• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

by စောလွင်
27 June 2024
in သတင်း
A A
AA ကို ဖိအားပေးရန် အိန္ဒိယကုန်သွယ်ရေးလမ်းကြောင်း မီဇိုရမ် ချင်းအဖွဲ့ ပိတ်

အိန္ဒိယ၏ ကုလားတန်စီမံကိန်း၏ တစိတ်တပိုင်းဖြစ်သည့် မြစ်ကြောင်းပေါ်ရှိ တံတားတံစင်း(ဧရာဝတီ)

6k
VIEWS
Share on FacebookShare on Twitter

ချင်းပြည်နယ်တောင်ပိုင်း မတူပီ၌ ချင်းညီနောင်အဖွဲ့နှင့် ပူးပေါင်းစစ်ဆင်နေသည့် အာရက္ခတပ်တော် (AA)တို့ ယင်းဒေသမှ ထွက်ခွာရန် ဖိအားပေးသည့်အနေဖြင့် အိန္ဒိယမှ ပလက်ဝသို့ ကုန်စည်မစီးဆင်းသည့် နယ်စပ်လမ်းကြောင်းကို မီဇိုရမ်ပြည် နယ်အခြေစိုက် ချင်းအဖွဲ့ Central Young Lai Association – CYLA က ပိတ်လိုက်ကြောင်း သိရသည်။

ယင်းလမ်းမှာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှတဆင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲသို့ အခြေခံ စားသောက်ကုန်ပစ္စည်းများ တင်သွင်းနေသည့်လမ်းကြောင်းဖြစ်သည်။

CYLA အဖွဲ့ဥက္ကဋ္ဌ HC Vanlalruatpula က “ဒီလိုပိတ်ရတဲ့ ပထမဆုံးအကြောင်းရင်းကတော့ တိုက်ပွဲတွေဖြစ်နေလို့ပါ။AA နဲ့ သူ့ ချင်းညီနောင်တွေက မတူပီနယ်ကို သိမ်းဖို့ကြိုးစားနေကြပါတယ်။ ဒီတိုက်ပွဲကို ရပ်ဖို့အတွက် AA နဲ့ သူ့ညီနောင်တွေကို ဆက်သွယ်ပြောဆိုဖို့ ကြိုးစားပေမယ့် အကြောင်းကြားချက် တစုံတရာ ပြန်မရပါဘူး” ဟု ပြောသည်။

ချင်းအမျိုးသားတပ်ဦး (CNF)နှင့် အာရက္ခတပ်တော် (AA) ကျောထောက်နောက်ခံပြုထားသည့် ချင်းညီနောင်အဖွဲ့တို့ကြား မတူပီမြို့သိမ်းတိုက်ပွဲနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ရက်က တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

ယခု နယ်စပ်လမ်းကို ပိတ်လိုက်သည့် CYLA အဖွဲ့သည် အိန္ဒိယနိုင်ငံ၌ မှတ်ပုံတင်ထားသည့် အရပ်ဘက်အဖွဲ့အစည်း ဖြစ် ကာ မီဇိုရမ်ပြည်နယ်အစိုးရ၏ အသိအမှတ်ပြုမှု ရထားပြီး ချင်းပြည်နယ်မြောက် ပိုင်း ဟားခါး၊ ထန်တလန်ဘက်မှ Lai ချင်းမျိုးနွယ်စုများဖြစ်ကာ ချင်းအမျိုးသားတပ်ဦး (CNF/CAN) ကို အားပေး ထောက် ခံသူများ ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

မီဇိုရမ်ပြည်နယ် အခြေစိုက် ချင်းအဖွဲ့ Central Young Lai Association (CYLA)သည် နယ်စပ်ဒေသလုံခြုံရေး အကြောင်း ပြကာ ထိုလမ်းကို ပြီးခဲ့သော မေလ ၂၅ ရက်၌ ပိတ်ခဲ့သေးရာ ULA/AA တာဝန်ရှိသူများနှင့် ဆွေးနွေးခဲ့ပြီး ဇွန် ၁၂ ရက်၌ ပြန်လည်ဖွင့်ပေးခဲ့သော်လည်း ယခု ထပ်မံပိတ်လိုက်ခြင်းဖြစ်သည်။

CYLA အဖွဲ့နှင့် AA တာဝန်ရှိသူတို့ ယခုလ အစပိုင်းက တွေ့ဆုံခဲ့ပုံ / Zalen

CYLA ဥက္ကဋ္ဌက “ဒီလမ်းက အရေးပါပါတယ်။အာဆီယံ နိုင်ငံတွေကိုပါ ဆက်သွယ်ထားတဲ့ လမ်းပါ။ ULA ကျနော်တို့နဲ့ ဆွေးနွေးဖို့ လိုပါလိမ့်မယ်။ ပြီးတော့ တိုက်ပွဲတွေ ရပ်ရပါမယ်။ တိုက်ပွဲတွေကို မရပ်မချင်း လမ်းပြန်ဖွင့်မပေးပါဘူး။ ဒါက ကျနော်တို့ရဲ့ ဦးစားပေး တောင်းဆိုချက်ပါ” ဟု ပြောသည်။

ရခိုင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်နေချိန် စစ်ကောင်စီက ပြည်မနှင့် ဆက်သွယ်ထားသော ကုန်းလမ်း၊ ရေလမ်းများကို ဖြတ်တောက်ထားသဖြင့် အိန္ဒိယ၊ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်သည် ချင်းပြည်နယ် ပလက်ဝမှတဆင့် ရခိုင်ပြည် နယ်မြောက်ပိုင်းမြို့နယ်များသို့ ကုန်စည်စီးဆင်းရေးအတွက် အရေးပါသည့် ဒေသတခု ဖြစ်လာသည်။

အခြေခံစားသောက်ကုန်များကို တင်သွင်းခွင့် ပြုပေးထားခြင်းသည် ရခိုင်ပြည်သူများ စားဝတ်နေရေး ဖူလုံရန်ဖြစ်သော် လည်း ထိုအချက်ကို AA က ချင်းညီအကိုများနှင့် ပစ်ခတ်သည့်နေရာ၌ အင်အားကောင်းမွန်လာစေရန် အသုံးပြုနေသည်ကို တွေ့ရကြောင်း CYLA ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အိန္ဒိယ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်နှင့် မြန်မာဘက်ခြမ်း ပလက်ဝကို ဆက်သွယ်ထားသည့် လမ်းများအနက် CYLA က ပိတ်လိုက်သည့် လမ်းသည်သာ ပလက်ဝမြို့နယ်ထဲသို့ အဓိကကုန်စည် စီးဆင်းနေခြင်းဖြစ်သည်ဟု ပလက်ဝ ဒေသခံအမျိုးသားတဦးက ပြောသည်။

ထိုကဲ့သို့ အရေးပါသည့်လမ်းကြောင်းကို မီဇိုရမ်အစိုးရအဖွဲ့၏ အသိအမှတ်ပြုခြင်းခံထားရသည့် ချင်းအဖွဲ့ Central Young Lai Association – CYLA အဖွဲ့က ပိတ်နိုင်သည့်အခြေအနေရှိသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

CYLA ဥက္ကဋ္ဌကလည်း “လမ်းအဝင်ကို ပိတ်ဆို့ထားလိုက်ပါတယ်။ အဲဒီအနီးအနားက ရွာတွေအားလုံးမှာ ကျနော်တို့ရဲ့ တပ်ခွဲအင်အားတွေ ရှိတဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေပါ” ဟု ဆိုသည်။

ထိုသို့ ပိတ်ဆို့လိုက်သည့်အတွက် အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီများ၊ ဆေးဝါးများအတွက် အိန္ဒိယကုန်ပစ္စည်း များကို အဓိက အားထားနေရသည့် ရခိုင်မြောက်ပိုင်းနှင့် ပလက်၀မြို့နယ်ရှိ ပြည်သူများကို ထိခိုက်မည်ဖြစ်သဖြင့် AA ကို ဖိအားပေးနိုင်သည့် အခြေအနေရှိသည်ဟု ရှု့မြင်ကြောင်း ပလက်ဝဒေသခံ အမျိုးသားက ဆက်ပြောသည်။

၂၀၂၀ ခုနှစ်က တွေ့ရသည့် ကုလားတန်မြစ်ကြောင်းတလျှောက် ကုန်စည်သယ်ဆောင်မှု (ဧရာဝတီ)

၎င်းက “AA က လောင်တလိုင်က ပစ္စည်းတွေကို ပလက်ဝကိုဖြတ်ပြီး ကျောက်တော်တို့ မြောက်ဦးတို့လို ရခိုင်ပြည်နယ်ကို ပို့တာပေါ့။ ပလက်ဝထဲက ချင်းပြည်သူတွေက ဒီပစ္စည်းတွေအပေါ် သိပ်မမှီခိုဘူး။ စစ်ရှောင်နေကြရတာပဲ များတယ်လေ။ နောက်ဆုံး ဘာမှမရှိရင်တောင် ဆန်ရှိရင် တောင်ယာထဲက အသီးအနှံတွေနဲ့စားလို့ရတယ်” ဟု ပြောသည်။

Central Young Lai Association (CYLA) ၏ ချင်းပြည်တောင်ပိုင်း နှင့် ရခိုင်ပြည်သို့ ကုန်စည် စီးဆင်းမှု ပိတ်လိုက်သည့် အတွက် AA ကို ဖိအားပေးနိုင်ခြင်းထက် အိန္ဒိယနိုင်ငံ၏ စစ်တွေ ရေနက်ဆိပ်ကမ်း စီမံကိန်း ထိခိုက်မှု ရှိနိုင်သည်ဟု ချင်းတော်လှန်ရေးကို လေ့လာစောင့်ကြည့်နေသူ ချင်းတိုင်းရင်း သား Naisok Thang ကပြောသည် ။

၎င်းက “လက်ရှိမှာ အိန္ဒိယ ပြည်မကြီးအနေ အရှေ့မြောက်က အာသံ၊ မီဇိုရမ်နဲ့ Meghalaya ကို ကုန်စည်စီးဆင်းတဲ့ လမ်း က မိုင် ၂ထောင်ကျော်တယ်၊ အခု စစ်တွေ- ပလက်၀- မီဇိုရမ်- ကိုးလ်ကတ္တား လမ်းကို သုံးနိုင်မယ်ဆိုရင် မိုင် ၁ထောင် အောက် လျော့သွားနိုင်တယ်၊ ဒါကြောင့် အခု CYLA ၏ ပိတ်ဆို့မှုက အနာဂတ်မှာ မီဇိုရမ် တခုတည်းမဟုတ်ပဲ အရှေ့မြောက် အိန္ဒိယတခုလုံး ထိခိုက်နိုင်တယ်” ဟု သုံးသပ်သည်။

အိန္ဒိယနိုင်ငံ ကုန်းတွင်းပိတ် မီဇိုရမ်ပြည်နယ်၏ ပင်လယ်ထွက်ပေါက် ကုန်သွယ်ရေးစီမံကိန်းဖြစ်သည့် ကုလားတန်မြစ် ဘက်စုံသယ်ယူပို့ဆောင်ရေးစီမံကိန်းသည် အိန္ဒိယ-မြန်မာ နယ်စပ် ချင်းပြည်နယ် ပလက်ဝမှ ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဏားကျွန်းမြို့တို့ကို ဖြတ်သန်းမည်ဖြစ်သည်။

အဆိုပါ ကုလားတန်မြစ် စီမံကိန်းတလျှောက်တွင် စစ်တွေမြို့မှလွဲ၍ ကျန်လမ်းပိုင်းများကို AA က ထိန်းချုပ်ထားပြီး မီဇိုရမ်ပြည်နယ်လွှတ်တော်အမတ် Vanlalvena က ပြီးခဲ့သော ဖေဖော်ဝါရီလတွင် AA နှင့်တွေ့ဆုံ၍ စီမံကိန်း၏ အစိတ်အပိုင်းဖြစ်သော လမ်းပိုင်းတခု ဖောက်လုပ်ရန် ဆွေးနွေးခဲ့သည်။

ယခု လမ်းပိတ်ဆို့မှုနှင့် ပတ်သက်၍ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခထံသို့ ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ်နေသော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

You may also like these stories:

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
98
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
26

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
44

မတူပီကို စစ်ဆင်နေသည့် ချင်းနှစ်ဖွဲ့ တိုက်ပွဲဖြစ်

အင်ဖာထောင်တွင်းမှ ကြမ်းတမ်းသော နေ့ရက်များ

မဏိပူရ်၌ ခိုလှုံနေသည့် စစ်ရှောင်များ နေရပ်ပြန်ပို့ခံမည်ကို စိုးရိမ်

မြန်မာနိုင်ငံအနောက်ပိုင်း ပကတိအခြေအနေကို အိန္ဒိယ စ နားလည်လာပြီလား

အင်ဖာထောင်မှ မြန်မာ ၃၈ဦး အိန္ဒိယ ပြန်လွှဲ

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံးနှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Your Thoughts …
Tags: AACYLAချင်းပလက်ဝမီဇိုရမ်ရခိုင်
စောလွင်

စောလွင်

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ကျောက်မဲမြို့ကို TNLA ထိန်းချုပ် ( ရုပ်/သံ )

ကျောက်မဲမြို့ကို TNLA ထိန်းချုပ် ( ရုပ်/သံ )

ဝန်ချတောင်းပန်မယ်ဆိုရင်တောင် ကြေအေးစရာ အကြောင်းမရှိတော့ဘူး (ရုပ်/သံ)

ဝန်ချတောင်းပန်မယ်ဆိုရင်တောင် ကြေအေးစရာ အကြောင်းမရှိတော့ဘူး (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

13 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved