ရှမ်းပြည်နယ် မြောက်ပိုင်း ကျောက်မဲမြို့ပေါ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီရဲ့ ရဲစခန်းနဲ့ အမြောက်တပ်အပါအဝင် စခန်း ၈ ခုထက်မနည်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( TNLA) နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ပြီး မြို့ကို ထိန်းချုပ်လိုက်နိုင်ပြီလို့ TNLA က အတည်ပြုပါတယ်။
ကျောက်မဲမြို့က နားအိုက်ခန်းစခန်း၊ စခန်းသာ၊ ငြိမ်းချမ်းရေးကုန်း၊ အမှတ် ( ၃၅၂ ) အမြောက်တပ်ကုန်း၊ အင်ကြင်းကိုင်း၊ ဂေါက်ကွင်းအထက်၊ ထွေအုပ်ရုံးနဲ့ ရဲစခန်းတို့ကို TNLA က ဇွန်လ ၂၆ ရက်နေ့မှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။
ကျောက်မဲမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ မြို့အပြင်က စကခ ၁ လက်အောက်ခံ ခမရ (၅၀၁)နဲ့ (၅၀၂) တပ်စခန်းကြီး ၂ ခုကျန်နေသေးပြီး သိမ်းပိုက်ရရှိနိုင်ဖို့ ဆက်လက် တိုက်ခိုက်နေဆဲ ဖြစ်ပါတယ်။
စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေသလို လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဇွန်လ ၂၇ ရက်နေ့ ညနေပိုင်းအထိ ၃ ရက်အတွင်း ဒေသခံ(၂၁ ) ဦးသေဆုံးပြီး (၁၅)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသတွင်း ပရဟိတအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













