး အခက်အခဲဖြစ်နေသည်။

ဇန်နဝါရီ ၁ ရက်မှစ၍ ချင်းပြည်နယ် အမှတ် ၂ ကုန်သွယ်ရေးလမ်းကြောင်း ရိဒ်- ဇိုခေါ်ထာရ် နယ်စပ်ဂိတ်တံတားမှ မီဇိုရမ် ပြည်နယ်သို့ တရက်လျှင် အယောက် ၁၀၀ သာ သွားခွင့်ပြုသည့်အတွက် နယ်စပ်ဖြတ် နေ့စဉ်ဈေးရောင်းရသည့် ဒေသခံ များ အခက်အခဲ ဖြစ်လာကြောင်း ရိခေါ်ဒါရ်မြို့တွင် နေထိုင်သူတဦးက ဆိုသည်။

၎င်းက “နေ့တိုင်းဇိုခေါ်ထာရ်ဘက်ကို ဈေးသွားရောင်းတဲ့သူတွေ ဒီဘက်မှာရှိတယ်။ ဖြတ်သန်းခွင့် တနေ့ ၁၀၀ ပဲ ပေးတာက နည်းလွန်းတယ်။ နယ်စပ်ဒေသခံတွေ နှစ်ဖက်လုံးက အပြန်အလှန် မှီခိုနေရတာဖြစ်တဲ့အတွက် အခက်အခဲ ဖြစ်လာတယ်။ မြန်မာဘက်က ထောက်ခံစာအတွက်တော့ CDF ဟွာလ်ငိုရမ်က ထုတ်ပေးတယ်။ ပြီးတော့ ချင်းဘက်ကပစ္စည်းတွေ သူတို့ ဘက်ကို တင်ပို့ရောင်းချတာတွေ၊ အိန္ဒိယဘက်က ဆီတွေ၊ ဆန်တွေ ဒီဘက်ပြန်သယ်တာတွေ လောလောဆယ် ရပ်ထားရ တယ်။ ကုန်သွယ်ရေးအတွက် သီးသန့်သတ်မှတ်ပေးဖို့ မျှော်လင့်ရတယ်။ မဟုတ်ရင် အခက်အခဲ ပိုဖြစ်လာလိမ့်မယ်” ဟု ဧရာဝတီကို ပြောသည်။

လက်ရှိ နယ်စပ်ကုန်သွယ်ရေးအနေဖြင့် အိန္ဒိယက မြန်မာဘက်သို့ ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ဂျုံ၊ ဆေးနှင့် ဓာတ်ဆီများ တင်ပို့ သလို မြန်မာဘက်မှ ထောပတ်၊ ကြက်သွန်ကဲ့သို့ ကုန်စိမ်းအများဆုံးတင်ပို့နေကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်နှင့် မဏိပူရ်ပြည်နယ်များတွင် ချင်းပြည်နယ်၊ စစ်ကိုင်းနှင့် မကွေးတိုင်းတို့ဘက်မှ တိုက်ပွဲများကြောင့် ထွက်ပြေးခိုလှုံနေရသော စစ်ဘေးရှောင် ၇၀,၀၀၀ ထက်မနည်း ရှိနေကြောင်း သိရသည်။

မီဇိုရမ်ရောက် စစ်ဘေးရှောင်တဦးက “တိုက်ပွဲတွေဖြစ်လာရင် အများအားဖြင့် ကလေးမြို့တို့၊ မီဇိုရမ်ဘက်တွေကို ပြေးကြ ရတယ်။ အခုလို ကန့်သတ်မှုတွေကြောင့် တိုက်ပွဲဖြစ်လာရင် တိမ်းရှောင်ဖို့ အခက်အခဲတွေ ရှိလာနိုင်တယ်။ တရားဝင်ဂိတ် မဟုတ်ဘဲနဲ့ တခြား တရားမဝင် အပေါက်တွေက ဝင်ရင် ရပေမယ့် သူတို့က ကန့်သတ်ချက်မလိုက်နာလို့ ဖမ်းဆီးတာတွေ လည်း လုပ်မှာစိုးရိမ်ရတာပေါ့။ လက်ရှိမှာ ကျနော်တို့က ဒုက္ခသည်အနေနဲ့အိမ်ငှားပြီးနေကြပေမယ့် မြန်မာဘက်ကို လူမှုရေး ကိစ္စတွေရှိရင် ပြန်နေကြတာလေ” ဟုပြောသည်။

၂၀၂၄ ဖေဖော်ဝါရီလအတွင်း ရိခေါ်ဒါရ် နယ်စပ်ဂိတ်ကို မြင်တွေ့ရစဉ်/ဧရာဝတီ

မြန်မာ-အိန္ဒိယနယ်စပ်တွင် မှီတင်းနေထိုင်သူများအနေဖြင့် ကူးသန်းရောင်းဝယ်ရေးသာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကအစ တဖက်နှင့် တဖက် အပြန်အလှန် အမှီသဟဲ ပြုနေရရာ အိန္ဒိယသို့ နေ့ချင်းပြန် သွားရောက် ကျောင်းတက်သည့် မြန်မာကျောင်းသား ၅၀၀ခန့် ရှိသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၂၊ ၂၀၂၆

12 January 2026
6
လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
51
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
18

ရိခေါ်ဒါရ်မြို့ခံ ကျောင်းသား မိဘတဦးက “ကလေးတွေက နေ့ချင်းပြန်ကျောင်းတက်ရတာဆိုတော့ ကျောင်းသားတွေ အတွက် ခွင့်ပြုပေးရင်တော့ ကောင်းမှာပဲ။ ဒီဘက်မှာက တက်ဖို့ကျောင်းလည်းမရှိဘူး။ နေမကောင်းရင်လည်း ကျန်ဖိုင် ဘက်ကိုပဲ သွားပြီး ဆေးခန်းပြရတယ်။ အခုလို ကန့်သတ်လိုက်တာ တော်တော်ကို ဆိုးပါတယ်” ဟု ပြောသည်။

ယခုလအတွင်း စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်မည်ဖြစ်၍ ကျောင်းသား/ကျောင်းသူများအတွက် ခြွင်းချက် အနေဖြင့် ဖြတ်သန်းခွင့်ပြုရန် မြန်မာဒေသခံများက လိုလားနေကြသည်။

နယ်စပ်ဖြတ်သန်းခွင့်ကို အပတ်စဉ် တနင်္လာနေ့မှ စနေနေ့အထိ အိန္ဒိယစံတော်ချိန် မနက် ၆ နာရီမှညနေ ၃ နာရီခွဲ မြန်မာ စံတော်ချိန် မနက် ၇ နာရီမှ ညနေ ၄ နာရီခွဲအတွင်းသာ ခွင့်ပြုပေးထားကြောင်း သိရသည်။

ယခင် နယ်စပ်ကို အစစ်အဆေးမရှိ လွတ်လပ်စွာဖြတ်သန်းနိုင်သော်လည်း ယခုအခါ နယ်စပ်ဂိတ်၌ အာသံရိုင်ဖယ်တပ်ဖွဲ့၊ မီဇိုရမ်ရဲတပ်ဖွဲ့နှင့် ကျန်းမာရေးဝန်ထမ်းများက စောင့်ကြည့်စစ်ဆေးကာ သတ်မှတ်ချက်၊ စည်းကမ်း မလိုက်နာသူများကို တည်ဆဲဥပဒေအရအရေးယူမည်ဖြစ်ပြီး နယ်စပ်ဖြတ်ကျော်ခွင့်ပေးမည် မဟုတ်ကြောင်းလည်း မီဇိုရမ်ပြည်နယ် ကျန်ဖိုင် ခရိုင် ရဲတပ်ဖွဲ့မှူးရုံးက သတိပေးထားသည်။

ရိခေါ်ဒါရ်နှင့် မီဇိုရမ်ကို ကုန်သွယ်နေသူတဦးက “လောလောဆယ်ကတော့ ကုန်တင်ပို့တာတွေ ပိတ်ထားတယ်။ ဒီဘက် ရိခေါ်ဒါရ်မှာ ကုန်တွေ လှောင်ထားတယ်။ အခြေအနေကတော့ ဘယ်လိုလုပ်မလဲတော့ မသိဘူး။ ကုန်ကားအဲဒီဘက်ကို ဝင်မရတော့တာ ကြာပြီ၊ အထမ်းသမားတွေနဲ့ ကုန်တင်ကုန်ချလုပ်ပြီး ကုန်သွယ်ရတာပဲ။ ပြည်မဘက်က လမ်းပိတ်တဲ့အခါ အိန္ဒိယ ပစ္စည်းတွေကို အားထားရပဲ။ သူတို့က လုံးလုံးပိတ်လိုက်မယ်ဆိုရင်တော့ ဒီဘက်မှာ လှောင်ထားတဲ့ ပစ္စည်းတွေ ရှုံးမှာပဲ” ဟု ပြောသည်။

မီဇိုရမ်အရပ်ဘက်အဖွဲ့ Zo Reunification Organization (ZORO) ကမူ နယ်စပ်ဖြတ်ကျော်ခွင့် တင်းကျပ်ထားခြင်းများ ဖြေလျှော့ပြီး အိန္ဒိယ- မြန်မာ နှစ်နိုင်ငံလွတ်လပ်စွာ ကူးသန်းသွားလာခွင့် (FMR) ကို ပြန်ခွင့်ပြုပေးရန် ဇန်နဝါရီ ၆ ရက်၌ အိန္ဒိယအစိုးရအား ဆန္ဒပြတောင်းဆိုထားကြသည်။

အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်၊ မိုးရေးမြို့နှင့်စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်တို့ ထိစပ်နေသည့် နယ်စပ် ၆ မိုင်ခန့်ကို ခြံစည်းရိုး ကာရံပြီးစီးထားပြီး ဖြစ်သည်။

You may also like these stories:

အင်ဖာထောင်တွင်းမှ ကြမ်းတမ်းသော နေ့ရက်များ

အိန္ဒိယဘက် ဝင်လာသူတွေကို လူသားဆန်ဆန် နေထိုင်ခွင့်ပေးစေလိုတယ်

အိန္ဒိယ-မြန်မာ နယ်စပ်အောင်ပွဲများက ချင်းတော်လှန်ရေးကို အဆုံးအဖြတ်ပေးမည်

အိန္ဒိယက မြန်မာနယ်စပ်မှာ ခြံစည်းရိုးတိုးချဲ့ရန် စီစဉ်

Your Thoughts …
Tags: FMRနယ်စပ်ဖြတ်ကျော်ခွင့်မဏိပူရ်မီဇိုရမ်အိန္ဒိယနယ်စပ်
မေရီခိုင်

မေရီခိုင်

Similar Picks:

အိန္ဒိယ အထက်လွှတ်တော်အဖွဲ့ ရက္ခိုင့်တပ်တော်နှင့် လာရောက်ဆွေးနွေး

အိန္ဒိယ အထက်လွှတ်တော်အဖွဲ့ ရက္ခိုင့်တပ်တော်နှင့် လာရောက်ဆွေးနွေး

by ဧရာဝတီ
3 March 2024
6.8k

အိန္ဒိယ အထက်လွှတ်တော် ကိုယ်စားလှယ် မစ္စတာ ကေ ဗန်လယ်ဗီနာ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ရက္ခိုင့်တပ်တော်နှင့် မြန်မာနိုင်ငံအတွင်း တွေ့ဆုံခဲ့သည်

AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

by စောလွင်
27 June 2024
6k

စစ်ကောင်စီက လမ်းကြောင်းများပိတ်ဆို့ထားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့ အတွက် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများ၊ ဆေးဝါးများအတွက် အိန္ဒိယကုန်ပစ္စည်းများကို အဓိက အားထားနေရခြင်းဖြစ်ပြီး CYLA က လမ်းပိတ်ခြင်း၏ နောက်ဆက်တွဲကို ရခိုင်ပြည်သူများ ပိုမိုခံစားရသောကြောင့် AA...

ခြံစည်းရိုးခတ်ကာ လွတ်လပ်စွာသွားလာခွင့်စာချုပ်ဖျက်ရန် အိန္ဒိယ ကြိုးပမ်းနေ

ခြံစည်းရိုးခတ်ကာ လွတ်လပ်စွာသွားလာခွင့်စာချုပ်ဖျက်ရန် အိန္ဒိယ ကြိုးပမ်းနေ

by ဧရာဝတီ
23 January 2024
3.6k

အိမ်နီးချင်း မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်နေစဉ် အိန္ဒိယအစိုးရက နယ်စပ်ခြံစည်းရိုးခတ်ပြီး နှစ်နိုင်ငံကြား လွတ်လပ်စွာသွားလာခွင့်စနစ် (FMR) သဘောတူစာချုပ်ကို ဖျက်သိမ်းရန် ကြိုးပမ်းနေသည်။

မီဇိုရမ်အခြေစိုက်အဖွဲ့ကို AA သတိပေး (ရုပ်/သံ)

မီဇိုရမ်အခြေစိုက်အဖွဲ့ကို AA သတိပေး (ရုပ်/သံ)

by ဇော်မြတ်ခန့်
5 July 2024
3.3k

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အခြေစိုက် ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA) အနေနဲ့ မြန်မာပြည်တွင်းရေး ကိစ္စတွေမှာ ဝင်ရောက်မစွက်ဖက်ဖို့ အာရက္ခတပ်တော် (AA) က သတိပေး ပြောဆိုလိုက်ပါတယ်။

မဟတ္တမ ဂန္ဒီမြေက အစာငတ်ခံတိုက်ပွဲဝင်နေတဲ့ မြန်မာမိခင်တွေ

မဟတ္တမ ဂန္ဒီမြေက အစာငတ်ခံတိုက်ပွဲဝင်နေတဲ့ မြန်မာမိခင်တွေ

by ဧရာဝတီ
2 December 2024
1.5k

“ထောင်မှူးကိုမေးလိုက်ရင် နင်တို့မြန်မာပြည်ဘက်က မခေါ်လို့ ငါတို့က မပို့တာ၊ နင်တို့ဘက်ကခေါ်တာနဲ့ ငါတို့က ပို့ဖို့ အဆင်သင့်ပဲလို့ပြောတယ်” လို့ ထိန်းသိမ်းခံထားရတဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

by ဧရာဝတီ
13 September 2023
1.4k

တမူးမြို့နယ်ရှိလမ်းကြောင်းများ ၄ လနီးပါးအထိ ပိတ်ဆို့ခံထားရသည့်အတွက် အခြေခံစားသောက် ကုန်ဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့်အတူ ကုန်ပစ္စည်းများပြတ်လပ်လာသဖြင့် ဒေသခံတချို့ မြို့ကို ယာယီ စွန့်ခွာ

Next Post
နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၀ နီးပါးရှိ (ရုပ်/သံ)

နှစ်ပတ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၀၀ နီးပါးရှိ (ရုပ်/သံ)

ရွှေစက်တော်ဘုရားပွဲဖွင့်နိုင်ရေး အနီးနားကျေးရွာများ စစ်တပ် စစ်ကြောင်းထိုး

ရွှေစက်တော်ဘုရားပွဲဖွင့်နိုင်ရေး အနီးနားကျေးရွာများ စစ်တပ် စစ်ကြောင်းထိုး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved