အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် အခြေစိုက် ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA) အနေနဲ့ မြန်မာပြည်တွင်းရေး ကိစ္စတွေမှာ ဝင်ရောက်မစွက်ဖက်ဖို့ အာရက္ခတပ်တော် (AA) က သတိပေး ပြောဆိုလိုက်ပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်ကနေ ချင်းပြည်နယ် ပလက်ဝမြို့နယ်ထဲကို အခြေခံ စားသောက်ကုန်ပစ္စည်းတွေ တင်သွင်းနေတဲ့လမ်းကြောင်းကို CYLA အဖွဲ့က မီဇိုရမ်မြို့ဘက်ခြမ်းကနေ ဇွန်လ ၂၄ ရက်နေ့မှာ ပိတ်လိုက်တာပါ။
အခုလို CYLA က လမ်းကြောင်းပိတ်ဆို့လိုက်တဲ့အတွက် ပလက်ဝအပါအဝင် ချင်းပြည်နယ် အတွင်းက ဒေသခံတွေ ကုန်စျေးနှုန်းမြင့်တက်မှုဒဏ်၊ ဆေးဝါးပြတ်လပ်မှုဒဏ်တွေကို ခံစားနေကြရတယ်လို့ သိရပါတယ်။
#CYLA #AA #CNF #မီဇိုရမ်ပြည်နယ် #ပလက်ဝမြို့နယ် #ကုန်စျေးနှုန်း
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR